{Unicode}
အခန်း ၈၈: ကျုပ်ကိုလာရှာ
ဖေရွှမ်ရဲ့စကားဆုံးသွားတာနဲ့ ဖုန်းသံထွက်ပေါ်လာတယ်။
"ဟယ်လို" ဖေရွှမ်ဖုန်းကိုင်လိုက်တယ်။
"ကျုပ်အစ်မကိုလွှတ်ပေး" မုကွားရဲ့အေးစက်တဲ့အသံက ဖုန်းတစ်ဖက်ခြမ်းကနေထွက်ပေါ်လာတယ်။ "မဟုတ်ရင် ထပ်ခိုးခန်းကမိန်းကလေးကို ခင်ဗျားအခုရှိနေတဲ့နေရာဆီ ခေါ်လာခဲ့မယ်"
ဖေရွှမ်အံ့အားသင့်သွားတယ်။ ပြီးတော့ သူတည်ငြိမ်တဲ့အမူအရာနဲ့ ပြောလိုက်တယ်။ "အားနာပါတယ်၊ ကျွန်တော့်မျိုးရိုးက ကျန်းမဟုတ်ပါဘူး၊ ဖုန်းမှားနေတာထင်တယ်"
သူဖုန်းချလိုက်ပေမဲ့ ချက်ချင်းပဲဖုန်းသံပြန်မြည်လာခဲ့တယ်။
"တော်တော်လေးအလုပ်များနေပုံပဲ" နင်နင်သူ့ကိုစိုက်ကြည့်လိုက်တယ်။
"တောင်းပန်ပါတယ်၊ ဒါခဏသွားကိုင်ဦးမယ်" ဖေရွှမ်သူမကို စိတ်မရှည်စွာပြုံးပြပြီး သန့်စင်ခန်းရှိရာကို ထထွက်သွားတယ်။ သူသန့်စင်ခန်းထဲရောက်သွားတာနဲ့ ဖုန်းသံလည်းတိတ်ကျသွားတယ်။ သူဘေးပတ်ပတ်လည်ကို တစ်ချက်ကြည့်ပြီး တစ်စုံတစ်ယောက်ကိုဖုန်းခေါ်လိုက်တယ်။
ရဲစခန်းတွင်။
ကံတုံးဆံတောက်နဲ့လူက ရဲစခန်းမှာထွက်ဆိုနေတယ်။ လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းက လျန်မိသားစုရဲ့စတုတ္ထသား တစ်စုံတစ်ယောက်ကို ကားတိုက်သတ်ခဲ့ပြီး ထွက်ပြေးတိမ်းရှောင်ခဲ့တယ်ဆိုတာကို တိုင်ကြားနေတာဖြစ်တယ်။
ရုတ်တရက်သူ့ရဲ့ဖုန်းထမြည်လာတယ်။ သူအရှေ့ကရဲကိုပြုံးပြလိုက်တယ်။ "အားနာပေမဲ့ ကျွန်တော့်အဖေခေါ်နေတာထင်တယ်၊ ဖုန်းကိုင်လို့ရမလား?"
"မြန်မြန်လေးလုပ်" ရဲကပြန်ပြောလာတယ်။
ကိုယ့်ကိုကျွေးထားတဲ့သူကိုလည်း မိဘလို့သတ်မှတ်လို့ရတာပဲ။ ကံတုံးဆံတောက်နဲ့လူ– တစ်နည်း ဖေရွှမ်ရဲ့နောက်လိုက်– က မြန်မြန်လူရှင်းတဲ့နေရာတစ်ခုကိုရှာပြီး ဖုန်းကိုင်လိုက်တယ်။ "ဟယ်လို ဖေကော"
"မုကွားလျန်လျန်ကိုခေါ်ထုတ်သွားပြီ" ဖေရွှမ်ကတိုတိုတုတ်တုတ်ပြောလာတယ်။
"ဘာ?" ကံတုံးဆံတောက်နဲ့လူက လန့်ဖြန့်သွားတာကြောင့် ထပါခုန်မိမတတ်ပင်။ "ကျွန်တော် ရဲတိုင်လိုက်ရမလား?"
"..."
"လျန်အိမ်တစ်ဝိုက်ကဖုန်းရုံတွေနားမှာ လူဖြန့်ပြီးစောင့်ကြည့်ခိုင်းထား၊ ဖုန်းငှားဆက်လို့ရတဲ့ စတိုးဆိုင်တွေရော" ဖေရွှမ်ပြောလာတယ်။ "သူအဲ့အနားတစ်ဝိုက်မှာပဲ ရှိလောက်တယ်၊ အိမ်ထဲဝင်လို့မရလို့ ဖုန်းဆက်ပြီးငါ့ကိုခြိမ်းခြောက်နေတာ"
"သိပါပြီ ဖေကော၊ ကျွန်တော်လူတွေ မြန်မြန်စီစဉ်လိုက်ပါ့မယ်" ကံတုံးဆံတောက်နဲ့လူပြန်ဖြေလိုက်တယ်။
ဖုန်းကျသွားတာနဲ့ သူအခြားလူတွေကို မြန်မြန်ဖုန်းလိုက်ဆက်တော့တယ်။ မုကွားသာဒီမှာရှိနေရင် သူတို့ကိုမှတ်မိလောက်တယ်။
ကံတုံးဆံတောက်နဲ့လူ ဖုန်းဆက်လိုက်တဲ့ထဲကလူအချို့က သူသိထားတဲ့ စားဖိုမှူး၊ ဥယျာဉ်မှူးနဲ့ အိမ်တော်ထိန်းတို့ပဲဖြစ်တယ်။ သူတို့တစ်ယောက်ချင်းစီတိုင်းက တာဝန်ကိုယ်စီပေးအပ်ခံထားကြရတယ်။ ဥပမာ ကံတုံးဆံတောက်နဲ့လူက လျန်မိသားစုရဲ့စတုတ္ထသားကို တိုင်ကြားဖို့တာဝန်ရှိသူဖြစ်တယ်။
"လူရှာမယ်? အခု? ဖေကောရဲ့နဂိုအစီအစဉ်ကိုရော ဘယ်လိုလုပ်မလို့လဲ?"
"ဖေကောပြောတဲ့အတိုင်းပဲလုပ်ကြတာပေါ့၊ အဲ့ကောင်ကိုအရင်ရှာပြီးတော့မှ ကျန်တာတွေကိုစဉ်းစားမယ်" ကံတုံးဆံတောက်နဲ့လူက ခပ်ပြတ်ပြတ်ပြောလာတယ်။
သူတို့တွေအကြည့်ချင်းဖလှယ်လိုက်ကြပြီးနောက် လျန်အိမ်တော်တစ်ဝိုက် ပတ်ပတ်လည်ကို လူစုခွဲထွက်သွားကြတော့တယ်။
အခြားတစ်ဖက်မှာတော့ ဖေရွှမ်ဖုန်းချပြီးနောက်မှာ သန့်စင်ခန်းထဲကထွက်ပြီး နင်နင်ရဲ့ဘေးမှာထိုင်ချလိုက်တယ်။
"အခြေအနေဘယ်လိုလဲ?" သူတိုးတိုးလေးမေးလာတယ်။ "တစ်ခုခုဖြစ်သွားသေးလား?"
