Ep 20
ရေချိုးခန်း ထဲကနေစျာန်ပြန်ထွက်လာပြီး ခွန်းသအားရေပတ်တိုက်ပေးလိုက်သည်။ ခနအကြာ အောက်မှာဆန်ပြုတ်သွားယူလာပြီးအပေါ်သို့ပြန်တက်လာခဲ့သည်။
“ဆန်ပြုတ်သောက်မယ် ထ”
“ဟုတ်” ခွန်းသလည်းဘာမှမပြောဘဲဒီတိုင်းသာဆန်ပြုတ်သောက်လိုက်သည်။အမှန်ကခုနကစကားအားဝမ်းနည်းသွားခြင်းဖြစ်သည်။ ဆန်ပြုတ်သောက်ပြီး၍ဆေးသောက်ဖို့ရေအရင်သောက်ကာပြီးမှဆေးကိုမျှောချလိုက်သည်။စျာန်ကတော့ဆန်ပြုတ်ပန်းကန်ကိုယူကာ
“ငါအောက်မှာထမင်းသွားစားလိုက်အုန်းမယ်လှဲနေနော်”
ခွန်းသလည်းစျာန့်ကိုခေါင်းသာညိတ်ပြလိုက်သည်။ခဏအကြာ ခွန်းသအိပ်ချင်လာ၍ ကြမ်းပြင်တွင်ဖျာကိုအရင်ခင်းလိုက်သည်။ပြီးတာနဲ့ ခေါင်းအုံးချကာ အိပ်စက်လိုက်သည်။
‘ဘယ်လိုပင်ဖျားနေပါစေကိုကိုကသူ့ကိုအောက်မှာဆင်းအိပ်လို့ပြောထားသည်မလား’
အခုလည်းနေကောင်းသလောက်ရှိနေ၍အောက်ကိုသာဆင်းအိပ်လိုက်သည်။
အောက်တွင်တော့စျာန်တစ်ယောက်ထမင်းစားပြီး၍ အခန်းထဲ၌ခွန်းသလွတ်လွတ်လပ်လပ်နေရန်အတွက်ဧည့်ခန်းထဲ၌TVကြည့်နေလိုက်သည်။”အချိန်သည်လူကိုမစောင့်”ဟူသောစကားသည်မှန်သည်။ ဘာလိုလိုနှင့် ည၁၀နာရီပင်ထိုးနေပြီဖြစ်၍ စျာန်လည်းTVကိုပိတ်ကာ မီးမှိတ်၍အိပ်ရန်အခန်းထဲသို့ဝင်လာခဲ့သည်။
အိပ်ခန်းထဲသို့ရောက်ရောက်ခြင်းမြင်လိုက်ရသည့်မြင်ကွင်းကြောင့်မျက်လုံးတို့ပြူးကျယ်သွားရသည်။တစ်ဆက်တည်းမှာပင်ကြမ်းပြင်ပေါ်တွင်ခွေခွေလေးအိပ်နေသောကောင်လေးကြောင့်ဒေါသထွက်သွားရသည်။ချက်ခြင်းပင်ခွန်းသအနားသို့သွား၍လက်ကနေဆောင့်ဆွဲလိုက်သည်။
ခွန်းသလည်းရုတ်တရက်ဆောင့်ဆွဲခံလိုက်ရသောကြောင့်လန့်သွားကာနိူးသွားလေသည်။ဆောင့်ဆွဲတဲ့သူကိုကြည့်လိုက်တော့ကိုကိုဖြစ်နေ၍ရုတ်တရက်အံ့သြ သွားသည်။ဘာလုပ်မိလို့ပါ
လိမ့်။ဘာမှားလို့ပါလိမ့်။
ထို့ပြင်ကျွန်တော့်အားမျက်ထောက်နီနဲ့ကြည့်နေသောကိုကို့ကြောင့်နည်းနည်းတော့ကြောက်သွားမိသည်။
“ကိုကို ဘာဖြစ်လို့လဲဟင်”
“ဘာ!!! ဘာဖြစ်လို့လဲဟုတ်လား”
“မင်းဒါဘာသဘောလဲ ဆက်ခွန်းသ ဟမ်”
“ကျွန်တော်....”
