Chapter-46

3.4K 370 1
                                    


ရှောက်စုယင်း ဒေါသတကြီးထွက်သွားတာမြင်ပြီးနောက် ဒါရိုက်တာကျန်းသည် ကူကယ်ရာမဲ့စွာဖြင့် ရှေ့သို့လှမ်းလာ၏။
"ကျင်းပေ ဘာလို့ ဒီကောင်မလေးကို အဲ့ဒီလိုလုပ်လိုက်ရတာလဲ"

စူးကျင်းပေဟာ ရိုးသားသည့်ပုံဖြင့်
"ဒါရိုက်တာကျန်း ကျွန်မတကယ်မလုပ်ခဲ့ပါဘူး။ သူမက ကျွန်မဇာတ်ညွှန်းပေါ်ကိုတက်ထိုင်နေမိလို့ ကျွန်မက ဇာတ်ညွှန်းကိုပြန်ယူချင်ရုံလေးပါ"

ကျန်းရွှယ်ချန်း သက်ပြင်းချလိုက်၏။
"အဲ့လိုဆိုရင်တောင် မင်းကောင်းကောင်းပြောနိုင်တယ် ဒါဆို မင်းလူတွေကို စိတ်အနှောင့်အယှက်ပေးစရာမလိုတော့ဘူးလေ။ နောင်မှာ တခုခုဖြစ်ခဲ့ရင် ငါလည်းမင်းကိုမကာကွယ်ပေးနိုင်ဘူး"

စူးကျင်းပေ ဒါရိုက်တာကျန်းကို ကျေးဇူးတင်စွာဖြင့်ပြုံးပြ၍
"ကျေးဇူးပါပဲ ဒါရိုက်တာကျန်း ဒီတစ်ကြိမ် ကျွန်မ မဆင်မခြင်လုပ်မိတယ်ဆိုတာ ဝန်ခံပါတယ်"

"အို မင်း တဖက်လူက ဘယ်သူလဲဆိုတာမသိဘူးလား။ သူမနောက်ကလူက လှုပ်ရှားမှုတစ်ခုခုလုပ်ခဲ့ရင် အနာဂတ်မှာ မင်းဒီလောကထဲမှာ နေနိုင်တော့မှာမဟုတ်ဘူး"

စူးကျင်းပေ အသာချောင်းဟန့်မိသည်။
"အာ......အနာဂတ်မှာ ကျွန်မအာရုံစိုက်လိုက်ပါ့မယ်"

ကျန်းရွှယ်ချန်း သူမကို စိတ်မကောင်းသည့်အကြည့်ဖြင့်ကြည့်ပြီး ရိုက်ကွင်းစဖို့ အားလုံးကိုပြောရန် လှည့်ထွက်သွားတော့သည်။ ကျိုးမိသားစုရဲ့မိန်းမငယ်လေးက ဒီအကြောင်းကိုရင်ထဲမထားဖို့ မျှော်လင့်ရတော့မှာပဲ။ မဟုတ်ရင် သူ့ရုပ်ရှင်အတွက် တခြားဇာတ်ကောင်ဖန်တီးဖို့ တကယ်ကိုလိုအပ်လာလိမ့်မည်။

စတူဒီယိုအပြင်ဘက်တွင် ကောင်းကျစ်ထုန်သည် ရှောက်စုယင်းကို အမီလိုက်လာခဲ့သည်။

"ယင်းယင်း ဘာလို့ထွက်သွားတာလဲ"

ရှောက်စုယင်း သူမနှုတ်ခမ်းကိုက်ကာဆူပူ၏။
"လက်ပေါက်ကပ်တဲ့စူးကျင်းပေ"

"ဟုတ်တယ် သူမကဆိုးတယ်။ ယင်းယင်း သူကနင့်ကို စိတ်အနှောင့်အယှက်ပေးတယ်ဆိုတော့ ငါသူမကို ဒီလောက်နဲ့ပြီးသွားမှာမဟုတ်ဘူး"

Intense Love ( ဘာသာပြန် )Where stories live. Discover now