"ကျွန်မတို့ထမင်းတူတူစားဖို့အတွက် နေ့လည်အထိနေနေကြဖို့ အဘိုးကြီးမှာလိုက်တယ်" နင်နင်ဇာတ်ကြောင်းကိုပြန်စဉ်းစားနေရင်း သူ့ကိုဖြေလိုက်တယ်။
အတ္ထုပ္ပတ္တိစာအုပ်ထဲမှာ နောက်လာမယ့်အခန်းကို <အဆိပ်> လို့ ခေါင်းစဉ်တပ်ထားတာဖြစ်တယ်။
သခင်ကြီးလျန်က နေ့လည်စာထမင်းဝိုင်းမှာ အပြင်လူတွေကိုပေးမဝင်တာကြောင့် လက်ရုံးတွေနဲ့ အကူတွေအပါအဝင် ကျန်တဲ့လူအကုန်လုံး အပြင်ကိုနှင်ထုတ်ခံထားရမှာဖြစ်တယ်။
မိသားစုစားပွဲတော်မှာ သခင်ကြီးလျန်နဲ့ သူ့ရဲ့ဆက်ဆံသူလေးယောက်သာ ရှိနေလိမ့်မယ်။
အိမ်စေတွေတောင် နားရက်ပေးခံထားရပြီး ကျန်ရစ်တဲ့တစ်ဦးတည်းသောအပြင်လူက စားဖိုမှူးအိုတစ်ဦးတည်းသာဖြစ်တယ်။
ဆက်ခံသူလေးယောက်က မီးဖိုခန်းထဲက တစ်စုံတစ်ခုကိုသွားယူဖို့ တစ်လှည့်ချင်းစီတာဝန်ပေးခံရမှာဖြစ်တယ်။ ထိုမီးဖိုခန်းထဲမှာ စားဖိုမှူးကဟင်းပွဲတွေထဲ "အဆိပ်"ခပ်နေတာကို သူတို့မြင်ကြရလိမ့်မယ်။
ဆက်ခံသူတစ်ယောက်ချင်းစီရဲ့ စိတ်နေစိတ်ထားကိုလိုက်ပြီး စားဖိုမှူးပြောလာမယ့် ဆင်ခြေအမျိုးမျိုးနဲ့ သူ"အဆိပ်"ခပ်ဖို့လုပ်နေတဲ့သူရဲ့နာမည်က ကွဲပြားသွားမှာဖြစ်တယ်။ သူတို့အားလုံးက စားဖိုမှူးရဲ့အမှားကိုပြင်ပေးဖို့ အခွင့်အရေးနှစ်ကြိမ်ရကြလိမ့်မယ်– တစ်ကြိမ်က မီးဖိုခန်းထဲမှာ၊ နောက်တစ်ကြိမ်က ထမင်းစားပွဲဝိုင်းမှာ။
သခင်ကြီးလျန်က သူ့ရဲ့ချစ်ခြင်းမေတ္တာစမ်းသပ်ချက်အပေါ် အနည်းငယ်စွဲလန်းလွန်းနေပြီပဲဖြစ်တယ်။
အမွေများများပိုရရေးအတွက်နဲ့ ထိုလေးယောက်က သူတို့ရဲ့ပြိုင်ဘက်– သူတို့ရဲ့အဖေအရင်းအပါအဝင် သူတို့ရဲ့သား၊ မောင်နှမ၊ တူမ – အဆိပ်ခပ်ခံရတာကို ဒီတိုင်းထိုင်ကြည့်နေကြမလား ဆိုတာကို သူသိချင်တာဖြစ်တယ်။
အိမ်အရှေ့ခန်းမှာ ဆူညံသံတွေပြည့်လျှံနေတယ်။ တတိယသမီးရဲ့အော်ဟစ်သံက အခန်းထဲဟိန်းထွက်လာတယ်။ "သူတို့ကကျွန်မမိတ်ဆွေတွေလေ၊ ဘာဖြစ်လို့မောင်းထုတ်လိုက်တာလဲ?"
"သခင်ကြီးမှာထားလို့ပါ၊ မိသားစုထမင်းဝိုင်းမှာ သူစိမ်းတွေမရှိနေစေချင်ဘူးလို့ ပြောပါတယ်" ရှေ့နေဟွမ်က တည်ငြိမ်တဲ့လေသံနဲ့ပြောလာတယ်။ "သူတို့နဲ့တူတူထွက်သွားချင်ရင် ထွက်သွားလို့ရပါတယ်"
"စလာပြီပဲ" နင်နင်တွေးလိုက်တယ်။
အဲ့အချိန်မှာပဲ ဖုန်းသံတစ်ခုက သူမရဲ့ဘေးမှာထွက်ပေါ်တယ်။
သူမခေါင်းလှည့်ကာ တစ်ဖက်လူကိုကြည့်လိုက်တယ်။ ဖေရွှမ်ကမတ်တတ်ထရပ်ပြီး ပြောလာတယ်။ "အားနာပါတယ်၊ ဒီဖုန်းကိုကိုင်ဖို့လိုလို့"
သန့်စင်ခန်းထဲတွင်။
"ဖေကော၊ ကျွန်တော်တို့ဖုန်းဆိုင်တွေရော စတိုးဆိုင်တွေရော ပတ်ရှာပြီးပြီ၊ သူ့ကိုမတွေ့ဘူး" ကံတုံးဆံတောက်နဲ့လူပြောလာတယ်။ "အခုဘယ်လိုလုပ်ရမလဲ? ဆက်ရှာနေရမလား ဒါမှမဟုတ်..."
ဖေရွှတ်စုတ်သပ်လိုက်တယ်။ "ထားလိုက်တော့၊ ဆက်ရှာမနေနဲ့တော့၊ အခုလောလောဆယ် နဂိုအစီအစဉ်အတိုင်း ဆက်သွားမယ်... ခဏ၊ လူတစ်ယောက်ရှိနေတယ်"
သူဖုန်းချလိုက်တာနဲ့ လူတစ်ယောက်က သန့်စင်ခန်းထဲကိုဝင်လာခဲ့တယ်။ ဖေရွှမ်အနောက်လှည့်ကြည့်လိုက်တာနဲ့ ထိုလူကသူ့အပေါ်ကို ခုန်အုပ်လာတာကြောင့် သူခြေလှမ်းအနည်းငယ်အနောက်ဆုတ်ပြီး သူ့ရဲ့ကျောပြင်ကနံရံနဲ့ထိကပ်သွားတယ်။
"မင်းရူးနေပြီလား?" ဖေရွှမ်အသံနိမ့်နိမ့်နဲ့ပြောလိုက်တယ်။
"ရှင်ကျွန်မကိုကူညီမယ်ပြောထားပြီးတော့!" တတိယသမီးဖြစ်သူ လျန်ယွမ်ယွမ်က သူ့ရဲ့ခါးကိုပွေ့ဖက်ပြီး ကပျာကယာပြောလာတယ်။
ဖေရွှမ်တံခါးနားကိုမြန်မြန်လျှောက်သွားပြီး လော့ခ်ချလိုက်တယ်။ ပြီးတော့သူ့ရဲ့ခါးကို အခုထိမလွှတ်သေးတဲ့ လျန်ယွမ်ယွမ်ကိုငုံ့ကြည့်လိုက်တယ်။ "ကိုယ်မင်းကိုကူညီမှာပါ၊ အခြားနေရာမှာပြောကြရအောင်၊ ကိုယ်တို့နှစ်ယောက်ကို ဒီလိုမျိုးအခြားလူတွေမြင်သွားရင် ရှင်းပြလို့ရမှာမဟုတ်ဘူး"
"ကျွန်မတို့နှစ်ယောက်တတွဲတွဲဖြစ်နေတာ အချိန်လည်းကြာနေပြီပဲ၊ သူများတွေပြောမှာကို ကြောက်စရာလိုနေသေးလို့လား?" လျန်ယွမ်ယွမ်ပြန်ပြောလာတယ်။ "မြန်မြန်ကျွန်မကိုကူပေးနော်၊ အဘိုးကြီးရဲ့အမွေကို အပိုင်သိမ်းပေး၊ ပြီးရင်ကျွန်မတို့ လက်ထပ်စာချုပ်မှာလက်မှတ်ထိုးပြီး တစ်ယောက်တစ်ဝက်ခွဲယူကြမယ်လေ"
ဒီလိုမျိုးဘယ်လောက်စားရစားရ အာသာမပြေနိုင်တဲ့မိန်းမက သူ့နဲ့တစ်ဝက်စီခွဲယူမယ်? ဖေရွှမ်ပြုံးလိုက်တယ်။ သူမလိမ်နေတယ်ဆိုတာကို သူသိပေမဲ့ အဲ့ဒါကအရေးမကြီးပါချေ။ သူမရဲ့စကားကိုတည်အောင်လုပ်နိုင်မယ့် နည်းလမ်းတစ်ခု သူ့လက်ထဲမှာရှိနေတာပဲ။
သူနူးညံ့တဲ့အမူအရာကိုတပ်ဆင်ကာ သူမကိုနှစ်သိမ့်လိုက်တယ်။ "စိတ်မပူပါနဲ့၊ အရာအားလုံး ကိုယ်စီစဉ်ထားတဲ့အတိုင်းပဲ၊ အားလုံးမင်းအပိုင်ဖြစ်လာမှာ... ရပြီ ပစ္စည်းထုတ်တော့"
သူလျန်ယွမ်ယွမ်အရှေ့ကို လက်ဆန့်ထုတ်လိုက်တယ်။
လျန်ယွမ်ယွမ်ကခဏလောက်တုံ့ဆိုင်းနေပြီးမှ သူမရဲ့လက်ကိုင်အိတ်ကိုဖွင့်ကာ ဘူးတစ်ဘူးကိုထုတ်လိုက်တယ်။ ဒါပေမဲ့သူမထိုဘူးကို ဖေရွှမ်လက်ထဲထည့်မပေးသေးဘဲ တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လို့ထားတယ်။
"အခြားနည်းလမ်းမရှိတော့ဘူးလား?" လျန်ယွမ်ယွမ်မေးလာတယ်။ "ပထမအစ်ကိုက အရမ်းသတိရှိတာ၊ သူဘာကိုမှလက်လွတ်စပယ် ပါးစပ်ထဲမထည့်ဖူးဘူး၊ သူ့မှာအသိမိတ်ဆွေတွေလည်းများတယ်၊ သူ့ဆီမှာတစ်ခုခုဖြစ်သွားရင် အဲ့ဒီလူတွေက..."
