ချစ်မိသွားတဲ့ ခရုလေး (Unicode...

Von TheimtWai

220K 23.2K 509

ရွှီရွှီက သူသာ အလုံးစုံ သိနားလည်သည်ဟု ထင်နေသည်။ ရဲအကယ်ဒမီမှ ထိပ်ဆုံးအဆင့်ဖြင့် ကျောင်းဆင်းလာပြီးနောက်မှာ ကမ္ဘ... Mehr

About the Story
Chapter - 1
Chapter -2
Chapter - 3
Chapter - 4
Chapter - 5
Chapter - 6
Chapter - 7
Chapter - 8
Chapter - 9
Chapter - 10
Chapter - 11
Chapter - 12
Chapter - 13
Chapter - 14
Chapter - 15
Chapter - 16
Chapter - 17
Chapter - 18
Chapter - 19
Chapter - 20
Chapter - 21
Chapter - 22
Chapter - 23
Chapter - 24
Chapter - 25
Chapter - 26
Chapter - 27
Chapter - 28
Chapter - 29
Chapter - 30
Chapter - 31
Chapter - 32
Chapter - 33
Chapter - 34
Chapter - 35
Chapter - 36
Chapter - 37
Chapter - 38
Chapter - 39 (A)
Chapter - 39 (B)
Chapter (40)
Chapter - 41 (A)
Chapter - 41 (B)
Chapter - 42
Chapter - 43
Chapter - 44
Chapter - 45
Chapter - 46
Chapter - 47
Chapter - 48
Chapter - 49
Chapter - 49 (Extra)
Chapter - 50
Chapter - 51 (A)
Chapter - 51 (B)
Chapter - 52
Chapter - 53
Chapter - 54 (A)
Chapter - 54 (B)
Chapter - 55
Chapter - 56 (A)
Chapter - 56 (B)
Chapter - 57
Chapter - 58
Chapter - 59 (A)
Chapter - 59 (B)
Chapter - 60
Chapter - 61
Chapter - 62
Chapter - 63 (A)
Chapter - 63 (B)
Chapter - 64
Chapter - 65
Chapter - 66 (A)
Chapter - 66 (B)
Chapter - 67
Chapter - 68 (The End)
Extra - Lin Qingyan - Part One
Extra - Lin Qingyan - Part Three
Extra - Lin Qingyan - Part Four
Extra - Feng Ye - Part One
Extra - Feng Ye - Part Two
Extra - Bonus - One
Extra - Bonus - Two
Chapter - 72 (Bonus - One)
Chapter - 72 (Bonus - Two)
Chapter - 73 (Bonus)
Chapter - 74 (Bonus)
နှုတ်ဆက်

Extra - Lin Qingyan - Part Two

1.3K 144 5
Von TheimtWai

Extra – Lin Qingyan – Part Two

အချိန်က စက်တင်ဘာ လလယ်ခန့် ၊

တစ်ရက်မှာ ကုမဏီရုံးခွဲကို ဟောင်ကောင်မှ ကုမဏီ ဥက္ကဌကြီးက လာရောက် စစ်ဆေး ကြည့်ရှုမည်ဖြစ်ကြောင်း သတင်းရောက်လာသည်။ ရင်းနှီးမြှုပ်နှံမှု ဌာနမှ လူအားလုံး လိုလိုပင် ပထမထပ်ရှိ အဝင်ဧည့်ကြိုနေရာသို့ ဥက္ကဌကို ကြိုဆိုနှုတ်ဆက်ရန် သွားကြသည်၊ လင်ချင်းယန်ကတော့ အနိမ့်ဆုံး ဝန်ထမ်း ဖြစ်သည်မို့ ရုံးခန်းထဲ တာဝန်ကျ ကျန်နေခဲ့သည်။

ချင်ရှုဟွာ ဝင်လာချိန်တွင် ရုံးခန်းထဲ နေရာကျယ်ဝန်းလှသည့် ရုံးခန်းကြီးထဲ အလွန် တိတ်ဆိတ်နေသည်မို့၊ လင်ချင်းယန်မှာ သူ့ ခြေသံကိုပင် မကြားလိုက်ချေ။ သူ ခေါင်းထောင်ကြည့်မိတော့ သက်လတ်ပိုင်းအရွယ် မိတ်ကပ်ပါးပါး ခြယ်သထားသည့် အမျိုးသမီးကြီး တစ်ဦး တံခါးရှေ့ ရပ်ကာ သူ့ကို ကြည့်နေသည်ကို တွေ့လိုက်ရ၏။

လင်ချင်းယန်က လူတစ်ယောက်ကို ကြည့်လိုက်သည်နှင့် ထိုလူ၏ အဆင့်အတန်းကို ခန့်မှန်းနိုင်သူ ဖြစ်သည်။ ထိုအမျိုးသမီး၏ ဝတ်ဆင်ပုံ၊ စိန်နားဆွဲ တို့ကို မြင်တော့ သူ ယဉ်ယဉ်ကျေးကျေး ပြုံးပြလိုက်၏။

" ဘယ်သူ့ကိုများ တွေ့ချင်လို့ပါလဲ ခင်ဗျာ"

ချင်ရှုဟွာက ထရယ်မိရင်း .. တွေးမိသွားသည်..