“မင်းငါ့ကိုအရွဲ့တိုက်နေတာလား”
“…………”
“မင်းကိုဘယ်သူကဒီကြမ်းပြင်မှာအိပ်ခိုင်းလို့လဲ မင်းကိုယ်မင်းနေမကောင်းတာမသိဘူးလား သေချင်လို့လား ဟမ် ပြောလေ”
ခွန်းသလည်း သူ့ရဲ့အင်္ကျီကော်လံအားဆွဲကာ ဒေါသနှင့်ပြောနေသောကိုကိုကြောင့်မျက်ရည်ပင်ကျလာရသည်။
‘ဖျားရင်အားငယ်တတ်တယ်ဆိုတာ ကိုကိုမသိလေရော့သလား”
“ငါမေးနေတာဖြေလေ မင်းဘာလို့ပါးစပ်ပိတ်နေတာလဲ”
“ဟို ကိုကိုကအရင်တုန်းကကြမ်းပြင်မှာအိပ်ခိုင်းလို့ပါ အခုလဲကိုကိုစိတ်အနှောက်အယှက်ဖြစ်မှာစိုးလို့ ဒီမှာအိပ်လိုက်တာပါ”
ခွန်းသမှာမျက်ရည်များကျနေရင်းပင် သူ့ကိုကိုအားရှင်းပြနေရသည်။
“ဘာ......အဲ့ဒါဆိုငါကြောင့်ပေါ့ဟုတ်လား မင်းကဖျားနေတာလေ။ကြမ်းပြင်ပေါ်အိပ်မှာပေါ့ ဟုတ်လား”စျာန်လည်းဒေါသထွက်ထွက်နှင့်ပင်တရစပ်ပြောနေလေသည်။
“ကြမ်းပြင်မှာအိပ်ရင်အအေးပက်ပြီးထပ်ဖျားမှာမသိဘူးလားဟမ် ပြောလေ”
“သိ သိပါတယ် ဒါ ဒါပေမယ့်.....”
“အဟက်......သိရဲ့သားနဲ့ငါ့ကိုအရွဲ့တိုက်ပြီးလုပ်တာပေါ့ ရတယ်လေ အအေးပက်တာသိသိရဲ့နဲ့အိပ်မှတော့ ငါကအအေးပတ်အောင်ပိုလုပ်ပေးရမှာပေါ့”
စျာန်ကပြောနေရင်းပင် ခွန်းသလက်ကိုဆွဲကာရေချိုးခန်းထဲသို့ဆောင့်တွန်းလိုက်သည်။ပြီးတော့အပေါ်က ရေပန်းကိုဖွင့်ချလိုက်ပြီးBathtub ထဲကိုပါ ခွန်းသအားတွန်းချလိုက်သည်။ခွန်းသမှာ ရေပန်းကကျလာသောရေနှင့်Bathtubထဲကရေတွေရောကြောင့်တစ်ကိုယ်လုံးစိုရွဲကာချမ်းလာရသည်။ နေမကောင်းသောကြောင့်လည်းတစ်ကိုယ်လုံးနုန်းနေ၍လူကမလှုပ်ချင်တော့ပေ။
“အအေးပက်တာသိသိရဲ့နဲ့ လုပ်တာလေအခုဘယ်လိုလဲ ပိုကောင်းသွားတယ်မလားဟမ်”
“ကိုကို ကျွန်တော့်ကို ခေါ်ပါ ကျွန်တော်တောင်းပန်ပါတယ် “
“မင်းအအေးပက်ချင်တာမဟုတ်ဘူးလား အဲ့ဒါကြောင့်ကြမ်းပြင်မှာအိပ်ရင်အအေးပက်တာသိသိရဲ့နဲ့မင်းအိပ်တာမလားဟမ်”
“ကျွန်တော်ကိုကို့အိပ်ယာမှာလာအိပ်ရင်ကိုကိုအနှောက်ယှက်ဖြစ်မှာစိုးလို့ပါ ကျွန်တော်......” ခွန်းသလည်းပြောပြီးတာနဲ့ မျက်လုံးများမှိတ်ကာသတိလစ်သွားတော့သည်။စျာန်လည်းမျက်လုံးတွေမှိတ်သွားသောကောင်လေးအားBathtubထဲမှပွေ့ယူကာ......
