အပိုင်း ၂၃

Start from the beginning
                                    

တစ်ယောက်ထဲခက်ခဲနေပုံဟာလှပေမယ့် သူမကြည့်ရက်တော့တာမို့ချိုင်းအောက်ကနေလက်လျှိုလို့ကောက်ချီတော့သူ့ခါးမှာခွလျက်သားလေးပင်ပါလာပြီးသူ့ကိုဖက်တွယ်ထားလေသည် ။

" ဟင့်! အင့်! ရေတွေစိုကုန်ပြီ "

" အင်း စိုပါစေ ကိုယ်ကူမယ် မငိုနဲ့တော့ "

ထိုသို့ပြောလေမှအသေးလေးကတိခနဲတိတ်ကျသွား၏ ။ အသေးလေးကိုကုတင်ပေါ်ပြန်ခေါ်လာတော့ သူကအလိုက်သတိပင်ရှိသမျှသူ့ကိုယ်ပေါ်ကအဝတ်တွေကိုဆွဲချွတ်ပစ်လေသည် ။

စိုင်းလူက coat ကိုချွတ်ချ၍ ရှပ်အဖြူလက်အရှည်ကိုတံတောင်ဆစ်ထိခေါက်တင်လိုက်၏ ။

" နောက်တစ်ခါ bar တွေမှာထပ်မတွေ့စေနဲ့ "

" ဟုတ်ကဲ့ "

ခေတ်သစ်ဦးရဲ့အာရုံကစိုင်းလူရဲ့သွေးကြောစိမ်းတွေယှက်ဖြာနေတဲ့လက်ဖမိုးထက်မှာဖြစ်သည် ။
စိုင်းလူကကုတင်ဘေးကခုံမှာဝင်ထိုင်လိုက်လျှင်

" ကျွန်တော့်ကိုယူမှာလား "

" ရှူး ပေါက်ကရတွေမပြောနဲ့ ကိုယ်မင်းကိုအထိခိုက်မခံနိုင်ဘူး အသေးလေးရဲ့ "

ပြောပြောဆိုဆိုဖြင့်ခက်ခဲနေတဲ့အစိတ်အပိုင်းကိုလှမ်းလို့ထိကိုင်တော့ ခေတ်သစ်ဦးကမျက်လုံးတွေမှေးစင်းလို့နှုတ်ခမ်းတွေဖိကိုက်လာသည် ။ သူ့ဟာက ဒီလက်ဝါးကြီးရဲ့တစ်ဆုပ်စာဘဲရှိနေခဲ့တာလား ။ သိက္ခာကျလိုက်တာ ။

" ဟင့်! အင့်! ပိုပြီး အာ! "

အခန်းတွင်းမှာငြီးငြူသံတွေဆူဝေနေခဲ့တယ် ၊ ကိုစိုင်းလူကဘယ်လိုစိတ်နဲ့ငြိမ်နေနိုင်ခဲ့လဲမသိပေမယ့် ခေတ်သစ်ဦးကတော့သုံးကြိမ်မြောက်မှာတင်ပင်ပန်းလွန်းလို့အိပ်ပျော်ခဲ့ပါပြီ ။

တစ်ကိုယ်လုံးဖွေးစွတ်လွန်းလို့နီဥနေတဲ့အိပ်ယာပေါ်က ကိုယ်တုံးလုံးနဲ့ကောင်လေးကိုကြည့်လို့စိုင်းလူခေါင်းခါမိတယ် ၊ သူ့အတွင်းခံထဲမှာစိုနေပြီ ။

အဟက်!

ဟက်ခနဲတစ်ချက်ရယ်လို့သူရေချိုးခန်းထဲပြေးဝင်ရပါတော့တယ် ၊ မထိရက်တာပါ ၊ တုန့်ပြန်မှုတော့ရှိပါတယ် ။ ဒီလိုမျိုးတစ်ခါတစ်လေ ချစ်ခြင်းမေတ္တာတွေလဲခံနိုင်ရည်မြင့်တယ် ။

မဏ္ဍိုင်Where stories live. Discover now