"ကိုယ်အဆိပ်ခတ်သတ်ချင်နေတဲ့လူကသူလို့ ပြောမိလို့လား?" ဖေရွှမ်ပြုံးလိုက်တယ်။
လျန်ယွမ်ယွမ်ကြောင်သွားတယ်။ "အဲ့ဒါဆို..."
"လျန်လျန်" ဖေရွှမ်ပြောလာတယ်။
"သူ? ဘာဖြစ်လို့သူလဲ?" လျန်ယွမ်ယွမ်အံ့အားသင့်မှုကြောင့် ပါးစပ်ကိုလက်နဲ့အုပ်လိုက်တယ်။ "သူ့ကိုသတ်လည်းဘာရမှာမလို့လဲ? သူကဒီတိုင်း အဘိုးကြီးနဲ့တောင်သေချာမသိတဲ့ တရားမဝင်သမီးသာသာပဲလေ၊ အဘိုးကြီးက သူ့ကိုသဘောကျစရာလား? သူကကျွန်မနဲ့ယှဉ်လို့တောင်မရတာ၊ သူသေသွားလည်း ဘယ်သူမှဂရုစိုက်မှာမဟုတ်ဘူးလေ..."
"အဲ့ဒါကြောင့်မလို့ သူသေသင့်တာ" ဖေရွှမ်အေးစက်စက်ပြောလာတယ်။ "သူသေသွားရင် သူ့ကိုအခြားဆက်ခံသူတစ်ယောက်ယောက်က သတ်လိုက်တယ်လို့ သတင်းစာတွေထဲမှာပါလာလိမ့်မယ်၊ ပြောရရင်အဲ့တရားခံက သူ့ရဲ့အမွေခွဲတမ်းကိုလိုချင်လို့ အဲ့လိုလုပ်ခဲ့တာပဲဖြစ်မှာ၊ အဲ့ဒီတရားခံကဘယ်သူလဲ? တချို့ကအကြီးဆုံးသားလို့ပြောကြလိမ့်မယ်၊ သူကသေချာပေါက် ပြန်ငြင်းလိမ့်မယ်၊ သူအမှန်တရားကိုတောင် ရှာဖွေချင်လာဦးမယ်၊ ဒါပေမဲ့အဲ့အချိန်မှာ လျန်လျန်ကပြာမှုန့်ဖြစ်သွားနှင့်နေပြီ၊ သူဘာကိုမှရှာနိုင်မှာမဟုတ်တော့ဘူး"
သူပြောတာကိုနားထောင်ပြီး လျန်ယွမ်ယွမ်နှလုံးအခုန်မြန်လာတယ်။ သူမရဲ့သံသယတွေအားလုံးနီးပါး ရှင်းလင်းသွားပြီး စိတ်အနှောင့်အယှက်ဖြစ်စရာ တစ်ခုတည်းသာကျန်တော့တယ်။ "စီစဉ်ထားသလိုဖြစ်ပါ့မလား?"
"အဲ့ဒါက မင်းရဲ့အစ်ကိုကြီးနဲ့ ကိုယ့်ရဲ့ကြားက ကိစ္စဖြစ်သွားမှာ၊ မင်းစိတ်ပူစရာမလိုဘူး" ဖေရွှမ်အမူအရာမဲ့စွာ ပြုံးလိုက်တယ်။ သူကရာဇဝတ်သားဆန်ဆန် ဂုဏ်ဆာမှုကိုဆုပ်ကိုင်ထားပြီး ယုံကြည်ချက်တွေပြည့်နှက်လို့နေတယ်။ အရာအားလုံးက သူ့ရဲ့လက်ခုပ်ထဲကရေအတိုင်းပင်။
ထိုအပြုံးက သုံးစက္ကန့်လောက်သာကြာလိုက်တယ်။
ဖုန်းသံထပ်မြည်လာတယ်။
သူမျက်မှောင်ကြုတ်ပြီး လျန်ယွမ်ယွမ်ကိုပြောလိုက်တယ်။ "ကိုယ်ဒီဖုန်းကိုကိုင်ရမှာ၊ မင်းအခုသွားလို့ရပြီ... မပြုံးနဲ့၊ မင်းဒေါသထွက်နေသလို သရုပ်ဆောင်ရမယ်၊ အင်း အဲ့လိုမျိုး၊ မင်းကိုယ့်ကိုသိမ်းသွင်းဖို့ ရှုံးနိမ့်သွားတယ်လို့ လူတွေထင်မှရမယ်"
လျန်လျန်သန့်စင်ခန်းထဲကနေထွက်သွားတော့မှ ဖေရွှမ်ဖုန်းကိုင်လိုက်တယ်။
"ကျုပ်ကိုရှာနေတာလား?" မုကွားရဲ့အသံဖြစ်တယ်။
ဖေရွှမ်မျက်လုံးတွေကိုကျဉ်းမြောင်းလိုက်တယ်။ "မင်းဘာလိုချင်နေတာလဲ?"
"ခင်ဗျားကိုပြောပြစရာတစ်ခုရှိတယ်" မုကွားပြောလာတယ်။ "လျန်လျန်– လျန်လျန်အစစ်– နိုးလာပြီ၊ သူနိုးနေတာကြာပြီ၊ ခင်ဗျားသူ့အရှေ့မှာပြောခဲ့တာတွေ သူအကုန်ကြားထားတယ်၊ သူအကုန်လုံးကိုလည်းမှတ်မိတယ်၊ သူအခုကျုပ်ဘေးမှာရှိနေတယ်၊ ကျုပ်ကြိုက်တဲ့အချိန် သူ့ကိုရဲစခန်းခေါ်သွားလို့ရတယ်"
ဖေရွှမ်တိတ်ဆိတ်နေကာ ခဏလောက်တန့်နေပြီးမှ သွားတွေပေါ်တဲ့အထိ စပြီးပြုံးလာတယ်။ ထိုအပြုံးက သူ့အရှေ့ကမှန်ထဲမှာထင်ဟပ်နေပြီး အရေခွံကွာကျလာတဲ့ နတ်ဆိုးတစ်ကောင်လိုပင်။ "ဟင့်အင်း၊ သူမင်းနဲ့တူတူရှိမနေဘူး၊ မင်းဘေးနားမှာ သူတကယ်ရှိနေရင် မင်းရဲလက်ထဲအပ်ထားပြီးလောက်ပြီ၊ ငါ့ကိုဖုန်းခေါ်ပြီး အချိန်ကုန်ခံနေမှာမဟုတ်ဘူး"
မုကွား, "..."
"ကောင်လေး၊ မင်းပြောသွားတာတွေထဲက ဘယ်ဟာကအမှန်လဲဆိုတာကို ခန့်မှန်းကြည့်ရအောင်" ထိုနတ်ဆိုးက ဖြည်းဖြည်းချင်းနဲ့ ကျွမ်းကျင်စွာပြောလာတယ်။ "သူနိုးနေတာကြာပြီ၊ အင်းပေါ့၊ သူဘယ်အချိန်အထိ အိပ်ချင်ယောင်ဆက်ဆောင်နေနိုင်မလဲဆိုတာကို ငါသိချင်နေတာ၊ အဲ့အချိန်အတွင်း ငါအချိန်ရသလောက် သူ့အတွက်နဂိုအစီအစဉ်တွေကို သူ့အရှေ့မှာထုတ်ပြောခဲ့ရတာ– သူ့ကိုသတ်ပစ်ဖို့၊ မီးရှို့ပစ်ဖို့"
မုကွား, "..."
