အပိုင်း ၉

Comincia dall'inizio
                                    

" ပြန်ရောက်တာနဲ့ရန်ပွဲဘဲနော် မောင်ခေတ်သစ်ဦးတို့ကတော့ "

" မင်း ငါ့အကြောင်းသိရက်သားနဲ့ "

ဟုတ်သည် ၊ မှန်သည် ။ ခေတ်သစ်ဦးကသန်သန်မာမာယောက်ျားတွေကိုကြောက်သည် ။ အလကားနေရင်းတော့ဘယ်သူကမှရွံမုန်းကြောက်မနေပါ ။ ဒါလဲသူ့ကိစ္စနဲ့သူလေ ။

အဲ့ဒီ့နေ့ကခေတ်သစ်ဦးဟာသူ့အားကိုးနဲ့ကိုစိုင်းလူကိုတစ်စောင်းစောင်း ၊ ကိုစိုင်းလူကလဲအစတော့ ဒေါသထွက်သလိုနဲ့နောက်ကျခေတ်သစ်ဦးကိုမကြိုက်မှန်းသိလေပိုစလေပင် ။ တစ်ကယ်ဘဲ သူတို့နှစ်ယောက်ကိုလဲထိန်းလို့မနိုင်ပါ ။

နေ့လည်စာကတော့ ဆိုင်ကနေကိုစိုင်းလူကိုသွားဝယ်ခိုင်းပြီးဖြေရှင်းလိုက်ကြသည် ။ ညစာကျက်ချိန်မှာတော့ ဧည့်ခန်းထဲလူစုံနေ၏ ။

နိုင်ကသားကိုပွေ့ချီထားပြီး မဟာကတော့လှေကားကနေအထုတ်လေးတစ်ထုတ်ကိုင်လို့ဆင်းလာ၏ ၊ ကိုစိုင်းလူနဲ့ခေတ်သစ်ဦးကတော့ ကြောင်နဲ့ကြွက်ဘဲ ။

အရှေ့မှာတော့ မနက်ကဝိုင်းကူလုပ်ပေးတဲ့မဟာ့ရဲ့ bodyguard တွေ ။

" ဒီညတော့ အိမ်ပြန်လို့ရပြီ ၊ ကြိုက်တဲ့နေရာမှာသွားကဲလို့ရတယ် မနက်သာအချိန်မနောက်ကျစေနဲ့ "

လက်ထဲကငွေအုပ်ကို bonus ဝေလို့မဟာကပြောတော့ သူတို့ကခေါင်းတစ်ငြိမ့်ငြိမ့် ။ တစ်ချို့ကတော့ bar တို့ဘာတို့ပေါ့ ၊ မိသားစုရှိတဲ့လူကတော့အိမ်ပြန်ပါလိမ့်မည် ။

နှစ်ဖွဲ့ရှိတာမို့ညစောင့်တစ်ဖွဲ့ကိုပေးမလွှတ်ဘဲနောက်နေ့မှအစားထိုးလဲရပေမယ့် တစ်ညီတစ်ညွတ်ထဲသာပေးလိုက်ချင်သည် ။ ဘယ်သူ့ကိုမှစိတ်မကျေနပ်တာမရှိစေချင်ပါ ။

ထမင်းစားစားပွဲမှာတော့ ကိုစိုင်းလူနဲ့ခေတ်သစ်ဦးတို့ကမျက်နှာချင်းဆိုင်ဖြစ်ပြီး နိုင့်မျက်နှာချင်းဆိုင်မှာတော့ဘယ်သူမှမရှိ ။ နိုင့်ရဲ့မျက်စောင်းထိုးထိပ်တည့်တည့်မှာတော့ မဟာက သားကိုနိုင်နဲ့ကြား သူ့လက်တွန်းလှည်းလေးထဲထားလို့ထိုင်လေသည် ။

လာပါဦးမယ် ကိုစိုင်းလူနဲ့မောင်ခေတ်သစ်ဦးတို့နောင်ဂျိန်ချပွဲ ၊ ဒီနေ့ဘဲသိ ၊ ဒီနေ့ဘဲသတ်ဆိုတာမျိုးဖြစ်ပါလိမ့်မယ် ။

မဏ္ဍိုင်Dove le storie prendono vita. Scoprilo ora