ရွှေအဆင့်နည်းပြ

Von Swae_Nyoe

103K 13.2K 106

ဘာသာပြန်သူ - စွဲညို့အသင်း Esport ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါတယ်။ "ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေး" ဆိုတဲ့ တစ်ပ... Mehr

Description
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
တယ်လီဂရုလေး ကြေညာချက်..
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Notice!!
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41
Part 42
Part 43
Part 44
Part 45
Part 46
Part 47
Part 48
Part 49
Part 50
Part 51
Part 52
Part 53
Part 54
Part 55
Part 56
Part 57
Part 58
Part 59
Part 60
Part 61
Part 62
Part 63
Part 64
Part 65
Part 66
Part 67
Part 68
Part 69
Part 71
Part 72
Part 73
Part 74
Part 76
Part 78
Part 79
Part 80
Part 81
eSport ဇာတ်လမ်းလေးနောက်တစ်ပုဒ်
Part 82
Part 83
Part 84
Part 85
Part 86
Part 87
Part 88
Part 89
Part 90
Part 91
Part 92
Part 93
Part 94
Part 95
Part 96
Part 97
Part 98
Part 99
Part 100
Part 101
Part 102
Part 103
Part 104
Part 105
Part 106
Part 107
Part 108
Part 109
Part 110
Part 111
Part 112
Part 113
Part 114
Telegram ကို လာခဲ့နော်
Part 115
Part 116
Completed in Telegram
Part 117
ခေတ္တရပ်နားပါကြောင်းနှင့် ခေတ္တအရောင်းပိတ်လိုက်ပါကြောင်း

Part 33

1K 147 0
Von Swae_Nyoe

Chapter 33: မတော်တဆ

ကျွမ်းကျင်တိုက်ရိုက်ထုတ်လွှင့်သူများမှာ မနက်ပိုင်းသုံးနာရီ သို့မဟုတ် လေးနာရီ၌အိပ်ရာဝင်ကာ နေ့လယ်၌ထကြသည်။ ပိုင်ဖန်းသည် ခါတိုင်းကဲ့သို့ နေ့လယ်ထိအိပ်မည်ဟု ကျန်းရှောင်ယွီထင်ကာ မနက်ပိုင်းတားဆေးထိုးသောအခါ တမင်တံခါးအား သော့မခတ်ခဲ့ပေ။ မထင်မှတ်ဘဲနှင့် ပိုင်ဖန်းသည် ပထမဆုံးအကြိမ် အစောကြီးထကာ သူတားဆေးထိုးလိုက်သည်ကို မြင်သွားသည်လား။

အိုမီဂါအဖြစ် ခွဲသွားသည်မှာ အရှက်ရစရာမဟုတ်ပေ။ သူ့အားသူ့တပည့်မှ ရှာဖွေတွေ့ရှိပြီးဖြစ်သောကြောင့် ကျန်းရှောင်ယွီသည် ရှင်းလင်းအောင်လုပ်ချင်ခဲ့သည်။ တကယ်တမ်း သူစကားမဟခင် ပိုင်ဖန်းသည် ဤကိစ္စအား ရှင်းပြရန် ကူညီပေးခဲ့သည်။ အစာအိမ်နှင့် အူလမ်းကြောင်းများကို ညှိနှိုင်းပေးရန် ဆေးများထိုးပေးခြင်းဖြစ်သည်။

လက်မောင်းထဲ အစာအိမ်အူလမ်းကြောင်း ဆေးထိုးသည်လား။

ပိုင်ဖန်းမေးလိုက်သည်။ "ဆရာ၊ မနက်စာဘာစားမလဲ။ ဆန်ပြုတ်လုပ်ပေးရမလား"

ကျန်းရှောင်ယွီ ခေါင်းငြိမ့်ပြသည်။ "အေး"

ပိုင်ဖန်းချက်ပြုတ်ရန် ပြန်လှည့်ထွက်သွားသည်။ ကျန်းရှောင်ယွီသည် သူ့တပည့်နောက်ကျောကိုကြည့်ကာ တီးတိုးသက်ပြင်းချလိုက်သည်။

ရှောင်းပိုင်၏ စိတ်ထဲ သူ့ဆရာမှာ ကမ္ဘာပေါ်တွင် အယ်လ်ဖာနှင့်အတူဆုံး ဖြစ်နေနိုင်သည် မဟုတ်လား။

သူ့ဆရာ အိုမီဂါဖြစ်လိမ့်မည်ဟု တစ်ခါမှမတွေးဖူးသောကြောင့် သူ့ဆရာဆေးထိုးနေသော မြင်ကွင်းကို တွေ့ကြုံရသောအခါ သူ့ဦးနှောက်က မသိမသာ အဖြေမှန်ကို ပယ်ချခဲ့သည်။

အံ့ဩစရာမဟုတ်ပေ။ ကျန်းရှောင်ယွီ၏စိတ်ထားမှာ သန်မာလွန်းသည်။ သူသည် အိုမီဂါအဖြစ် ပြောင်းခဲ့လျှင်ပင် သူ၏ဖယ်ရိုမုန်းများမှာ အလွန်ပြင်းထန်သည်။ ကယ်လီဖိုးနီးယား၌ သူရှိစဉ်အတိတ်က မတော်တဆတစ်ခုဖြစ်ကာ ကျန်းရှောင်ယွီသည် သူ၏အိုမီဂါ ဖယ်ရိုမုန်းများကို ထုတ်လွှတ်ခဲ့သည်။ အယ်လ်ဖာများအား ဆွဲဆောင်ခြင်းမဟုတ်ပါ။ သူ့အနားမှ အယ်လ်ဖာများအားလုံးကို တိုက်ရိုက်ခြောက်လှန့်ပြီး သူတို့အား ထွက်ပြေးသွားစေသည်။

ကျန်းရှောင်ယွီကဲ့သို့သော အခြေအနေမှာ သူ estrus သို့ရောက်လျှင်ပင် သတ်မှတ်ခံရရန်ခက်ခဲသည်ဟု ဆရာဝန်ပြောခဲ့သည်။

တကယ်တမ်း အယ်လ်ဖာများသည် သူ၏ဖယ်ရိုမုန်းများမှ ဆွဲဆောင်ခြင်းကို မခံစားနိုင်ပေ။ တိုက်ခိုက်မှုနှင့် ခြောက်လှန့်မှုများသာဖြစ်သည်...

ကျန်းရှောင်ယွီသည် သူ၏နားထင်များ ပွတ်သပ်နေခဲ့သည်။

သူသည် မည်သူ့ကိုမျှ လက်ထပ်ရန် မစီစဉ်ထားပေ။ သူ့တွင် 'မွေးကတည်းက ‌တစ်ယောက်တည်း' ရောဂါအမျိုးအစားရှ်ိသည်။ သူသည် အမှတ်အသားပြုမခံရဘဲ သူ့ကိုယ်သူ အိုမီဂါအဖြစ် မမြင်ခဲ့ပေ။ သူသည်တားဆေးအား တစ်ရက်ငါးမိနစ်ကြာ ထိုးရပြီး ကျန်ရှိသည့်အချိန်များတွင် အယ်လ်ဖာကဲ့သို့နေခဲ့သည်။ ဤသည်မှာ အဆင်ပြေသည်။

သူသည် ယခုပိုင်ဖန်းနှင့် နေနေသည်။ လူကြီးအယ်လ်ဖာနှင့် အိုမီဂါတို့ တစ်မိုးအောက်တည်းရှိနေသည်။ တစ်စုံတစ်ယောက်သာဆိုလျှင် သူတို့သည် နှစ်ဦးနှစ်ဖက် လွှမ်းမိုးမှုနှင့် တစ်ခုခုဖြစ်ပွားမည်ကို စိုးရိမ်နိုင်သည်... သို့‌သော်လည်း သူတို့ဖြစ်ပါက ကျန်းရှောင်ယွီသည် ဤအရာနှင့်ပတ်သက်၍ လုံးဝမစိုးရိမ်ပေ။

ရှောင်းပိုင်သည် သူ့အားဆရာအဖြစ်သာ သတ်မှတ်ထားကာ သူသည်ရှောင်းပိုင်နှင့် ပတ်သက်၍ အခြားအတွေးများမရှိပေ။ သူတို့ငယ်စဉ်က တည်ရှိခဲ့သော ဆရာနှင့်တပည့်ဆက်ဆံရေးမှာ ရိုးသားဖြူစင်သည်။ သူတို့နှစ်ယောက်လုံး ရိုးသားသောစိတ်ရှိကာ ကိုယ်ထိလက်ရောက်ထိတွေ့မှုမရှိပေ။ ကျန်းရှောင်ယွီသည် သူ့တပည့်နှင့် တစ်နှစ်ခွဲကျော်နေလျှင်ပင် ရင်ခုန်မှုမျိုးရှိလိမ့်မည်မဟုတ်ပေ။

ဤအချိန်၌ ပိုင်ဖန်းသည် မီးဖိုချောင်ထဲ မနက်စာလုပ်နေစဉ် သူ၏စိတ်ထဲ ကျန်းရှောင်ယွီထိုးဆေး‌ထိုးနေသော မြင်ကွင်းမှာ ပြန်ပေါ်လာခဲ့သည်။

ထို‌ထိုးဆေးမှာ တကယ်ပင် အစာအိမ်အူလမ်းကြောင်းဆေးလား။

သူ့ဆရာမှာ ရုတ်တရက် အနားယူသွားခဲ့သည်။ ၎င်းသည် အစာအိမ်သွေးယိုခြင်း၊ အစာအိမ်အနာနှင့် အခြားသွေးထွက်သည့်ပြဿနာများနှင့်ဆိုင်သလား။ သူ၏အစာအိမ်မကောင်းသောကြောင့် သူသည် e-sports ကစားရန် ညဉ့်နက်သည်အထိ မနေနိုင်ဘဲ ပြန်လည်ထူထောင်ရန် ပြည်ပသို့သွား၍ အနားယူခဲ့သည်လား။ သူအလွန်ပိန်သည်မှာလည်း ဤသည်ကြောင့်လား။ ဤတွေးခေါ်မှုမှာ အဓိပ္ပာယ်ရှိပုံပေါ်နေသည်လား။

နောက်ပိုင်းသူသည် အစာအိမ်အား အကူအညီပေးရန် အစားအသောက်များပိုဝယ်ကာ သူ၏ဆရာအား အခြေအနေကောင်းစေမည်။

ပိုင်ဖန်းသည် အလွန်အချက်ကျသော ရှင်းပြမှုကို ရှာတွေ့ကာ ဤကိစ္စအားနောက်ထပ် တွေးမနေတော့ပေ။ သူသည်အမြန် ဥနှင့်အသားဆန်ပြုတ်ကို အမြန်လုပ်ပေးခဲ့သည်။

မနက်၉နာရီတွင် ဆရာနှင့်တပည့်တို့ ထမင်းစားခန်းထဲ မျက်နှာချင်းဆိုင်စားခဲ့သည်။

ကျန်းရှောင်ယွီသည် အဖြူရောင်ကြွေဇွန်းကို ကောက်ကိုင်ကာ ဆန်ပြုတ်အား ဖြည်းညှင်းစွာစားရန် ထမင်းစားစားပွဲ၌ ထိုင်ခဲ့သည်။ သူစားနေပုံမှာ ကျက်သရေရှိလှကာ မျက်လုံးများထဲ လှပလှသည်။ သူ၏မူလဖျော့တော့သော နှုတ်ခမ်းများအား ဆန်ပြုတ်မှ စိုစွတ်စေကာ ပို၍ပန်းရောင်သမ်းသွားသည်။

ပိုင်ဖန်းသည် သူ့ဆရာ၏တည်ငြိမ်သော အမူအရာကိုမြင်သောအခါ ဤလူအား ဂရုစိုက်ပေးချင်ခဲ့သည်။ "ဆရာ၊ ဆေးကိုပါးစပ်က စားမရဘူးလား။ နေ့တိုင်းဆေးထိုးနေတော့ ကြည့်ရတာနာလို့"

ကျန်းရှောင်ယွီသာမန်သာ ပြောလိုက်သည်။ "ဆေးထိုးတဲ့ အာနိသင်က ပိုမြန်တယ်"

ပိုင်ဖန်းသည် 'အိုး'ဟု အသံပေးကာ အားရပါးရပြောလိုက်သည်။ "ကျွန်တော် အစာအိမ်အူလမ်းကြောင်းမှာ ကျွမ်းကျင်သူကိုသိတယ်။ နောက်နှစ်အထိစောင့်ပြီး ကျွန်တော်ဆရာ့ကို စစ်ဆေးမှုကောင်းကောင်း ခံယူခိုင်းဖို့ ခေါ်သွားမယ်လေ"

ကျန်းရှောင်ယွီ၏ပါးစပ်ထောင့်များ ကော့တက်သွားသည်။ "ငါ့အခြေအနေက မင်းထင်သလိုမဆိုးဘူး"

ပိုင်ဖန်း: "......"