"ငါသူ့ကိုပြောထားတဲ့အတိုင်း သူမင်းကိုပြန်ပြောလား? ငါမင်းရဲ့အစ်မကို သတ်ပစ်မယ် မီးရှို့ပစ်မယ်လို့လေ" ဖေရွှမ်ပြောလာတယ်။ "မင်းကစိတ်မြန်တဲ့ကောင်လေးပဲ၊ သေချာပေါက်အဲ့နေရာကနေ ပြေးထွက်ခဲ့မှာပေါ့၊ ငါ့ကိုရှာဖို့လေ၊ ဒါပေမဲ့ငါဘယ်ရောက်နေလဲမှ မင်းမသိတာ၊ အဲ့ဒါကြောင့် မင်းလျန်လျန်ကို သွားပြန်ရှာလိမ့်မယ်၊ လျန်အိမ်တော်ဘယ်မှာရှိတာလဲဆိုတာကို မင်းသူ့ကိုမေးချင်လိမ့်မယ်၊ ဒါပေမဲ့ကံမကောင်းစွာနဲ့ မင်းသူ့ကိုခုနကနေရာမှာ ရှာမတွေ့တော့ဘူး၊ သူထွက်ပြေးသွားပြီမလို့လေ"
မုကွား, "..."
"မင်းအခုအကြံကုန်နေပြီဆိုတော့ ငါ့ကိုဖုန်းဆက်တိုက်ခေါ်ပြီး နှောက်ယှက်နေတာ" ဖေရွှမ်ရဲ့အပြုံးက ပိုပြီးပီပြင်လာတယ်။ "အဲ့လိုလုပ်လည်း ဘာရမှာမလို့လဲ?"
"...ကျုပ်ဘယ်လောက်ထိသိထားတယ်လို့ ခင်ဗျားထင်လဲ?" မုကွားတိတ်ဆိတ်နေပြီးမှ ရုတ်တရက်မေးခွန်းထုတ်လာတယ်။ "သူကျုပ်ကိုဘယ်လောက်ထိပြောပြသွားတယ်လို့ ခင်ဗျားထင်လဲ?"
ဖေရွှမ်ရဲ့မျက်နှာပေါ်ကအပြုံးက တဖြည်းဖြည်းပြန်လည် လွင့်ပြယ်သွားတယ်။
"လျန်မိသားစုအကြောင်းအကုန်လုံး သူကျုပ်ကိုပြောပြခဲ့တယ်" မုကွားအသက်ပြင်းပြင်းရှူလိုက်တယ်။ "အဲ့ဒါကြောင့်သူထွက်ပြေးသွားလည်း ကိစ္စမရှိဘူး၊ ကျုပ်ကတော့ထွက်ပြေးမှာမဟုတ်လို့ပဲ၊ ကျုပ်ခင်ဗျားကိုရှာမတွေ့ရင် ရဲစခန်းကိုသွားမယ်၊ မီဒီယာတွေဆီသွားမယ်၊ ကျုပ်သိထားသမျှအကုန်လုံး သူတို့ကိုပြောပြလိုက်မယ်၊ လျန်မိသားစုရဲ့တရားမဝင်သမီးက အတုပါလို့ ကျုပ်သူတို့ကိုပြောမယ်၊ သူ့ရဲ့နာမည်အရင်းက မုအာဆိုတာရော၊ သူ့ရဲ့မိသားစုက စားသောက်ဆိုင်အသေးစားပိုင်တာ ဆိုတာရော၊ သူကအသက်ဆယ့်ခြောက်နှစ်ဆိုတာရော၊ သူ့ရဲ့မူလတန်းကျောင်းက..."
"မင်းကိုဘယ်သူမှယုံမှာမဟုတ်ဘူး" ဖေရွှမ်သူ့ကိုဖြတ်ပြောလာတယ်။
"ကျုပ်အစ်မသေသွားရင် သူတို့ယုံလာလိမ့်မယ်" မုကွားရဲ့အသံက ရုတ်တရက်မြင့်တက်လာတယ်။ "အဲ့ဒီလူတွေကျုပ်ကိုလာရှာကြလိမ့်မယ်! ကျူပ်ကမျက်မြင်သက်သေပဲ၊ ကျုပ်မှာသက်သေတွေရှိတယ်!"
"မင်းပြောတာနော်" ဖေရွှမ်ရဲ့အသံက ရေသေလိုပဲတည်ငြိမ်လို့နေတယ်။ သူကတစ်လုံးချင်းစီပြောလာတယ်။ "မင်းအစ်မသေသွားရင်"
တစ်ဖက်ကတိတ်ကျသွားတယ်။
မျက်မြင်သက်သေ၊ သက်သေသာသက၊ အမှန်တရား၊ အဲ့ဒါတွေအကုန်ဘာအရေးပါလို့လဲ? သူတို့တွေကို အသက်ရှင်နေတဲ့အစ်မတစ်ယောက်နဲ့ လဲလို့ရပါ့မလား?
ဖုန်းရုံထဲမှာရပ်နေတဲ့မုကွားက အသက်ကိုပြင်းပြင်းရှိုက်လို့နေတယ်။ ဆောင်းရာသီအလယ်ဖြစ်ပေမဲ့ သူ့ကိုယ်ပေါ်မှာတော့ ချွေးသီးတွေကျလို့နေတယ်။ ဖြတ်သွားဖြတ်လာတွေပါ သူ့ကိုလှည့်ကြည့်သွားကြတယ်။
"ခင်ဗျားအိမ်အရှေ့မှာ၊ ကျုပ်အိမ်အရှေ့မှာ၊ ရဲစခန်းအပေါက်ဝမှာ" မုကွားရုတ်တရက်ပြောလာတယ်။ "ကျုပ်ကိုလာရှာ"
"ရှင်းရှင်းပြော၊ မင်းတကယ်ပဲဘာကိုလိုချင်နေတာလဲ?" ဖေရွှမ်မေးလာတယ်။
"ကျုပ်ခင်ဗျားကိုမပြောပြဘူး" မုကွားအေးစက်စက်ရယ်မောလာတယ်။ "ခင်ဗျားကခင်ဗျားရဲ့နောက်လိုက်တွေ အကုန်လုပ်ခိုင်းနေကျပဲမဟုတ်လား၊ ခင်ဗျားရာဇဝတ်မှု ကျူးလွန်နေတာတောင်မှလေ၊ ကျုပ်အစ်မကို တစ်စက်လေးမှထိဖို့မစဉ်းစားနဲ့၊ ခင်ဗျားရဲ့ခွေးတွေကို ကျုပ်ကိုတွေ့အောင်လာရှာခိုင်းလိုက်လေ!"