..ဒီကုမဏီက လူတွေထဲမှာ ဥက္ကဌကို မသိတဲ့ သူလည်း ရှိသေးတယ်ပေါ့လေ...

လူအုပ်ကြီးက ခပ်မြန်မြန် အနောက်မှ လိုက်ပါလာပြီး၊ ဌာန မန်နေဂျာက ဥက္ကဌချင်းကို မြင်တွေ့ချိန်မှာ ပြုံးပြုံးရွှင်ရွှင်ဖြင့် ဘေးနား ရပ်လာ၏။ လင်ချင်းယန်တစ်ယောက် ထိုင်နေဆဲ ဖြစ်နေတာ မြင်တော့ သူက ချက်ချင်းပင် သူ့နဖူး သူရိုက်ကာ..

"အာ .. လင်လေး ..ဥက္ကဌအတွက် လက်ဖက်ရည် တစ်ခွက် မြန်မြန် သွားထည့်ပေးချည်။"

လင်ချင်းယန်မှာ ဒီအလုပ်ကို ပြီးခဲ့သည့် လ ကမှ ရခဲ့တာ ဖြစ်သည်မို့ ကုမဏီ အကြီးအကဲများ၏ မျက်နှာများကို ကောင်းကောင်း မမှတ်မိသေး။ သူ့ရဲ့ ဖြူနုတဲ့ မျက်နှာက နီမြန်းသွားကာ ချက်ချင်းပင် လက်ဖက်ရည်တစ်ခွက် ငှဲ့ယူလာပေးရန် ထလိုက်၏။

ချင်ရှုဟွာက လက်ယမ်းကာ..

"မလိုတော့ဘူး" .. ထို့နောက် လင်ချင်းယန်ကို မကြည့်တော့ဘဲ လူအုပ်ကြီး နှင့်အတူ ထွက်သွားတော့သည်။

-

ရုပ်ရည် ကြည့်ကောင်းသော ယောကျ်ားတို့ကို ကြည့်ကောင်းပုံ အမျိုးမျိုး ခွဲခြားနိုင်သည်။ အသက် ၂၂ နှစ် အရွယ်သာ ရှိသေးတဲ့ လင်ချင်းယန်မှာ မင်သက်ရှုငေးလောက်စရာ ချောမောသည့် ယောကျ်ားမျိုး မဟုတ်သော်လည်း ပထမဆုံး မြင်မြင်ချင်းမှာတော့ လူအများ၏ အာရုံကို ဆွဲဆောင်နိုင်သူ ဖြစ်သည်။ တစ်ချက်ကြည့်မိလျှင်တော့ ရှပ်အဖြူ နှင့် ဘောင်းဘီရှည် အနက်ကို ဝတ်ဆင်ထားတဲ့ ကြည့်ကောင်းတဲ့ အရပ်ရှည်ရှည် လူငယ်လေးက ချောမောနေရုံသာ။ နှုတ်နည်းပြီး ကြင်နာတတ်ပုံရသည့် သူ့အသွင်က တခြားသူများကို စိတ်သက်တောင့်သက်သာ ဖြစ်စေသည်။

ထို့ကြောင့်ပင်လျှင် ချင်ရှုဟွာ သေသည်အထိ လင်ချင်းယန်ဟာ သူ မြင်ဖူးသမျှထဲ ကြည့်အကောင်းဆုံး ယောကျ်ားသားဟု မှတ်ယူသွားခဲ့တာပင်။ သူ့အနေဖြင့် ယောကျ်ားသား အများအပြား နှင့် တွေ့ဆုံဖူးသော်လည်း လင်ချင်းယန်ကိုတော့ သာမန်လူများကြားမှ အလွယ်တကူ ခွဲထွက်မြင်နိုင်ခဲ့သည်။ ကောင်လေး၏ မျက်ခုံးလှလှ နှင့် ကြည်လင်သော မျက်လုံးလေးများက ကြည့်သူကို ရီဝေဝေ ရှိနေစေသည်။ ထို အနက်ရောင် သွယ်လျလျ မျက်လုံးများထဲတွင် ဖုံးကွယ်၊ သိုဝှက်ထားသည့် အရာများစွာ ရှိနေဘိသည့်အလား။ လင်ချင်းယန်မှာ သက်တူရွယ်တူများနှင့် နှိုင်းစာလျှင် အင်မတန် နှုတ်ဆိတ်သည်၊ တခါတရံ သူ့ထံမှာ ကလေးဆန်မှုလေးများကိုလည်း တွေ့ရတတ်သည်။ အမြင်မှာ စိတ်မပူတတ်သလို၊ အမှန်ကို လက်မခံနိုင်သလို ထင်မြင်ရသော်လည်း အင်မတန် ရည်မှန်းချက်ကြီးသူတစ်ယောက် ဆိုတာကတော့ သိသာလှသည်။

