Chapter-103

4.8K 377 5
                                    



စူးကျင်းပေသည် သူမမျက်နှာကိုလက်နှစ်ဖက်ဖြင့်အုပ်ထားပြီး လက်ရှိတွင် သူမ၏သွေးကြောများမှတစ်ဆင့် အပူတွေတစ်ဟုန်ထိုးတက်လာတာကြောင့် လောင်ကျွမ်းသွားနိုင်သည်ဟု သူမကိုယ်သူမ တွေးနေမိသည်။

ထိုသို့တိုင် ကျိုးရှစ်ယွင်ကမရပ်တန့်ခဲ့....။ ဒီလိုလောင်မြိုက်ပြင်းထန်တဲ့ခံစားချက်မျိုးကို သူတစ်ခါမှမကြုံဖူးပေမဲ့ ဘယ်လိုမှရပ်တန့်လို့မရတော့ပေ။ သူ့လက်သည် မရည်ရွယ်ဘဲ အောက်ဘက်သို့ရွေ့သွားပြီး သူမအတွင်းခံထဲသို့လျှိုဝင်လာကာ သူမ၏ သီးသန့်နေရာလေးနှင့်ထိတွေ့လိုက်လေသည်။

"နေဦး!"

စူးကျင်းပေတစ်ကိုယ်လုံးတောင့်တင်းသွား၏။

"ကျွန်မ  အမ်......အာ့........"

ရုတ်တရက် သူမစကားတွေပြတ်တောက်သွား၏။ သူမပေါင်ပေါ်ကို မာကျောတောင့်တင်းနေသောတစ်စုံတစ်ခု ဖိထားသလိုခံစားလိုက်ရသည်။ သူမစိတ်ဝိညာဉ်သည် သူမခန္ဓာကိုယ်မှလွင့်ထွက်သွားတော့သည်။ စူးကျင်းပေ တုန်လှုပ်သွားပြီး

"ကျိုးရှစ်ယွင်........"

"ရှေ့ဆက်မလား?"

သူက အသေအချာကို ထပ်ပြီးအောင့်ထားနိုင်စွမ်းမရှိတော့ပေမဲ့ သူမကိုမေးရန် သူ့ကိုယ်သူ အတင်းအကျပ်ချုပ်ထည်းထားရသည်။ စူးကျင်းပေ အသက်ပြင်းပြင်းရှုလိုက်၏။ သူမက သူ့ကိုဆွဲဆောင်ခဲ့တဲ့သူပဲလေ၊ သူမကဘာအတွက်တုံ့ဆိုင်းနေရမှာလဲ။

သူမပြန်မဖြေသော်လည်း လက်ချောင်းတွေဟာ ထိုနေရာကို ပွတ်တိုက်လာသည်ကိုသူမခံစားနိုင်သည်။ သူထိတွေ့လိုက်သည့်နေရာမှ အစိုဓာတ်များစိမ့်ဝင်လာပြီး အရင်က သူမတစ်ခါမှ မကြုံဖူးသော ထူးဆန်းတဲ့ခံစားမှုသည် ပိုပို၍ ကြည်လင်ပြတ်သားလာသည်။

သာယာမှုကနေဖြစ်ပေါ်လာသည့်ထုံကျင်မှုတွေနှင့်အတူ သူမလွင့်မျောလုမတတ်ပဲ။ သူမ ကြောက်လန့်နေသော်လည်း ထို့ထက်ပို၍ သူမပိုလိုချင်သည်။ သူမစိတ်အာရုံတွေကို တမင်သက်သက် လွှမ်းမိုးရန်ကြိုးစားနေသကဲ့သို့ ခံစားချက်တွေက တစ်သုတ်ပြီးတစ်သုတ်ရောက်လာ၏။

Intense Love ( ဘာသာပြန် )Where stories live. Discover now