အဘယ်ကြောင့် သူ၏ဆရာမှာ သူ့အားအရူးကဲ့သို့ ကြည့်နေသည်ဟု သူထင်နေခဲ့သနည်း။

ပိုင်ဖန်းကြောင်သွားသော်လည်း ဘာမှမပြောရဲပေ။ သူသည်စားပွဲရှင်းကာ အဆင့်တက်အောင်ဆော့ရန် ကျန်းရှောင်ယွီအား e-sports အခန်းထဲ ခေါ်သွားခဲ့သည်။

သူတို့နှစ်ယောက်လုံး၏ အကောင့်များမှာ မနေ့က အပိုင်း 2500သို့ ရောက်သွားခဲ့သည်။ ရာသီအစတွင် ဤအပိုင်းမှာ ဆရာများအားလုံးနီးပါးပင်။ မနေ့ကသူတို့သည် တစ်နေ့လုံး လူနှစ်ယောက် ပြောက်ကျားနည်းပညာများကို လေ့ကျင့်ခဲ့ကြသည်။ ယနေ့ကျန်းရှောင်ယွီသည် သူ၏နည်းဗျူဟာကို ပြောင်းကာ ပြောလိုက်သည်။ "ငါကင်းထောက်လုပ်ပြီး မင်းကတော့ သေနတ်ပစ်သမားနေရာဆက်ကစား။ ငါတို့ အနီးအဝေးနှစ်ခုလုံး ပူးပေါင်းတဲ့ 'သရဲကင်းထောက်ခြင်း'ကစားတဲ့ပုံစံကို ဆော့ကြည့်မယ်"

ပိုင်ဖန်း အမြန်သဘောတူလိုက်သည်။ "ဟုတ်။ ကျွန်တော်ဆရာ့စကားကို နားထောင်ပါ့မယ်"

သရဲကင်းထောက်ခြင်းပုံစံဟု ခေါ်ရခြင်းမှာ ကင်းထောက်သည် အရှုပ်အထွေးအား သရဲတစ်ကောင်ကဲ့သို့ လျှောက်သွားကာ မျက်နှာမဖော်ပြပေ။ ကင်းထောက်သည် ရန်သူ၏လှုပ်ရှားမှုများကို စုံစမ်းကာ အဝေးမှ သေနတ်ပစ်သမား အသင်းသားများအတွက် အမြင်အာရုံဖွင့်ပေးသည်။ ဤသည်မှာ သေနတ်ပစ်သမားအား အဓိကရလဒ်ကို လုပ်နေစဉ် ကင်းထောက်မှာ သေနတ်ပစ်သမား၏ မျက်လုံးများနှင့် ပိုတူနေခဲ့သည်။

ဤကစားကွက်မှာ ကင်းထောက်နှင့် သေနတ်ပစ်သမားကြား နည်းပညာနားလည်နိုင်စွမ်းမြင့်မားမှု လိုအပ်နေခဲ့သည်။ သူတို့နှစ်ယောက်မှာ တစ်ယောက်ပြီးတစ်ယောက် တိတ်ဆိတ်စွာ ရွေ့လျားခဲ့သည်။ သူတို့ပြိုင်ဘက်၏နေရာအား စုံစမ်းမိပြီးနောက် သေနတ်ပစ်သမားမှာ အခြားလူကိုအမြန်သတ်ကာ စည်းချက်မှာ ဤ'အံ့ဩစရာ အောင်မြင်ခြင်း'ရရန် မြန်နေရမည်။

ဆရာနှင့် တပည့်ဂိမ်းထဲ ဝင်ရောက်ပြီး‌‌နောက် ကျန်းရှောင်ယွီသည် နောက်ဘက်မှ တစ်ပတ်ပတ်ကာ ပိုင်ဖန်းအား အမြင်ဖွင့်ပေးခဲ့သည်။

ပိုင်ဖန်းမှာ ဆက်တိုက်ပစ်ခတ်မှုများစွာနှင့် ခေါင်းအချို့ကိုယူပြီး ဂိမ်းအား အနိုင်ရသွားခဲ့သည်။

သူတို့နှစ်ယောက်လုံး သရဲကင်းထောက်ပုံစံအား ပူးပေါင်းခဲ့ကြပြီး စည်းချက်မှာ ပို၍ချောမွေ့သွားသည်။ နောက်တစ်ကြိမ်ထပ်မံ၍ သူတို့ဆက်တိုက် ဂိမ်းသုံးပွဲကို အနိုင်ရခဲ့သည်။

ကျန်းရှောင်ယွီ လှည့်ကာ မေးလိုက်သည်။ "ယယ်ကျင်းမင်က ကင်းထောက်သာဆို မင်းသူနဲ့ ပူးပေါင်းနိုင်မလား"

ပိုင်ဖန်းပြန်ဖြေလိုက်သည်။ "အစ်ကိုယယ်ရဲ့ တည်နေရာက အတော်မြန်ပြီး သူ့စည်းချက်ကို ကျွန်တော်မလိုက်နိုင်ဘူး။ ဒါပေမယ့် သီးသန့်ကျွန်တော်တို့ လေ့ကျင့်ပြီး ပူးပေါင်းလိုက်ရင်တော့ ကျွန်တော်တို့ နည်းပညာနားလည်မှုကို သေချာပေါက်ရနိုင်တယ်။ တကယ်တော့ ကျွန်တော်က ACE ကလာတော့ သူ့ကစားပုံကို သိနေတာ"

ကျန်းရှောင်ယွီခေါင်းငြိမ့်လိုက်သည်။ "ဟုတ်တယ်။ ယယ်ကျင်းမင်ရဲ့ပုံစံက အရမ်းထူးခြားတယ်။ သူကအကူအနေနဲ့ သရဲ‌ကင်းထောက်ကို ကစားနိုင်ပြီး ကင်းထောက်ရဲ့အခြေခံဖြစ်တဲ့ လုပ်ကြံသတ်ဖြတ်စီးဆင်းခြင်း နည်းပညာတွေကို ကစားနိုင်တယ်။ ဒါကြောင့် အချိန်ကျရင်... မင်း လက်ရွေးစင်အသင်းရောက်လာရင် ငါထပ်ပြီးကိစ္စတွေကို ညှိနှိုင်းမယ်"

ပိုင်ဖန်းသည် နည်းပညာနားလည်မှု ထူးချွန်သော သေနတ်ပစ်သမားတစ်ယောက် ဖြစ်သည်။ ကျန်းရှောင်ယွီသည် ပိုင်ဖန်းနှင့် ပူးပေါင်းရန် သူ၏ကစားပုံကို ပြောင်းလဲခဲ့ကာ သူသည်ကြိုတင်၍ ‌လက်ရွေးစင်အသင်း၏ နည်းပညာတည်ဆောက်ပုံကို တွေးနေခဲ့သည်။ သူ့တပည့်၏ အားအင်ပေါ် အခြေခံကာ သူသည်သေချာပေါက် လက်ရွေးစင်အသင်းအတွက် အောင်မြင်စွာ ရွေးချယ်ခံရလိမ့်မည်။ ထိုအချိန်၌ ကျန်းရှောင်ယွီသည် သေနတ်ပစ်သမား ပိုင်ဖန်းအား ဗဟိုထားကာ ပွဲထွက်စာရင်းစနစ်အချို့ကို စီစဉ်ရမည်။ ကြိုတင်ကာ ပိုင်ဖန်း၏စည်းချက်ကို နားလည်ထားခြင်းမှာ သူ့အား အကောင်းဆုံး ကစားသမားများ‌ရွေးချယ်ရန် ပို၍လွယ်ကူလိမ့်မည်။

နောက်တစ်ချိန် အလွန်လျင်မြန်စွာ ကုန်သွားခဲ့သည်။ ဆရာနှင့်တပည့်မှာ နေ့တိုင်းအနှောင့်အယှက်မရှိ လေ့ကျင့်ခဲ့သော ACE ကာလသို့လး ရောက်သွားပုံပေါ်ကာ ကိစ္စအတော်များများ‌အပေါ် အမြင်တူကြကာ နည်းပညာများ ဆွေးနွေးခဲ့ကြသည်။ သူတို့နှစ်ယောက်မှာ ‌ထိုနှစ်က နည်းပညာနားလည်မှုကို တွေ့ခဲ့ကြသည်။

သူ့ဆရာ၏ကူညီမှုကြောင့် ပ်ိုင်ဖန်းမှာ လျင်မြန်သော တိုးတက်မှုရရှိခဲ့သည်။ သူ၏တုံ့ပြန်မှုမှာ အတိတ်က ထိပ်ဆုံး အခြေအနေတွင် ရှိခဲ့သော Wing ကဲ့သို့ပင်ဖြစ်သည်။ တစ်ပွဲချင်းစီတိုင်း သူသည် ခေါင်းသုံးလုံးထက် ပိုသတ်ကာ အထူးပုဂ္ငိုလ်ဖြစ်ခဲ့သည်။ သူသည် ကျန်းရှောင်ယွီကိုယ်တိုင်သင်ပေးသော တပည့်ဖြစ်ခြင်းနှင့် ထိုက်တန်သည်။

လူနာလ ၁၂လမြောက်၏ ၂၈ရက်မြောက်နေ့တွင် ပိုင်ဖန်းသည် ဖုန်းခေါ်ဆိုမှု ရရှိခဲ့သည်။ ဖိုင်တွဲအထပ်လိုက် လာပို့ပေးသော ပေးပို့သူတစ်ယောက်ရောက်လာခဲ့သည်။

သူသည် ဖွင့်ကြည့်ပြီးနောက် သေချာသည်မှာ သူ၏အေးဂျင့်က သူ့အားဖြေရှင်းရန်ကူညီပေးခဲ့သော စာချုပ်ပင်ဖြစ်သည်။ ပိုင်ဖန်းသည် ‌ဆိုဖာပေါ်ထိုင်ကာ တစ်ရွက်ချင်းသေချာဖတ်‌နေစဉ် သို့သို့မှာသူ့နား သိချင်စိတ်နှင့် လှည့်ပတ်ကြည့်နေခဲ့သည်။ ပိုင်ဖန်းပြုံးကာ သို့သို့၏ခေါင်းကိုထိလိုက်သည်။ "ဟုတ်တယ်။ အစ်ကိုကြီးက ပလက်ဖောင်းအသစ်နဲ့ စာချုပ်ချုပ်လိုက်ပြီ။ ပိုက်ဆံအများကြီးရပြီးရင် မင်းကိုအရသာရှိတဲ့ အစားအသောက်တွေ ဝယ်ကျွေးမယ်"

ကျန်းသို့သို့သည် သူ၏အမြီးအား စိတ်လှုပ်ရှားစွာ ခါနေခဲ့သည်။ "ဝုတ်"

ကျန်းရှောင်ယွီသည် သူ့ဘေးထိုင်ကာ အေးဆေးမေးလိုက်သည်။ "သူတို့မင်းကို ဘယ်လောက်ပေးလဲ"

ပိုင်ဖန်းမှာ ဖုံးကွယ်မထားဘဲ တိုက်ရိုက်ဖြေလိုက်သည်။ "လက်မှတ်ထိုးခ သန်း၆၀ပါ။ လက်ဆောင်ပေးပို့ခြင်းနဲ့ အဖွဲ့ဝင်အကျိုးအမြတ်ဝေမျှမှုက သပ်သပ်စီတွက်တယ်"

"...အဲ့လောက်တောင်များတာလား"

ပိုင်ဖန်း ပြုံးလိုက်သည်။ "ဆရာ။ ကျွန်တော့်လက်ရှိတန်ဖိုးက ဒီနံပါတ်ဝန်းကျင်ပဲ။ သူတို့က ကျွန်တော့်ကျော်ကြားမှုအတွက်လည်း လက်မှတ်ထိုးခဲ့တာ။ လက်ရွေးစင်အသင်း တရားဝင်အရွေးမခံရစဉ်က ကျွန်တော်သူတို့ကျော်ကြားမှု‌ရအောင် ကူညီပေးဖို့ အချိန်တစ်ခုကြာ ပလက်ဖောင်းအသစ်ပေါ် တိုက်ရိုက်ထုတ်လွှင့်မယ်"

ကျန်းရှောင်ယွီ ခေါင်းငြိမ့်လိုက်သည်။ "ဟုတ်တယ်။ ကမ္ဘာ့စီးရီးက နိုဝင်ဘာမှာစပြီး ခုထိအချိန် အဝေးကြီးလိုသေးတယ်။ မင်းလုပ်ချင်ရင် ဒီတိုင်းတိုက်ရိုက်ထုတ်လွှင့်မှုသာလုပ်။ လက်ရွေးစင်အသင်းက ခုထိမဖွဲ့ရသေးဘူး"

ပိုင်ဖန်းသည် သူ့အား စိတ်ရင်းမှန်နှင့် ကြည့်လိုက်သည်။ "ဆရာ၊ ကျွန်တော်အမြဲတမ်း လူကိုယ်တိုင် ကျေးဇူးတင်ချင်နေခဲ့တာပါ" ယ

