ဖက်တီးလေးက သူ့လက်ကိုထောင်ပြီး မေးလိုက်တယ်။
"အဲ့ဒါဆို...အဲ့ဒါဆို... စခန်းနာမည်ကို ဘယ်လိုပေးရမှာလဲ "

" ငါတို့အဖွဲ့နာမည်ပဲ သုံးရမှာပေါ့! "

လင်းဖုန်းက ချက်ချင်းငြင်းလာတယ်။
" ဘောစ့် သာမန်နာမည်လေးသုံးလို့ရမလား "

' ကျွန်တော်တို့စခန်းကြီးက အဲ့နာမည်ကြီးနဲ့ကျော်ကြားနေမှာ မကြည့်ရက်ပါဘူးဗျာ '

နောက်ဆုံးတော့ ရှီရှန်းကပဲ အနိုင်ရသွားတော့တယ်။

ကုနန်းက ကျားဖြူကိုကျောပိုးအိတ်ထဲထည့်လိုက်ပြီး ထရပ်ကားပေါ်က ခုန်ဆင်းလိုက်တယ်။ သူမလက်ထဲက ဓားနဲ့ စွမ်းအားပိုင်ရှင်တွေကို စ မတိုက်ခင် အကြောဖြေလိုက်သေးတယ်။

သူတို့ကလည်း ကုနန်းကဘာမပြောညာမပြောနဲ့ စတိုက်မယ်လို့မထင်ထားခဲ့ဘူး။ ဒါကြောင့် စစချင်းမှာ သူမဘက်ကအားသာနေခဲ့တယ်။

သူတို့သတိဝင်လာတော့ သူမဆီမှာ ကြိုက်ကြိုက်မကြိုက်ကြိုက် အသုတ်ခံနေရလေပြီ။ သူမဓားက သာမန်ဓားတစ်ချောင်းလို့ထင်ရပေမဲ့ သူတို့စွမ်းအားတွေနဲ့ ထိတဲ့အခါ သူတို့ဘက်ကိုပြန်ရောက်လာတာကြောင့် လူးလိမ့်နေအောင်ခံနေကြရတယ်။

" ကုနန်း! "

" တိုက်နေတာတော်ကြတော့  "
စစ်တပ်အရာရှိတစ်ဦးက အမိန့်ပေးလိုက်တယ်။သူမလည်း ဓားကိုပြန်မသိမ်းခင် ခနနား‌လိုက်ပြီးမှ အသံလာရာဘက်ကိုကြည့်လိုက်တယ်။

ဦးဆောင်လာ‌တဲ့သူက ချန်းရှီဖြစ်ပြီးတော့ သူ့ဘေးမှာ ကုမားမားနဲ့ ကုပါးပါးပါလာတယ်။ သူတို့နှစ်ယောက်ကြည့်ရတာ ဒီကိုအတင်းအကြပ်ခေါ်ခံလာရတဲ့ပုံပဲ။ သူတို့မျက်နှာတွေမှာ ကြောက်စိတ်တွေထင်းနေတယ်။

" ဆိုတော့ ကပ္ပတိန်ချန်းကြီးက အသက်ရှင်သေးတယ်ပေါ့ " သူကပြုံးရင်းဆိုလိုက်တယ်။
" ကြောင်သူတော်မျက်နှာဖုံးကြီး မခွာသေးဘူးဆိုတဲ့သဘောလား..,"

သူမချန်းရှီကို စတွေ့တော့ လူကောင်းတစ်ယောက်လို့ထင်ခဲ့တာ။ သူသေသွားခဲ့ရင်​တောင် သူကအမှောင်ဘက်တော်သားဆိုတာ ယုံကြည်ဖို့ခက်နေဦးမှာ။ အခုတော့ သူကအသက်ရှင်လာတော့ လူကောင်းမဟုတ်မှန်းသေချာသွားပြီ။ လူတွေအများကြီးပိတ်မိနေတဲ့ဓာတ်ခွဲခန်းက ဗုံးကြဲခံလိုက်ရပြီး သူပဲအသက်ရှင်လာတာလေ!

ရှီရှန်း  ရှီရှန်း Book 1  Arc 1 To Arc 4Où les histoires vivent. Découvrez maintenant