_____________________
May you all have a blissful year filled with wonder. ♡
_________________________
{Zawgyi}
အခန္း ၈၈: က်ဳပ္ကိုလာရွာ
ေဖ႐ႊမ္ရဲ႕စကားဆုံးသြားတာနဲ႔ ဖုန္းသံထြက္ေပၚလာတယ္။
"ဟယ္လို" ေဖ႐ႊမ္ဖုန္းကိုင္လိုက္တယ္။
"က်ဳပ္အစ္မကိုလႊတ္ေပး" မုကြားရဲ႕ေအးစက္တဲ့အသံက ဖုန္းတစ္ဖက္ျခမ္းကေနထြက္ေပၚလာတယ္။ "မဟုတ္ရင္ ထပ္ခိုးခန္းကမိန္းကေလးကို ခင္ဗ်ားအခုရွိေနတဲ့ေနရာဆီ ေခၚလာခဲ့မယ္"
ေဖ႐ႊမ္အံ့အားသင့္သြားတယ္။ ၿပီးေတာ့ သူတည္ၿငိမ္တဲ့အမူအရာနဲ႔ ေျပာလိုက္တယ္။ "အားနာပါတယ္၊ ကြၽန္ေတာ့္မ်ိဳး႐ိုးက က်န္းမဟုတ္ပါဘူး၊ ဖုန္းမွားေနတာထင္တယ္"
သူဖုန္းခ်လိုက္ေပမဲ့ ခ်က္ခ်င္းပဲဖုန္းသံျပန္ျမည္လာခဲ့တယ္။
"ေတာ္ေတာ္ေလးအလုပ္မ်ားေနပုံပဲ" နင္နင္သူ႔ကိုစိုက္ၾကည့္လိုက္တယ္။
"ေတာင္းပန္ပါတယ္၊ ဒါခဏသြားကိုင္ဦးမယ္" ေဖ႐ႊမ္သူမကို စိတ္မရွည္စြာၿပဳံးျပၿပီး သန႔္စင္ခန္းရွိရာကို ထထြက္သြားတယ္။ သူသန႔္စင္ခန္းထဲေရာက္သြားတာနဲ႔ ဖုန္းသံလည္းတိတ္က်သြားတယ္။ သူေဘးပတ္ပတ္လည္ကို တစ္ခ်က္ၾကည့္ၿပီး တစ္စုံတစ္ေယာက္ကိုဖုန္းေခၚလိုက္တယ္။
ရဲစခန္းတြင္။
ကံတုံးဆံေတာက္နဲ႔လူက ရဲစခန္းမွာထြက္ဆိုေနတယ္။ လြန္ခဲ့တဲ့ႏွစ္အနည္းငယ္တုန္းက လ်န္မိသားစုရဲ႕စတုတၳသား တစ္စုံတစ္ေယာက္ကို ကားတိုက္သတ္ခဲ့ၿပီး ထြက္ေျပးတိမ္းေရွာင္ခဲ့တယ္ဆိုတာကို တိုင္ၾကားေနတာျဖစ္တယ္။
႐ုတ္တရက္သူ႔ရဲ႕ဖုန္းထျမည္လာတယ္။ သူအေရွ႕ကရဲကိုၿပဳံးျပလိုက္တယ္။ "အားနာေပမဲ့ ကြၽန္ေတာ့္အေဖေခၚေနတာထင္တယ္၊ ဖုန္းကိုင္လို႔ရမလား?"
"ျမန္ျမန္ေလးလုပ္" ရဲကျပန္ေျပာလာတယ္။
ကိုယ့္ကိုေကြၽးထားတဲ့သူကိုလည္း မိဘလို႔သတ္မွတ္လို႔ရတာပဲ။ ကံတုံးဆံေတာက္နဲ႔လူ– တစ္နည္း ေဖ႐ႊမ္ရဲ႕ေနာက္လိုက္– က ျမန္ျမန္လူရွင္းတဲ့ေနရာတစ္ခုကိုရွာၿပီး ဖုန္းကိုင္လိုက္တယ္။ "ဟယ္လို ေဖေကာ"
"မုကြားလ်န္လ်န္ကိုေခၚထုတ္သြားၿပီ" ေဖ႐ႊမ္ကတိုတိုတုတ္တုတ္ေျပာလာတယ္။
"ဘာ?" ကံတုံးဆံေတာက္နဲ႔လူက လန႔္ျဖန႔္သြားတာေၾကာင့္ ထပါခုန္မိမတတ္ပင္။ "ကြၽန္ေတာ္ ရဲတိုင္လိုက္ရမလား?"
"..."
"လ်န္အိမ္တစ္ဝိုက္ကဖုန္း႐ုံေတြနားမွာ လူျဖန႔္ၿပီးေစာင့္ၾကည့္ခိုင္းထား၊ ဖုန္းငွားဆက္လို႔ရတဲ့ စတိုးဆိုင္ေတြေရာ" ေဖ႐ႊမ္ေျပာလာတယ္။ "သူအဲ့အနားတစ္ဝိုက္မွာပဲ ရွိေလာက္တယ္၊ အိမ္ထဲဝင္လို႔မရလို႔ ဖုန္းဆက္ၿပီးငါ့ကိုၿခိမ္းေျခာက္ေနတာ"
"သိပါၿပီ ေဖေကာ၊ ကြၽန္ေတာ္လူေတြ ျမန္ျမန္စီစဥ္လိုက္ပါ့မယ္" ကံတုံးဆံေတာက္နဲ႔လူျပန္ေျဖလိုက္တယ္။
ဖုန္းက်သြားတာနဲ႔ သူအျခားလူေတြကို ျမန္ျမန္ဖုန္းလိုက္ဆက္ေတာ့တယ္။ မုကြားသာဒီမွာရွိေနရင္ သူတို႔ကိုမွတ္မိေလာက္တယ္။
ကံတုံးဆံေတာက္နဲ႔လူ ဖုန္းဆက္လိုက္တဲ့ထဲကလူအခ်ိဳ႕က သူသိထားတဲ့ စားဖိုမႉး၊ ဥယ်ာဥ္မႉးနဲ႔ အိမ္ေတာ္ထိန္းတို႔ပဲျဖစ္တယ္။ သူတို႔တစ္ေယာက္ခ်င္းစီတိုင္းက တာဝန္ကိုယ္စီေပးအပ္ခံထားၾကရတယ္။ ဥပမာ ကံတုံးဆံေတာက္နဲ႔လူက လ်န္မိသားစုရဲ႕စတုတၳသားကို တိုင္ၾကားဖို႔တာဝန္ရွိသူျဖစ္တယ္။
"လူရွာမယ္? အခု? ေဖေကာရဲ႕နဂိုအစီအစဥ္ကိုေရာ ဘယ္လိုလုပ္မလို႔လဲ?"
"ေဖေကာေျပာတဲ့အတိုင္းပဲလုပ္ၾကတာေပါ့၊ အဲ့ေကာင္ကိုအရင္ရွာၿပီးေတာ့မွ က်န္တာေတြကိုစဥ္းစားမယ္" ကံတုံးဆံေတာက္နဲ႔လူက ခပ္ျပတ္ျပတ္ေျပာလာတယ္။
သူတို႔ေတြအၾကည့္ခ်င္းဖလွယ္လိုက္ၾကၿပီးေနာက္ လ်န္အိမ္ေတာ္တစ္ဝိုက္ ပတ္ပတ္လည္ကို လူစုခြဲထြက္သြားၾကေတာ့တယ္။
အျခားတစ္ဖက္မွာေတာ့ ေဖ႐ႊမ္ဖုန္းခ်ၿပီးေနာက္မွာ သန႔္စင္ခန္းထဲကထြက္ၿပီး နင္နင္ရဲ႕ေဘးမွာထိုင္ခ်လိုက္တယ္။
"အေျခအေနဘယ္လိုလဲ?" သူတိုးတိုးေလးေမးလာတယ္။ "တစ္ခုခုျဖစ္သြားေသးလား?"