ကျန်းရှောင်ယွီ ကြောင်သွားသည်။ "ဘာအတွက် င့ါကိုကျေးဇူးတင်တာလဲ"

ပိုင်ဖန်းသည် သူ့အားစိတ်ရင်းမှန် ပြောလိုက်သည်။ "အဲ့တုန်းက ကျွန်တော် သေနတ်ဘုရင်ဂိမ်းကို ကြိုက်ပြီး သေနတ်ပစ်သမားကောင်း ဖြစ်ချင်ခဲ့တာ ဆရာ့ကြောင့်ပါ။ ဆရာ့ကြောင့်သာမဟုတ်ရင် လက်ရှိ Fredရှိလာမှာ မဟုတ်ဘူး။ ဆရာသင်ပေးတဲ့ ဗဟုသုတကို တစ်သက်လုံး မမေ့ပါဘူး"

ကျော်ကြားပြီးနောက် တပည့်အချို့မှာ သူတို့လုပ်နိုင်သည်ဟု ခံစားမိကာ သူတို့အား သင်ပေးခဲ့သော သူတို့ဆရာအပေါ် သူတို့၏ခံစားချက်များ ပိုအားနည်းသွားလိမ့်မည်။

ထိုစဉ်ပိုင်ဖန်းမှာ အလွန်သံယောဇဥ်ကြီးကာ ဖြောင့်မတ်သည်။ သူ့အတွက် ကျန်းရှောင်ယွီမှာ 'ကြင်နာတတ်‌သည့်ဆရာ'ဖြစ်ပြီး ကောင်းမွန်သော ဆုံးဖြတ်နိုင်သည့် အရည်အချင်းကောင်းရှိသည်။

သူ့ဆရာ၏ အမှတ်မှာ သူ၏လက်ရှိ အောင်မြင်ခြင်းများအတွက် အကောင်းဆုံးဖြစ်သည်ကို သူကောင်းစွာ သိနေခဲ့သည်။ သူ၏စိတ်ပိုင်းဆိုင်ရာလေ့ကျင့်ပေးခြင်း သို့မဟုတ် လက်ဖြင့် သေနတ်ပစ်သမား ကစားနိုင်စွမ်းရည်ကို သူ့အားသင်ကြားပေးခြင်းဖြစ်စေ နတ်ဘုရား Wing မရှိပါက Fredရှိလိမ့်မည်မဟုတ်‌။

ထို့ကြောင့် သူသည်အမြဲ Wing ကို လေးစားခဲ့သည်။

ကျန်းရှောင်ယွီသည် သူ့တပည့်၏ပခုံးကို ပုတ်‌လိုက်သည်။ "မင်းငါ့ကို လေးစားပြီး အင်တာဗျူးမှာ ငါ့အကြောင်း အကြိမ်ပေါင်းများစွာပြောတာ ငါသိတယ်။ ဒါပေမယ့်... ရှောင်းပိုင်၊ မင်းရဲ့လက်ရှိအောင်မြင်မှုတွေက မင်းကိုယ်တိုင်ကြောင့်ပဲ။ ဒါကြောင့် မင်းငါ့အကြောင်း အမြဲပြောစရာမလိုဘူး။ မင်းကမင်းရဲ့တပည့်တာဝန်ကို ပြီးမြောက်သွားပြီးပြီပဲ"

ပိုင်ဖန်းသည် အနည်းငယ်ရယ်ကာ ခေါင်းခါလိုက်သည်။ "ကျွန်တော့်တပည့်တာဝန်ကို မပြီးချင်ဘူး။ ဆရာကအမြဲ ကျွန်တော့်ဆရာဖြစ်နေမှာပါ"

သူသည် ကျန်းရှောင်ယွီအား အားရပါးရ မစိုက်ကြည့်ခင် ရပ်နေခဲ့သည်။ "ဆရာ၊ နိုင်ငံတကာဆာဗာအတွက် ကျွန်တော့်အကောင့်က ဘာလို့ Sniper002လို့ ခေါ်လဲ ဆရာသိလား"

ကျန်းရှောင်ယွီ ကြောင်သွားသည်။

Sniper (အင်္ဂလိပ်ဘာသာ) မှာ သေနတ်ပစ်သမားဖြစ်သောကြောင့် Sniper002 (အင်္ဂလိပ်ဘာသာ) မှာ နံပါတ်နှစ် သေနတ်ပစ်သမားကို ဆိုလိုသည်။

မဟုတ်မှလွဲရော...

သေချာအောင် ပိုင်ဖန်းသည် ဆက်ပြောခဲ့သည်။ "ဆရာက Sniper001ဖြစ်တာမို့ပါ။ ကျွန်တော် အကောင့်နှစ်ခုကို မှတ်တမ်းတင်ထားပြီး နံပါတ်တစ်က ဆရာ့အတွက်လေ"

ပိုင်ဖန်း၏ရည်ရွယ်ချက်မှာ ထင်ရှားသည်။ ဘယ်လိုပဲငါသန်မာနေပါစေ၊ ဘယ်လောက်ပဲ ငါကျော်ကြားပါစေ ဒါမှမဟုတ် ငါ့မှာပရိသတ်တွေ ဘယ်လောက်ပဲရှိနေပါစေ ငါက ကျန်းရှောင်ယွီရဲ့ရှေ့မှာတော့ အမြဲနံပါတ်နှစ်ပဲ။

သူ၏စိတ်ထဲ သူ့ဆရာမှာ ကမ္ဘာ့နံပါတ်တစ် သေနတ်ပစ်သမားဖြစ်သည်။

ဤသည်မှာ နတ်ဘုရား Wing ၏ နံပါတ်တစ် အသေအလဲကြိုက်သော ပရိသတ်တစ်ယောက်ပင်ဖြစ်သည်။

ကျန်းရှောင်ယွီသည် ဘာမှမပြောခဲ့ပေ။

ရှောင်းပိုင်သည် သူ့ဆရာအား အနုပညာရှင်တစ်ယောက်အဖြစ် သတ်မှတ်ကာ ခွင့်ပြုခဲ့သည်။ ဆိုးရွားသော သက်ရောက်မှုမရှိခဲ့ပေ။ သူငယ်စဉ်က သေနတ်ဘုရင်ဂိမ်းကိုကြိုက်ကာ သေနတ်ပစ်သမားဖြစ်ခဲ့သော ဂိမ်းထဲတွင် ကျန်းရှောင်ယွီ၏ ထူးချွန်သော စွမ်းဆောင်ရည်ကို ကြည့်ခဲ့သောကြောင့်ဖြစ်သည်။

သူ၏မျက်လုံးထဲ ကျန်းရှောင်ယွီအပေါ် လေးစားမှုများနေခဲ့သည်။

တစ်ရက်တည်း၏ နေ့လယ်ခင်းတွင် ပိုင်ဖန်းသည် စာချုပ်ကို လက်မှတ်ထိုးပြီး ‌ပေးပို့သူနှင့် ပြန်ပို့ပေးခဲ့သည်။

ဝက်ဝံလေးများ တီဗီ၏ရုံးချုပ်မှာ မြို့ထဲတွင်ရှိသည်။ တစ်ဖက်လူမှာ စာချုပ်လက်ခံရရှိပြီးနောက် သူတို့သည်အေးဂျင့်အား ကြေငြာမည့်ရက်စွဲကို အမြန်မေးခဲ့သည်။

ကြေငြာမည့်ရက်စွဲမှာ နွေဦးပွဲတော်၏ ပထမနေ့အတွက် စာရင်းဇယားဆွဲထားခဲ့သည်။

နှစ်သစ်ဖြစ်ကာ နေရာသစ်ဖြစ်သည်။ တိုက်ရိုက်ထုတ်လွှင့်သူကြီး Fred မှာ ပလက်ဖောင်းပြောင်းသွားသောကြောင့် အရှိန်ရရန် လူထုအားကြေငြာသင့်သည်။ ပွဲဦးထွက်စာရင်းမှာ လုံလောက်နေသင့်သည်။

၁၂ကြိမ်မြောက်လူနာလ၏ ၂၉ရက်မြောက်နေ့တွင် ပိုင်ဖန်းသည် ကျန်းရှောင်ယွီအား ဟင်းသီးဟင်းရွက်များဝယ်ရန် စူပါမားကတ်သို့ ခေါ်သွားခဲ့သည်။

ဤနှစ်၏ နှစ်သစ်ကူးအကြိုအား သူတို့နှစ်ယောက်သာ အချိန်အတူဖြုန်းသော်လည်း နှစ်သစ်ကူးအကြို၏ အစားအ‌သောက်အား ရှောင်လွှဲ၍မရနိုင်ပေ။ ပိုင်ဖန်းသည် ‌ဈေးဝယ်တွန်းလှည်းကို တွန်းကာ‌ ပြောလိုက်သည်။ "ဆရာ၊ ကျွန်တော်မနက်ဖြန် ပိုပြီးပေါ့ပေါ့ပါးပါး အစားအသောက်တွေ လုပ်ပေးမယ်။ ကျွန်တော်လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်သုံးမျိုးနဲ့ ဖက်ထုပ်လုပ်ပေးမယ်။ ဆရာရွေးပြီးစားနိုင်တယ်။ ဆရာစားချင်တာ တစ်ခုခုရှိသေးရင် ဈေးဝယ်ခြင်းထဲသာ ထည့်လိုက်နော်"

ကျန်းရှောင်ယွီပြန်ဖြေလိုက်သည်။ "ကောင်းပြီ"

သူတို့နှစ်‌ယောက် စူပါမားကတ်တွင် ဘေးချင်းကပ် လမ်းလျှောက်နေခဲ့သည်။ မနက်ဖြန်သည် နှစ်သစ်အကြိုဖြစ်သောကြောင့် စူပါမားကတ်မှာလူထူထပ်နေပြီး အလွန်အသက်ဝင်သည်။ အသံလွှင့်စက်မှ မြူးကြွသော 'နှစ်သစ်ကူးအကြို'သီချင်းကို ဖွင့်ပြထားကာ ကလေးများစွာမှာ အနီရောင်အဝတ်အစားများကို ဝတ်ဆင်ထားခဲ့သည်။ ကျန်းရှောင်ယွီသည် ပြည်ပသို့ရောက်နေသော ကာလအတွင်း အချိန်အတော်ကြာ နွေဦးပွဲတော်၏ အသက်ဝင်ဖွယ်အခြေအနေကို မခံစားခဲ့ရပေ။

သူသည် သူ့နားမှလူများ၏ မျက်နှာပေါ်မှ အပြုံးများကို ကြည့်ကာ သူ့စိတ်မှာ တဖြည်းဖြည်း တိုးတက်လာခဲ့သည်။

သူသည် တိတ်ဆိတ်မှုကို ကြိုက်ကောင်းကြိုက်သော်လည်း သူတရုတ်နိုင်ငံသို့ ပြန်လာသောအခါ သူ့အနားတွင် သူငယ်ချင်းများနှင့် သူ၏တပည့်ရှိသည်။ သူသည် ကယ်လီဖိုးနီးယားတွင် သို့သို့နှင့်သာနေသည်နှင့် ယှဉ်ပါက ပို၍စိတ်ဝင်စားစရာကောင်းသည်။

သူတို့နှစ်ယောက်မှာ ဟင်းသီးဟင်းရွက်များနှင့် သစ်သီးများတစ်လှည့်ဝယ်ကာ ပိုင်ဖန်းမှာလည်း ပန်းကန်ပြားတစ်စုံဝယ်ခဲ့သည်။

ထိုညက ပိုင်ဖန်းသည် ကြိုတင်ပြီး ဖက်ထုပ်များလုပ်ရန် ပစ္စည်းများကို ပြင်ဆင်ခဲ့သည်။ သူသည် နှစ်သစ်ကူးအကြိုညစာအတွက် ငါးများနှင့်နံရိုးများကို ကိုင်တွယ်ကာ ရေခဲသေတ္တာထဲ အေးခဲထားခဲ့သည်။ သူသည်မီးဖိုးချောင်ထဲ အလုပ်ရှုပ်နေစဉ် ကျန်းရှောင်ယွီသည် သို့သို့နှင့် ဧည့်ခန်းထဲ တီဗီကြည့်နေခဲ့သည်။

ပိုင်ဖန်းသည် ပစ္စည်းများကို ကောက်ယူကာ မီးဖိုချောင်ထဲမှ ထွက်လာခဲ့သည်။ ထို့နောက် သူသည် ကျန်းရှောင်ယွီအား ဝရန်တာပေါ်တွင် ဖုန်းပြောနေသည်ကို တွေ့ခဲ့သည်။