ချင်ရှုဟွာ သူ့ကို ကြည့်မိချိန်မှာ စတင်ရုန်းကန်ခဲ့ရသည့် ငယ်ရွယ်စဉ်အချိန်က မိမိကိုယ်ကို ပြန်အမှတ်ရမိစေသည်။ လူလွတ်တစ်ယောက်အဖြစ် နှစ်ပေါင်းများစွာ နေခဲ့ရပြီးသည့်နောက်၊ ပထမဆုံးအကြိမ် အဖြစ် ယောကျ်ားတစ်ယောက်ကို တက်မက်မိခြင်း ဖြစ်သည်။ သည်ချောမွေ့၊ကြည့်ကောင်းလှသည့် ကောင်လေးကို သူ ထိန်းချုပ် အပိုင်လိုချင်မိသည်။

ကျန်တာတွေကတော့ ကြောင်နဲ့ ကြွက်တို့၏ ကစားပွဲ ကဲ့သို့သာ။

ချင်ရှုဟွာ ထိုကုမဏီရုံးခွဲကို စစ်ဆေးပြီးနောက် တစ်လ အကြာတွင် .. လင်ချင်းယန်ကို ရုံးချုပ်ရှိ စီမံကိန်းတစ်ခုတွင် ပါဝင်လုပ်ဆောင်ရန် ဟောင်ကောင် သို့ ပြောင်းရွှေ့ပေးခြင်း ခံရသည်။

" ဒါက ရာထူးတိုးဖို့အတွက် အင်မတန် ကောင်းတဲ့ အခွင့်အရေးပဲ။" မန်နေဂျာက ပြောသည်။

"လင်လေး .. မင်း ဒီ အခွင့်အရေးကို အမိအရ ဆုပ်ကိုင်ရမယ်နော်"

လင်ချင်းယန်မှာ ဒီလို ရခဲသည့် အခွင့်အရေးကြီးကြောင့် အပျော်လွန်မနေခဲ့။ သူသည် အစကတည်းက အရည်အချင်း ရှိသူမို့၊ ဒီလို အခွင့်အရေးနှင့် ထိုက်တန်သည်ဟု ပင် တွေးထားမိသည်။

ထိုစီမံကိန်းက ကုမဏီ၏ နည်းပညာ ဖွံ့ဖြိုးလာစေရန် အတွက် ဖြစ်၍ ဥက္ကဌချင်၏ လက်ထောက်က တိုက်ရိုက် ညွှန်ကြား ခန့်ခွဲတာ ဖြစ်သည်။ တခါတရံ ဥက္ကဌချင်၏ လက်ထောက်က သူ့ကို ခိုင်းထားသည်များ ရှိလျှင် ညဉ့်နက်သည့်အထိအောင် အလုပ်လုပ်နေရတတ်သည်။ တခါတရံ သူ့ကို ဥက္ကဌချင်ထံ စာရွက်စာတမ်းများ ပို့ခိုင်းခြင်း၊ ဥက္ကဌချင်အတွက် ကော်ဖီတစ်ခွက် ဖျော်ပေးစေခြင်း၊ သို့မဟုတ် ဥက္ကဌချင်ကို ဈေးဝယ်စင်တာတစ်ခုခုသို့ ကားမောင်းပို့ခိုင်းခြင်းများလည်း ခိုင်းစေတတ်သည်။

သည်လို အကြိမ်ရေတွေ များလာပြီးနောက် လင်ချင်းယန်မှာ ဥက္ကဌချင်နှင့် တဖြည်းဖြည်း ရင်းနှီးလာတော့သည်။ စင်တာတွေထဲမှာ ဆိုရင်တော့ ဘယ်လောက် အညှာတာကင်းမဲ့ပြီး၊ ပြတ်သား သည့် လူသားဆိုတာကို မြင်ရသည်။ လူမှုရေးပွဲတွေကို ညဉ့်နက်သည်အထိ တက်ရပြီး ဘယ်လောက် ပင်ပန်း၊ အထီးကျန်သည့် လူသားဆိုသည်ကိုလည်း မြင်ရသည်။ တဖြည်းဖြည်းနှင့် လူချောလေး၏ ရင်ထဲတွင် ထို အင်အားရှိလှသော အမျိုးသမီးအား လေးစားအားကျစိတ်တို့ ပြည့်လာရတော့သည်။