"ကြၽန္မတို႔ထမင္းတူတူစားဖို႔အတြက္ ေန႔လည္အထိေနေနၾကဖို႔ အဘိုးႀကီးမွာလိုက္တယ္" နင္နင္ဇာတ္ေၾကာင္းကိုျပန္စဥ္းစားေနရင္း သူ႔ကိုေျဖလိုက္တယ္။
အတၳဳပၸတၱိစာအုပ္ထဲမွာ ေနာက္လာမယ့္အခန္းကို <အဆိပ္> လို႔ ေခါင္းစဥ္တပ္ထားတာျဖစ္တယ္။
သခင္ႀကီးလ်န္က ေန႔လည္စာထမင္းဝိုင္းမွာ အျပင္လူေတြကိုေပးမဝင္တာေၾကာင့္ လက္႐ုံးေတြနဲ႔ အကူေတြအပါအဝင္ က်န္တဲ့လူအကုန္လုံး အျပင္ကိုႏွင္ထုတ္ခံထားရမွာျဖစ္တယ္။
မိသားစုစားပြဲေတာ္မွာ သခင္ႀကီးလ်န္နဲ႔ သူ႔ရဲ႕ဆက္ဆံသူေလးေယာက္သာ ရွိေနလိမ့္မယ္။
အိမ္ေစေတြေတာင္ နားရက္ေပးခံထားရၿပီး က်န္ရစ္တဲ့တစ္ဦးတည္းေသာအျပင္လူက စားဖိုမႉးအိုတစ္ဦးတည္းသာျဖစ္တယ္။
ဆက္ခံသူေလးေယာက္က မီးဖိုခန္းထဲက တစ္စုံတစ္ခုကိုသြားယူဖို႔ တစ္လွည့္ခ်င္းစီတာဝန္ေပးခံရမွာျဖစ္တယ္။ ထိုမီးဖိုခန္းထဲမွာ စားဖိုမႉးကဟင္းပြဲေတြထဲ "အဆိပ္"ခပ္ေနတာကို သူတို႔ျမင္ၾကရလိမ့္မယ္။
ဆက္ခံသူတစ္ေယာက္ခ်င္းစီရဲ႕ စိတ္ေနစိတ္ထားကိုလိုက္ၿပီး စားဖိုမႉးေျပာလာမယ့္ ဆင္ေျခအမ်ိဳးမ်ိဳးနဲ႔ သူ"အဆိပ္"ခပ္ဖို႔လုပ္ေနတဲ့သူရဲ႕နာမည္က ကြဲျပားသြားမွာျဖစ္တယ္။ သူတို႔အားလုံးက စားဖိုမႉးရဲ႕အမွားကိုျပင္ေပးဖို႔ အခြင့္အေရးႏွစ္ႀကိမ္ရၾကလိမ့္မယ္– တစ္ႀကိမ္က မီးဖိုခန္းထဲမွာ၊ ေနာက္တစ္ႀကိမ္က ထမင္းစားပြဲဝိုင္းမွာ။
သခင္ႀကီးလ်န္က သူ႔ရဲ႕ခ်စ္ျခင္းေမတၱာစမ္းသပ္ခ်က္အေပၚ အနည္းငယ္စြဲလန္းလြန္းေနၿပီပဲျဖစ္တယ္။
အေမြမ်ားမ်ားပိုရေရးအတြက္နဲ႔ ထိုေလးေယာက္က သူတို႔ရဲ႕ၿပိဳင္ဘက္– သူတို႔ရဲ႕အေဖအရင္းအပါအဝင္ သူတို႔ရဲ႕သား၊ ေမာင္ႏွမ၊ တူမ – အဆိပ္ခပ္ခံရတာကို ဒီတိုင္းထိုင္ၾကည့္ေနၾကမလား ဆိုတာကို သူသိခ်င္တာျဖစ္တယ္။
အိမ္အေရွ႕ခန္းမွာ ဆူညံသံေတြျပည့္လွ်ံေနတယ္။ တတိယသမီးရဲ႕ေအာ္ဟစ္သံက အခန္းထဲဟိန္းထြက္လာတယ္။ "သူတို႔ကကြၽန္မမိတ္ေဆြေတြေလ၊ ဘာျဖစ္လို႔ေမာင္းထုတ္လိုက္တာလဲ?"
"သခင္ႀကီးမွာထားလို႔ပါ၊ မိသားစုထမင္းဝိုင္းမွာ သူစိမ္းေတြမရွိေနေစခ်င္ဘူးလို႔ ေျပာပါတယ္" ေရွ႕ေနဟြမ္က တည္ၿငိမ္တဲ့ေလသံနဲ႔ေျပာလာတယ္။ "သူတို႔နဲ႔တူတူထြက္သြားခ်င္ရင္ ထြက္သြားလို႔ရပါတယ္"
"စလာၿပီပဲ" နင္နင္ေတြးလိုက္တယ္။
အဲ့အခ်ိန္မွာပဲ ဖုန္းသံတစ္ခုက သူမရဲ႕ေဘးမွာထြက္ေပၚတယ္။
သူမေခါင္းလွည့္ကာ တစ္ဖက္လူကိုၾကည့္လိုက္တယ္။ ေဖ႐ႊမ္ကမတ္တတ္ထရပ္ၿပီး ေျပာလာတယ္။ "အားနာပါတယ္၊ ဒီဖုန္းကိုကိုင္ဖို႔လိုလို႔"
သန႔္စင္ခန္းထဲတြင္။
"ေဖေကာ၊ ကြၽန္ေတာ္တို႔ဖုန္းဆိုင္ေတြေရာ စတိုးဆိုင္ေတြေရာ ပတ္ရွာၿပီးၿပီ၊ သူ႔ကိုမေတြ႕ဘူး" ကံတုံးဆံေတာက္နဲ႔လူေျပာလာတယ္။ "အခုဘယ္လိုလုပ္ရမလဲ? ဆက္ရွာေနရမလား ဒါမွမဟုတ္..."
ေဖ႐ႊတ္စုတ္သပ္လိုက္တယ္။ "ထားလိုက္ေတာ့၊ ဆက္ရွာမေနနဲ႔ေတာ့၊ အခုေလာေလာဆယ္ နဂိုအစီအစဥ္အတိုင္း ဆက္သြားမယ္... ခဏ၊ လူတစ္ေယာက္ရွိေနတယ္"
သူဖုန္းခ်လိုက္တာနဲ႔ လူတစ္ေယာက္က သန႔္စင္ခန္းထဲကိုဝင္လာခဲ့တယ္။ ေဖ႐ႊမ္အေနာက္လွည့္ၾကည့္လိုက္တာနဲ႔ ထိုလူကသူ႔အေပၚကို ခုန္အုပ္လာတာေၾကာင့္ သူေျခလွမ္းအနည္းငယ္အေနာက္ဆုတ္ၿပီး သူ႔ရဲ႕ေက်ာျပင္ကနံရံနဲ႔ထိကပ္သြားတယ္။
"မင္း႐ူးေနၿပီလား?" ေဖ႐ႊမ္အသံနိမ့္နိမ့္နဲ႔ေျပာလိုက္တယ္။
"ရွင္ကြၽန္မကိုကူညီမယ္ေျပာထားၿပီးေတာ့!" တတိယသမီးျဖစ္သူ လ်န္ယြမ္ယြမ္က သူ႔ရဲ႕ခါးကိုေပြ႕ဖက္ၿပီး ကပ်ာကယာေျပာလာတယ္။
ေဖ႐ႊမ္တံခါးနားကိုျမန္ျမန္ေလွ်ာက္သြားၿပီး ေလာ့ခ္ခ်လိုက္တယ္။ ၿပီးေတာ့သူ႔ရဲ႕ခါးကို အခုထိမလႊတ္ေသးတဲ့ လ်န္ယြမ္ယြမ္ကိုငုံ႔ၾကည့္လိုက္တယ္။ "ကိုယ္မင္းကိုကူညီမွာပါ၊ အျခားေနရာမွာေျပာၾကရေအာင္၊ ကိုယ္တို႔ႏွစ္ေယာက္ကို ဒီလိုမ်ိဳးအျခားလူေတြျမင္သြားရင္ ရွင္းျပလို႔ရမွာမဟုတ္ဘူး"
"ကြၽန္မတို႔ႏွစ္ေယာက္တတြဲတြဲျဖစ္ေနတာ အခ်ိန္လည္းၾကာေနၿပီပဲ၊ သူမ်ားေတြေျပာမွာကို ေၾကာက္စရာလိုေနေသးလို႔လား?" လ်န္ယြမ္ယြမ္ျပန္ေျပာလာတယ္။ "ျမန္ျမန္ကြၽန္မကိုကူေပးေနာ္၊ အဘိုးႀကီးရဲ႕အေမြကို အပိုင္သိမ္းေပး၊ ၿပီးရင္ကြၽန္မတို႔ လက္ထပ္စာခ်ဳပ္မွာလက္မွတ္ထိုးၿပီး တစ္ေယာက္တစ္ဝက္ခြဲယူၾကမယ္ေလ"
ဒီလိုမ်ိဳးဘယ္ေလာက္စားရစားရ အာသာမေျပႏိုင္တဲ့မိန္းမက သူ႔နဲ႔တစ္ဝက္စီခြဲယူမယ္? ေဖ႐ႊမ္ၿပဳံးလိုက္တယ္။ သူမလိမ္ေနတယ္ဆိုတာကို သူသိေပမဲ့ အဲ့ဒါကအေရးမႀကီးပါေခ်။ သူမရဲ႕စကားကိုတည္ေအာင္လုပ္ႏိုင္မယ့္ နည္းလမ္းတစ္ခု သူ႔လက္ထဲမွာရွိေနတာပဲ။
သူႏူးညံ့တဲ့အမူအရာကိုတပ္ဆင္ကာ သူမကိုႏွစ္သိမ့္လိုက္တယ္။ "စိတ္မပူပါနဲ႔၊ အရာအားလုံး ကိုယ္စီစဥ္ထားတဲ့အတိုင္းပဲ၊ အားလုံးမင္းအပိုင္ျဖစ္လာမွာ... ရၿပီ ပစၥည္းထုတ္ေတာ့"
သူလ်န္ယြမ္ယြမ္အေရွ႕ကို လက္ဆန႔္ထုတ္လိုက္တယ္။
လ်န္ယြမ္ယြမ္ကခဏေလာက္တုံ႔ဆိုင္းေနၿပီးမွ သူမရဲ႕လက္ကိုင္အိတ္ကိုဖြင့္ကာ ဘူးတစ္ဘူးကိုထုတ္လိုက္တယ္။ ဒါေပမဲ့သူမထိုဘူးကို ေဖ႐ႊမ္လက္ထဲထည့္မေပးေသးဘဲ တင္းတင္းက်ပ္က်ပ္ ဆုပ္ကိုင္လို႔ထားတယ္။
"အျခားနည္းလမ္းမရွိေတာ့ဘူးလား?" လ်န္ယြမ္ယြမ္ေမးလာတယ္။ "ပထမအစ္ကိုက အရမ္းသတိရွိတာ၊ သူဘာကိုမွလက္လြတ္စပယ္ ပါးစပ္ထဲမထည့္ဖူးဘူး၊ သူ႔မွာအသိမိတ္ေဆြေတြလည္းမ်ားတယ္၊ သူ႔ဆီမွာတစ္ခုခုျဖစ္သြားရင္ အဲ့ဒီလူေတြက..."
