Chapter-50

3.8K 388 4
                                    


မျက်လုံးထဲမှာကြည့်ကောင်းတယ်!! ရုတ်တရက် ကျိုးရှစ်ယွင်နှုတ်ခမ်းပါးများ ကော့တက်သွား၏။ ဒါကမှ သူသိတဲ့စူးကျင်းပေ၊ ဘာကိုမှဂရုမစိုက်ဘဲ လူတွေကိုစနာက်ခြင်း။ ခုနက သူမ တိတ်ဆိတ်နေခဲ့တာ ဒါကြောင့် သူမနဲ့မတူတာပင်။

"ရှင်ဘာတွေရယ်နေတာလဲ" စူးကျင်းပေသိချင်၏။

ကျိုးရှစ်ယွင် သူ့ကိုယ်သူပြန်စုစည်းကာ
"မင်း Food coma ခံစားရမှာကိုငါကြောက်နေတာ"

(T/N : Food coma-အစားအသောက်အများအပြားစားသုံးခြင်းကြောင့် အိပ်ရေးပျက်ခြင်း၊ထုံထိုင်းခြင်း)

စူးကျင်းပေ "?"

အခု ကျိုးရှစ်ယွင်ကဟာသပြောလိုက်တာလား။ မဟုတ်သေးဘူး။ ကျိုးရှစ်ယွင်က အခု သူ့ကိုယ်သူ ချီးမွမ်းနိုင်စွမ်း ရှိနေပြီ မဟုတ်လား။

စားသောက်ပြီးနောက် စူးကျင်းပေဟာ ဧည့်ခန်းထဲတွင်ထိုင်ကာ အလွယ်လေးပဲ TV ဖွင့်လိုက်၏။

"မင်းက....မပြန်သေးဘူးလား"

ကျိုးရှစ်ယွင် သူမကိုကြည့်လိုက်သည်။ စူးကျင်းပေ ပဟေဠိဖြစ်နေ၏။

"ရှင် အခုထိ ကျွန်မဒဏ်ရာတွေကို မကုပေးရသေးဘူးလေ ကျွန်မက ဘာလို့ပြန်သင့်တာလဲ"

ကျိုးရှစ်ယွင်ဟာ ပိုပြီးတော့တောင်ခေါင်းခြောက်သွား၏။
"ငါကဘာလို့ မင်းဒဏ်ရာတွေကိုကုပေးနေရမှာလဲ"

စူးကျင်းပေ နှုတ်ခမ်းစူးပြီး ရုတ်တရက် သနားချင်စဖွယ်သရုပ်ဆောင်၍
"ရှင်ကဆရာဝန်လေ ဆိုတော့ လူတွေရဲ့ဒဏ်ရာတွေကို ရှင်ကုပေးရမယ်လေ"

"ဒါက သိပ်မသင့်တော်ဘူး မင်း....."

"ဒါက ဘယ်လိုလုပ် မသင့်တော်ရမှာလဲ"

စူးကျင်းပေ သူ့ကိုကြည့်ပြီး ဆေးသေတ္တာအား သူ့ဘာသာသူဖွင့်လေ၏။

"ပြီးတော့ ဒီဟာတွေကို ဘယ်လိုသုံးရမလဲဆိုတာ ရှင်ကျွန်မကိုမပြောရသေးဘူး။ ဘယ်ဟာအရင်သုံးရမယ်ဆိုတာ ကျွန်မမသိဘူး"

စူးကျင်းပေစကားတွေသည် အဓိပ္ပာယ်ရှိသည့်ပုံပင်။ ကျိုးရှစ်ယွင်သည် အချိန်ခဏမျှတိတ်ဆိတ်သွား၏။ ထို့နောက် လာထိုင်၏။

Intense Love ( ဘာသာပြန် )Where stories live. Discover now