“ခွန်း ခွန်း ဟေ့ထစမ်း ခွန်းလေး......”စျာန်လည်းခွန်းသအားပွေ့ချီကာရေချိုးခန်းထဲမှထွက်၍အိပ်ယာပေါ်သို့တင်ပေးလိုက်သည်။ပြီးသည်နှင့်ချက်ချင်းပင် ဆရာဝန်ဆီသို့ဖုန်းဆက်လိုက်သည်။
“ဟယ်လို ဒေါက်တာ ကျွန်တော့်ကလေးလေး သတိလစ်သွားလို့အမြန်လာပေးပါ”
ပြီးတာနှင့်တစ်ဖက်ကဖြေသံကိုတောင်မစောင့်ဘဲဖုန်းချလိုက်ကာခွန်းသအားအဝတ်စားလဲပေးလိုက်သည်။
ချမ်းနေမယ်ဆိုတာသိနေသောကြောင့်တစ်ခါထဲအနွေးထည်ပါဝတ်ပေးလိုက်သည်။
ကုတင်ပေါ်တွင်သတိမေ့နေသောကောင်လေးအားစျာန်ကခေါင်းသုတ်ပေးနေသည်။ခဏအကြာဆရာဝန်ရောက်လာကာခွန်းသအားစမ်းသပ်ပြီးသည်နှင့်......
“ဒေါက်တာ အဆင်ပြေရဲ့လားဟင်”
“အင်းအခုတော့ဆေးတစ်လုံးထိုးပေးထားတယ် အအေးပက်သွားတာ ပြီးတော့စိတ်လှုပ်ရှားနေတော့သတိလစ်သွားတာပါ”
‘ငါသူ့အပေါ်လုပ်မိတာများသွားလို့ငါ့ကိုကြောက်လို့စိတ်လှုပ်ရှားပြီးသတိလစ်သွားတာနေမှာ ကိုယ်တောင်းပန်ပါတယ်’
“ဟုတ်ကဲ့ဆရာ ညအချိန်မတော်ကြီး ဒုက္ခပေးမိပြီ”
“ရပါတယ် ဒါကဆရာတို့အလုပ်ဘဲလေ ဆရာ့ကိုလည်းခွင့်ပြုပါအုန်း”
“ဟိုဆရာအဆင်မပြေရင်ဒီမှာဘဲအိပ်သွားပါလားအခန်းပိုတွေရှိပါတယ်”
“ရပါတယ်ဗျာ ကျွန်တော်အဆင်ပြေပါတယ်” ပြောပြီးသည်နှင့် ဆရာဝန်လည်းပြန်သွားလေသည်။စျာန်လည်းခွန်းသ ဘေးတွင်လှဲလိုက်၍ သူ့အကောင်ပေါက်လေးအားဖက်၍အိပ်လိုက်လေသည်။
“ကိုယ်တောင်းပန်ပါတယ် ကလေးရယ် ကိုယ်ဒေါသထွက်သွားလို့ပါ ကိုယ့်ကိုမမုန်းပါနဲ့နော်”ရင်ခွင်ထဲသို့အကောင်ပေါက်လေးအားမြုပ်နေအောင်ထည့်လိုက်၍တင်းတင်းကြပ်ကြပ်ဖက်ထားကာ ခွန်းသနံဖူးလေးကိုနမ်းလိုက်ပြီး......