ထိုအကြောင်းအရာတွေက ၂ လခန့် ကြာပြီးနောက်မှ ပိုသိသာလာသည်။ တနေ့မှာတော့ လက်ထောက်ဖြစ်သူက ကားမောင်းကာ လင်ချင်းယန်က ဥက္ကဌချင် စီးပွားရေးဆိုင်ရာ ပါတီတစ်ခုသို့ တက်ရာမှာ အဖော်ပြုပေးရသည်။ ဒါသည် လင်ချင်းယန်အတွက် အဆက်အသွယ်ကောင်း ရဖို့ရာ အခွင့်အလမ်းတစ်ခုလည်း ဖြစ်သည်မို့ သူ အလွန်ပင် ကျေနပ်နေခဲ့သည်။ ပါတီပွဲ ပြီးချိန်မှာတော့ အတော်ပင် နောက်ကျနေပြီ ဖြစ်သည်။ ဥက္ကဌချင်က အရက်အနည်းငယ် သောက်ထားသည်မို့ ကားထဲ ရောက်ပြီးသည်နှင့် မူးရီရီ ဖြစ်လာတော့သည်။ လင်ချင်းယန်မှာ အစတုန်းက ရှေ့ဘက် မောင်းသူ ဘေးခုံမှာ ထိုင်နေခဲ့တာ ဖြစ်ပေမဲ့ လက်ထောက်ဖြစ်သူက ..

"အနောက်ခုံကိုသွားပြီး ဥက္ကဌချင်းကို ဂရုစိုက်လိုက်ပါဦး"

လင်ချင်းယန်သည်လည်း သံသယမဝင်ဘဲ ချင်ရှုဟွာ၏ ဘေးမှာ ဝင်ထိုင်လိုက်သည်။ သူ ဂရုတစိုက်ဖြင့် ရေထည့်ပေးကာ၊ တာဝါစလေး ယူပေးခြင်း၊ စောင်ပါးတစ်ထည် ခြုံပေးခြင်းများ ပြုလုပ်ပေး၏။ ချင်ရှုဟွာမှာ အရက်မူးနေဟန် ရှိပြီး ၊ ခေါင်းမော့ကာ လင်ချင်းယန်ကို ကြည့်လာချိန်မှာတော့ .. သူ့ နှုတ်ခမ်းထောင့်စွန်းမှာ အပြုံးတစ်ခု ရှိနေ၏။

-

လက်ထောက်က ကားကို ဆွဲကွေ့လိုက်ချိန်မှာ ချင်ရှုဟွာ၏ ကိုယ်က ဘေးဘက် ယိမ်းယိုင်သွားသည်မို့ လင်ချင်းယန်မှာ လက်နှင့် ဖေးမပေးလိုက်ရသည်။ ဤသို့ဖြင့် .. ချင်ရှုဟွာမှာ သူ့ပခုံးပေါ် မှီကျလာတော့သည်။

ချင်က မျက်လုံးများ မှိတ်ထားကာ၊ အသက်ကို ပုံမှန်ရှုရင်း နည်းနည်းမှ မလှုပ်။ လင်ချင်းယန်၏ ကိုယ်က အစပိုင်းမှာ အနည်းငယ် တောင့်တင်းနေသော်လည်း စဉ်းစားဆင်ခြင်ဉာဏ်ကြောင့် တွန်းလွှတ်ပစ်ဖို့ကလည်း မဖြစ်နိုင်။ သည်အတိုင်း ခပ်မတ်မတ် ထိုင်နေရုံသာ တတ်နိုင်ပြီး သူ့လက်ကိုလည်း အသားချင်း မထိမိစေရန် ထိုင်ခုံအနောက်ဘက်ဆီ တင်ထားရ၏။

အသက် ၄၀ အရွယ် အမျိုးသမီးတစ်ယောက်၏ အသားအရေမှာ နူးညံ့ဆဲ ဖြစ်သလို၊ ရနံ့သင်းသင်း တချက်သည်လည်း လင်ချင်းယန်၏ နှာဝတွင် သင်းပျံ့လာသည်။ ရှုဟွာ၏ မျက်နှာက ချင်းယန်၏ ပခုံးပေါ် မှီနေသည်မို့ သူတို့ကြားမှာ ချည်သားလွှာ ပါးပါး တစ်ခုသာ ခံနေသည်။ ရှုဟွာက သက်တောင့်သက်သာ မဖြစ်ဘိ သကဲ့သို့ သူ့မျက်နှာဖြင့် ချင်းယန်အား နူးညံ့စွာ တိုးဝှေ့ ပွတ်သပ်လာသည်။

ကားထဲတွင် မိနစ်အနည်းငယ်ခန့် ငြိမ်သက်တိတ်ဆိတ်သွားကာ၊ အရှေ့မှ လက်ထောက်ဖြစ်သူ သည်လည်း နောက်ခုံမှာ ဖြစ်ပျက်နေသမျှ သူ ဘာမှ မမြင်ဘိသကဲ့သို့ ရှိနေ၏။ သည်အတိုင်း နေရတာ အဆင်မပြေဖြစ်လာတော့ လင်ချင်းယန် မှာ မတတ်သာတော့ ..

