Chapter-63

3.7K 376 7
                                    


ကျိုးရှစ်ယွင် လွယ်လွယ်ကူကူပဲမျက်လုံးမှိတ်ပြီးအိပ်ရာဝင်လိုက်တော့သည်။ သို့သော်လည်း ယနေ့သည် သာမန်ထက်ထူးခြားတဲ့နေ့ဖြစ်ကာ သန်းခေါင်ယံမတိုင်ခင်ထိ ပုံမှန်အိပ်သလိုမျိုးအိပ်ရန်ကံမပါလာချေ။

ညလယ်ခေါင်၃နာရီဝန်းကျင်လောက်တွင် ကျိုးရှစ်ယွင်ဟာ သူ့ရင်ထဲကမွန်းကျပ်ပိတ်လှောင်သည့်ခံစားချက်ကြောင့် နိုးကြားလာ၏။ သူ့မျက်လုံးဖွင့်လိုက်တဲ့အချိန်တွင် လရောင်က ခန်းစီးလိုက်ကာအပေါက်တစ်လျှောက်ဖြာကျနေပြီး အလင်းဖျော့ဖျော့လေးသည် အခန်းတွင်ပရိဘောဂတွေပေါ်သို့အရောင်ထိုးနေလေသည်။ ညအချိန်သည် နက်နဲကာတိတ်ဆိတ်နေ၏။

ကျိုးရှစ်ယွင် သူ့လက်မောင်းတွင်းကလူကို ဖြည်းဖြည်းချင်းငုံ့ကြည့်လိုက်ကာ မှင်သက်နေမိသည်။

တစ်ချိန်တည်းမှာပဲ စူးကျင်းပေသည် စောင်နှစ်ထည်ကိုဖြတ်ကျော်ပြီး သူ့ထံသို့ရောက်ရှိလာ၏။ထိုအခိုက်တွင် သူမ၏မျက်နှာက သူ့ရင်ဘတ်ကိုဖိထားပြီး သူမလက်တွေသည်လည်းသည် သူ့ခါးတွင်ရစ်ပတ်ထားဆဲဖြစ်သည်။ ဤအရာအားအကြိမ်များစွာ သူမလုပ်ဖူးသကဲ့သို့။

သူမမျက်လုံးတွေကို ညင်ညင်သာသာမှိတ်ထားရင်း နှုတ်ခမ်းဖျော့ဖျော့လေးတွေဟာလည်းစုဝိုင်းထား၏။ သူမရဲ့ဖြူဖွေးတဲ့ အသားအရေဟာ ကျောက်စိမ်းရောင်လိုတောက်ပနေပုံပေါ်သည်။

ကျိုးရှစ်ယွင် သူမကိုတွန်းရန်မြှောက်ထားတဲ့လက်ကို ဖြည်းညှင်းစွာရပ်လိုက်သည်။ သူ့ရဲ့အရောင်ဖျော့ဖျော့မျက်​ဝန်းတွေက သူမမျက်​နှာ​ပေါ် စိုက်​ကြည့်​​နေ​၏။ သူ၏အံ့အားသင့်နေတဲ့မျက်​လုံး​တွေဟာ တဖြည်းဖြည်းငြိမ်​သက်​လာသည်​။

သူမမျက်လုံးတွေပိတ်ထားပြီး မလှုပ်မယှက်ဖြစ်နေသောအခါတွင် သူမကယုန်တစ်ကောင်လိုမျိုး အလွန်နာခံတက်၏။ သို့သော် ကျိုးရှစ်ယွင်ဟာ သူမရဲ့မျက်လုံးတွေကိုဖွင့်ထားတဲ့အချိန်တွင် ရှားရှားပါးပါးမက်မွန်ပွင့်မျက်လုံးများ၊ နှစ်လိုဖွယ်ကောင်းမူတွေနှင့် သူမကဆွဲဆောင်မှုရှိနေကြောင်းသိပြီး လူတွေကို တစ်ချက်ကြည့်လိုက်ရုံဖြင့် ဆွဲဆောင်နိုင်မည်ဖြစ်သည်။

Intense Love ( ဘာသာပြန် )Where stories live. Discover now