“Good Night ကလေးလေး မြန်မြန်နေကောင်းပါစေနော်”ပြောပြီးသည်နှင့်သူပါခွန်းသဘေးတွင်မှေးစက်လိုက်သည်။
Ep 20
ေရခ်ိဳးခန္း ထဲကေနစ်ာန္ျပန္ထြက္လာၿပီး ခြန္းသအားေရပတ္တိုက္ေပးလိုက္သည္။ ခနအၾကာ ေအာက္မွာဆန္ျပဳတ္သြားယူလာၿပီးအေပၚသို႔ျပန္တက္လာခဲ့သည္။
ဆန္ျပဳတ္ေသာက္မယ္ ထ
ဟုတ္ ခြန္းသလည္းဘာမွမေျပာဘဲဒီတိုင္းသာဆန္ျပဳတ္ေသာက္လိုက္သည္။အမွန္ကခုနကစကားအားဝမ္းနည္းသြားျခင္းျဖစ္သည္။ ဆန္ျပဳတ္ေသာက္ၿပီး၍ေဆးေသာက္ဖို႔ေရအရင္ေသာက္ကာၿပီးမွေဆးကိုေမွ်ာခ်လိဳက္သည္။စ်ာန္ကေတာ့ဆန္ျပဳတ္ပန္းကန္ကိုယူကာ
ငါေအာက္မွာထမင္းသြားစားလိုက္အုန္းမယ္လွဲေနေနာ္
ခြန္းသလည္းစ်ာန့္ကိုေခါင္းသာညိတ္ျပလိုက္သည္။ခဏအၾကာ ခြန္းသအိပ္ခ်င္လာ၍ ၾကမ္းျပင္တြင္ဖ်ာကိုအရင္ခင္းလိုက္သည္။ၿပီးတာနဲ႕ ေခါင္းအုံးခ်ကာ အိပ္စက္လိုက္သည္။
ဘယ္လိုပင္ဖ်ားေနပါေစကိုကိုကသူ႕ကိုေအာက္မွာဆင္းအိပ္လို႔ေျပာထားသည္မလား
အခုလည္းေနေကာင္းသေလာက္ရွိေန၍ေအာက္ကိုသာဆင္းအိပ္လိုက္သည္။
ေအာက္တြင္ေတာ့စ်ာန္တစ္ေယာက္ထမင္းစားၿပီး၍ အခန္းထဲ၌ခြန္းသလြတ္လြတ္လပ္လပ္ေနရန္အတြက္ဧည့္ခန္းထဲ၌TVၾကည့္ေနလိုက္သည္။အခ်ိန္သည္လူကိုမေစာင့္ဟူေသာစကားသည္မွန္သည္။ ဘာလိုလိုႏွင့္ ည၁၀နာရီပင္ထိုးေနၿပီျဖစ္၍ စ်ာန္လည္းTVကိုပိတ္ကာ မီးမွိတ္၍အိပ္ရန္အခန္းထဲသို႔ဝင္လာခဲ့သည္။
အိပ္ခန္းထဲသို႔ေရာက္ေရာက္ျခင္းျမင္လိုက္ရသည့္ျမင္ကြင္းေၾကာင့္မ်က္လုံးတို႔ျပဴးက်ယ္သြားရသည္။တစ္ဆက္တည္းမွာပင္ၾကမ္းျပင္ေပၚတြင္ေခြေခြေလးအိပ္ေနေသာေကာင္ေလးေၾကာင့္ေဒါသထြက္သြားရသည္။ခ်က္ျခင္းပင္ခြန္းသအနားသို႔သြား၍လက္ကေနေဆာင့္ဆြဲလိုက္သည္။
ခြန္းသလည္း႐ုတ္တရက္ေဆာင့္ဆြဲခံလိုက္ရေသာေၾကာင့္လန့္သြားကာနိူးသြားေလသည္။ေဆာင့္ဆြဲတဲ့သူကိုၾကည့္လိုက္ေတာ့ကိုကိုျဖစ္ေန၍႐ုတ္တရက္အံ့ၾသ သြားသည္။ဘာလုပ္မိလို႔ပါ
လိမ့္။ဘာမွားလို႔ပါလိမ့္။
ထို႔ျပင္ကြၽန္ေတာ့္အားမ်က္ေထာက္နီနဲ႕ၾကည့္ေနေသာကိုကို႔ေၾကာင့္နည္းနည္းေတာ့ေၾကာက္သြားမိသည္။
ကိုကို ဘာျဖစ္လို႔လဲဟင္
ဘာ!!! ဘာျဖစ္လို႔လဲဟုတ္လား
မင္းဒါဘာသေဘာလဲ ဆက္ခြန္းသ ဟမ္
ကြၽန္ေတာ္....