"ဥက္ကဌချင် .. ဥက္ကဌချင်.."

ချင်ရှုဟွာက ဖြည်းဖြည်းချင်း ခေါင်းမော့ကာ သူ့ကို ကြည့်လာသည်၊ ချင်ရှုဟွာ၏ နဖူး၊ ပါးပြင် နှင့် နှုတ်ခမ်းတို့မှာ နီမြန်းနေပြီး၊ ချင်းယန်၏ ငယ်ရွယ်သော်လည်း နွေးထွေးနေသော လည်တိုင်နှင့် မေးဖျားနား တိုးဝှေ့လာသည်။

လင်ချင်းယန်၏ ရင်ထဲမှာ လျှပ်ပြက်သလို ဖြစ်သွားရပြီး တမဟုတ်ချင်းပင် ပုံရိပ်များ ထင်ဟပ်လာသည်။

ထိုအချိန်မှာ ချင်ရှုဟွာက မျက်လုံးများ မှိတ်ကာ နှုတ်ခမ်းတို့က သူနှင့် စင်တီမီတာစိတ်လောက်မျှသာ ကွာဝေးသည့် အနေအထားဖြင့် စောင့်ဆိုင်းနေ၏။ သူ့ရင်ထဲမှာ မနှစ်မြို့မှုများနှင့် ငြီးငွေ့မှုများ တပြိုင်တည်း ဖြစ်ပေါ်လာသည်။ နောက်တော့ .. စိတ်ထဲ အတွေးတစ်ခုကလည်း ထင်ထင်ရှားရှား ရှိနေရသည်။ သူ .. ငြင်း၍ မဖြစ်၊ သူ နမ်းမှ ဖြစ်မည်။

ကားထဲမှာ တိတ်ဆိတ်နေသော်လည်း လင်ချင်းယန်၏ ရင်ထဲမှာတော့ မုန်တိုင်းထန်နေရသည်။ ခေါင်း အနည်းငယ် ငုံ့မိချိန်မှာ သူ တုန်ယင်နေသည်။ သူ လှုပ်ရှားလာသည်ကို ချင်ရှုဟွာ အာရုံခံမိလေတော့ .. လက်တို့က ချင်းယန်၏ လည်တိုင်ဆီ ရောက်လာကာ .. သူ့ နှုတ်ခမ်းထက် ဆွဲဖိချလာတော့သည်။

ဒါသည် လင်ချင်းယန်အတွက် ပထမဦးဆုံး အနမ်းဖြစ်သော်လည်း သူ့မှာ တစုံတရာ မခံစားရ။ သူသိနေသည်က လျှော်ရွှတ်ရွှတ်၊ စိုစိစိ လျှာ နှစ်ခု၏ ထိတွေ့မှုမျှသာ။ ချင်ရှုဟွာထံမှ အရက် အရသာ အနည်းငယ်ပင် ရနေသေးသည်။ တချိန်တည်းမှာပင် သူ့ခနာကိုယ် ၏ အစိတ်အပိုင်းတစ်ခုမှ စတင်တင်းမာ လာသည်ကို ခံစားမိသည်။ သည်အချက်က သူ့ကို လန့်သွားစေကာ .. ရှက်ရွံ့မှုနှင့် ဒါကို ထိန်းချုပ်ဖို့ ကြိုးစားနေမိသည်။ ချင်ရှုဟွာကို တွန်းလွှတ်ပစ်ချင်သော်လည်း၊ တကယ်က နှုတ်ခမ်းချင်း ခွာလိုက်ရုံအပြင် ဘာမှ မတတ်နိုင်ခဲ့။ သူတို့ တစ်ယောက်နှင့် တစ်ယောက် မျက်ဝန်းချင်း ဆုံ ကြည့်မိကြချိန်မှာ .. ချင်ရှုဟွာ၏ မျက်ဝန်းနားမှ အရေးအကြောင်း အနည်းငယ် မြင်ရသည်က သူ့ကို အော်ဂလီ ဆန်လာစေသည်။

အန်ထွက်လုနီးနီး ဖြစ်နေသည်ကို တောင့်ခံထားရ၏။ သို့သော်လည်း ချင်ရှုဟွာက ဒါကို သတိမပြုမိ။ သူက ဒီကောင်လေး စိတ်လှုပ်ရှားပြီး၊ ရှက်နေသည်ဟု ထင်နေသည်။ ထို့ကြောင့် သူက ချင်းယန်၏ ပခုံးထက် မှီကာ တိုးတိုးလေး ပြောလာ၏။