"ကျွန်တော် သူငယ်ချင်းတစ်ယောက်အိမ်မှာ နှစ်သစ်ကူးဆင်နွှဲမလို့...ဟုတ်တယ်။ ပျော်ရွှင်စရာ နှစ်သစ်ကူးပါပဲ။ ကျွန်တော် တရုတ်နိုင်ငံကို နည်းပြဖြစ်ဖို့ ပြန်လာခဲ့တာ။ သူ့ကိုမပြောနဲ့... စိတ်ချပါ။ ကျွန်တော်ခုတလော အဆင်ပြေပါတယ်...ဟုတ် တာ့တာ။ အားရင်တွေ့ကြမယ်လေ။ ဖုန်းချလိုက်တော့မယ်နော်"

ပိုင်ဖန်း လျှောက်လာကာ မေးလိုက်သည်။ "ဆရာ၊ မိသားစုဝင်ဆီက ဖုန်းလား"

ကျန်းရှောင်ယွီ ပြောလိုက်သည်။ "ဟုတ်တယ်။ ငါ့အစ်ကိုဖုန်းခေါ်ပြီး ငါနှစ်သစ်ကူး ဘယ်မှာနေမလဲလို့မေးနေတာ"

သူသည် ကျန်းရှောင်ယွီမှာ ယခင်က သူ့မိသားစုအကြောင်း ပြောသည်ကို တစ်ခါမှမကြားခဲ့ဖူးပေ။ မထင်မှတ်ဘဲနှင့် သူ့ဆရာတွင် အစ်ကိုရှိသည်လား။

ကျန်းရှောင်ယွီ ထပ်ပြောလိုက်သည်။ "ငါ့မိဘတွေက တရုတ်နိုင်ငံမှာမရှိဘဲ ငါ့အစ်ကိုကအခု ကျင်းမြို့တော်မှာ။ သူ့မှာ မိန်းမနဲ့ကလေးတွေရှိတာမို့ ငါသူ့ကို မနှောင့်ယှက်ချင်ဘူး"

ပိုင်ဖန်းသည် နောက်ထပ်မေးခွန်းများ မမေးတော့ဘဲ 'အိုး'ဟုသာ ပြောခဲ့သည်။ သူသည်ပြုံးကာမေးလိုက်သည်။ "ကွက်တိပဲ။ ကျွန်တော်တို့အတူ နှစ်သစ်ကူးကြို‌ဆိုနိုင်တယ်"

ထိုညက သူတို့နှစ်ယောက် ကိုရီးယားဆာဗာပေါ် ဂိမ်းများကစားရန် အသင်းဖွဲ့ခဲ့ကြသည်။ ညလယ်၌ ကျန်းရှောင်ယွီသည် အချိန်မှန် အိပ်ရာဝင်ခဲ့သည်။

သူ၏ဇီဝပုံမှန်နာရီမှာ အလွန်ပုံမှန်ဖြစ်သည်။ သူသည် ရေချိုးပြီးနောက် အိပ်ရာဝင်ကာ ငါးမိနစ်အတွင်း အိပ်ပျော်သွားခဲ့သည်။

သို့သော် ယနေ့မအိပ်ချင်ခဲ့ပေ။ သူ၏တစ်ကိုယ်လုံး ပူနေကာ ချွေးစက်များမှာ သူ၏နဖူးပေါ်မှ ကျလာခဲ့သည်။ သူ၏တစ်ကိုယ်လုံးမှာ ရေပူထဲ စိမ်ထားသကဲ့သို့ သက်တောင့်သက်သာမဖြစ်ပေ။

သူ၏အရေပြားမှာ ပူကာချွေးထွက်နေသော်လည်း သူ၏ခန္ဓာကိုယ်အတွင်းပိုင်းမှာ အေးနေခဲ့သည်။ သူသည်အဖက်ခံရပြီး နှစ်သိမ့်ခံရခြင်းကို တောင့်တနေသည့်အလား အထီးကျန်မှုခံစားချက်မှာ ထူးဆန်းနေသည်။

ကျန်းရှောင်ယွီသည် ခုနက သူ၏အစ်ကိုဖုန်းခေါ်ဆိုမှုကို သတိရသွားခဲ့သည်။ "မင်းရုတ်တရက် တရုတ်နိုင်ငံပြန်လာတာလား။ မင်းခန္ဓာကိုယ်အဆင်ပြေရဲ့လား။ တားဆေးလုံလုံလောက်လောက် ယူလာရဲ့လား"

တားဆေးများ...

အိုး သူ၏ခန္ဓာကိုယ်တုံ့ပြန်ချက်အရ ဤသည်မှာ သူ၏ estrus ကာလလား။

ကျန်းရှောင်ယွီ၏ အမူအရာပြောင်းသွားကာ ချက်ချင်း ကုတင်ပေါ်မှ ထလာခဲ့သည်။ သူည် တားဆေးများအတွက် ခရီးဆောင်အိတ်ကို လှန်လှောရှာဖွေနေခဲ့သည်။

သူသည်အမြဲသတိရှိနေခဲ့သည်။ ဤတစ်ကြိမ် သူအပြင်ထွက်ကာ တားဆေးများလုံလောက်စွာ ယူလာခဲ့သည်။ သူသည်ပိုင်ဖန်း၏အိမ်၌ ဆယ်ရက်ကြာနေကာ တားဆေး၁၂ခုယူလာခဲ့သည်။ တစ်ရက်လျှင် တားဆေးတစ်ခုဖြစ်ကာ သေချာပေါက်လုံလောက်နေသည်။ သို့သော်... estrus တွင် သူသည်၎င်းအား ဖိနှိပ်ရန် ပုံမှန်ထက် ဆယ်ဆပို၍ လိုအပ်နေခဲ့သည်။

ကယ်လီဖိုးနီးယားမှ လွန်ခဲ့သောငါးနှစ်အတွင်း သူ၏ estrus ကာလမှာ နှစ်တိုင်းဇူလိုင်လဖြစ်ကာ အလွန်ပုံမှန်ပင်ဖြစ်သည်။ မည်ကဲ့သို့ ရုတ်တရက် ဇန်နဝါရီသို့ ရှေ့တိုးသွားခဲ့သနည်း။သူ၏ခန္ဓာကိုယ်ထဲ ဖယ်ရိုမုန်းများ မညီမျှမှုဖြစ်စေသော သူ၏သက်ရှိပတ်ဝန်းကျင်ထဲ ပြောင်းလဲမှုများကြောင့်လား။

ကျန်းရှောင်ယွီသည် သေတ္တာထဲမှ ကျန်‌ရှိနေသော တားဆေး၆ခုကိုကြည့်ကာ ခေါင်းကိုက်သွားခဲ့သည်။

၆ခုမှာ သေချာပေါက် မလုံလောက်ပေ။ သူ၏ဖယ်ရိုမုန်းများ လွတ်ထွက်သွားပါက အိမ်ကြီးထဲ သူနှင့်ပိုင်ဖန်းသာ ရှိနေလိမ့်မည်။

သူသည် ဒေါသနှင့်ပိုင်ဖန်းအား ရိုက်ကာဆေးရုံသို့ပို့ပါက ဆိုးသွားလိမ့်မည်...

ဆရာအိုမီဂါမှာ ရုတ်တရက် estrus သို့ရောက်သွားပြီး သူ့အယ်လ်ဖာတပည့်၏ ခေါင်းကို ကြမ်းတမ်းစွာ ရိုက်ပစ်လိုက်သည်လား။

လက်ရွေးစင်အသင်းနည်းပြသည် လူသိများသော တိုက်ရိုက်ထုတ်လွှင့်သူ Fred အား ရိုက်ပစ်လိုက်သည်လား။

သူသည် ပိုင်ဖန်းနှင့် လူမှုသတင်းများ၏ ရှေ့စာမျက်နှာတွင် မပါချင်ခဲ့ပေ။

ကျန်းရှောင်ယွီသည် အမြန်စိတ်တည်ငြိမ်အောင် လုပ်ခဲ့သည်။ သူသည်အဝတ်အစားများပြောင်းကာ ပိုင်ဖန်း၏တံခါးကို ခေါက်လိုက်သည်။

ပိုင်ဖန်းသည် စောစောအိပ်၍ စောစောထသော သူ့ဆရာ၏အချိန်စာရင်းနောက် မကြာသေးခင်က လိုက်ခဲ့သည်။ ဤတစ်ကြိမ်၌ သူရေချိုးပြီးကာ အိပ်ရာဝင်ဝတ်စုံများကို ဝတ်ဆင်ထားခဲ့သည်။ ထို့နောက် သူသည်သူ့ဆရာတံခါးခေါက်သည်ကို ကြားကာ အမြန်သွားဖွင့်ခဲ့သည်။ သူ့ဝတ်စုံကြိုးများ မချည်ရသေးသောကြောင့် ရင်အုံကြီးကိုဖော်ပြနေခဲ့သည်။ သူ၏သန်မာသော ဗိုက်ကြွက်သားများပင်လျှင် ဖျော့တော့စွာ မြင်ရသည်။

ပိုင်ဖန်းတွေးနေခဲ့သည်။ "ဘာဖြစ်လို့လဲ ဆရာ"

လူကြီးအယ်လ်ဖာမှာ သူ့ရှေ့တွင်ရှိကာ သူ၏ငယ်ရွယ်ကာ တောင့်တင်းသော ကိုယ်ထည်မှာ အလွန်ဆွဲဆောင်မှုရှိပြီး ညှို့ယူနိုင်လွန်းသည်။ ကျန်းရှောင်ယွီသည် အသက်ပြင်းပြင်းရှူကာ သူ့အကြည့်ကို အမြန်ဖယ်လိုက်သည်။ သူ၏စိတ်ထဲ ပေါ်ထွက်လာသော ခံစားချက်များကို ဖိနှိပ်ရန်ကြိုးစားကာ သူ၏အသံမှာ သူ၏တည်ငြိမ်မှုကို ထိန်းသိမ်းရန် ကြိုးစားခဲ့သည်။ "ချက်ချင်း e-sports ပန်းခြံကို မောင်းပို့ပေး"

ပိုင်ဖန်းကြောင်သွားသည်။ "ဘာဖြစ်တာလဲ ဆရာ။ ဘာလို့ညသန်းခေါင်ကြီး လက်ရွေးစင်အသင်းကို ပြန်ချင်ရတာလဲ"

ကျန်းရှောင်ယွီသည် အေးစက်စွာ ရှင်းပြခဲ့သည်။ "ငါရုတ်တရက် estrus ကာလဝင်လာပြီး တားဆေးလုံလုံလောက်လောက်ပါမလာဘူး။ ငါပြန်ပြီးအမြန်ယူချင်တယ်"

ထို့နောက်သူသည် လေပြင်းမုန်တိုင်းကဲ့သို့ အောက်ထပ်သို့ဆင်းသွားခဲ့သည်။

ပိုင်ဖန်း: "..........?"

ဘာကာလလဲ။ ဘာတားဆေးလဲ။

ဆရာ၊ ဘာတွေပြောနေတာလဲ။

Telegramမှာ အပိုင်း ၁၄၈အထိ ရောက်ပြပါပြီနော်။

Zawgyi

Chapter 33: မေတာ္တဆ

ကြၽမ္းက်င္တိုက္႐ိုက္ထုတ္လႊင့္သူမ်ားမွာ မနက္ပိုင္းသုံးနာရီ သို႔မဟုတ္ ေလးနာရီ၌အိပ္ရာဝင္ကာ ေန႔လယ္၌ထၾကသည္။ ပိုင္ဖန္းသည္ ခါတိုင္းကဲ့သို႔ ေန႔လယ္ထိအိပ္မည္ဟု က်န္းေရွာင္ယြီထင္ကာ မနက္ပိုင္းတားေဆးထိုးေသာအခါ တမင္တံခါးအား ေသာ့မခတ္ခဲ့ေပ။ မထင္မွတ္ဘဲႏွင့္ ပိုင္ဖန္းသည္ ပထမဆုံးအႀကိမ္ အေစာႀကီးထကာ သူတားေဆးထိုးလိုက္သည္ကို ျမင္သြားသည္လား။

အိုမီဂါအျဖစ္ ခြဲသြားသည္မွာ အရွက္ရစရာမဟုတ္ေပ။ သူ႔အားသူ႔တပည့္မွ ရွာေဖြေတြ႕ရွိၿပီးျဖစ္ေသာေၾကာင့္ က်န္းေရွာင္ယြီသည္ ရွင္းလင္းေအာင္လုပ္ခ်င္ခဲ့သည္။ တကယ္တမ္း သူစကားမဟခင္ ပိုင္ဖန္းသည္ ဤကိစၥအား ရွင္းျပရန္ ကူညီေပးခဲ့သည္။ အစာအိမ္ႏွင့္ အူလမ္းေၾကာင္းမ်ားကို ညႇိႏႈိင္းေပးရန္ ေဆးမ်ားထိုးေပးျခင္းျဖစ္သည္။

လက္ေမာင္းထဲ အစာအိမ္အူလမ္းေၾကာင္း ေဆးထိုးသည္လား။

ပိုင္ဖန္းေမးလိုက္သည္။ "ဆရာ၊ မနက္စာဘာစားမလဲ။ ဆန္ျပဳတ္လုပ္ေပးရမလား"