မင္းငါ့ကိုအ႐ြဲ႕တိုက္ေနတာလား
မင္းကိုဘယ္သူကဒီၾကမ္းျပင္မွာအိပ္ခိုင္းလို႔လဲ မင္းကိုယ္မင္းေနမေကာင္းတာမသိဘူးလား ေသခ်င္လို႔လား ဟမ္ ေျပာေလ
ခြန္းသလည္း သူ႕ရဲ႕အကၤ်ီေကာ္လံအားဆြဲကာ ေဒါသႏွင့္ေျပာေနေသာကိုကိုေၾကာင့္မ်က္ရည္ပင္က်လာရသည္။
ဖ်ားရင္အားငယ္တတ္တယ္ဆိုတာ ကိုကိုမသိေလေရာ့သလား
ငါေမးေနတာေျဖေလ မင္းဘာလို႔ပါးစပ္ပိတ္ေနတာလဲ
ဟို ကိုကိုကအရင္တုန္းကၾကမ္းျပင္မွာအိပ္ခိုင္းလို႔ပါ အခုလဲကိုကိုစိတ္အႏွောက္အယွက္ျဖစ္မွာစိုးလို႔ ဒီမွာအိပ္လိုက္တာပါ
ခြန္းသမွာမ်က္ရည္မ်ားက်ေနရင္းပင္ သူ႕ကိုကိုအားရွင္းျပေနရသည္။
ဘာ......အဲ့ဒါဆိုငါေၾကာင့္ေပါ့ဟုတ္လား မင္းကဖ်ားေနတာေလ။ၾကမ္းျပင္ေပၚအိပ္မွာေပါ့ ဟုတ္လားစ်ာန္လည္းေဒါသထြက္ထြက္ႏွင့္ပင္တရစပ္ေျပာေနေလသည္။
ၾကမ္းျပင္မွာအိပ္ရင္အေအးပက္ၿပီးထပ္ဖ်ားမွာမသိဘူးလားဟမ္ ေျပာေလ
သိ သိပါတယ္ ဒါ ဒါေပမယ့္.....
အဟက္......သိရဲ႕သားနဲ႕ငါ့ကိုအ႐ြဲ႕တိုက္ၿပီးလုပ္တာေပါ့ ရတယ္ေလ အေအးပက္တာသိသိရဲ႕နဲ႕အိပ္မွေတာ့ ငါကအေအးပတ္ေအာင္ပိုလုပ္ေပးရမွာေပါ့
စ်ာန္ကေျပာေနရင္းပင္ ခြန္းသလက္ကိုဆြဲကာေရခ်ိဳးခန္းထဲသို႔ေဆာင့္တြန္းလိုက္သည္။ၿပီးေတာ့အေပၚက ေရပန္းကိုဖြင့္ခ်လိဳက္ၿပီးBathtub ထဲကိုပါ ခြန္းသအားတြန္းခ်လိဳက္သည္။ခြန္းသမွာ ေရပန္းကက်လာေသာေရႏွင့္Bathtubထဲကေရေတြေရာေၾကာင့္တစ္ကိုယ္လုံးစို႐ြဲကာခ်မ္းလာရသည္။ ေနမေကာင္းေသာေၾကာင့္လည္းတစ္ကိုယ္လုံးႏုန္းေန၍လူကမလႈပ္ခ်င္ေတာ့ေပ။
အေအးပက္တာသိသိရဲ႕နဲ႕ လုပ္တာေလအခုဘယ္လိုလဲ ပိုေကာင္းသြားတယ္မလားဟမ္
ကိုကို ကြၽန္ေတာ့္ကို ေခၚပါ ကြၽန္ေတာ္ေတာင္းပန္ပါတယ္
မင္းအေအးပက္ခ်င္တာမဟုတ္ဘူးလား အဲ့ဒါေၾကာင့္ၾကမ္းျပင္မွာအိပ္ရင္အေအးပက္တာသိသိရဲ႕နဲ႕မင္းအိပ္တာမလားဟမ္
ကြၽန္ေတာ္ကိုကို႔အိပ္ယာမွာလာအိပ္ရင္ကိုကိုအႏွောက္ယွက္ျဖစ္မွာစိုးလို႔ပါ ကြၽန္ေတာ္...... ခြန္းသလည္းေျပာၿပီးတာနဲ႕ မ်က္လုံးမ်ားမွိတ္ကာသတိလစ္သြားေတာ့သည္။စ်ာန္လည္းမ်က္လုံးေတြမွိတ္သြားေသာေကာင္ေလးအားBathtubထဲမွေပြ႕ယူကာ......