"မမ .. အရမ်း ပျော်တာပဲ .. ချင်းယန်"

နောက်ဆုံးတော့ ဥက္ကဌချင်၏ စံအိမ်ရှိရာဆီ ရောက်လာခဲ့ပြီ။ သူနှင့် လက်ထောက်ဖြစ်သူတို့က ဥက္ကဌချင်းကို ကားထဲမှ ကူထုတ်ပေး၏။ လက်ထောက်က ပြောလသည်။

"လင်လေး .. ဥက္ကဌချင်းကို သူ့ အခန်းထဲ လိုက်ပို့ပေးလိုက်ပါကွာ"

လင်ချင်းယန်မှာ လျှပ်စစ်ရှော့ခ် ရိုက်လိုက်သလို တုန်လှုပ်သွားပြီး နောက်သို့ ခြေတစ်လှမ်း ဆုတ်မိသည်။

"ကျတော် .. မနက်ကျရင် လုပ်စရာ ရှိသေးလို့၊ ခင်ဗျားနဲ့ ပြန်လိုက်ခဲ့ပါမယ်။"

ချင်ရှုဟွာ နှင့် လက်ထောက်ဖြစ်သူ ဘာမှ မပြောနိုင်မီ၊ သူက..

"ကောင်းသောညပါဗျာ၊ ဥက္ကဌချင်၊ လက်ထောက်ဥက္ကဌ၊ ကျတော် အရင် ပြန်နှင့်လိုက်ပါ့မယ်။"

နောက်တော့ သူ လှည့်ထွက်လာခဲ့လိုက်သည်။ လက်ထောက်၏ မကျေမနပ် အသံကိုလည်း အနောက်ဘက်မှ ကြားလိုက်ရသေးသည်။

"မင်း ..."

ချင်ရှုဟွာက လှမ်းတားလိုက်သည်ကြောင့် လက်ထောက်ရဲ့ စကားက မဆုံးလိုက်တော့။ လင်ချင်းယန်မှာ လူတွေ သူ့ကို ကြည့်နေသလား၊ မကြည့်သလား ဂရုမစိုက်တော့ဘဲ ခြေကုန်သုတ်လာခဲ့သည်။

နောက်တစ်နေ့မနက်မှာတော့ လင်ချင်းယန်က အလုပ်နုတ်ထွက်စာကို ကုမဏီမှာ တင်ခဲ့ပြီး ကျန်းမာရေးမကောင်းသောကြောင့် အလုပ် မလာနိုင်တော့ပါဟု ဖုန်းဆက်လိုက်သည်။ သုံးရက်ကြာပြီးနောက် .. လက်ထောက်က ဖုန်းဆက်လာသည်၊ သို့သော် သူ ဖုန်းမကိုင်တော့။ အတန်ကြာတော့ ချင်ရှုဟွာက သူ့ကို ကိုယ်တိုင် ဖုန်းဆက်လာပြန်သည်၊ သူက ဖုန်း မကိုင်ရုံတင်မက ပိတ်ပါ ထားလိုက်တော့သည်။

ရက်အနည်းငယ်ကြာပြီးနောက်မှာတော့ အလုပ်နုတ်ထွက်ခြင်း၊ တာဝန်လွှဲခြင်းများ ပြီးစီးသွားသည်။ ထိုစဉ်ကတည်းက ချင်ရှုဟွာရော၊ သူ့လက်ထောက်ပါ တစ်ခေါက်မျှ ပေါ်မလာတော့။

နောင်နှစ်များစွာ ကြာပြီးနောက် ဒီဖြစ်ရပ်ကို လင်ချင်းယန် ပြန်စဉ်းစားမိသည့်အခါ အဲ့ဒီတုန်းက သူ အလောတကြီး လုပ်မိသွားသည်ဟု သုံးသပ်မိသည်။ ထို့ကြောင့် ချင်ရှုဟွာက ဒေါသထွက်သွားကာ နောက်ပိုင်းမှာ သူ့ကို ဖိအားပေးလာခြင်း ဖြစ်မည်။ အကယ်၍သာ သူ ကိုင်တွယ်ပုံ ပိုသေသပ်ခဲ့မည် ဆိုပါက ချင်ရှုဟွာလည်း သူ့ကို လက်လွှတ်ကောင်း လွှတ်ပေးခဲ့ပေလိမ့်မည်။

မလွှတ်ပေးတာလည်း ဖြစ်နိုင်သည်။

သို့သော်လည်း အဲ့ဒီတုန်းက သူ အရမ်း ရှက်ရွံ့နေခဲ့ပြီး၊ ချင်ရှုဟွာကို မျက်နှာချင်း မဆိုင်ရဲခဲ့။ ချင်ရှုဟွာက သူ့ လိုအင်ဆန္ဒအတွက် အာဏာကို အသုံးချခဲ့ရုံတင် မကဘူးလေ။ ပိုပြီး အရေးကြီးတာက စိတ်အလိုဆန္ဒကြောင့် မျက်ကန်းသဖွယ် သူ့ကိုပင် နမ်းမိခဲ့သည်လေ။

...