က်န္းေရွာင္ယြီ ေခါင္းၿငိမ့္ျပသည္။ "ေအး"

ပိုင္ဖန္းခ်က္ျပဳတ္ရန္ ျပန္လွည့္ထြက္သြားသည္။ က်န္းေရွာင္ယြီသည္ သူ႔တပည့္ေနာက္ေက်ာကိုၾကည့္ကာ တီးတိုးသက္ျပင္းခ်လိုက္သည္။

ေရွာင္းပိုင္၏ စိတ္ထဲ သူ႔ဆရာမွာ ကမာၻေပၚတြင္ အယ္လ္ဖာႏွင့္အတူဆုံး ျဖစ္ေနႏိုင္သည္ မဟုတ္လား။

သူ႔ဆရာ အိုမီဂါျဖစ္လိမ့္မည္ဟု တစ္ခါမွမေတြးဖူးေသာေၾကာင့္ သူ႔ဆရာေဆးထိုးေနေသာ ျမင္ကြင္းကို ေတြ႕ႀကဳံရေသာအခါ သူ႔ဦးေႏွာက္က မသိမသာ အေျဖမွန္ကို ပယ္ခ်ခဲ့သည္။

အံ့ဩစရာမဟုတ္ေပ။ က်န္းေရွာင္ယြီ၏စိတ္ထားမွာ သန္မာလြန္းသည္။ သူသည္ အိုမီဂါအျဖစ္ ေျပာင္းခဲ့လွ်င္ပင္ သူ၏ဖယ္႐ိုမုန္းမ်ားမွာ အလြန္ျပင္းထန္သည္။ ကယ္လီဖိုးနီးယား၌ သူရွိစဥ္အတိတ္က မေတာ္တဆတစ္ခုျဖစ္ကာ က်န္းေရွာင္ယြီသည္ သူ၏အိုမီဂါ ဖယ္႐ိုမုန္းမ်ားကို ထုတ္လႊတ္ခဲ့သည္။ အယ္လ္ဖာမ်ားအား ဆြဲေဆာင္ျခင္းမဟုတ္ပါ။ သူ႔အနားမွ အယ္လ္ဖာမ်ားအားလုံးကို တိုက္႐ိုက္ေျခာက္လွန႔္ၿပီး သူတို႔အား ထြက္ေျပးသြားေစသည္။

က်န္းေရွာင္ယြီကဲ့သို႔ေသာ အေျခအေနမွာ သူ estrus သို႔ေရာက္လွ်င္ပင္ သတ္မွတ္ခံရရန္ခက္ခဲသည္ဟု ဆရာဝန္ေျပာခဲ့သည္။

တကယ္တမ္း အယ္လ္ဖာမ်ားသည္ သူ၏ဖယ္႐ိုမုန္းမ်ားမွ ဆြဲေဆာင္ျခင္းကို မခံစားႏိုင္ေပ။ တိုက္ခိုက္မႈႏွင့္ ေျခာက္လွန႔္မႈမ်ားသာျဖစ္သည္...

က်န္းေရွာင္ယြီသည္ သူ၏နားထင္မ်ား ပြတ္သပ္ေနခဲ့သည္။

သူသည္ မည္သူ႔ကိုမွ် လက္ထပ္ရန္ မစီစဥ္ထားေပ။ သူ႔တြင္ 'ေမြးကတည္းက ‌တစ္ေယာက္တည္း' ေရာဂါအမ်ိဳးအစားရွ္ိသည္။ သူသည္ အမွတ္အသားျပဳမခံရဘဲ သူ႔ကိုယ္သူ အိုမီဂါအျဖစ္ မျမင္ခဲ့ေပ။ သူသည္တားေဆးအား တစ္ရက္ငါးမိနစ္ၾကာ ထိုးရၿပီး က်န္ရွိသည့္အခ်ိန္မ်ားတြင္ အယ္လ္ဖာကဲ့သို႔ေနခဲ့သည္။ ဤသည္မွာ အဆင္ေျပသည္။

သူသည္ ယခုပိုင္ဖန္းႏွင့္ ေနေနသည္။ လူႀကီးအယ္လ္ဖာႏွင့္ အိုမီဂါတို႔ တစ္မိုးေအာက္တည္းရွိေနသည္။ တစ္စုံတစ္ေယာက္သာဆိုလွ်င္ သူတို႔သည္ ႏွစ္ဦးႏွစ္ဖက္ လႊမ္းမိုးမႈႏွင့္ တစ္ခုခုျဖစ္ပြားမည္ကို စိုးရိမ္ႏိုင္သည္... သို႔‌ေသာ္လည္း သူတို႔ျဖစ္ပါက က်န္းေရွာင္ယြီသည္ ဤအရာႏွင့္ပတ္သက္၍ လုံးဝမစိုးရိမ္ေပ။

ေရွာင္းပိုင္သည္ သူ႔အားဆရာအျဖစ္သာ သတ္မွတ္ထားကာ သူသည္ေရွာင္းပိုင္ႏွင့္ ပတ္သက္၍ အျခားအေတြးမ်ားမရွိေပ။ သူတို႔ငယ္စဥ္က တည္ရွိခဲ့ေသာ ဆရာႏွင့္တပည့္ဆက္ဆံေရးမွာ ႐ိုးသားျဖဴစင္သည္။ သူတို႔ႏွစ္ေယာက္လုံး ႐ိုးသားေသာစိတ္ရွိကာ ကိုယ္ထိလက္ေရာက္ထိေတြ႕မႈမရွိေပ။ က်န္းေရွာင္ယြီသည္ သူ႔တပည့္ႏွင့္ တစ္ႏွစ္ခြဲေက်ာ္ေနလွ်င္ပင္ ရင္ခုန္မႈမ်ိဳးရွိလိမ့္မည္မဟုတ္ေပ။

ဤအခ်ိန္၌ ပိုင္ဖန္းသည္ မီးဖိုေခ်ာင္ထဲ မနက္စာလုပ္ေနစဥ္ သူ၏စိတ္ထဲ က်န္းေရွာင္ယြီထိုးေဆး‌ထိုးေနေသာ ျမင္ကြင္းမွာ ျပန္ေပၚလာခဲ့သည္။

ထို‌ထိုးေဆးမွာ တကယ္ပင္ အစာအိမ္အူလမ္းေၾကာင္းေဆးလား။

သူ႔ဆရာမွာ ႐ုတ္တရက္ အနားယူသြားခဲ့သည္။ ၎သည္ အစာအိမ္ေသြးယိုျခင္း၊ အစာအိမ္အနာႏွင့္ အျခားေသြးထြက္သည့္ျပႆနာမ်ားႏွင့္ဆိုင္သလား။ သူ၏အစာအိမ္မေကာင္းေသာေၾကာင့္ သူသည္ e-sports ကစားရန္ ညဥ့္နက္သည္အထိ မေနႏိုင္ဘဲ ျပန္လည္ထူေထာင္ရန္ ျပည္ပသို႔သြား၍ အနားယူခဲ့သည္လား။ သူအလြန္ပိန္သည္မွာလည္း ဤသည္ေၾကာင့္လား။ ဤေတြးေခၚမႈမွာ အဓိပၸာယ္ရွိပုံေပၚေနသည္လား။

ေနာက္ပိုင္းသူသည္ အစာအိမ္အား အကူအညီေပးရန္ အစားအေသာက္မ်ားပိုဝယ္ကာ သူ၏ဆရာအား အေျခအေနေကာင္းေစမည္။

ပိုင္ဖန္းသည္ အလြန္အခ်က္က်ေသာ ရွင္းျပမႈကို ရွာေတြ႕ကာ ဤကိစၥအားေနာက္ထပ္ ေတြးမေနေတာ့ေပ။ သူသည္အျမန္ ဥႏွင့္အသားဆန္ျပဳတ္ကို အျမန္လုပ္ေပးခဲ့သည္။

မနက္၉နာရီတြင္ ဆရာႏွင့္တပည့္တို႔ ထမင္းစားခန္းထဲ မ်က္ႏွာခ်င္းဆိုင္စားခဲ့သည္။

က်န္းေရွာင္ယြီသည္ အျဖဴေရာင္ေႂကြဇြန္းကို ေကာက္ကိုင္ကာ ဆန္ျပဳတ္အား ျဖည္းညႇင္းစြာစားရန္ ထမင္းစားစားပြဲ၌ ထိုင္ခဲ့သည္။ သူစားေနပုံမွာ က်က္သေရရွိလွကာ မ်က္လုံးမ်ားထဲ လွပလွသည္။ သူ၏မူလေဖ်ာ့ေတာ့ေသာ ႏႈတ္ခမ္းမ်ားအား ဆန္ျပဳတ္မွ စိုစြတ္ေစကာ ပို၍ပန္းေရာင္သမ္းသြားသည္။

ပိုင္ဖန္းသည္ သူ႔ဆရာ၏တည္ၿငိမ္ေသာ အမူအရာကိုျမင္ေသာအခါ ဤလူအား ဂ႐ုစိုက္ေပးခ်င္ခဲ့သည္။ "ဆရာ၊ ေဆးကိုပါးစပ္က စားမရဘူးလား။ ေန႔တိုင္းေဆးထိုးေနေတာ့ ၾကည့္ရတာနာလို႔"

က်န္းေရွာင္ယြီသာမန္သာ ေျပာလိုက္သည္။ "ေဆးထိုးတဲ့ အာနိသင္က ပိုျမန္တယ္"

ပိုင္ဖန္းသည္ 'အိုး'ဟု အသံေပးကာ အားရပါးရေျပာလိုက္သည္။ "ကြၽန္ေတာ္ အစာအိမ္အူလမ္းေၾကာင္းမွာ ကြၽမ္းက်င္သူကိုသိတယ္။ ေနာက္ႏွစ္အထိေစာင့္ၿပီး ကြၽန္ေတာ္ဆရာ့ကို စစ္ေဆးမႈေကာင္းေကာင္း ခံယူခိုင္းဖို႔ ေခၚသြားမယ္ေလ"

က်န္းေရွာင္ယြီ၏ပါးစပ္ေထာင့္မ်ား ေကာ့တက္သြားသည္။ "ငါ့အေျခအေနက မင္းထင္သလိုမဆိုးဘူး"

ပိုင္ဖန္း: "......"

အဘယ္ေၾကာင့္ သူ၏ဆရာမွာ သူ႔အားအ႐ူးကဲ့သို႔ ၾကည့္ေနသည္ဟု သူထင္ေနခဲ့သနည္း။

ပိုင္ဖန္းေၾကာင္သြားေသာ္လည္း ဘာမွမေျပာရဲေပ။ သူသည္စားပြဲရွင္းကာ အဆင့္တက္ေအာင္ေဆာ့ရန္ က်န္းေရွာင္ယြီအား e-sports အခန္းထဲ ေခၚသြားခဲ့သည္။

သူတို႔ႏွစ္ေယာက္လုံး၏ အေကာင့္မ်ားမွာ မေန႔က အပိုင္း 2500သို႔ ေရာက္သြားခဲ့သည္။ ရာသီအစတြင္ ဤအပိုင္းမွာ ဆရာမ်ားအားလုံးနီးပါးပင္။ မေန႔ကသူတို႔သည္ တစ္ေန႔လုံး လူႏွစ္ေယာက္ ေျပာက္က်ားနည္းပညာမ်ားကို ေလ့က်င့္ခဲ့ၾကသည္။ ယေန႔က်န္းေရွာင္ယြီသည္ သူ၏နည္းဗ်ဴဟာကို ေျပာင္းကာ ေျပာလိုက္သည္။ "ငါကင္းေထာက္လုပ္ၿပီး မင္းကေတာ့ ေသနတ္ပစ္သမားေနရာဆက္ကစား။ ငါတို႔ အနီးအေဝးႏွစ္ခုလုံး ပူးေပါင္းတဲ့ 'သရဲကင္းေထာက္ျခင္း'ကစားတဲ့ပုံစံကို ေဆာ့ၾကည့္မယ္"

ပိုင္ဖန္း အျမန္သေဘာတူလိုက္သည္။ "ဟုတ္။ ကြၽန္ေတာ္ဆရာ့စကားကို နားေထာင္ပါ့မယ္"

သရဲကင္းေထာက္ျခင္းပုံစံဟု ေခၚရျခင္းမွာ ကင္းေထာက္သည္ အရႈပ္အေထြးအား သရဲတစ္ေကာင္ကဲ့သို႔ ေလွ်ာက္သြားကာ မ်က္ႏွာမေဖာ္ျပေပ။ ကင္းေထာက္သည္ ရန္သူ၏လႈပ္ရွားမႈမ်ားကို စုံစမ္းကာ အေဝးမွ ေသနတ္ပစ္သမား အသင္းသားမ်ားအတြက္ အျမင္အာ႐ုံဖြင့္ေပးသည္။ ဤသည္မွာ ေသနတ္ပစ္သမားအား အဓိကရလဒ္ကို လုပ္ေနစဥ္ ကင္းေထာက္မွာ ေသနတ္ပစ္သမား၏ မ်က္လုံးမ်ားႏွင့္ ပိုတူေနခဲ့သည္။