ခြန္း ခြန္း ေဟ့ထစမ္း ခြန္းေလး......စ်ာန္လည္းခြန္းသအားေပြ႕ခ်ီကာေရခ်ိဳးခန္းထဲမွထြက္၍အိပ္ယာေပၚသို႔တင္ေပးလိုက္သည္။ၿပီးသည္ႏွင့္ခ်က္ခ်င္းပင္ ဆရာဝန္ဆီသို႔ဖုန္းဆက္လိုက္သည္။
ဟယ္လို ေဒါက္တာ ကြၽန္ေတာ့္ကေလးေလး သတိလစ္သြားလို႔အျမန္လာေပးပါ
ၿပီးတာႏွင့္တစ္ဖက္ကေျဖသံကိုေတာင္မေစာင့္ဘဲဖုန္းခ်လိဳက္ကာခြန္းသအားအဝတ္စားလဲေပးလိုက္သည္။
ခ်မ္းေနမယ္ဆိုတာသိေနေသာေၾကာင့္တစ္ခါထဲအႏြေးထည္ပါဝတ္ေပးလိုက္သည္။
ကုတင္ေပၚတြင္သတိေမ့ေနေသာေကာင္ေလးအားစ်ာန္ကေခါင္းသုတ္ေပးေနသည္။ခဏအၾကာဆရာဝန္ေရာက္လာကာခြန္းသအားစမ္းသပ္ၿပီးသည္ႏွင့္......
ေဒါက္တာ အဆင္ေျပရဲ႕လားဟင္
အင္းအခုေတာ့ေဆးတစ္လုံးထိုးေပးထားတယ္ အေအးပက္သြားတာ ၿပီးေတာ့စိတ္လႈပ္ရွားေနေတာ့သတိလစ္သြားတာပါ
ငါသူ႕အေပၚလုပ္မိတာမ်ားသြားလို႔ငါ့ကိုေၾကာက္လို႔စိတ္လႈပ္ရွားၿပီးသတိလစ္သြားတာေနမွာ ကိုယ္ေတာင္းပန္ပါတယ္
ဟုတ္ကဲ့ဆရာ ညအခ်ိန္မေတာ္ႀကီး ဒုကၡေပးမိၿပီ
ရပါတယ္ ဒါကဆရာတို႔အလုပ္ဘဲေလ ဆရာ့ကိုလည္းခြင့္ျပဳပါအုန္း
ဟိုဆရာအဆင္မေျပရင္ဒီမွာဘဲအိပ္သြားပါလားအခန္းပိုေတြရွိပါတယ္
ရပါတယ္ဗ်ာ ကြၽန္ေတာ္အဆင္ေျပပါတယ္ ေျပာၿပီးသည္ႏွင့္ ဆရာဝန္လည္းျပန္သြားေလသည္။စ်ာန္လည္းခြန္းသ ေဘးတြင္လွဲလိုက္၍ သူ႕အေကာင္ေပါက္ေလးအားဖက္၍အိပ္လိုက္ေလသည္။
ကိုယ္ေတာင္းပန္ပါတယ္ ကေလးရယ္ ကိုယ္ေဒါသထြက္သြားလို႔ပါ ကိုယ့္ကိုမမုန္းပါနဲ႕ေနာ္ရင္ခြင္ထဲသို႔အေကာင္ေပါက္ေလးအားျမဳပ္ေနေအာင္ထည့္လိုက္၍တင္းတင္းၾကပ္ၾကပ္ဖက္ထားကာ ခြန္းသနံဖူးေလးကိုနမ္းလိုက္ၿပီး......
Good Night ကေလးေလး ျမန္ျမန္ေနေကာင္းပါေစေနာ္ေျပာၿပီးသည္ႏွင့္သူပါခြန္းသေဘးတြင္ေမွးစက္လိုက္သည္။