ထိုအချိန်တွင် လင်ချင်းယန် တွေးမိသည်က ဒါတွေအကုန် ပြီးသွားပါပြီဟုပင်။

သူ နောက်ထပ် အလုပ်လျှောက်လွှာတွေ လိုက်တင်တော့မှသာ တစ်ခုခု မှားယွင်းနေသည်ကို သိရတော့သည်။ အင်တာဗျူးများ၊ စစ်ဆေးမှုများကို ကောင်းကောင်းဖြေဆိုခဲ့သော်လည်း၊ သူ့ကို ကုမဏီ အကုန်လုံးက ပယ်ချခဲ့သည်။ နောက်ပိုင်းကျမှသာ တစ်ယောက်သောသူထံမှ သတင်းရလာသည်က ..

"မင်း ချင် အုပ်စုကို ဘာတွေများ လုပ်ခဲ့သလဲ။ သူတို့က ကုမဏီတွေ အကုန်လုံးဆီမှာ မင်းကို အလုပ်မခန့်ဖို့ ပိတ်ပင်ထားတယ်။"

ပိတ်ပင်ထားတယ် ..တဲ့လား။ သည်စကားလုံးက သူ့လို ဘွဲ့ရထားသည်မှာ နှစ်ဝက်ပင် မရှိသေးသော လူငယ်လေးတစ်ယောက်အတွက်တော့ ကြောက်မက်ဖွယ် ကောင်းလှသည်။ သို့ပေမဲ့ ဥက္ကဌချင်လို ဂုရုကြီး အတွက်တော့ ဒီလောကထဲမှာ မျက်နှာသစ်လေး တစ်ယောက်ကို ပိတ်ပင်ဖို့ရာ အလွန်တရာ လွယ်ကူလှသည်။

လင်ချင်းယန်မှာ နာမည်မကြီးသော ကုမဏီငယ်လေးများမှာ အလုပ်လုပ်ဖို့ ကြိုးစားရသည်။ သို့သော်လည်း သူ့ရဲ့ အဓိကဘာသာရပ်က သင်္ချာ ဖြစ်နေလေတော့ .. သူ ဘာတတ်နိုင်မည်လဲ။ စာရေး တစ်ယောက် .. ဆိုရင်ရော .. သူက သူငယ်ချင်းများနှင့်အတူ မထင်မရှားလုပ်ငန်းလေးမှာ လစာငွေ ပါးပါးနှင့် အလုပ်ကို ရခဲ့သည်။ ကုမဏီ ပိုင်ရှင်က ဝန်ထမ်းတွေ အပေါ် မိတ္တူ စာရွက်လေး တစ်ရွက် အတွက်နှင့် စိတ်ဖိစီးစေခဲ့သည်။

သို့သော်လည်း သည်လိုနေရာမှာ သူ ကြာကြာ မနေနိုင်ခဲ့။ သူက ထိုနေရာမှာတော့ အရည်အချင်း အရှိဆုံး ဝန်ထမ်း ဖြစ်နေခဲ့သော်လည်း၊ အကြောင်းအရင်း မရှိဘဲ အလုပ်ဖြုတ် ခံလိုက်ရသည်။ တခြားသူများကလည်း ထိုအကြောင်းကို စကားတစ်လုံးတောင် မဟ၊ ဘာမှမတတ်နိုင်ဘဲ နှုတ်ဆိတ်နေကြရသည်။

လအနည်းငယ် ကြာပြီးနောက်မှာတော့ သူ့အတွက် နောက်ဆုံး အခြေအနေ ဖြစ်နေခဲ့လေပြီ။ သူ့မှာ စာသင်နှစ် လေးနှစ်စာ ပညာသင်စရိတ် အကြွေး ပေးဖို့ ရှိနေသေးသည်၊ သူ့ အိတ်ကပ်ထဲမှာတော့ ပြားစေ့ တစ်စေ့တောင် မရှိတော့။ သူ လမ်းမများပေါ် ဦးတည်ရာမဲ့ လျှောက်သွားနေမိချိန်မှာ သူ အစား မစားရတာ သုံးရက်ပင် ရှိနေခဲ့ပြီ ဖြစ်သည်။ ဥက္ကဌချင်၏ လူများက အချိန်ကျပြီဟု တွက်ဆလိုက်သည်၊ ထို့ကြောင့် သူ နှင့် ခြေလှမ်း အနည်းငယ်ကွာမျှ အဝေးမှ ကားဖြင့် ပေါ်ပေါ်တင်တင် လိုက်ပါနေကြသည်။

