အငယ်လေးကိုပွေ့ထားရင်းနဲ့နိုင်ကမုန့်ကိုဝါးကျွေးနေသည်။ လက်ထဲကပေါက်စလေးကအစားဆိုဘာလာလာဒေါင်းသည်။ နိုင်နဲ့တကယ်တူလွန်း၏။

" ငယ် အာ! "

ပါးစပ်နားတေ့ပေးတဲ့အကင်ချောင်းကိုလှမ်းဟပ်စားလိုက်ပြီးနောက် လူအလစ်မှာမဟာကနိုင့်နားထင်စပ်ကိုဖျတ်ခနဲနမ်းသည်။ နောက်​တော့ပြီတီတီနဲ့ပတ်ပြေးနေတဲ့မှိုတစ်လုံးနောက်ကိုလိုက်ထိန်းရှာ၏။

" မေမေ အဲ့တာလေးကြော်ပေး "

အမဲအသားပြားလေးလက်ညှိုးထိုးပြတော့အမေကဆတ်ခနဲယူပြီးသေချာကြော်ပေးသည်မို့နိုင့်အကြိုက်။

" ကြည်နိုင်ဒီမှာမအိပ်ဘူးလား "

" မအိပ်ဘူးမေမေ မဟာ့အဖေကိုသွားကန်တော့ရဦးမှာ "

" အပြန်ကလေးတွေဝင်ပို့ခဲ့မှာမဟုတ်လား "

" ဟုတ်ကဲ့ မေမေ။
မှိုလုံး မုန့်စားမယ်လေ မပြေးနဲ့တော့ လာဖေ့ဆီ "

" လာဝူး လာဝူး "

ချွန်တုံးကလိုတစ်မျိုးမလိုတစ်မျိုးပင်။ ဆိုင်ထိုင်ရင်ဘယ်အမျိုးသမီးကကိုယ့်နားဘယ်လိုကပ်ကြောင်းတွေကိုသူ့ဒယ်ဒီကိုတိုင်တန်းလို့မပြီး။ သူ့ဒယ်ရဲ့အချိုးမပြေမှုတွေကိုလည်းကိုယ့်ကိုပြန်တိုင်သည်။ ကြားထဲမှာသူကရပ်ကွက် Cctv တွေထက်အကြောင်းဆိုးနေသည်။ မွှေတယ်မွှေတယ်ဆိုတာဟာ ဘယ်နေ့ကြော်စားမိမယ်မသိ။

စားလို့သော​က်လို့ဝတော့သားနဲ့အငယ်လေးတွေကိုပြန်ခေါ်ကာမဟာ့ဖေဖေ့ဆီကိုသွားဖြစ်ခဲ့သည်။ အထီးကျန်ဖြစ်တဲ့ဒယ်ဒီကသူ့မြေးတွေလာတော့ပျော်ရှာသည်။ ကလေးတွေမသုံးတတ်မှန်းသိတာတောင် တစ်သောင်းတန်တွေကိုအုပ်လိုက်မုန့်ဖိုးပေးသည်။ ဒယ်ဒီ့အနေအထားနဲ့မပေးတာကမှထူးဆန်းမယ်ဆိုပေမယ့် နိုင်ကသားတွေနဲ့သမီးကိုပိုက်ဆံပေးမကိုင်ချင်။ အငယ်နှစ်ကောင်ကဝူးဝူးဝါးဝါးနဲ့ပါးစပ်ထဲကိုပိုက်ဆံလိပ်တွေထိုးထည့်ဖို့လုပ်နေလို့ဆွဲထုတ်ရသေးသည်။

ဒယ်ဒီကမျက်ရည်စမ်းတမ်းစမ်းတမ်း။ ဒယ်ဒီနဲ့အတူညစာလည်းထိုင်စားဖြစ်သည်။ အသက်ကြီးလာတော့ဝမ်းနည်းတတ်လာပြီးစိတ်ထိခိုက်လွယ်လာသည်။ ဒီနှစ်သီတင်းကျွတ်တဲ့အထိဘရဏီတို့ပြန်ရောက်မလာသေးတာမို့ဒယ်ဒီကအထီးကျန်နေတာဖြစ်သည်။ လပြည့်နေ့တော့ပြန်ရောက်မယ်လို့ပြောသံကြားသေးချေ၏။ ဒယ်ဒီအဖော်ရဖို့မြန်မြန်လာခဲ့ဖို့လည်းသူဖုန်းဆက်ထားဖြစ်သေးသည်။ အဖေအရင်းရယ်မဟုတ်ပေမယ့် ယောက္ခမဟာဆိုတာဟာလည်းမိဘပင်မဟုတ်လား။

မဏ္ဍိုင်Where stories live. Discover now