"ကိုယ္အဆိပ္ခတ္သတ္ခ်င္ေနတဲ့လူကသူလို႔ ေျပာမိလို႔လား?" ေဖ႐ႊမ္ၿပဳံးလိုက္တယ္။
လ်န္ယြမ္ယြမ္ေၾကာင္သြားတယ္။ "အဲ့ဒါဆို..."
"လ်န္လ်န္" ေဖ႐ႊမ္ေျပာလာတယ္။
"သူ? ဘာျဖစ္လို႔သူလဲ?" လ်န္ယြမ္ယြမ္အံ့အားသင့္မႈေၾကာင့္ ပါးစပ္ကိုလက္နဲ႔အုပ္လိုက္တယ္။ "သူ႔ကိုသတ္လည္းဘာရမွာမလို႔လဲ? သူကဒီတိုင္း အဘိုးႀကီးနဲ႔ေတာင္ေသခ်ာမသိတဲ့ တရားမဝင္သမီးသာသာပဲေလ၊ အဘိုးႀကီးက သူ႔ကိုသေဘာက်စရာလား? သူကကြၽန္မနဲ႔ယွဥ္လို႔ေတာင္မရတာ၊ သူေသသြားလည္း ဘယ္သူမွဂ႐ုစိုက္မွာမဟုတ္ဘူးေလ..."
"အဲ့ဒါေၾကာင့္မလို႔ သူေသသင့္တာ" ေဖ႐ႊမ္ေအးစက္စက္ေျပာလာတယ္။ "သူေသသြားရင္ သူ႔ကိုအျခားဆက္ခံသူတစ္ေယာက္ေယာက္က သတ္လိုက္တယ္လို႔ သတင္းစာေတြထဲမွာပါလာလိမ့္မယ္၊ ေျပာရရင္အဲ့တရားခံက သူ႔ရဲ႕အေမြခြဲတမ္းကိုလိုခ်င္လို႔ အဲ့လိုလုပ္ခဲ့တာပဲျဖစ္မွာ၊ အဲ့ဒီတရားခံကဘယ္သူလဲ? တခ်ိဳ႕ကအႀကီးဆုံးသားလို႔ေျပာၾကလိမ့္မယ္၊ သူကေသခ်ာေပါက္ ျပန္ျငင္းလိမ့္မယ္၊ သူအမွန္တရားကိုေတာင္ ရွာေဖြခ်င္လာဦးမယ္၊ ဒါေပမဲ့အဲ့အခ်ိန္မွာ လ်န္လ်န္ကျပာမႈန႔္ျဖစ္သြားႏွင့္ေနၿပီ၊ သူဘာကိုမွရွာႏိုင္မွာမဟုတ္ေတာ့ဘူး"
သူေျပာတာကိုနားေထာင္ၿပီး လ်န္ယြမ္ယြမ္ႏွလုံးအခုန္ျမန္လာတယ္။ သူမရဲ႕သံသယေတြအားလုံးနီးပါး ရွင္းလင္းသြားၿပီး စိတ္အေႏွာင့္အယွက္ျဖစ္စရာ တစ္ခုတည္းသာက်န္ေတာ့တယ္။ "စီစဥ္ထားသလိုျဖစ္ပါ့မလား?"
"အဲ့ဒါက မင္းရဲ႕အစ္ကိုႀကီးနဲ႔ ကိုယ့္ရဲ႕ၾကားက ကိစၥျဖစ္သြားမွာ၊ မင္းစိတ္ပူစရာမလိုဘူး" ေဖ႐ႊမ္အမူအရာမဲ့စြာ ၿပဳံးလိုက္တယ္။ သူကရာဇဝတ္သားဆန္ဆန္ ဂုဏ္ဆာမႈကိုဆုပ္ကိုင္ထားၿပီး ယုံၾကည္ခ်က္ေတြျပည့္ႏွက္လို႔ေနတယ္။ အရာအားလုံးက သူ႔ရဲ႕လက္ခုပ္ထဲကေရအတိုင္းပင္။
ထိုအၿပဳံးက သုံးစကၠန႔္ေလာက္သာၾကာလိုက္တယ္။
ဖုန္းသံထပ္ျမည္လာတယ္။
သူမ်က္ေမွာင္ၾကဳတ္ၿပီး လ်န္ယြမ္ယြမ္ကိုေျပာလိုက္တယ္။ "ကိုယ္ဒီဖုန္းကိုကိုင္ရမွာ၊ မင္းအခုသြားလို႔ရၿပီ... မၿပဳံးနဲ႔၊ မင္းေဒါသထြက္ေနသလို သ႐ုပ္ေဆာင္ရမယ္၊ အင္း အဲ့လိုမ်ိဳး၊ မင္းကိုယ့္ကိုသိမ္းသြင္းဖို႔ ရႈံးနိမ့္သြားတယ္လို႔ လူေတြထင္မွရမယ္"
လ်န္လ်န္သန႔္စင္ခန္းထဲကေနထြက္သြားေတာ့မွ ေဖ႐ႊမ္ဖုန္းကိုင္လိုက္တယ္။
"က်ဳပ္ကိုရွာေနတာလား?" မုကြားရဲ႕အသံျဖစ္တယ္။
ေဖ႐ႊမ္မ်က္လုံးေတြကိုက်ဥ္းေျမာင္းလိုက္တယ္။ "မင္းဘာလိုခ်င္ေနတာလဲ?"
"ခင္ဗ်ားကိုေျပာျပစရာတစ္ခုရွိတယ္" မုကြားေျပာလာတယ္။ "လ်န္လ်န္– လ်န္လ်န္အစစ္– ႏိုးလာၿပီ၊ သူႏိုးေနတာၾကာၿပီ၊ ခင္ဗ်ားသူ႔အေရွ႕မွာေျပာခဲ့တာေတြ သူအကုန္ၾကားထားတယ္၊ သူအကုန္လုံးကိုလည္းမွတ္မိတယ္၊ သူအခုက်ဳပ္ေဘးမွာရွိေနတယ္၊ က်ဳပ္ႀကိဳက္တဲ့အခ်ိန္ သူ႔ကိုရဲစခန္းေခၚသြားလို႔ရတယ္"
ေဖ႐ႊမ္တိတ္ဆိတ္ေနကာ ခဏေလာက္တန႔္ေနၿပီးမွ သြားေတြေပၚတဲ့အထိ စၿပီးၿပဳံးလာတယ္။ ထိုအၿပဳံးက သူ႔အေရွ႕ကမွန္ထဲမွာထင္ဟပ္ေနၿပီး အေရခြံကြာက်လာတဲ့ နတ္ဆိုးတစ္ေကာင္လိုပင္။ "ဟင့္အင္း၊ သူမင္းနဲ႔တူတူရွိမေနဘူး၊ မင္းေဘးနားမွာ သူတကယ္ရွိေနရင္ မင္းရဲလက္ထဲအပ္ထားၿပီးေလာက္ၿပီ၊ ငါ့ကိုဖုန္းေခၚၿပီး အခ်ိန္ကုန္ခံေနမွာမဟုတ္ဘူး"
မုကြား, "..."