သူ့ကိုယ်သူ အားတင်းကာ စားသောက်ဆိုင် တစ်ဆိုင် အတွင်းသို့ ဝင်၍ စားပွဲထိုး အဖြစ် တောင်းဆိုခဲ့သည်။ ဥက္ကဌချင်၏ လူများက စားသောက်ဆိုင်၏ အပြင်မှာ စောင့်ဆိုင်းနေကြသည်မို့ ဆိုင်ပိုင်ရှင်မှာ အခြေအနေကြည့်ပြီး သူ့ကို မခန့်ထားရဲတော့ချေ။

ညနေပိုင်းရောက်တော့၊ နောက်ဆုံးမှာ ထိုစားသောက်ဆိုင်က သူ့ကို အလုပ်ခန့်ထားလိုက်တော့သည်။ သူ ထို တညနေလုံး ထိုစားသောက်လေးထဲမှာ လွန်းထိုး အလုပ်များနေခဲ့သည်။ သူ ဘယ်အချိန်မှာ သတိလစ်ပြီး ကြမ်းပြင်ပေါ် လဲကျသွား သလို ဆိုတာတောင် အမှတ်မရတော့။

သူ နိုးထလာချိန်မှာတော့ အင်မတန် နူးညံ့ကျယ်ပြောတဲ့ အိပ်ရာကြီးပေါ်မှာ လဲလျောင်းလျက်သား ရှိနေသည်ကို တွေ့ရသည်။ အင်မတန် သက်တောင့်သက်သာ ရှိပြီး သန့်ရှင်းသည့် အဝတ်များဖြင့်လည်း လဲလှယ်ပေးထားသည်။ နေရာက အင်မတန် ဇိမ်ကျသော အခန်းဖြစ်ပြီး တစ်မြို့လုံးမှ အလင်းရောင်များကိုပင် မြင်နေရသည်။

အိပ်ရာဘေးတွင် စားစရာ တစ်ပန်းကန်လည်း ရှိနေသည်။ သူ အိပ်ရာမှ ထကာ ကရှုးမူးထိုး စားမိတော့သည်။

ဖြူလွလွ ခန်းဆီးစများက ညလေအေးကြောင့် လွန့်လူးနေသည်၊ ချင်ရှုဟွာကတော့ ထိုခန်းဆီးစများ နောက်မှာ ထိုင်နေလေကာ ချင်းယန်ကို ကြင်ကြင်နာနာ တိတ်တဆိတ် ကြည့်နေခဲ့လေသည်။

သူ က ဘာမှ မပြောသလို၊ ချင်းယန်သည်လည်း ဘာစကားမှ မပြောခဲ့ချေ။

စက္ကန့်၊ မိနစ်တို့ ကုန်လွန် သွားပြီးမှ .. ချင်ရှုဟွာက သက်ပြင်းဖွဖွ ချလာသည်။

" မင်း ဘာလို့ အဲ့လို လုပ်ရတာလဲ။ ချင်းယန် .. မမက မင်းရဲ့ စိတ်ကူးအိပ်မက်တွေကို ကူညီ ဖြည့်ဆည်းပေးနိုင်ပါတယ်။ မင်းရဲ့ ဘဝကိုလည်း ပြောင်းလဲ ပေးနိုင်တယ်လေ။ ဒီကမ္ဘာကြီးမှာ ဒီလို အခွင့်အရေးမျိုး လူတိုင်း ရနိုင်တာ မဟုတ်ဘူး"

-

Thursday , 3 Oct , 2019

Weiterlesen

Das wird dir gefallen

2.9K 177 4
ဒီNovelလေးကတော့ Put Your Head On My Shoulderဆိုတဲ့ နာမည်နဲ့ ဇာတ်လမ်းတွဲရိုက်ထားတဲ့ Novelလေးပဲ ဖြစ်ပါတယ်။ စာတော်ပြီး အနေအေးတဲ့ ကျောင်းသား ကုဝေယိနဲ့ သွ...
850K 14.9K 12
"ငါ အိပ်​မက်​တစ်​ခု မက်​ခဲ့တယ်​... အတော်​ အတော့်​ကို ရှည်​တဲ့ အိပ်​မက်​... အချစ်​ဆိုတဲ့ အရာအကြောင်း အိပ်​မက်​..." "ငါ့ အိပ်​မက်​ထဲမှာ အဲ့ဒီ့လူဟာ အေ...
80.5K 5.5K 25
"ရဲ့ဟွာ ကျွန်မရှင့်ကို လက်လွှတ်လိုက်တော့မယ်။ ရှင်လည်း ကျွန်မကို လက်လွှတ်လိုက်သင့်ပြီ။ ကျွန်မတို့ကြားမှာ တစ်ယောက်အပေါ် တစ်ယောက် အကြွေးတင်တာတွေ မရှိတော...
28.9K 3K 52
Title- Futuristic Gourmet's Spoiled Marriage