အပိုင်း ၁၅

En başından başla
                                    

မယုံသလိုအကြည့်နှင့်ကြည့်လာသူအားနိုင်ဘယ်လိုမှမတုံ့ပြန်ချင်ပေ ။ နိုင့်ဘဝမှာယုံကြည်မှုမရှိတဲ့လူကိုအမုန်းဆုံးဘဲ ။ ဒါတွေထိလိုက်ပြီးပါးစပ်လှုပ်ရအောင်သူသည်အားယားနေတာမဟုတ် ။ ကြီးမြတ်တဲ့မဟာလုပ်ငန်းစုကလူတစ်ယောက်ရဲ့နောက်ကြောင်းတောင်ဂဃဏနသိအောင်မလိုက်နိုင်ရင် sorry! သွင်ကြည်နိုင်ရဲ့အာရုံစိုက်မှုကိုရမှာမဟုတ်ဘူး ။

သူ့ကိုကျော်ဖြတ်သွားဖို့ပြင်နေတဲ့သွင်ကြည်နိုင့်ကိုဘရဏီကလက်မောင်းရင်းကနေဆွဲလိုက်လေသည် ။

" ကလေးကိုတော့အဒေါ်အရင်းနဲ့ပေးတွေ့သင့်တယ်မဟုတ်လား ၊ တကူးတကကြီးဒီထိရောက်အောင်လာရတာလေ နဲနဲပါးပါးတော့ အားနာပါဦး "

" အဟင်း! "

နိုင်ကဟက်ခနဲတစ်ချက်ပြုံးတော့ ဘရဏီထူးလွင်ကလက်ထဲကသားကိုဆွေ့ခနဲကောက်ပွေ့သွားလေ၏ ။

" 905F မှာညစာစားခါနီးမှလာခေါ် service နဲ့လိုအပ်တာနဲ့ကလေးအတွက်လုပ်ပေးရမှာတွေပို့ခိုင်းလိုက် ၊ ကိုယ်တိုင်လာပို့ချင်လဲရတယ်နော် မဟာ. ထူး. လွင်. "

" ဟာ ဟေ့! ဘရဏီ ၊ ငါ့သားကိုဘယ်ခေါ်သွားမလို့လဲ ဘရဏီထူးလွင်! ဟေ့! "

သားကိုခေါ်ပြီး elevator ထဲဝင်သွားတဲ့ ယောင်းမဖြစ်သူကြောင့်နိုင်ကခေါင်းတခါခါ ။ မဟာကတော့မြင်တဲ့အတိုင်းမိုးပြိုနေပါလိမ့်မယ် ။

~

" ဆောရီး ဘေဘီ ကိုယ်ကလေးသွားခေါ်နေလို့ "

" ဟင့်အင်း ရတယ်ဏီ ကိစ္စမရှိဘူး "

သူမက ကလေးကိုချီထားလျက်တံခါးကိုသေချာပိတ်ချလိုက်ပြီး ဝရန်တာမှာ မှန်တံခါးဖွင့်လို့ထိုင်နေတဲ့ကောင်မလေးကိုပြောလိုက်သည် ။
သူမကဂါဝန်အဖြူလေးကိုဝတ်ထားပြီး ဆံနွယ်တွေကိုဝဲချထားလေ၏ ။ မျက်ဝန်းလေးများဝိုင်းစက်ကာချစ်စဖွယ်ပင်ဖြစ်လေသည် ။

" အင်း ဘေဘီ ဒါကိုယ့်တူလေးလေ "

" အာ မနက်ကသတင်းထဲကကလေးလေးလားဏီ "

" အင်း ဟုတ်တယ် ဘေဘီချီကြည့်မလား "

" အာ! ဘေဘီက. "

မဏ္ဍိုင်Hikayelerin yaşadığı yer. Şimdi keşfedin