ဤကစားကြက္မွာ ကင္းေထာက္ႏွင့္ ေသနတ္ပစ္သမားၾကား နည္းပညာနားလည္ႏိုင္စြမ္းျမင့္မားမႈ လိုအပ္ေနခဲ့သည္။ သူတို႔ႏွစ္ေယာက္မွာ တစ္ေယာက္ၿပီးတစ္ေယာက္ တိတ္ဆိတ္စြာ ေ႐ြ႕လ်ားခဲ့သည္။ သူတို႔ၿပိဳင္ဘက္၏ေနရာအား စုံစမ္းမိၿပီးေနာက္ ေသနတ္ပစ္သမားမွာ အျခားလူကိုအျမန္သတ္ကာ စည္းခ်က္မွာ ဤ'အံ့ဩစရာ ေအာင္ျမင္ျခင္း'ရရန္ ျမန္ေနရမည္။

ဆရာႏွင့္ တပည့္ဂိမ္းထဲ ဝင္ေရာက္ၿပီး‌‌ေနာက္ က်န္းေရွာင္ယြီသည္ ေနာက္ဘက္မွ တစ္ပတ္ပတ္ကာ ပိုင္ဖန္းအား အျမင္ဖြင့္ေပးခဲ့သည္။

ပိုင္ဖန္းမွာ ဆက္တိုက္ပစ္ခတ္မႈမ်ားစြာႏွင့္ ေခါင္းအခ်ိဳ႕ကိုယူၿပီး ဂိမ္းအား အႏိုင္ရသြားခဲ့သည္။

သူတို႔ႏွစ္ေယာက္လုံး သရဲကင္းေထာက္ပုံစံအား ပူးေပါင္းခဲ့ၾကၿပီး စည္းခ်က္မွာ ပို၍ေခ်ာေမြ႕သြားသည္။ ေနာက္တစ္ႀကိမ္ထပ္မံ၍ သူတို႔ဆက္တိုက္ ဂိမ္းသုံးပြဲကို အႏိုင္ရခဲ့သည္။

က်န္းေရွာင္ယြီ လွည့္ကာ ေမးလိုက္သည္။ "ယယ္က်င္းမင္က ကင္းေထာက္သာဆို မင္းသူနဲ႔ ပူးေပါင္းႏိုင္မလား"

ပိုင္ဖန္းျပန္ေျဖလိုက္သည္။ "အစ္ကိုယယ္ရဲ႕ တည္ေနရာက အေတာ္ျမန္ၿပီး သူ႔စည္းခ်က္ကို ကြၽန္ေတာ္မလိုက္ႏိုင္ဘူး။ ဒါေပမယ့္ သီးသန႔္ကြၽန္ေတာ္တို႔ ေလ့က်င့္ၿပီး ပူးေပါင္းလိုက္ရင္ေတာ့ ကြၽန္ေတာ္တို႔ နည္းပညာနားလည္မႈကို ေသခ်ာေပါက္ရႏိုင္တယ္။ တကယ္ေတာ့ ကြၽန္ေတာ္က ACE ကလာေတာ့ သူ႔ကစားပုံကို သိေနတာ"

က်န္းေရွာင္ယြီေခါင္းၿငိမ့္လိုက္သည္။ "ဟုတ္တယ္။ ယယ္က်င္းမင္ရဲ႕ပုံစံက အရမ္းထူးျခားတယ္။ သူကအကူအေနနဲ႔ သရဲ‌ကင္းေထာက္ကို ကစားႏိုင္ၿပီး ကင္းေထာက္ရဲ႕အေျခခံျဖစ္တဲ့ လုပ္ႀကံသတ္ျဖတ္စီးဆင္းျခင္း နည္းပညာေတြကို ကစားႏိုင္တယ္။ ဒါေၾကာင့္ အခ်ိန္က်ရင္... မင္း လက္ေ႐ြးစင္အသင္းေရာက္လာရင္ ငါထပ္ၿပီးကိစၥေတြကို ညႇိႏႈိင္းမယ္"

ပိုင္ဖန္းသည္ နည္းပညာနားလည္မႈ ထူးခြၽန္ေသာ ေသနတ္ပစ္သမားတစ္ေယာက္ ျဖစ္သည္။ က်န္းေရွာင္ယြီသည္ ပိုင္ဖန္းႏွင့္ ပူးေပါင္းရန္ သူ၏ကစားပုံကို ေျပာင္းလဲခဲ့ကာ သူသည္ႀကိဳတင္၍ ‌လက္ေ႐ြးစင္အသင္း၏ နည္းပညာတည္ေဆာက္ပုံကို ေတြးေနခဲ့သည္။ သူ႔တပည့္၏ အားအင္ေပၚ အေျခခံကာ သူသည္ေသခ်ာေပါက္ လက္ေ႐ြးစင္အသင္းအတြက္ ေအာင္ျမင္စြာ ေ႐ြးခ်ယ္ခံရလိမ့္မည္။ ထိုအခ်ိန္၌ က်န္းေရွာင္ယြီသည္ ေသနတ္ပစ္သမား ပိုင္ဖန္းအား ဗဟိုထားကာ ပြဲထြက္စာရင္းစနစ္အခ်ိဳ႕ကို စီစဥ္ရမည္။ ႀကိဳတင္ကာ ပိုင္ဖန္း၏စည္းခ်က္ကို နားလည္ထားျခင္းမွာ သူ႔အား အေကာင္းဆုံး ကစားသမားမ်ား‌ေ႐ြးခ်ယ္ရန္ ပို၍လြယ္ကူလိမ့္မည္။

ေနာက္တစ္ခ်ိန္ အလြန္လ်င္ျမန္စြာ ကုန္သြားခဲ့သည္။ ဆရာႏွင့္တပည့္မွာ ေန႔တိုင္းအေႏွာင့္အယွက္မရွိ ေလ့က်င့္ခဲ့ေသာ ACE ကာလသို႔လး ေရာက္သြားပုံေပၚကာ ကိစၥအေတာ္မ်ားမ်ား‌အေပၚ အျမင္တူၾကကာ နည္းပညာမ်ား ေဆြးေႏြးခဲ့ၾကသည္။ သူတို႔ႏွစ္ေယာက္မွာ ‌ထိုႏွစ္က နည္းပညာနားလည္မႈကို ေတြ႕ခဲ့ၾကသည္။

သူ႔ဆရာ၏ကူညီမႈေၾကာင့္ ပ္ိုင္ဖန္းမွာ လ်င္ျမန္ေသာ တိုးတက္မႈရရွိခဲ့သည္။ သူ၏တုံ႔ျပန္မႈမွာ အတိတ္က ထိပ္ဆုံး အေျခအေနတြင္ ရွိခဲ့ေသာ Wing ကဲ့သို႔ပင္ျဖစ္သည္။ တစ္ပြဲခ်င္းစီတိုင္း သူသည္ ေခါင္းသုံးလုံးထက္ ပိုသတ္ကာ အထူးပုဂ္ငိဳလ္ျဖစ္ခဲ့သည္။ သူသည္ က်န္းေရွာင္ယြီကိုယ္တိုင္သင္ေပးေသာ တပည့္ျဖစ္ျခင္းႏွင့္ ထိုက္တန္သည္။

လူနာလ ၁၂လေျမာက္၏ ၂၈ရက္ေျမာက္ေန႔တြင္ ပိုင္ဖန္းသည္ ဖုန္းေခၚဆိုမႈ ရရွိခဲ့သည္။ ဖိုင္တြဲအထပ္လိုက္ လာပို႔ေပးေသာ ေပးပို႔သူတစ္ေယာက္ေရာက္လာခဲ့သည္။

သူသည္ ဖြင့္ၾကည့္ၿပီးေနာက္ ေသခ်ာသည္မွာ သူ၏ေအးဂ်င့္က သူ႔အားေျဖရွင္းရန္ကူညီေပးခဲ့ေသာ စာခ်ဳပ္ပင္ျဖစ္သည္။ ပိုင္ဖန္းသည္ ‌ဆိုဖာေပၚထိုင္ကာ တစ္႐ြက္ခ်င္းေသခ်ာဖတ္‌ေနစဥ္ သို႔သို႔မွာသူ႔နား သိခ်င္စိတ္ႏွင့္ လွည့္ပတ္ၾကည့္ေနခဲ့သည္။ ပိုင္ဖန္းၿပဳံးကာ သို႔သို႔၏ေခါင္းကိုထိလိုက္သည္။ "ဟုတ္တယ္။ အစ္ကိုႀကီးက ပလက္ေဖာင္းအသစ္နဲ႔ စာခ်ဳပ္ခ်ဳပ္လိုက္ၿပီ။ ပိုက္ဆံအမ်ားႀကီးရၿပီးရင္ မင္းကိုအရသာရွိတဲ့ အစားအေသာက္ေတြ ဝယ္ေကြၽးမယ္"

က်န္းသို႔သို႔သည္ သူ၏အၿမီးအား စိတ္လႈပ္ရွားစြာ ခါေနခဲ့သည္။ "ဝုတ္"

က်န္းေရွာင္ယြီသည္ သူ႔ေဘးထိုင္ကာ ေအးေဆးေမးလိုက္သည္။ "သူတို႔မင္းကို ဘယ္ေလာက္ေပးလဲ"

ပိုင္ဖန္းမွာ ဖုံးကြယ္မထားဘဲ တိုက္႐ိုက္ေျဖလိုက္သည္။ "လက္မွတ္ထိုးခ သန္း၆၀ပါ။ လက္ေဆာင္ေပးပို႔ျခင္းနဲ႔ အဖြဲ႕ဝင္အက်ိဳးအျမတ္ေဝမွ်မႈက သပ္သပ္စီတြက္တယ္"

"...အဲ့ေလာက္ေတာင္မ်ားတာလား"

ပိုင္ဖန္း ၿပဳံးလိုက္သည္။ "ဆရာ။ ကြၽန္ေတာ့္လက္ရွိတန္ဖိုးက ဒီနံပါတ္ဝန္းက်င္ပဲ။ သူတို႔က ကြၽန္ေတာ့္ေက်ာ္ၾကားမႈအတြက္လည္း လက္မွတ္ထိုးခဲ့တာ။ လက္ေ႐ြးစင္အသင္း တရားဝင္အေ႐ြးမခံရစဥ္က ကြၽန္ေတာ္သူတို႔ေက်ာ္ၾကားမႈ‌ရေအာင္ ကူညီေပးဖို႔ အခ်ိန္တစ္ခုၾကာ ပလက္ေဖာင္းအသစ္ေပၚ တိုက္႐ိုက္ထုတ္လႊင့္မယ္"

က်န္းေရွာင္ယြီ ေခါင္းၿငိမ့္လိုက္သည္။ "ဟုတ္တယ္။ ကမာၻ႔စီးရီးက ႏိုဝင္ဘာမွာစၿပီး ခုထိအခ်ိန္ အေဝးႀကီးလိုေသးတယ္။ မင္းလုပ္ခ်င္ရင္ ဒီတိုင္းတိုက္႐ိုက္ထုတ္လႊင့္မႈသာလုပ္။ လက္ေ႐ြးစင္အသင္းက ခုထိမဖြဲ႕ရေသးဘူး"

ပိုင္ဖန္းသည္ သူ႔အား စိတ္ရင္းမွန္ႏွင့္ ၾကည့္လိုက္သည္။ "ဆရာ၊ ကြၽန္ေတာ္အၿမဲတမ္း လူကိုယ္တိုင္ ေက်းဇူးတင္ခ်င္ေနခဲ့တာပါ" ယ

က်န္းေရွာင္ယြီ ေၾကာင္သြားသည္။ "ဘာအတြက္ င့ါကိုေက်းဇူးတင္တာလဲ"

ပိုင္ဖန္းသည္ သူ႔အားစိတ္ရင္းမွန္ ေျပာလိုက္သည္။ "အဲ့တုန္းက ကြၽန္ေတာ္ ေသနတ္ဘုရင္ဂိမ္းကို ႀကိဳက္ၿပီး ေသနတ္ပစ္သမားေကာင္း ျဖစ္ခ်င္ခဲ့တာ ဆရာ့ေၾကာင့္ပါ။ ဆရာ့ေၾကာင့္သာမဟုတ္ရင္ လက္ရွိ Fredရွိလာမွာ မဟုတ္ဘူး။ ဆရာသင္ေပးတဲ့ ဗဟုသုတကို တစ္သက္လုံး မေမ့ပါဘူး"