"ေကာင္ေလး၊ မင္းေျပာသြားတာေတြထဲက ဘယ္ဟာကအမွန္လဲဆိုတာကို ခန႔္မွန္းၾကည့္ရေအာင္" ထိုနတ္ဆိုးက ျဖည္းျဖည္းခ်င္းနဲ႔ ကြၽမ္းက်င္စြာေျပာလာတယ္။ "သူႏိုးေနတာၾကာၿပီ၊ အင္းေပါ့၊ သူဘယ္အခ်ိန္အထိ အိပ္ခ်င္ေယာင္ဆက္ေဆာင္ေနႏိုင္မလဲဆိုတာကို ငါသိခ်င္ေနတာ၊ အဲ့အခ်ိန္အတြင္း ငါအခ်ိန္ရသေလာက္ သူ႔အတြက္နဂိုအစီအစဥ္ေတြကို သူ႔အေရွ႕မွာထုတ္ေျပာခဲ့ရတာ– သူ႔ကိုသတ္ပစ္ဖို႔၊ မီးရႈိ႕ပစ္ဖို႔"
မုကြား, "..."
"ငါသူ႔ကိုေျပာထားတဲ့အတိုင္း သူမင္းကိုျပန္ေျပာလား? ငါမင္းရဲ႕အစ္မကို သတ္ပစ္မယ္ မီးရႈိ႕ပစ္မယ္လို႔ေလ" ေဖ႐ႊမ္ေျပာလာတယ္။ "မင္းကစိတ္ျမန္တဲ့ေကာင္ေလးပဲ၊ ေသခ်ာေပါက္အဲ့ေနရာကေန ေျပးထြက္ခဲ့မွာေပါ့၊ ငါ့ကိုရွာဖို႔ေလ၊ ဒါေပမဲ့ငါဘယ္ေရာက္ေနလဲမွ မင္းမသိတာ၊ အဲ့ဒါေၾကာင့္ မင္းလ်န္လ်န္ကို သြားျပန္ရွာလိမ့္မယ္၊ လ်န္အိမ္ေတာ္ဘယ္မွာရွိတာလဲဆိုတာကို မင္းသူ႔ကိုေမးခ်င္လိမ့္မယ္၊ ဒါေပမဲ့ကံမေကာင္းစြာနဲ႔ မင္းသူ႔ကိုခုနကေနရာမွာ ရွာမေတြ႕ေတာ့ဘူး၊ သူထြက္ေျပးသြားၿပီမလို႔ေလ"
မုကြား, "..."
"မင္းအခုအႀကံကုန္ေနၿပီဆိုေတာ့ ငါ့ကိုဖုန္းဆက္တိုက္ေခၚၿပီး ေႏွာက္ယွက္ေနတာ" ေဖ႐ႊမ္ရဲ႕အၿပဳံးက ပိုၿပီးပီျပင္လာတယ္။ "အဲ့လိုလုပ္လည္း ဘာရမွာမလို႔လဲ?"
"...က်ဳပ္ဘယ္ေလာက္ထိသိထားတယ္လို႔ ခင္ဗ်ားထင္လဲ?" မုကြားတိတ္ဆိတ္ေနၿပီးမွ ႐ုတ္တရက္ေမးခြန္းထုတ္လာတယ္။ "သူက်ဳပ္ကိုဘယ္ေလာက္ထိေျပာျပသြားတယ္လို႔ ခင္ဗ်ားထင္လဲ?"
ေဖ႐ႊမ္ရဲ႕မ်က္ႏွာေပၚကအၿပဳံးက တျဖည္းျဖည္းျပန္လည္ လြင့္ျပယ္သြားတယ္။
"လ်န္မိသားစုအေၾကာင္းအကုန္လုံး သူက်ဳပ္ကိုေျပာျပခဲ့တယ္" မုကြားအသက္ျပင္းျပင္းရႉလိုက္တယ္။ "အဲ့ဒါေၾကာင့္သူထြက္ေျပးသြားလည္း ကိစၥမရွိဘူး၊ က်ဳပ္ကေတာ့ထြက္ေျပးမွာမဟုတ္လို႔ပဲ၊ က်ဳပ္ခင္ဗ်ားကိုရွာမေတြ႕ရင္ ရဲစခန္းကိုသြားမယ္၊ မီဒီယာေတြဆီသြားမယ္၊ က်ဳပ္သိထားသမွ်အကုန္လုံး သူတို႔ကိုေျပာျပလိုက္မယ္၊ လ်န္မိသားစုရဲ႕တရားမဝင္သမီးက အတုပါလို႔ က်ဳပ္သူတို႔ကိုေျပာမယ္၊ သူ႔ရဲ႕နာမည္အရင္းက မုအာဆိုတာေရာ၊ သူ႔ရဲ႕မိသားစုက စားေသာက္ဆိုင္အေသးစားပိုင္တာ ဆိုတာေရာ၊ သူကအသက္ဆယ့္ေျခာက္ႏွစ္ဆိုတာေရာ၊ သူ႔ရဲ႕မူလတန္းေက်ာင္းက..."
"မင္းကိုဘယ္သူမွယုံမွာမဟုတ္ဘူး" ေဖ႐ႊမ္သူ႔ကိုျဖတ္ေျပာလာတယ္။
"က်ဳပ္အစ္မေသသြားရင္ သူတို႔ယုံလာလိမ့္မယ္" မုကြားရဲ႕အသံက ႐ုတ္တရက္ျမင့္တက္လာတယ္။ "အဲ့ဒီလူေတြက်ဳပ္ကိုလာရွာၾကလိမ့္မယ္! က်ဴပ္ကမ်က္ျမင္သက္ေသပဲ၊ က်ဳပ္မွာသက္ေသေတြရွိတယ္!"
"မင္းေျပာတာေနာ္" ေဖ႐ႊမ္ရဲ႕အသံက ေရေသလိုပဲတည္ၿငိမ္လို႔ေနတယ္။ သူကတစ္လုံးခ်င္းစီေျပာလာတယ္။ "မင္းအစ္မေသသြားရင္"
တစ္ဖက္ကတိတ္က်သြားတယ္။
မ်က္ျမင္သက္ေသ၊ သက္ေသသာသက၊ အမွန္တရား၊ အဲ့ဒါေတြအကုန္ဘာအေရးပါလို႔လဲ? သူတို႔ေတြကို အသက္ရွင္ေနတဲ့အစ္မတစ္ေယာက္နဲ႔ လဲလို႔ရပါ့မလား?
ဖုန္း႐ုံထဲမွာရပ္ေနတဲ့မုကြားက အသက္ကိုျပင္းျပင္းရႈိက္လို႔ေနတယ္။ ေဆာင္းရာသီအလယ္ျဖစ္ေပမဲ့ သူ႔ကိုယ္ေပၚမွာေတာ့ ေခြၽးသီးေတြက်လို႔ေနတယ္။ ျဖတ္သြားျဖတ္လာေတြပါ သူ႔ကိုလွည့္ၾကည့္သြားၾကတယ္။
"ခင္ဗ်ားအိမ္အေရွ႕မွာ၊ က်ဳပ္အိမ္အေရွ႕မွာ၊ ရဲစခန္းအေပါက္ဝမွာ" မုကြား႐ုတ္တရက္ေျပာလာတယ္။ "က်ဳပ္ကိုလာရွာ"
"ရွင္းရွင္းေျပာ၊ မင္းတကယ္ပဲဘာကိုလိုခ်င္ေနတာလဲ?" ေဖ႐ႊမ္ေမးလာတယ္။
"က်ဳပ္ခင္ဗ်ားကိုမေျပာျပဘူး" မုကြားေအးစက္စက္ရယ္ေမာလာတယ္။ "ခင္ဗ်ားကခင္ဗ်ားရဲ႕ေနာက္လိုက္ေတြ အကုန္လုပ္ခိုင္းေနက်ပဲမဟုတ္လား၊ ခင္ဗ်ားရာဇဝတ္မႈ က်ဴးလြန္ေနတာေတာင္မွေလ၊ က်ဳပ္အစ္မကို တစ္စက္ေလးမွထိဖို႔မစဥ္းစားနဲ႔၊ ခင္ဗ်ားရဲ႕ေခြးေတြကို က်ဳပ္ကိုေတြ႕ေအာင္လာရွာခိုင္းလိုက္ေလ!"
_____________________
May you all have a blissful year filled with wonder. ♡
_________________________