ကိုစိုင်းလူကတံခါးကိုခေါက်ပြီးအသံပြုလေ၏ ။
" ဆရာ ကျွန်တော်ဝင်လာမယ် "
" စိုင်းလူ ဒီနေ့အတွက်နေရာကောင်းပြင်ထား "
လူကသာအခန်းထဲမရောက်သေးတာ အမိန့်ကတော့ကျလေပြီ ။ ကိုစိုင်းလူရဲ့မျက်နှာကမဲ့ခနဲ ။ ဒါကိုမဟာကသိပ်တော့ထွေထွေထူးထူးဂရုစိုက်မနေပါ ။
ဘာနေနေသူလုပ်ရမှာဘဲမဟုတ်လား ။
~
သူနိုးလာတော့ မဟာထူးလွင်ရှိမနေတော့ဘူး ။
ရှိမနေတာဘဲကောင်းပါတယ် မနက်စောစောစီးစီးသူမအော်ဟစ်ချင်ဘူး ။
စိတ်ကြည်လင်အောင်ဘဲနေချင်တယ်လေ ။
လိုက်ကာစတွေအဆုံးထိဆွဲဖွင့်လို့ အပြင်ဘက်ကိုကြည့်တော့ ရာသီဥတုကမနက်မှာတော်တော်ကိုသာယာနေသည် ။အား ဒီလိုvibe မျိုး ဒါသူ့အကြိုက်ဆုံးရာသီဥတုအခြေအနေမျိုးဘဲ ။
သူကုတင်ဆီပြန်လှမ်းလာပြီး မဆီမဆိုင်အိပ်ပျော်နေတဲ့သားရဲ့ဖင်ကိုတစ်ချက်ပုတ်တော့သားက အဲ့ခနဲအသံထွက်ရုံကလွဲနိုးမလာသေး ။
ဖေ့သားလေးကစောစောစီးစီးဒုက္ခမပေးတတ်ဘူး ၊ လိမ္မာလိုက်တာ ။
ပါးဖောင်းကြီးဆီရွှတ်ခနဲနမ်းလို့သူရေချိုးခန်းဝင်ခဲ့တယ် ၊ ဘယ်နေရာမှာဘဲသူ့ကိုပိတ်လှောင်ပိတ်လှောင် သူပျော်အောင်နေနေရမှာဖြစ်သည်လေ ။
သူပြီးလို့ပြန်ထွက်လာတော့ ကုတင်ပေါ်မှာသားက လက်ကလေးခြေလေးတွေကိုမိုးပေါ်မြှောက်လို့နိုးနေလေပြီ ။
သူ့သားကတစ်ကယ့်အလိမ္မာတုန်းကြီးပါဆို ။
ငိုသံတစ်ချက်မထွက်ဘူး ။သားကိုကောက်ချီလို့လည်ပင်းတွေကြားအနမ်းတွေခြေချတော့ သားကတအဲ့အဲ့နဲ့နှုတ်ခမ်းဖူးရဲလေးကနေရီသံလေးတွေပျံ့လေသည် ။
သူသားကိုချစ်လိုက်တာ ။
သားကိုသန့်ရှင်းရေးလုပ်ပြီးလို့သူတို့ဆင်းလာတော့ မဟာကdinning room မှာအခန့်သားနဲ့ ။
သူမဟာ့ရဲ့ရှေ့ခုံမှာဝင်ထိုင်လိုက်ပြီး မဟာ့ကိုစေ့စေ့ကြည့်လိုက်တယ် ။
YOU ARE READING
မဏ္ဍိုင်
RomanceUnicode " မောင့်ရဲ့တိမ်စိုင်လေးလုပ်မလား မောင်ကကမ္ဘာကြီးလုပ်မယ်လေ " " တိမ်စိုင်တွေကပြေးနေတတ်တာလေမောင်ရဲ့ " " အဲ့ဒီတိမ်စိုင်တွေက ကမ္ဘာရဲ့အဝေးဆုံးထိပြေးလို့ရလို့လား " Zawgyi " မောင့်ရဲ့တိမ်စိုင်လေးလုပ်မလား မောင်ကကမ္ဘာကြီးလုပ်မယ်လေ " " တိမ်စိုင်တွေကြေ...
အပိုင်း ၆
Start from the beginning