ေက်ာ္ၾကားၿပီးေနာက္ တပည့္အခ်ိဳ႕မွာ သူတို႔လုပ္ႏိုင္သည္ဟု ခံစားမိကာ သူတို႔အား သင္ေပးခဲ့ေသာ သူတို႔ဆရာအေပၚ သူတို႔၏ခံစားခ်က္မ်ား ပိုအားနည္းသြားလိမ့္မည္။

ထိုစဥ္ပိုင္ဖန္းမွာ အလြန္သံေယာဇဥ္ႀကီးကာ ေျဖာင့္မတ္သည္။ သူ႔အတြက္ က်န္းေရွာင္ယြီမွာ 'ၾကင္နာတတ္‌သည့္ဆရာ'ျဖစ္ၿပီး ေကာင္းမြန္ေသာ ဆုံးျဖတ္ႏိုင္သည့္ အရည္အခ်င္းေကာင္းရွိသည္။

သူ႔ဆရာ၏ အမွတ္မွာ သူ၏လက္ရွိ ေအာင္ျမင္ျခင္းမ်ားအတြက္ အေကာင္းဆုံးျဖစ္သည္ကို သူေကာင္းစြာ သိေနခဲ့သည္။ သူ၏စိတ္ပိုင္းဆိုင္ရာေလ့က်င့္ေပးျခင္း သို႔မဟုတ္ လက္ျဖင့္ ေသနတ္ပစ္သမား ကစားႏိုင္စြမ္းရည္ကို သူ႔အားသင္ၾကားေပးျခင္းျဖစ္ေစ နတ္ဘုရား Wing မရွိပါက Fredရွိလိမ့္မည္မဟုတ္‌။

ထို႔ေၾကာင့္ သူသည္အၿမဲ Wing ကို ေလးစားခဲ့သည္။

က်န္းေရွာင္ယြီသည္ သူ႔တပည့္၏ပခုံးကို ပုတ္‌လိုက္သည္။ "မင္းငါ့ကို ေလးစားၿပီး အင္တာဗ်ဴးမွာ ငါ့အေၾကာင္း အႀကိမ္ေပါင္းမ်ားစြာေျပာတာ ငါသိတယ္။ ဒါေပမယ့္... ေရွာင္းပိုင္၊ မင္းရဲ႕လက္ရွိေအာင္ျမင္မႈေတြက မင္းကိုယ္တိုင္ေၾကာင့္ပဲ။ ဒါေၾကာင့္ မင္းငါ့အေၾကာင္း အၿမဲေျပာစရာမလိုဘူး။ မင္းကမင္းရဲ႕တပည့္တာဝန္ကို ၿပီးေျမာက္သြားၿပီးၿပီပဲ"

ပိုင္ဖန္းသည္ အနည္းငယ္ရယ္ကာ ေခါင္းခါလိုက္သည္။ "ကြၽန္ေတာ့္တပည့္တာဝန္ကို မၿပီးခ်င္ဘူး။ ဆရာကအၿမဲ ကြၽန္ေတာ့္ဆရာျဖစ္ေနမွာပါ"

သူသည္ က်န္းေရွာင္ယြီအား အားရပါးရ မစိုက္ၾကည့္ခင္ ရပ္ေနခဲ့သည္။ "ဆရာ၊ ႏိုင္ငံတကာဆာဗာအတြက္ ကြၽန္ေတာ့္အေကာင့္က ဘာလို႔ Sniper002လို႔ ေခၚလဲ ဆရာသိလား"

က်န္းေရွာင္ယြီ ေၾကာင္သြားသည္။

Sniper (အဂၤလိပ္ဘာသာ) မွာ ေသနတ္ပစ္သမားျဖစ္ေသာေၾကာင့္ Sniper002 (အဂၤလိပ္ဘာသာ) မွာ နံပါတ္ႏွစ္ ေသနတ္ပစ္သမားကို ဆိုလိုသည္။

မဟုတ္မွလြဲေရာ...

ေသခ်ာေအာင္ ပိုင္ဖန္းသည္ ဆက္ေျပာခဲ့သည္။ "ဆရာက Sniper001ျဖစ္တာမို႔ပါ။ ကြၽန္ေတာ္ အေကာင့္ႏွစ္ခုကို မွတ္တမ္းတင္ထားၿပီး နံပါတ္တစ္က ဆရာ့အတြက္ေလ"

ပိုင္ဖန္း၏ရည္႐ြယ္ခ်က္မွာ ထင္ရွားသည္။ ဘယ္လိုပဲငါသန္မာေနပါေစ၊ ဘယ္ေလာက္ပဲ ငါေက်ာ္ၾကားပါေစ ဒါမွမဟုတ္ ငါ့မွာပရိသတ္ေတြ ဘယ္ေလာက္ပဲရွိေနပါေစ ငါက က်န္းေရွာင္ယြီရဲ႕ေရွ႕မွာေတာ့ အၿမဲနံပါတ္ႏွစ္ပဲ။

သူ၏စိတ္ထဲ သူ႔ဆရာမွာ ကမာၻ႔နံပါတ္တစ္ ေသနတ္ပစ္သမားျဖစ္သည္။

ဤသည္မွာ နတ္ဘုရား Wing ၏ နံပါတ္တစ္ အေသအလဲႀကိဳက္ေသာ ပရိသတ္တစ္ေယာက္ပင္ျဖစ္သည္။

က်န္းေရွာင္ယြီသည္ ဘာမွမေျပာခဲ့ေပ။

ေရွာင္းပိုင္သည္ သူ႔ဆရာအား အႏုပညာရွင္တစ္ေယာက္အျဖစ္ သတ္မွတ္ကာ ခြင့္ျပဳခဲ့သည္။ ဆိုး႐ြားေသာ သက္ေရာက္မႈမရွိခဲ့ေပ။ သူငယ္စဥ္က ေသနတ္ဘုရင္ဂိမ္းကိုႀကိဳက္ကာ ေသနတ္ပစ္သမားျဖစ္ခဲ့ေသာ ဂိမ္းထဲတြင္ က်န္းေရွာင္ယြီ၏ ထူးခြၽန္ေသာ စြမ္းေဆာင္ရည္ကို ၾကည့္ခဲ့ေသာေၾကာင့္ျဖစ္သည္။

သူ၏မ်က္လုံးထဲ က်န္းေရွာင္ယြီအေပၚ ေလးစားမႈမ်ားေနခဲ့သည္။

တစ္ရက္တည္း၏ ေန႔လယ္ခင္းတြင္ ပိုင္ဖန္းသည္ စာခ်ဳပ္ကို လက္မွတ္ထိုးၿပီး ‌ေပးပို႔သူႏွင့္ ျပန္ပို႔ေပးခဲ့သည္။

ဝက္ဝံေလးမ်ား တီဗီ၏႐ုံးခ်ဳပ္မွာ ၿမိဳ႕ထဲတြင္ရွိသည္။ တစ္ဖက္လူမွာ စာခ်ဳပ္လက္ခံရရွိၿပီးေနာက္ သူတို႔သည္ေအးဂ်င့္အား ေၾကျငာမည့္ရက္စြဲကို အျမန္ေမးခဲ့သည္။

ေၾကျငာမည့္ရက္စြဲမွာ ေႏြဦးပြဲေတာ္၏ ပထမေန႔အတြက္ စာရင္းဇယားဆြဲထားခဲ့သည္။

ႏွစ္သစ္ျဖစ္ကာ ေနရာသစ္ျဖစ္သည္။ တိုက္႐ိုက္ထုတ္လႊင့္သူႀကီး Fred မွာ ပလက္ေဖာင္းေျပာင္းသြားေသာေၾကာင့္ အရွိန္ရရန္ လူထုအားေၾကျငာသင့္သည္။ ပြဲဦးထြက္စာရင္းမွာ လုံေလာက္ေနသင့္သည္။

၁၂ႀကိမ္ေျမာက္လူနာလ၏ ၂၉ရက္ေျမာက္ေန႔တြင္ ပိုင္ဖန္းသည္ က်န္းေရွာင္ယြီအား ဟင္းသီးဟင္း႐ြက္မ်ားဝယ္ရန္ စူပါမားကတ္သို႔ ေခၚသြားခဲ့သည္။

ဤႏွစ္၏ ႏွစ္သစ္ကူးအႀကိဳအား သူတို႔ႏွစ္ေယာက္သာ အခ်ိန္အတူျဖဳန္းေသာ္လည္း ႏွစ္သစ္ကူးအႀကိဳ၏ အစားအ‌ေသာက္အား ေရွာင္လႊဲ၍မရႏိုင္ေပ။ ပိုင္ဖန္းသည္ ‌ေဈးဝယ္တြန္းလွည္းကို တြန္းကာ‌ ေျပာလိုက္သည္။ "ဆရာ၊ ကြၽန္ေတာ္မနက္ျဖန္ ပိုၿပီးေပါ့ေပါ့ပါးပါး အစားအေသာက္ေတြ လုပ္ေပးမယ္။ ကြၽန္ေတာ္လတ္ဆတ္တဲ့ ဟင္းသီးဟင္း႐ြက္သုံးမ်ိဳးနဲ႔ ဖက္ထုပ္လုပ္ေပးမယ္။ ဆရာေ႐ြးၿပီးစားႏိုင္တယ္။ ဆရာစားခ်င္တာ တစ္ခုခုရွိေသးရင္ ေဈးဝယ္ျခင္းထဲသာ ထည့္လိုက္ေနာ္"

က်န္းေရွာင္ယြီျပန္ေျဖလိုက္သည္။ "ေကာင္းၿပီ"

သူတို႔ႏွစ္‌ေယာက္ စူပါမားကတ္တြင္ ေဘးခ်င္းကပ္ လမ္းေလွ်ာက္ေနခဲ့သည္။ မနက္ျဖန္သည္ ႏွစ္သစ္အႀကိဳျဖစ္ေသာေၾကာင့္ စူပါမားကတ္မွာလူထူထပ္ေနၿပီး အလြန္အသက္ဝင္သည္။ အသံလႊင့္စက္မွ ျမဴးႂကြေသာ 'ႏွစ္သစ္ကူးအႀကိဳ'သီခ်င္းကို ဖြင့္ျပထားကာ ကေလးမ်ားစြာမွာ အနီေရာင္အဝတ္အစားမ်ားကို ဝတ္ဆင္ထားခဲ့သည္။ က်န္းေရွာင္ယြီသည္ ျပည္ပသို႔ေရာက္ေနေသာ ကာလအတြင္း အခ်ိန္အေတာ္ၾကာ ေႏြဦးပြဲေတာ္၏ အသက္ဝင္ဖြယ္အေျခအေနကို မခံစားခဲ့ရေပ။

သူသည္ သူ႔နားမွလူမ်ား၏ မ်က္ႏွာေပၚမွ အၿပဳံးမ်ားကို ၾကည့္ကာ သူ႔စိတ္မွာ တျဖည္းျဖည္း တိုးတက္လာခဲ့သည္။

သူသည္ တိတ္ဆိတ္မႈကို ႀကိဳက္ေကာင္းႀကိဳက္ေသာ္လည္း သူတ႐ုတ္ႏိုင္ငံသို႔ ျပန္လာေသာအခါ သူ႔အနားတြင္ သူငယ္ခ်င္းမ်ားႏွင့္ သူ၏တပည့္ရွိသည္။ သူသည္ ကယ္လီဖိုးနီးယားတြင္ သို႔သို႔ႏွင့္သာေနသည္ႏွင့္ ယွဥ္ပါက ပို၍စိတ္ဝင္စားစရာေကာင္းသည္။

သူတို႔ႏွစ္ေယာက္မွာ ဟင္းသီးဟင္း႐ြက္မ်ားႏွင့္ သစ္သီးမ်ားတစ္လွည့္ဝယ္ကာ ပိုင္ဖန္းမွာလည္း ပန္းကန္ျပားတစ္စုံဝယ္ခဲ့သည္။

ထိုညက ပိုင္ဖန္းသည္ ႀကိဳတင္ၿပီး ဖက္ထုပ္မ်ားလုပ္ရန္ ပစၥည္းမ်ားကို ျပင္ဆင္ခဲ့သည္။ သူသည္ ႏွစ္သစ္ကူးအႀကိဳညစာအတြက္ ငါးမ်ားႏွင့္နံ႐ိုးမ်ားကို ကိုင္တြယ္ကာ ေရခဲေသတၱာထဲ ေအးခဲထားခဲ့သည္။ သူသည္မီးဖိုးေခ်ာင္ထဲ အလုပ္ရႈပ္ေနစဥ္ က်န္းေရွာင္ယြီသည္ သို႔သို႔ႏွင့္ ဧည့္ခန္းထဲ တီဗီၾကည့္ေနခဲ့သည္။

ပိုင္ဖန္းသည္ ပစၥည္းမ်ားကို ေကာက္ယူကာ မီးဖိုေခ်ာင္ထဲမွ ထြက္လာခဲ့သည္။ ထို႔ေနာက္ သူသည္ က်န္းေရွာင္ယြီအား ဝရန္တာေပၚတြင္ ဖုန္းေျပာေနသည္ကို ေတြ႕ခဲ့သည္။

"ကြၽန္ေတာ္ သူငယ္ခ်င္းတစ္ေယာက္အိမ္မွာ ႏွစ္သစ္ကူးဆင္ႏႊဲမလို႔...ဟုတ္တယ္။ ေပ်ာ္႐ႊင္စရာ ႏွစ္သစ္ကူးပါပဲ။ ကြၽန္ေတာ္ တ႐ုတ္ႏိုင္ငံကို နည္းျပျဖစ္ဖို႔ ျပန္လာခဲ့တာ။ သူ႔ကိုမေျပာနဲ႔... စိတ္ခ်ပါ။ ကြၽန္ေတာ္ခုတေလာ အဆင္ေျပပါတယ္...ဟုတ္ တာ့တာ။ အားရင္ေတြ႕ၾကမယ္ေလ။ ဖုန္းခ်လိုက္ေတာ့မယ္ေနာ္"

ပိုင္ဖန္း ေလွ်ာက္လာကာ ေမးလိုက္သည္။ "ဆရာ၊ မိသားစုဝင္ဆီက ဖုန္းလား"

က်န္းေရွာင္ယြီ ေျပာလိုက္သည္။ "ဟုတ္တယ္။ ငါ့အစ္ကိုဖုန္းေခၚၿပီး ငါႏွစ္သစ္ကူး ဘယ္မွာေနမလဲလို႔ေမးေနတာ"

သူသည္ က်န္းေရွာင္ယြီမွာ ယခင္က သူ႔မိသားစုအေၾကာင္း ေျပာသည္ကို တစ္ခါမွမၾကားခဲ့ဖူးေပ။ မထင္မွတ္ဘဲႏွင့္ သူ႔ဆရာတြင္ အစ္ကိုရွိသည္လား။

က်န္းေရွာင္ယြီ ထပ္ေျပာလိုက္သည္။ "ငါ့မိဘေတြက တ႐ုတ္ႏိုင္ငံမွာမရွိဘဲ ငါ့အစ္ကိုကအခု က်င္းၿမိဳ႕ေတာ္မွာ။ သူ႔မွာ မိန္းမနဲ႔ကေလးေတြရွိတာမို႔ ငါသူ႔ကို မေႏွာင့္ယွက္ခ်င္ဘူး"

ပိုင္ဖန္းသည္ ေနာက္ထပ္ေမးခြန္းမ်ား မေမးေတာ့ဘဲ 'အိုး'ဟုသာ ေျပာခဲ့သည္။ သူသည္ၿပဳံးကာေမးလိုက္သည္။ "ကြက္တိပဲ။ ကြၽန္ေတာ္တို႔အတူ ႏွစ္သစ္ကူးႀကိဳ‌ဆိုႏိုင္တယ္"

ထိုညက သူတို႔ႏွစ္ေယာက္ ကိုရီးယားဆာဗာေပၚ ဂိမ္းမ်ားကစားရန္ အသင္းဖြဲ႕ခဲ့ၾကသည္။ ညလယ္၌ က်န္းေရွာင္ယြီသည္ အခ်ိန္မွန္ အိပ္ရာဝင္ခဲ့သည္။

သူ၏ဇီဝပုံမွန္နာရီမွာ အလြန္ပုံမွန္ျဖစ္သည္။ သူသည္ ေရခ်ိဳးၿပီးေနာက္ အိပ္ရာဝင္ကာ ငါးမိနစ္အတြင္း အိပ္ေပ်ာ္သြားခဲ့သည္။

သို႔ေသာ္ ယေန႔မအိပ္ခ်င္ခဲ့ေပ။ သူ၏တစ္ကိုယ္လုံး ပူေနကာ ေခြၽးစက္မ်ားမွာ သူ၏နဖူးေပၚမွ က်လာခဲ့သည္။ သူ၏တစ္ကိုယ္လုံးမွာ ေရပူထဲ စိမ္ထားသကဲ့သို႔ သက္ေတာင့္သက္သာမျဖစ္ေပ။

သူ၏အေရျပားမွာ ပူကာေခြၽးထြက္ေနေသာ္လည္း သူ၏ခႏၶာကိုယ္အတြင္းပိုင္းမွာ ေအးေနခဲ့သည္။ သူသည္အဖက္ခံရၿပီး ႏွစ္သိမ့္ခံရျခင္းကို ေတာင့္တေနသည့္အလား အထီးက်န္မႈခံစားခ်က္မွာ ထူးဆန္းေနသည္။

က်န္းေရွာင္ယြီသည္ ခုနက သူ၏အစ္ကိုဖုန္းေခၚဆိုမႈကို သတိရသြားခဲ့သည္။ "မင္း႐ုတ္တရက္ တ႐ုတ္ႏိုင္ငံျပန္လာတာလား။ မင္းခႏၶာကိုယ္အဆင္ေျပရဲ႕လား။ တားေဆးလုံလုံေလာက္ေလာက္ ယူလာရဲ႕လား"

တားေဆးမ်ား...

အိုး သူ၏ခႏၶာကိုယ္တုံ႔ျပန္ခ်က္အရ ဤသည္မွာ သူ၏ estrus ကာလလား။

က်န္းေရွာင္ယြီ၏ အမူအရာေျပာင္းသြားကာ ခ်က္ခ်င္း ကုတင္ေပၚမွ ထလာခဲ့သည္။ သူည္ တားေဆးမ်ားအတြက္ ခရီးေဆာင္အိတ္ကို လွန္ေလွာရွာေဖြေနခဲ့သည္။

သူသည္အၿမဲသတိရွိေနခဲ့သည္။ ဤတစ္ႀကိမ္ သူအျပင္ထြက္ကာ တားေဆးမ်ားလုံေလာက္စြာ ယူလာခဲ့သည္။ သူသည္ပိုင္ဖန္း၏အိမ္၌ ဆယ္ရက္ၾကာေနကာ တားေဆး၁၂ခုယူလာခဲ့သည္။ တစ္ရက္လွ်င္ တားေဆးတစ္ခုျဖစ္ကာ ေသခ်ာေပါက္လုံေလာက္ေနသည္။ သို႔ေသာ္... estrus တြင္ သူသည္၎အား ဖိႏွိပ္ရန္ ပုံမွန္ထက္ ဆယ္ဆပို၍ လိုအပ္ေနခဲ့သည္။

ကယ္လီဖိုးနီးယားမွ လြန္ခဲ့ေသာငါးႏွစ္အတြင္း သူ၏ estrus ကာလမွာ ႏွစ္တိုင္းဇူလိုင္လျဖစ္ကာ အလြန္ပုံမွန္ပင္ျဖစ္သည္။ မည္ကဲ့သို႔ ႐ုတ္တရက္ ဇန္နဝါရီသို႔ ေရွ႕တိုးသြားခဲ့သနည္း။သူ၏ခႏၶာကိုယ္ထဲ ဖယ္႐ိုမုန္းမ်ား မညီမွ်မႈျဖစ္ေစေသာ သူ၏သက္ရွိပတ္ဝန္းက်င္ထဲ ေျပာင္းလဲမႈမ်ားေၾကာင့္လား။

က်န္းေရွာင္ယြီသည္ ေသတၱာထဲမွ က်န္‌ရွိေနေသာ တားေဆး၆ခုကိုၾကည့္ကာ ေခါင္းကိုက္သြားခဲ့သည္။

၆ခုမွာ ေသခ်ာေပါက္ မလုံေလာက္ေပ။ သူ၏ဖယ္႐ိုမုန္းမ်ား လြတ္ထြက္သြားပါက အိမ္ႀကီးထဲ သူႏွင့္ပိုင္ဖန္းသာ ရွိေနလိမ့္မည္။

သူသည္ ေဒါသႏွင့္ပိုင္ဖန္းအား ႐ိုက္ကာေဆး႐ုံသို႔ပို႔ပါက ဆိုးသြားလိမ့္မည္...

ဆရာအိုမီဂါမွာ ႐ုတ္တရက္ estrus သို႔ေရာက္သြားၿပီး သူ႔အယ္လ္ဖာတပည့္၏ ေခါင္းကို ၾကမ္းတမ္းစြာ ႐ိုက္ပစ္လိုက္သည္လား။

လက္ေ႐ြးစင္အသင္းနည္းျပသည္ လူသိမ်ားေသာ တိုက္႐ိုက္ထုတ္လႊင့္သူ Fred အား ႐ိုက္ပစ္လိုက္သည္လား။

သူသည္ ပိုင္ဖန္းႏွင့္ လူမႈသတင္းမ်ား၏ ေရွ႕စာမ်က္ႏွာတြင္ မပါခ်င္ခဲ့ေပ။

က်န္းေရွာင္ယြီသည္ အျမန္စိတ္တည္ၿငိမ္ေအာင္ လုပ္ခဲ့သည္။ သူသည္အဝတ္အစားမ်ားေျပာင္းကာ ပိုင္ဖန္း၏တံခါးကို ေခါက္လိုက္သည္။

ပိုင္ဖန္းသည္ ေစာေစာအိပ္၍ ေစာေစာထေသာ သူ႔ဆရာ၏အခ်ိန္စာရင္းေနာက္ မၾကာေသးခင္က လိုက္ခဲ့သည္။ ဤတစ္ႀကိမ္၌ သူေရခ်ိဳးၿပီးကာ အိပ္ရာဝင္ဝတ္စုံမ်ားကို ဝတ္ဆင္ထားခဲ့သည္။ ထို႔ေနာက္ သူသည္သူ႔ဆရာတံခါးေခါက္သည္ကို ၾကားကာ အျမန္သြားဖြင့္ခဲ့သည္။ သူ႔ဝတ္စုံႀကိဳးမ်ား မခ်ည္ရေသးေသာေၾကာင့္ ရင္အုံႀကီးကိုေဖာ္ျပေနခဲ့သည္။ သူ၏သန္မာေသာ ဗိုက္ႂကြက္သားမ်ားပင္လွ်င္ ေဖ်ာ့ေတာ့စြာ ျမင္ရသည္။

ပိုင္ဖန္းေတြးေနခဲ့သည္။ "ဘာျဖစ္လို႔လဲ ဆရာ"

လူႀကီးအယ္လ္ဖာမွာ သူ႔ေရွ႕တြင္ရွိကာ သူ၏ငယ္႐ြယ္ကာ ေတာင့္တင္းေသာ ကိုယ္ထည္မွာ အလြန္ဆြဲေဆာင္မႈရွိၿပီး ညႇိဳ႕ယူႏိုင္လြန္းသည္။ က်န္းေရွာင္ယြီသည္ အသက္ျပင္းျပင္းရႉကာ သူ႔အၾကည့္ကို အျမန္ဖယ္လိုက္သည္။ သူ၏စိတ္ထဲ ေပၚထြက္လာေသာ ခံစားခ်က္မ်ားကို ဖိႏွိပ္ရန္ႀကိဳးစားကာ သူ၏အသံမွာ သူ၏တည္ၿငိမ္မႈကို ထိန္းသိမ္းရန္ ႀကိဳးစားခဲ့သည္။ "ခ်က္ခ်င္း e-sports ပန္းၿခံကို ေမာင္းပို႔ေပး"

ပိုင္ဖန္းေၾကာင္သြားသည္။ "ဘာျဖစ္တာလဲ ဆရာ။ ဘာလို႔ညသန္းေခါင္ႀကီး လက္ေ႐ြးစင္အသင္းကို ျပန္ခ်င္ရတာလဲ"

က်န္းေရွာင္ယြီသည္ ေအးစက္စြာ ရွင္းျပခဲ့သည္။ "ငါ႐ုတ္တရက္ estrus ကာလဝင္လာၿပီး တားေဆးလုံလုံေလာက္ေလာက္ပါမလာဘူး။ ငါျပန္ၿပီးအျမန္ယူခ်င္တယ္"

ထို႔ေနာက္သူသည္ ေလျပင္းမုန္တိုင္းကဲ့သို႔ ေအာက္ထပ္သို႔ဆင္းသြားခဲ့သည္။

ပိုင္ဖန္း: "..........?"

ဘာကာလလဲ။ ဘာတားေဆးလဲ။

ဆရာ၊ ဘာေတြေျပာေနတာလဲ။

Telegramမွာ အပိုင္း ၁၄၈အထိ ေရာက္ျပပါၿပီေနာ္။ 

Weiterlesen

Das wird dir gefallen

119K 18.6K 104
ဘာသာပြန်သူ - စွဲညို့အသင်း။ တစ်ဦးတည်း ပြန်ဆိုခြင်း မဟုတ်ပါ။ အပိုင်း ၁၁၁ မှ အဆုံးထိ တင်သွားပါမည်။
42K 3.6K 35
Name - ငါ့ရဲ့မသန်စွမ်းစစ်နတ်ဘုရား Web name - After the disabled god of war became my concubine Author - Liu Gou Hua Translator - Galene Genre - Adul...
352K 8.7K 80
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
263K 41.8K 105
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .