{Unicode}
အခန်း ၆၇: သွေးထိုးခြင်း
အဲ့ဒီဓာတ်ပုံဘောင်ရဲ့လျှို့ဝှက်ချက်ကဘာဖြစ်မလဲ?
အမှန်တရားကိုရှာဖွေတွေ့ရှိနိုင်မယ့်အခွင့်အရေးက နင်နင်ရဲ့မျက်စိရှေ့မှာရှိနေပြီဖြစ်တယ်။
ဖေရွှမ်ရဲ့ကုမ္ပဏီကရုတ်တရက်ကြီး သူ့ကိုရုံးချုပ်ဆီပြန်လာဖို့ အကြောင်းကြားလာတယ်။
"ရှင်ဘယ်တော့မှပြန်လာမှာလဲ?" နင်နင်လက်ထဲမှာမီးခိုးရောင်ကုတ်အင်္ကျီကိုကိုင်ထားတယ်။
"ကိုယ်ဒီနေ့ထွက်ပြီး ငါးရက်လောက်နေရင်ပြန်ရောက်မယ်" နင်နင်သူ့ကိုကုတ်အင်္ကျီဝတ်ပေးနေတုန်းမှာ ဖေရွှမ်ပြောလာတယ်။ သူရယ်လိုက်တယ်။ "မင်းဒီမှာပဲနေပြီး အိမ်မစောင့်ပေးချင်ဘူးလား?"
နင်နင်ခဏလောက်တုံ့ဆိုင်းနေဟန်ဆောင်ပြီးမှ သူ့ကိုပြုံးပြလိုက်တယ်။ "ရတယ်လေ"
ဖေရွှမ်မထွက်သွားခင် သူမကိုနှုတ်ဆက်အနမ်းပေးသွားခဲ့တယ်။
သူ့ကိုတံခါးဝကနေလက်ဝေ့ယမ်းပြကာ ကားထွက်သွားတာကိုကြည့်ရင်း နင်နင့်ရဲ့အပြုံးကတဖြည်းဖြည်းလျော့ပါးသွားတယ်။
သူမကိုယ်ကိုလှည့်ပြီးတံခါးသော့ခတ်ကာ အိမ်ထဲပြန်ဝင်လာခဲ့တယ်။ ပြီးတော့ဓာတ်ပုံဘောင်တွေရှိရာဆီကို တစ်လှမ်းချင်းစီလျှောက်လာခဲ့တယ်။
ပုံမှန်ဆိုရင်လူတစ်ယောက်က ဓာတ်ပုံလေးငါးပုံလောက်ကိုပဲ ချိတ်ဆွဲထားနေကျဖြစ်တယ်။ ဘယ်သူမှဖေရွှမ်လိုမျိုး နံရံတစ်ခုပြည့်နှက်သွားအောင်ချိတ်လေ့မရှိပါချေ။
နင်နင်ဓာတ်ပုံဘောင်ထဲကသူမကိုယ်သူမပြန်စိုက်ကြည့်ကာ ထိုဓာတ်ပုံဘောင်ကိုဖြုတ်လိုက်တယ်။
အရင်တစ်ခေါက်ဓာတ်ပုံဘောင်တွေလဲတုန်းက နင်နင်ကဘောင်ကိုသာကမ်းပေးရပြီး ဖေရွှမ်းကနံရံပေါ်ချိတ်တဲ့သူဖြစ်တယ်။ အဲ့ဒီတုန်းကဖေရွှမ်ရဲ့ခန္ဓာကိုယ်နဲ့ကွယ်နေတာကြောင့် သူလုပ်နေတာတွေကိုနင်နင်သေချာမကြည့်ခဲ့ရပါချေ။
အခုတော့သူမရှင်းရှင်းလင်းလင်းမြင်နေရပြီဖြစ်တယ်။
"ဒါက..." နင်နင်လက်မြှောက်ကာ ဓာတ်ပုံဘောင်အနောက်နံရံကိုထိတွေ့လိုက်တယ်။
နံရံပေါ်မှာရှိနေတာက အပေါက်သေးသေးလေးတစ်ခုဖြစ်တယ်။
သူမထိုအပေါက်လေးကိုထိကြည့်ပြီး ဘေးပတ်ပတ်လည်ကဓာတ်ပုံဘောင်တွေကို ဝေ့ဝိုက်ကြည့်လိုက်တယ်။ သူမခပ်မြန်မြန်လျှောက်ကာ ဓာတ်ပုံဘောင်တစ်ခုချင်းစီကိုဖြုတ်ချလိုက်တယ်။
သူမစင်္ကြံလမ်းတစ်လျှောက်ကဓာတ်ပုံဘောင်တွေကို တစ်ခုချင်းစီဖြုတ်ချလို့နေတယ်။ ကြီးကြီးသေးသေး၊ ဓာတ်ပုံဘောင်တိုင်းကသူမရဲ့ဘေးဘက် ကြမ်းပြင်ပေါ်မှာစုပုံလို့လာတယ်။ သူမစင်္ကြံလမ်းထောင့်အစွန်းဆုံးကိုရောက်လာပြီးနောက် ရုတ်ခနဲခေါင်းလှည့်ကြည့်လိုက်တဲ့အချိန်မှာ သူမရဲ့ကျောရိုးတစ်လျှောက် ကြက်သီးမွေးညင်းတွေဖြန့်ကျက်သွားတယ်။
သူမရဲ့အနောက်မှာရှိနေတာက အပေါက်သေးသေးလေးတွေနဲ့ပြည့်နှက်နေတဲ့နံရံပဲဖြစ်တယ်။
သူမခေါင်းကိုချက်ချင်းပြန်လှည့်ကာ ထပ်မကြည့်ရဲတော့ချေ။ သူမမီးဖိုခန်းထဲကိုလျှောက်သွားလိုက်တယ်။
စင်္ကြလမ်းမှာပဲဖြစ်ဖြစ်၊ မီးဖိုခန်းထဲမှာပဲဖြစ်ဖြစ်၊ စန္ဒယားခန်းထဲမှာပဲဖြစ်ဖြစ်၊ ဓာတ်ပုံဘောင်တွေအကုန်လုံးရဲ့အနောက်ဘက်နံရံက ပုံမှန်မဟုတ်နေပါချေ။ ပန်းပွင့်ရိုက်ဂါဝန်၊ စန္ဒယား၊ ဓာတ်ပုံထဲကလူရဲ့ညာဘက်မျက်လုံး၊ အကုန်လုံးက တစ်ခုသောအရာကိုလျှို့ဝှက်ထားကြတယ်။
ပုန်းကွယ်နေတဲ့ချောင်းကြည့်ပေါက်။
သူမအဆုံးမှာအိပ်ခန်းတံခါးကိုဖွင့်လိုက်တယ်။
နှင်းလိုဖြူစွတ်နေတဲ့စုံတွဲအိပ်ရာ၊ "ပျော်ရွှင်မှု"လို့စာရိုက်ထားတဲ့ခေါင်းအုံးတွေ။
အဲ့ဒါတွေပြီးတော့ ဒီအိမ်ထဲမှာနောက်ဆုံးကျန်တဲ့ ယန့်ချင်ရဲ့ဓာတ်ပုံဘောင်။
နင်နင်အဲ့ဒီအနားကိုဖြည်းဖြည်းချင်းစီလျှောက်သွားတယ်။ နံရံပေါ်မှာချိတ်ထားတဲ့ဓာတ်ပုံဘောင်က လူတစ်ရပ်စာလောက်မြင့်တာဖြစ်တယ်။ ထိုအထဲမှာရှိနေတဲ့မင်္ဂလာသတို့သမီးက နင်နင်လာမှာကိုမျှော်လင့်ထားသလိုမျိုး သူမကိုတိတ်တဆိတ်ကြည့်လို့နေတယ်။
"...ယန့်ချင်" နင်နင်ဖြည်းဖြည်းချင်းလက်မြှောက်ကာ ဓာတ်ပုံထဲကမျက်လုံးကိုပွတ်သပ်လိုက်တယ်။ "နင်အထဲမှာရှိနေလား?"
သူမရဲ့အနောက်ကတစ်စုံတစ်ခုကိုကြည့်နေသလိုမျိုး ထိုမျက်လုံးကရိပ်ခနဲလှုပ်သွားတယ်။
နင်နင်ကိုယ်ကိုချက်ချင်းလှည့်လိုက်တယ်။
သူမရဲ့အနောက်မှာဓားတစ်လက်ရှိနေတယ်!
"အား!" နင်နင်အော်ဟစ်လိုက်တယ်။ နင်နင်ဘေးဘက်ကိုရွှေ့ကာ ထိုထိုးစိုက်ကျလာတဲ့ဓားသွားကနေ သီသီလေးလွတ်မြောက်သွားတယ်။ ဓားသွားကဓာတ်ပုံကိုထိုးစိုက်သွားကာ ဓာတ်ပုံဘောင်ထဲကယန့်ချင်ရဲ့ခေါင်းကို နှစ်ခြမ်းခွဲချလိုက်တယ်။
ဆံနွယ်အချို့ကကြမ်းပြင်ပေါ်ကိုဝေ့ဝဲကျလာတယ်။ နင်နင်တစ်ဖက်လူကိုကြည့်လိုက်တယ်။ "လီဖင်းဖင်း!"
လီဖင်းဖင်းကလက်ထဲမှာဓားကိုကိုင်ရင်း သူမကိုဖြည်းညင်းစွာလှည့်ကြည့်လာတယ်။ အခုအချိန်မှာသူမကအရမ်းကြောက်ဖို့ကောင်းနေကာ သူမရဲ့မျက်လုံးတွေကစိတ်လှုပ်ရှားမှုကြောင့် တလက်လက်တောက်ပလို့နေတယ်။
နင်နင်တံခါးနားကိုလျှောက်သွားရင်းနဲ့မေးလိုက်တယ်။ "နင်ဒီထဲဘယ်လိုဝင်လာတာလဲ?"
...ထူးဆန်းတယ်။ သူမတံခါးကိုသေချာသော့ခတ်ခဲ့ပါတယ်။ လီဖင်းဖင်းအိမ်ထဲဘယ်လိုဝင်လာနိုင်တာလဲ?
လီဖင်းဖင်းကအောင်နိုင်သူအပြုံးမျိုးပြုံးကာ အိတ်ကပ်ထဲကသော့တွဲကိုထုတ်ပြီး နင်နင့်ကိုလှုပ်ယမ်းပြလာတယ်။
"နင်ဘယ်လိုထင်လဲ?" သူမမေးလာတယ်။
နင်နင့်ရဲ့မျက်အိမ်ကျဉ်းမြောင်းသွားတယ်။
"နင့်ကိုဘယ်သူသော့ပေးတာလဲ?" သူမအသံနိမ့်နိမ့်နဲ့မေးလိုက်တယ်။ "ဖေရွှမ်လား?"
လီဖင်းဖင်းကပြန်မဖြေပါချေ။ သူမက ဖေရွှမ်ဆီမှာရှိနေရမယ့်သော့တွဲကို အိတ်ကပ်ထဲပြန်ထည့်ကာ ဓားကိုမြှောက်ပြီးနင်နင့်အနားလျှောက်လာတယ်။
နင်နင်လှည့်ပြေးပေမဲ့ သူမရဲ့ကိုယ်ကဝလွန်းနေတယ်။ သူမပြေးရင်းနဲ့အသက်လုရှူလာရတယ်။ ဖေရွှမ်ရဲ့စကားတွေက သူမရဲ့ခေါင်းထဲမှာပြန်လည်ပဲ့တင်ထပ်လာတယ်။
"များများစား"
"ပိန်ရင်ကိုင်ရမယ့်အသားတွေသိပ်မရှိဘူး၊ မင်းမှာအသားတွေများရင် ကိုယ်ပိုသဘောကျတယ်"
"လာ ဟ၊ ကိုယ်ခွံ့မယ်"
"ဘာမှမဖြစ်ဘူး၊ မင်းလမ်းလျှောက်လို့မရတော့ရင် ကိုယ်ကုန်းပိုးပေးမယ်"
ဆိတ်အဆီတွေ၊ ဝက်ကောင်လုံးကင်တွေ၊ ကိတ်တွေ၊ အဲ့ဒါတွေအကုန်လုံးကို အချစ်လို့နာမည်တပ်ပြီးသူမကိုအတင်းကျွေးခဲ့တယ်။ နဂိုကတည်းကဖွံ့နေတဲ့ယွင်လင်ရဲ့ခန္ဓာကိုယ်က ပိုပိုပြီးဝလာတယ်။ သူမပြေးလို့မနိုင်တော့ပေ။ အခုအချိန်မှာသူမက အသတ်စားခံရဖို့စောင့်နေရတဲ့ ဝက်တစ်ကောင်အတိုင်းပင်။
လီဖင်းဖင်းကနင်နင့်ကိုမြန်မြန်ပဲလိုက်မှီလာတယ်။ အဆုံးမှာသူမတို့နှစ်ယောက် လုံးထွေးနေတဲ့အခြေအနေကိုရောက်လာခဲ့တယ်။
နင်နင်ကလီဖင်းဖင်းရဲ့လက်ကောက်ဝတ်ကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားပြီး ဓားသွားကသူမရဲ့ခန္ဓာကိုယ်နဲ့ လက်မအနည်းငယ်သာဝေးကွာနေတယ်။ သူမရဲ့လက်ကိုသာနည်းနည်းဖြေလျှော့လိုက်မိရင် ဓားသွားကသူမကိုယ်ထဲ ချက်ချင်းထိုးစိုက်လာတော့မှာဖြစ်တယ်။
"ဖေရွှမ်ကနင့်ကိုအသုံးချနေတာ!" နင်နင်ရုတ်တရက်လီဖင်းဖင်းကိုအော်ပြောလိုက်တယ်။
လီဖင်းဖင်းကအံ့ဩသွားတာကြောင့် သူမရဲ့လက်နည်းနည်းအားလျော့သွားတယ်။
ဒါပေမဲ့အဲ့ဒါကခဏသာကြာရှည်ခံလိုက်ပြီး သူမရဲ့မျက်လုံးထဲမှာလူသတ်ငွေ့တွေ ပြန်လည်အရည်လဲ့လာခဲ့တယ်။
သူမဘာလုပ်သင့်လဲ? နင်နင့်ရဲ့မျက်နှာပေါ်မှာချွေးတွေဆက်တိုက်ကျနေကာ ဓားသွားထိပ်ကသူမရဲ့မျက်လွှာအနားကို တဖြည်းဖြည်းနီးကပ်လာလို့နေတယ်။
"ယန့်ချင်အသက်ရှင်နေသေးတယ်!" နင်နင်ထပ်အော်လိုက်တယ်။ "နံရံကိုကြည့်ကြည့်၊ အပေါက်ထဲကိုကြည့်ကြည့်! သူငါတို့ကိုအဲ့ဒီအနောက်ကနေကြည့်နေတယ်!"
"မဖြစ်နိုင်တာ" လီဖင်းဖင်းကအဲ့လိုပြောနေပေမဲ့ သူမရဲ့မျက်လုံးတွေက နံရံဘက်ကိုအလိုအလျောက်ရွေ့သွားတယ်။
တိုက်တိုက်ဆိုင်ဆိုင်သူမခေါင်းလှည့်လိုက်တဲ့အချိန်မှာ ခုနတုန်းကသူမဓားနဲ့ခွဲခဲ့တဲ့ဓာတ်ပုံဘောင်က နံရံပေါ်ကနေအသံအကျယ်ကြီးနဲ့ပြုတ်ကျလာခဲ့တယ်။ အဲ့ဒီအနောက်မှာရှိတာက အပေါက်တစ်ခုဖြစ်တယ်။
ထိုအပေါက်ရှိရာကို လီဖင်းဖင်းအာရုံရောက်သွားတာနဲ့ နင်နင်အခွင့်အရေးကိုအရယူပြီး ဓားကိုဆွဲယူဖို့လုပ်လိုက်တယ်။ ဒါပေမဲ့လီဖင်းဖင်းကအချိန်မှီပြန်လှည့်လာကာ သူမတို့နှစ်ယောက်ထပ်ပြီးသတ်ပုတ်ရပြန်တယ်။
အဝလွန်တာကဘဝကိုဖျက်ဆီးတာပဲ။ အခုအချိန်မှာပေါင်တစ်ရာ့ရှစ်ဆယ်လေးတဲ့ခန္ဓာကိုယ်က ဘာမှအလုပ်မဖြစ်ပါချေ။ လီဖင်းဖင်းကနင်နင့်ကိုနံရံအနားတွန်းပြီး နင်နင်ရဲ့လည်ပင်းပေါ်ကိုဓားထောက်လိုက်တယ်။
သူမကနင်နင့်ကိုချက်ချင်းဓားနဲ့မထိုးဘဲ အသက်လုရှူရင်းပြောလာတယ်။ "နင်ငါ့ကိုလိမ်နေပြန်ပြီ၊ သူ့အသုဘကိုငါတို့နှစ်ယောက်လုံးသွားခဲ့တာပဲ၊ သူဘယ်လိုလုပ်အသက်ရှင်နေဦးမှာလဲ?!"
ဓားသွားရဲ့အေးစက်မှုက နင်နင့်ခန္ဓာကိုယ်ထဲစိမ့်ဝင်လာကာ သူမကိုကြက်သီးမွေးညင်းတွေထလာစေတယ်။ သူမဟောဟဲလိုက်ရင်းပြောလိုက်တယ်။ "နင်သူ့အလောင်းကိုတွေ့ခဲ့လို့လား?"
လီဖင်းဖင်း, "..."
နင်နင်, "နင်တွေ့ခဲ့လား မတွေ့ခဲ့ဘူးလား?"
လီဖင်းဖင်း, "အခေါင်းရှိနေတာကို အလောင်းကဘယ်လိုလုပ်မရှိမှာလဲ?"
"အခြားတစ်ယောက်ရဲ့အလောင်းဆိုရင်ရော?" နင်နင်မေးလိုက်တယ်။
လီဖင်းဖင်းကအပေါက်တစ်ခုကိုကြည့်ရင်းရယ်လိုက်တယ်။ "သူ့မိဘတွေရော သူ့ယောက်ျားရောရှိနေတာကို၊ ဘယ်လိုလုပ်ပြီးအလောင်းကိုလဲထားမှာလဲ?"
"အတင်းအဖျင်းတွေကနေကိုယ်လွတ်ရုန်းဖို့အတွက်" နင်နင်ပြောလိုက်တယ်။
သူမတို့နှစ်ယောက်လုံးငြိမ်ကျသွားတယ်။ မသိရင်ဆီဆေးပန်းချီကားတစ်ချပ်အဖြစ် ကူးပြောင်းသွားသလိုပင်။
"...အဲ့ဒါလေးအတွက်နဲ့?" လီဖင်းဖင်းစတင်ရယ်မောလာတယ်။
"အဲ့ဒါက ကိစ္စသေးသေးလေးမလို့လား?" နင်နင်မေးလိုက်တယ်။
သူမရဲ့အမြင်က နည်းနည်းဝေးလွန်းတယ်ဆိုတာကိုသိပေမဲ့လည်း အခုလိုမျိုးအခြေအနေမှာ ဘယ်သူမှသေချာမတွက်ချက်နေနိုင်ပါချေ။ လီဖင်းဖင်းနားယောင်လာဖို့အတွက် သူမအစွမ်းကုန်ကြိုးစားရမှာပဲဖြစ်တယ်။
"ဒီလိုအတင်းအဖျင်းတွေလွှမ်းမိုးတာခံရရင် သူကိုယ်တိုင်ရောသူမိဘတွေရော သည်းညည်းခံနိုင်ကြတော့မှာမဟုတ်ဘူးလေ၊ ဒါပေမဲ့သေသွားရင်ဘာမှမဟုတ်တော့ဘူး၊ အတင်းအဖျင်းကကြီးကြီးသေးသေး ကာယကံရှင်သေသွားတာနဲ့ အဲ့ဒါလည်းပျောက်ကွယ်သွားမှာပဲ" နင်နင်ပြောလိုက်တယ်။
သူမအဲ့ဒါကိုဘာမှမစဉ်းစားဘဲပြောလိုက်တာဆိုပေမဲ့ သေချာစဉ်းစားကြည့်ရင် အဲ့ဒါကလည်းအဓိပ္ပာယ်ရှိလို့နေတယ်။ လီဖင်းဖင်းစိတ်ရှုပ်ထွေးလာတာကိုတွေ့ရပြီး သူမအဲ့ဒါကိုလေးလေးနက်နက်တွေးနိုင်မယ့်အချိန် နင်နင်မပေးနိုင်ပါချေ။
"ငါတို့ဒီမှာဘာဖြစ်လို့သတ်ပုတ်နေကြတာလဲ? ဒါကတောင်ဖေရွှမ်နဲ့ယန့်ချင် အကွက်ချထားတဲ့အစီအစဉ်ဖြစ်နိုင်တယ်!" နင်နင်အော်ပြောလိုက်တယ်။ "သေချာစဉ်းစားကြည့်၊ ယန့်ချင်သာမသေဘူးဆိုရင် သူတို့နှစ်ယောက်က အိမ်ထောင်သည်တွေဖြစ်နေတုန်းပဲလေ၊ အဲ့ဒါဆိုငါတို့နှစ်ယောက်ကဘာဖြစ်သွားမလဲ? တတိယလူနဲ့စတုတ္ထလူ? ငါတို့တတိယလူနဲ့စတုတ္ထလူတောင်ဖြစ်မှာမဟုတ်ဘူး၊ သူတို့ကငါတို့နှစ်ယောက်ကို အချင်းချင်းသတ်စေချင်နေကြတာပဲ!"
သူမရုတ်တရက်ခေါင်းလှည့်ကာ နံရံကိုအော်ပြောလိုက်တယ်။ "...သူ့ကိုပေးတွေ့လိုက်စမ်းပါ!"
မည်းနက်တဲ့နှလုံးသားနဲ့လူက ကိစ္စတွေကိုမည်းနက်တဲ့ဘက်ခြမ်းကနေတွေးလေ့ရှိတယ်။ နင်နင်ပြောနေတာကအမှန်တွေမဟုတ်ရင်တောင် လီဖင်းဖင်းအတွက်တော့အဓိပ္ပာယ်ရှိလို့နေတယ်။
လီဖင်းဖင်းကဝေခွဲရခက်နေပုံပင်။ သူမကိုပိုပြီးသွေးထိုးနိုင်ဖို့အတွက် နင်နင်နံရံကိုထုချလိုက်တယ်။ "ယန့်ချင်! နင်အထဲမှာရှိနေတယ်မဟုတ်လား? ယန့်ချင်! နင့်မျက်လုံးထဲမှာ ငါတို့ကဟာသဖြစ်နေလား?"
ဘယ်သူပြန်ဖြေဖြေ မဖြေဖြေ နင်နင်ဂရုမစိုက်ပါချေ။ သူမကနံရံကိုသာ တစ်ခေါက်ပြီးတစ်ခေါက် ပြင်းပြင်းထန်ထန်ထုရိုက်လို့နေတယ်။
လီဖင်းဖင်းကထုရိုက်တဲ့အသံကြောင့်ပိုစိတ်ရှုပ်လာပုံပေါ်ပြီး အော်ပြောလာတယ်။ "တော်လောက်ပြီ! သူအသက်ရှင်နေသေးတယ်လို့ နင်ပြောတယ်မလား? အဲ့ဒါဆိုသူ့ကိုငါ့ရှေ့ခေါ်လာခဲ့လေ!"
သူမခြေတစ်လှမ်းနောက်ဆုတ်ကာ နင်နင့်ကိုအရှေ့လျှောက်သွားဖို့ ဓားနဲ့ညွှန်ပြလိုက်တယ်။ လီဖင်းဖင်းရဲ့ခြိမ်းခြောက်မှုအောက်မှာ နင်နင်တစ်အိမ်လုံးကိုမြေလှန်ရှာတော့တယ်။
အိမ်ထဲလျှောက်သွားနေရင်း ချွေသီးတွေကသူမရဲ့နဖူးပေါ်ကို ဆက်တိုက်လိမ့်ကျလာတယ်။ သူမရှာတွေ့သမျှကချောင်းကြည့်ပေါက်တွေသာဖြစ်ပြီး နံရံတွေထဲဆက်ထားတဲ့တံခါးကို ရှာလို့မတွေ့ဘူးဖြစ်နေတယ်။
"နံရံကိုဖြိုမယ်" နင်နင်ပြောလိုက်တယ်။ "စတိုခန်းထဲမှာတူရှိတယ်"
"ငါနင့်လက်ထဲအဲ့လိုလက်နက်မျိုး ထည့်ပေးမယ်ထင်နေတာလား?" လီဖင်းဖင်းလှောင်ပြောလာတယ်။
"ဒါပေမဲ့သူကအထဲမှာလေ!" နင်နင်ပြောလိုက်တယ်။ "အဲ့လိုမှမဟုတ်ရင် နံရံပေါ်မှာဘာဖြစ်လို့အပေါက်တွေ ဒီလောက်တောင်များနေမှာလဲ? အလှပြထားတာလား? ဒါမှမဟုတ် အထဲကနေတစ်ယောက်ယောက် ချောင်းကြည့်နိုင်အောင်လုပ်ထားတာလား?"
"..." လီဖင်းဖင်းတိတ်ကျသွားတယ်။
သူမလီဖင်းဖင်းကိုစည်းရုံးလိုက်နိုင်ပြီလို့ထင်လိုက်တဲ့အချိန်မှာပဲ ဓားသွားကသူမရဲ့လည်ပင်းပေါ်ကိုထပ်ကျလာတယ်။ လီဖင်းဖင်းရဲ့အေးစက်စက်အသံထွက်ပေါ်လာတယ်။ "ထားလိုက်တော့၊ နင့်ကိုသတ်ပြီးတော့မှ ငါ့ဘာသာငါနံရံဖြိုတော့မယ်"
သေရေးရှင်ရေးအလယ်မှာ နင်နင်ဟိန်းဟောက်လိုက်တယ်။ "ငါ့မှာအကြံတစ်ခုရှိတယ်!"
သူမလည်ပင်းပေါ်မှာရှိနေတဲ့ဓားက အနည်းငယ်စိုက်ဝင်သွားပြီးမှရပ်လိုက်တယ်။
"နင်အဲ့လိုအလုပ်ရှုပ်ခံစရာမလိုဘူး..." နင်နင်ချွေးတွေဆက်တိုက်ကျလို့နေတယ်။ "ငါ့မှာပိုရိုးရှင်းတဲ့နည်းလမ်းရှိတယ်"
"...ဘာနည်းလမ်းလဲ?" လီဖင်းဖင်းပြောလာတယ်။
"ဖေရွှမ်" နင်နင်တံတွေးမြိုချပြီးပြောလိုက်တယ်။ "ဖေရွှမ်က နင်ငါ့ကိုသတ်လိုက်ပြီလားဆိုတာကိုအတည်ပြုဖို့ သေချာပေါက်ပြန်လာမှာပဲ"
"...ဆက်ပြော" လီဖင်းဖင်းပြောလာတယ်။
လီဖင်းဖင်းလက်ထဲကသော့တွဲကို ဖေရွှမ်ဆီကနေရတာမဟုတ်ဘူးထားပါတော့။ ဖေရွှမ်ရဲ့သွေးထိုးမှုကြောင့်သာမဟုတ်ရင် အဲ့ဒီသော့တွဲကိုသူမဘယ်ကနေရလာမှာလဲ? ဖေရွှမ်ကဘာဖြစ်လို့ သူမအောင်မြင် မမြင်ကို အတည်ပြုဖို့ပြန်လာမှာလဲ?
"နင့်မှာသံသယတွေအများကြီးရှိတာကိုသိပေမဲ့ ငါ့မှာလည်းရှိတာပဲ" နင်နင်ပြောလိုက်တယ်။ "နင်၊ ငါ၊ ယန့်ချင်၊ သုံးယောက်ထဲကဘယ်သူ့ကို သူသဘောကျတာလဲ? ယန့်ချင်ကိုသဘောကျတာဆိုရင် ဘာဖြစ်လို့သူ့ကိုပိတ်လှောင်ထားတာလဲ? ငါ့ကိုသဘောကျတာဆိုရင် ဘာဖြစ်လို့ငါ့ကိုသတ်ဖို့ကြံနေတာလဲ? နင့်ကိုသဘောကျတာဆိုရင်လည်း ဘာဖြစ်လို့နင့်ကိုလူသတ်သမားဖြစ်အောင် အကွက်ချနေရတာလဲ?
လီဖင်းဖင်းကသူမရဲ့အနောက်မှာရပ်နေတာဖြစ်တာကြောင့် သူမမျက်နှာပေါ်ကအမူအရာကိုနင်နင်မမြင်ရချေ။ သူမပူပန်စွာနဲ့စောင့်နေတဲ့အချိန်မှာ လီဖင်းဖင်းကအသံနိမ့်နိမ့်နဲ့ပြောလာတယ်။ "နင်ဘာလုပ်ချင်တာလဲ?"
လီဖင်းဖင်းသူမရဲ့မျက်နှာကိုမတွေ့ရဘူးဆိုတာကို သိတာကြောင့် နင်နင်ပြုံးလိုက်တယ်။
လောကထဲမှာအနီးကပ်ဆုံးဆက်ဆံရေးက ကြံရာပါတွေကြားကဆက်ဆံရေးပဲဖြစ်တယ်။ လောကကြီးထဲမှာမယုံကြည်ရဆုံးဆက်ဆံရေးကတော့ သုံးပွင့်ဆိုင်အချစ်ပဲဖြစ်တယ်။
ဖေရွှမ်ကလီဖင်းဖင်းကို သူ့ရဲ့ကြံပါရာအဖြစ်သွပ်သွင်းဖို့ကြံစည်ခဲ့ပေမဲ့ အခုတော့သူမကနင်နင့်ရဲ့ဘက်ကိုပါလာပြီဖြစ်တယ်။
"ဖေရွှမ်ပြန်လာဖို့အများဆုံးကြာသုံးလေးရက်ပဲ" နင်နင်အသက်ပြင်းပြင်းရှူလိုက်တယ်။ "အဲ့ဒီအချိန်ကျရင် ငါတို့တွေ..."
သုံးရက်ကြာပြီးနောက်။
ရထားတစ်စင်းကဘူတာရုံမှာဆိုက်ရောက်လာတယ်။ ဖေရွှမ်လက်ထဲကသတင်းစာကိုချကာ သူ့ရဲ့လက်ဆွဲအိတ်နဲ့အတူ ရထားပေါ်ကနေဆင်းလိုက်တယ်။
ဒီအပန်းဖြေခရီးက သူ့ကိုအသက်သွင်းပေးလိုက်သလိုမျိုး သူလူအုပ်ကြားထဲမှာတောက်ပလို့နေတယ်။
သူလက်ဝေ့ယမ်းကာ တက္ကစီတစ်စီးတားလိုက်တယ်။
"ဘယ်ကိုလဲဆရာ?" တက္ကစီသမားကမေးလာတယ်။
"တက္ကသိုလ်လက်အောက် အထက်တန်းကျောင်းကိုပါ"
တက္ကစီကကျောင်းအရှေ့မှာရပ်သွားတယ်။ တက္ကစီပေါ်ကဆင်းပြီးတာနဲ့ဖေရွှမ်လုပ်တာက နင်နင်ရဲ့ရုံးခန်းကိုသွားတာပဲဖြစ်တယ်။ ရုံးခန်းထဲမှာဆရာမအချို့ရှိနေပြီး တစ်ယောက်ကအမှတ်ခြစ်နေကာ အခြားနှစ်ယောက်ကစကားစမြည်ပြောနေကြတယ်။
"တစ်ဆိတ်လောက်ခင်ဗျ" ဖေရွှမ်လျှောက်သွားပြီးမေးလိုက်တယ်။ "ယွင်လင်ရှိလား?"
"ယွင်လင်?" ဆရာမနှစ်ယောက်ကစကားပြောတာကိုရပ်ပြီး သူ့ကိုမော့ကြည့်လာတယ်။ "သူကျောင်းမလာတာ ရက်နည်းနည်းတောင်ကြာနေပြီ"
"ကျွန်တော်သူ့ရဲ့သတို့သားလောင်းပါ၊ ကျွန်တော်အခုမှအလုပ်ခရီးကနေပြန်ရောက်လို့ သူ့ကိုပါတစ်ခါတည်းဝင်ကြိုဖို့လုပ်ထားတာ" ဖေရွှမ်ရဲ့မျက်နှာကမရေရာမှုတွေပြည့်နေတယ်။ "သူကျောင်းမလာတာရက်နည်းနည်းကြာပြီပေါ့လေ?"
"ဟုတ်တယ်၊ သုံးရက်ရှိပြီ" ဆရာမတစ်ယောက်ကပြောလာတယ်။ "သူ့ကိုတွေ့ရင် မြန်မြန်ပြန်လာဖို့ပြောပေးနော်၊ ကျောင်းအုပ်ကြီးကသူ့ကိုတွေ့ချင်နေတယ်"
"ဟုတ်ကဲ့ပါ" ဖေရွှမ်ကခေါင်းမြန်မြန်ညိတ်ပြီး ဆက်မေးလာတယ်။ "သူဘယ်သွားလဲဆိုတာကို သူ့ရဲ့အခန်းဖော်ဖြစ်ဖြစ်သိထားလား?
"သူ့အခန်းဖော်? အား လီဖင်းဖင်း" ဆရာမကခေါင်းထပ်ခါပြလာတယ်။ "လီဖင်းဖင်းလည်းကျောင်းမလာတာ သုံးရက်လောက်ရှိပြီ"
"အဲ့လိုလား..." ဖေရွှမ်ကစိတ်ပျက်သွားသလိုခေါင်းငုံ့လိုက်တယ်။ ပြီးတော့ထိုဆရာမနှစ်ယောက်ကို ရည်ရည်မွန်မွန်ပြောလိုက်တယ်။ "ဟုတ်ကဲ့ပါ၊ ဒါဆိုကျွန်တော်အိမ်ပြန်ပြီး သူရှိနေလားကြည့်လိုက်ဦးမယ်"
ဖေရွှမ်အတွေးတွေအပြည့်နဲ့ ကျောင်းထဲကနေထွက်လာခဲ့တယ်။ လူအချို့ကသူ့ကိုမှတ်မိတာကြောင့် သူ့အနားလာပြီးတောင်နှုတ်ဆက်ကြသေးတယ်။
သူတက္ကစီထဲရောက်တာနဲ့ သူ့မျက်နှာပေါ်ကစိုးရိမ်ပူပန်နေတဲ့အမူအရာပျောက်ကွယ်သွားတယ်။ သူခြေတစ်ဖက်ချိတ်ကာ ပေါ့ပေါ့ပါးပါးပြောလိုက်တယ်။ "အရိပ်,ရိပ်သာလမ်းကိုပို့ပေးပါ"
တက္ကစီကသူ့အိမ်အရှေ့မှာရပ်သွားတယ်။
သူကားပေါ်ကဆင်းပြီးတော့ အိမ်အရှေ့မှာရပ်လိုက်ပေမဲ့ အိမ်တံခါးကိုတော့မဖွင့်ပါချေ— သူ့သော့ကိုသူများဆီပေးလိုက်ပြီပဲ။
သူလက်ပတ်နာရီကိုငုံ့ကြည့်လိုက်တယ်။ အချိန်ကျတော့မယ်၊ သူစိတ်ထဲကနေ ခြောက်ဆယ်အထိရေတွက်လိုက်တယ်။
အိမ်နီးနားချင်းအသက်ကြီးစုံတွဲနှစ်ယောက်က ပန်းခြံထဲမှာလမ်းလျှောက်ဖို့ အိမ်ထဲကနေထွက်လာကြတယ်။
"ဦးလေးလီ၊ ဒေါ်လေးလီ" ဖေရွှမ်သူတို့ကိုအရင်နှုတ်ဆက်လိုက်တယ်။
"အိုက်ယား ရှောင်ဖေ၊ ဘာဖြစ်လို့အပြင်မှာရပ်နေတာလဲ?" ဒေါ်လေးလီက သူ့လက်ထဲကိုင်ထားတဲ့လက်ဆွဲအိတ်ကိုကြည့်လာတယ်။ "ခရီးကနေပြန်လာတာလား?"
"ဟုတ်ကဲ့" ဖေရွှမ်ကအခက်တွေ့နေတဲ့အမူအရာနဲ့ပြောလိုက်တယ်။ "ကျွန်တော်အဲ့မှာသော့ပျောက်သွားလို့ အခုအိမ်ထဲဝင်လို့မရတော့ဘူး"
"အဲ့ဒါဆိုတံခါးခေါက်ကြည့်လေ၊ အိမ်ထဲမှာလူရှိနေတာပဲ" ဒေါ်လေးလီကမြန်မြန်ပြောလာတယ်။ "ညဘက်တွေမီးဖွင့်ထားတာအဒေါ်တွေ့တယ်"
"ဟုတ်လား?" ဖေရွှမ်အိမ်တံခါးအရှေ့ကိုချက်ချင်းလျှောက်သွားပြီး တံခါးခေါက်လိုက်တယ်။ "ယွင်လင်၊ ယွင်လင်! တံခါးဖွင့်ပေးဦးလေ အချစ်!"
သူ့အော်သံကတစ်စတစ်စကျယ်လောင်လာကာ သူ့ရဲ့အမူအရာကပိုပြီးတုန်လှုပ်တဲ့ပုံပေါ်လာတယ်။
အသက်ကြီးစုံတွဲနှစ်ယောက်က အကြည့်ချင်းဖလှယ်လိုက်ကာ သူတို့ပါသူနဲ့တူတူတုန်လှုပ်လာကြတယ်။ ဒေါ်လေးလီကဂရုတစိုက်မေးလာတယ်။ "ဘာဖြစ်လို့လဲ? မင်းတို့ရန်ဖြစ်ထားကြလို့လား?"
"...ယွင်လင်တစ်ခုခုဖြစ်နေပြီထင်တယ်" ဖေရွှမ်အသံတိုးတိုးနဲ့ပြောလိုက်တယ်။ "ကျွန်တော်သူ့ကိုကြိုဖို့ကျောင်းသွားခဲ့တာ ကျောင်းကလူတွေက သူမလာတာသုံးရက်ရှိပြီလို့ပြောတယ်"
ဒေါ်လေးလီအာမေဋိတ်အသံပြုလိုက်တယ်။ ဦးလေးလီကသူမကိုဖက်ကာ ဖေရွှမ်ကိုပြောလာတယ်။ "ဦးလေးတို့သားကိုခေါ်လိုက်မယ်"
"ကျွန်တော်မစောင့်နိုင်တော့ဘူး" ဖေရွှမ်တံခါးကိုပိုပြီး ကြမ်းကြမ်းတမ်းထုတော့တယ်။
ဘန်း၊ ဘန်း၊ ဘန်း...
သူခြေနှစ်လှမ်းအနောက်ဆုတ်ပြီး ကိုယ်နဲ့တိုက်ဖို့ပြင်နေတဲ့အချိန်မှာပဲ တံခါးကအထဲကနေပွင့်ဟလာတယ်။
သွေးစွန်းနေတဲ့ဓားကိုကိုင်ထားတဲ့လီဖင်းဖင်းက တံခါးအနောက်မှာအမူအရာမဲ့စွာနဲ့ရပ်လို့နေတယ်။
_________________________
{Zawgyi}
အခန္း ၆၇: ေသြးထိုးျခင္း
အဲ့ဒီဓာတ္ပုံေဘာင္ရဲ႕လွ်ိဳ႕ဝွက္ခ်က္ကဘာျဖစ္မလဲ?
အမွန္တရားကိုရွာေဖြေတြ႕ရွိႏိုင္မယ့္အခြင့္အေရးက နင္နင္ရဲ႕မ်က္စိေရွ႕မွာရွိေနၿပီျဖစ္တယ္။
ေဖ႐ႊမ္ရဲ႕ကုမၸဏီက႐ုတ္တရက္ႀကီး သူ႔ကို႐ုံးခ်ဳပ္ဆီျပန္လာဖို႔အေၾကာင္းၾကားလာတယ္။
"ရွင္ဘယ္ေတာ့ျပန္လာမွာလဲ?" နင္နင္လက္ထဲမွာမီးခိုးေရာင္ကုတ္အက်ႌကိုကိုင္ထားတယ္။
"ကိုယ္ဒီေန႔ထြက္ၿပီး ငါးရက္ေလာက္ေနရင္ျပန္ေရာက္မယ္" နင္နင္သူ႔ကိုကုတ္အက်ႌဝတ္ေပးေနတုန္းမွာ ေဖ႐ႊမ္ေျပာလာတယ္။ သူရယ္လိုက္တယ္။ "မင္းဒီမွာပဲေနၿပီးအိမ္မေစာင့္ေပးခ်င္ဘူးလား?"
နင္နင္ခဏေလာက္တုံ႔ဆိုင္းေနဟန္ေဆာင္ၿပီးမွ သူ႔ကိုၿပဳံးျပလိုက္တယ္။ "ရတယ္ေလ"
ေဖ႐ႊမ္မထြက္သြားခင္ သူမကိုႏႈတ္ဆက္အနမ္းေပးသြားခဲ့တယ္။
သူ႔ကိုတံခါးဝကေနလက္ေဝ့ယမ္းျပကာ ကားထြက္သြားတာကိုၾကည့္ရင္း နင္နင့္ရဲ႕အၿပဳံးကတျဖည္းျဖည္းေလ်ာ့ပါးသြားတယ္။
သူမကိုယ္ကိုလွည့္ၿပီးတံခါးေသာ့ခတ္ကာ အိမ္ထဲျပန္ဝင္လာခဲ့တယ္။ ၿပီးေတာ့ဓာတ္ပုံေဘာင္ေတြရွိရာဆီကို တစ္လွမ္းခ်င္းစီေလွ်ာက္လာခဲ့တယ္။
ပုံမွန္ဆိုရင္လူတစ္ေယာက္က ဓာတ္ပုံေလးငါးပုံေလာက္ကိုပဲခ်ိတ္ဆြဲထားေနက်ျဖစ္တယ္။ ဘယ္သူမွေဖ႐ႊမ္လိုမ်ိဳး နံရံတစ္ခုျပည့္ႏွက္သြားေအာင္ခ်ိတ္ေလ့မရွိပါေခ်။
နင္နင္ဓာတ္ပုံေဘာင္ထဲကသူမကိုယ္သူမျပန္စိုက္ၾကည့္ကာ ထိုဓာတ္ပုံေဘာင္ကိုျဖဳတ္လိုက္တယ္။
အရင္တစ္ေခါက္ဓာတ္ပုံေဘာင္ေတြလဲတုန္းက နင္နင္ကေဘာင္ကိုသာကမ္းေပးရၿပီး ေဖ႐ႊမ္းကနံရံေပၚခ်ိတ္တဲ့သူျဖစ္တယ္။ အဲ့ဒီတုန္းကေဖ႐ႊမ္ရဲ႕ခႏၶာကိုယ္နဲ႔ကြယ္ေနတာေၾကာင့္ သူလုပ္ေနတာေတြကိုနင္နင္ေသခ်ာမၾကည့္ခဲ့ရပါေခ်။
အခုေတာ့သူမရွင္းရွင္းလင္းလင္းျမင္ေနရၿပီျဖစ္တယ္။
"ဒါက..." နင္နင္လက္ေျမႇာက္ကာ ဓာတ္ပုံေဘာင္အေနာက္နံရံကိုထိေတြ႕လိုက္တယ္။
နံရံေပၚမွာရွိေနတာက အေပါက္ေသးေသးေလးတစ္ခုျဖစ္တယ္။
သူမထိုအေပါက္ေလးကိုထိၾကည့္ၿပီး ေဘးပတ္ပတ္လည္ကဓာတ္ပုံေဘာင္ေတြကို ေဝ့ဝိုက္ၾကည့္လိုက္တယ္။ သူမခပ္ျမန္ျမန္ေလွ်ာက္ကာ ဓာတ္ပုံေဘာင္တစ္ခုခ်င္းစီကိုျဖဳတ္ခ်လိုက္တယ္။
သူမစႀကႍလမ္းတစ္ေလွ်ာက္ကဓာတ္ပုံေဘာင္ေတြကို တစ္ခုခ်င္းစီျဖဳတ္ခ်လို႔ေနတယ္။ ႀကီးႀကီးေသးေသး၊ ဓာတ္ပုံေဘာင္တိုင္းကသူမရဲ႕ေဘးဘက္ ၾကမ္းျပင္ေပၚမွာစုပုံလို႔လာတယ္။ သူမစႀကႍလမ္းေထာင့္အစြန္းဆုံးကိုေရာက္လာၿပီးေနာက္ ႐ုတ္ခနဲေခါင္းလွည့္ၾကည့္လိုက္တဲ့အခ်ိန္မွာ သူမရဲ႕ေက်ာ႐ိုးတစ္ေလွ်ာက္ ၾကက္သီးေမြးညင္းေတြျဖန႔္က်က္သြားတယ္။
သူမရဲ႕အေနာက္မွာရွိေနတာက အေပါက္ေသးေသးေလးေတြနဲ႔ျပည့္ႏွက္ေနတဲ့နံရံပဲျဖစ္တယ္။
သူမေခါင္းကိုခ်က္ခ်င္းျပန္လွည့္ကာ ထပ္မၾကည့္ရဲေတာ့ေခ်။ သူမမီးဖိုခန္းထဲကိုေလွ်ာက္သြားလိုက္တယ္။
စၾကၤလမ္းမွာပဲျဖစ္ျဖစ္၊ မီးဖိုခန္းထဲမွာပဲျဖစ္ျဖစ္၊ စႏၵယားခန္းထဲမွာပဲျဖစ္ျဖစ္၊ ဓာတ္ပုံေဘာင္ေတြအကုန္လုံးရဲ႕အေနာက္ဘက္နံရံက ပုံမွန္မဟုတ္ေနပါေခ်။ ပန္းပြင့္႐ိုက္ဂါဝန္၊ စႏၵယား၊ ဓာတ္ပုံထဲကလူရဲ႕ညာဘက္မ်က္လုံး၊ အကုန္လုံးကတစ္ခုေသာအရာကိုလွ်ိဳ႕ဝွက္ထားၾကတယ္။
ပုန္းကြယ္ေနတဲ့ေခ်ာင္းၾကည့္ေပါက္။
သူမအဆုံးမွာအိပ္ခန္းတံခါးကိုဖြင့္လိုက္တယ္။
ႏွင္းလိုျဖဴစြတ္ေနတဲ့စုံတြဲအိပ္ရာ၊ "ေပ်ာ္႐ႊင္မႈ"လို႔စာ႐ိုက္ထားတဲ့ေခါင္းအုံးေတြ။
အဲ့ဒါေတြၿပီးေတာ့ ဒီအိမ္ထဲမွာေနာက္ဆုံးက်န္တဲ့ ယန႔္ခ်င္ရဲ႕ဓာတ္ပုံေဘာင္။
နင္နင္အဲ့ဒီအနားကိုျဖည္းျဖည္းခ်င္းစီေလွ်ာက္သြားတယ္။ နံရံေပၚမွာခ်ိတ္ထားတဲ့ဓာတ္ပုံေဘာင္က လူတစ္ရပ္စာေလာက္ျမင့္တာျဖစ္တယ္။ ထိုအထဲမွာရွိေနတဲ့မဂၤလာသတို႔သမီးက နင္နင္လာမွာကိုေမွ်ာ္လင့္ထားသလိုမ်ိဳး သူမကိုတိတ္တဆိတ္ၾကည့္လို႔ေနတယ္။
"...ယန႔္ခ်င္" နင္နင္ျဖည္းျဖည္းခ်င္းလက္ေျမႇာက္ကာ ဓာတ္ပုံထဲကမ်က္လုံးကိုပြတ္သပ္လိုက္တယ္။ "နင္အထဲမွာရွိေနလား?"
သူမရဲ႕အေနာက္ကတစ္စုံတစ္ခုကိုၾကည့္ေနသလိုမ်ိဳး ထိုမ်က္လုံးကရိပ္ခနဲလႈပ္သြားတယ္။
နင္နင္ကိုယ္ကိုခ်က္ခ်င္းလွည့္လိုက္တယ္။
သူမရဲ႕အေနာက္မွာဓားတစ္လက္ရွိေနတယ္!
"အား!" နင္နင္ေအာ္ဟစ္လိုက္တယ္။ နင္နင္ေဘးဘက္ကိုေ႐ႊ႕ကာ ထိုထိုးစိုက္က်လာတဲ့ဓားသြားကေန သီသီေလးလြတ္ေျမာက္သြားတယ္။ ဓားသြားကဓာတ္ပုံကိုထိုးစိုက္သြားကာ ဓာတ္ပုံေဘာင္ထဲကယန႔္ခ်င္ရဲ႕ေခါင္းကို ႏွစ္ျခမ္းခြဲခ်လိုက္တယ္။
ဆံႏြယ္အခ်ိဳ႕ကၾကမ္းျပင္ေပၚကိုေဝ့ဝဲက်လာတယ္။ နင္နင္တစ္ဖက္လူကိုၾကည့္လိုက္တယ္။ "လီဖင္းဖင္း!"
လီဖင္းဖင္းကလက္ထဲမွာဓားကိုကိုင္ရင္း သူမကိုျဖည္းညင္းစြာလွည့္ၾကည့္လာတယ္။ အခုအခ်ိန္မွာသူမကအရမ္းေၾကာက္ဖို႔ေကာင္းေနကာ သူမရဲ႕မ်က္လုံးေတြကစိတ္လႈပ္ရွားမႈေၾကာင့္ တလက္လက္ေတာက္ပလို႔ေနတယ္။
နင္နင္တံခါးနားကိုေလွ်ာက္သြားရင္းနဲ႔ေမးလိုက္တယ္။ "နင္ဒီထဲဘယ္လိုဝင္လာတာလဲ?"
...ထူးဆန္းတယ္။ သူမတံခါးကိုေသခ်ာေသာ့ခတ္ခဲ့ပါတယ္။ လီဖင္းဖင္းအိမ္ထဲဘယ္လိုဝင္လာႏိုင္တာလဲ?
လီဖင္းဖင္းကေအာင္ႏိုင္သူအၿပဳံးမ်ိဳးၿပဳံးကာ အိတ္ကပ္ထဲကေသာ့တြဲကိုထုတ္ၿပီး နင္နင့္ကိုလႈပ္ယမ္းျပလာတယ္။
"နင္ဘယ္လိုထင္လဲ?" သူမေမးလာတယ္။
နင္နင့္ရဲ႕မ်က္အိမ္က်ဥ္းေျမာင္းသြားတယ္။
"နင့္ကိုဘယ္သူေသာ့ေပးတာလဲ?" သူမအသံနိမ့္နိမ့္နဲ႔ေမးလိုက္တယ္။ "ေဖ႐ႊမ္လား?"
လီဖင္းဖင္းကျပန္မေျဖပါေခ်။ သူမက ေဖ႐ႊမ္ဆီမွာရွိေနရမယ့္ေသာ့တြဲကို အိတ္ကပ္ထဲျပန္ထည့္ကာ ဓားကိုေျမႇာက္ၿပီးနင္နင့္အနားေလွ်ာက္လာတယ္။
နင္နင္လွည့္ေျပးေပမဲ့ သူမရဲ႕ကိုယ္ကဝလြန္းေနတယ္။ သူမေျပးရင္းနဲ႔အသက္လုရႉလာရတယ္။ ေဖ႐ႊမ္ရဲ႕စကားေတြက သူမရဲ႕ေခါင္းထဲမွာျပန္လည္ပဲ့တင္ထပ္လာတယ္။
"မ်ားမ်ားစား"
"ပိန္ရင္ကိုင္ရမယ့္အသားေတြသိပ္မရွိဘူး၊ မင္းမွာအသားေတြမ်ားရင္ ကိုယ္ပိုသေဘာက်တယ္"
"လာ ဟ၊ ကိုယ္ခြံ႕မယ္"
"ဘာမွမျဖစ္ဘူး၊ မင္းလမ္းေလွ်ာက္လို႔မရေတာ့ရင္ ကိုယ္ကုန္းပိုးေပးမယ္"
ဆိတ္အဆီေတြ၊ ဝက္ေကာင္လုံးကင္ေတြ၊ ကိတ္ေတြ၊ အဲ့ဒါေတြအကုန္လုံးကို အခ်စ္လို႔နာမည္တပ္ၿပီးသူမကိုအတင္းေကြၽးခဲ့တယ္။ နဂိုကတည္းကဖြံ႕ေနတဲ့ယြင္လင္ရဲ႕ခႏၶာကိုယ္က ပိုပိုၿပီးဝလာတယ္။ သူမေျပးလို႔မႏိုင္ေတာ့ေပ။ အခုအခ်ိန္မွာသူမက အသတ္စားခံရဖို႔ေစာင့္ေနရတဲ့ဝက္တစ္ေကာင္အတိုင္းပင္။
လီဖင္းဖင္းကနင္နင့္ကိုျမန္ျမန္ပဲလိုက္မွီလာတယ္။ အဆုံးမွာသူမတို႔ႏွစ္ေယာက္ လုံးေထြးေနတဲ့အေျခအေနကိုေရာက္လာခဲ့တယ္။
နင္နင္ကလီဖင္းဖင္းရဲ႕လက္ေကာက္ဝတ္ကို တင္းတင္းက်ပ္က်ပ္ဆုပ္ကိုင္ထားၿပီး ဓားသြားကသူမရဲ႕ခႏၶာကိုယ္နဲ႔ လက္မအနည္းငယ္သာေဝးကြာေနတယ္။ သူမရဲ႕လက္ကိုသာနည္းနည္းေျဖေလွ်ာ့လိုက္မိရင္ ဓားသြားကသူမကိုယ္ထဲခ်က္ခ်င္းထိုးစိုက္လာေတာ့မွာျဖစ္တယ္။
"ေဖ႐ႊမ္ကနင့္ကိုအသုံးခ်ေနတာ!" နင္နင္႐ုတ္တရက္လီဖင္းဖင္းကိုေအာ္ေျပာလိုက္တယ္။
လီဖင္းဖင္းကအံ့ဩသြားတာေၾကာင့္ သူမရဲ႕လက္နည္းနည္းအားေလ်ာ့သြားတယ္။
ဒါေပမဲ့အဲ့ဒါကခဏသာၾကာရွည္ခံလိုက္ၿပီး သူမရဲ႕မ်က္လုံးထဲမွာလူသတ္ေငြ႕ေတြ ျပန္လည္အရည္လဲ့လာခဲ့တယ္။
သူမဘာလုပ္သင့္လဲ? နင္နင့္ရဲ႕မ်က္ႏွာေပၚမွာေခြၽးေတြဆက္တိုက္က်ေနကာ ဓားသြားထိပ္ကသူမရဲ႕မ်က္လုံးနားကို တျဖည္းျဖည္းနီးကပ္လာလို႔ေနတယ္။
"ယန႔္ခ်င္အသက္ရွင္ေနေသးတယ္!" နင္နင္ထပ္ေအာ္လိုက္တယ္။ "နံရံကိုၾကည့္ၾကည့္၊ အေပါက္ထဲကိုၾကည့္ၾကည့္! သူငါတို႔ကိုအဲ့ဒီအေနာက္ကေနၾကည့္ေနတယ္!"
"မျဖစ္ႏိုင္တာ" လီဖင္းဖင္းကအဲ့လိုေျပာေနေပမဲ့ သူမရဲ႕မ်က္လုံးေတြက နံရံဘက္ကိုအလိုအေလ်ာက္ေ႐ြ႕သြားတယ္။
တိုက္တိုက္ဆိုင္ဆိုင္သူမေခါင္းလွည့္လိုက္တဲ့အခ်ိန္မွာ ခုနတုန္းကသူမဓားနဲ႔ခြဲခဲ့တဲ့ဓာတ္ပုံေဘာင္က နံရံေပၚကေနအသံအက်ယ္ႀကီးနဲ႔ျပဳတ္က်လာခဲ့တယ္။ အဲ့ဒီအေနာက္မွာရွိတာက အေပါက္တစ္ခုျဖစ္တယ္။
ထိုအေပါက္ရွိရာကို လီဖင္းဖင္းအာ႐ုံေရာက္သြားတာနဲ႔ နင္နင္အခြင့္အေရးကိုအရယူၿပီး ဓားကိုဆြဲယူဖို႔လုပ္လိုက္တယ္။ ဒါေပမဲ့လီဖင္းဖင္းကအခ်ိန္မွီျပန္လွည့္လာကာ သူမတို႔ႏွစ္ေယာက္ထပ္ၿပီးသတ္ပုတ္ရျပန္တယ္။
အဝလြန္တာကဘဝကိုဖ်က္ဆီးတာပဲ။ အခုအခ်ိန္မွာေပါင္တစ္ရာ့ရွစ္ဆယ္ေလးတဲ့ခႏၶာကိုယ္က ဘာမွအလုပ္မျဖစ္ပါေခ်။ လီဖင္းဖင္းကနင္နင္ကိုနံရံနားတြန္းၿပီး နင္နင္ရဲ႕လည္ပင္းေပၚကိုဓားေထာက္လိုက္တယ္။
သူမကနင္နင့္ကိုခ်က္ခ်င္းဓားနဲ႔မထိုးဘဲ အသက္လုရႉရင္းေျပာလာတယ္။ "နင္ငါ့ကိုလိမ္ေနျပန္ၿပီ၊ သူ႔အသုဘကိုငါတို႔ႏွစ္ေယာက္လုံးသြားခဲ့တာပဲ၊ သူဘယ္လိုလုပ္အသက္ရွင္ေနဦးမွာလဲ?!"
ဓားသြားရဲ႕ေအးစက္မႈက နင္နင့္ခႏၶာကိုယ္ထဲစိမ့္ဝင္လာကာ သူမကိုၾကက္သီးေမြးညင္းေတြထလာေစတယ္။ သူမေဟာဟဲလိုက္ရင္းေျပာလိုက္တယ္။ "နင္သူ႔အေလာင္းကိုေတြ႕ခဲ့လို႔လား?"
လီဖင္းဖင္း, "..."
နင္နင္, "နင္ေတြ႕ခဲ့လား မေတြ႕ခဲ့ဘူးလား?"
လီဖင္းဖင္း, "အေခါင္းရွိေနတာကို အေလာင္းကဘယ္လိုလုပ္မရွိမွာလဲ?"
"အျခားတစ္ေယာက္ရဲ႕အေလာင္းဆိုရင္ေရာ?" နင္နင္ေမးလိုက္တယ္။
လီဖင္းဖင္းကအေပါက္တစ္ခုကိုၾကည့္ရင္းရယ္လိုက္တယ္။ "သူ႔မိဘေတြေရာ သူ႔ေယာက္်ားေရာရွိေနတာကို၊ ဘယ္လိုလုပ္ၿပီးအေလာင္းကိုလဲထားမွာလဲ?"
"အတင္းအဖ်င္းေတြကေနကိုယ္လြတ္႐ုန္းဖို႔အတြက္" နင္နင္ေျပာလိုက္တယ္။
သူမတို႔ႏွစ္ေယာက္လုံးၿငိမ္က်သြားတယ္။ မသိရင္ဆီေဆးပန္းခ်ီကားတစ္ခ်ပ္အျဖစ္ ကူးေျပာင္းသြားသလိုပင္။
"...အဲ့ဒါေလးအတြက္နဲ႔?" လီဖင္းဖင္းစတင္ရယ္ေမာလာတယ္။
"အဲ့ဒါက ကိစၥေသးေသးေလးမလို႔လား?" နင္နင္ေမးလိုက္တယ္။
သူမရဲ႕အျမင္က နည္းနည္းေဝးလြန္းတယ္ဆိုတာကိုသိေပမဲ့လည္း အခုလိုမ်ိဳးအေျခအေနမွာ ဘယ္သူမွေသခ်ာမတြက္ခ်က္ေနႏိုင္ပါေခ်။ လီဖင္းဖင္းနားေယာင္လာဖို႔အတြက္ သူမအစြမ္းကုန္ႀကိဳးစားရမွာပဲျဖစ္တယ္။
"ဒီလိုအတင္းအဖ်င္းေတြလႊမ္းမိုးတာခံရရင္ သူကိုယ္တိုင္ေရာသူမိဘေတြေရာ သည္းညည္းခံႏိုင္ၾကေတာ့မွာမဟုတ္ဘူးေလ၊ ဒါေပမဲ့ေသသြားရင္ဘာမွမဟုတ္ေတာ့ဘူး၊ အတင္းအဖ်င္းကႀကီးႀကီးေသးေသး ကာယကံရွင္ေသသြားတာနဲ႔ အဲ့ဒါလည္းေပ်ာက္ကြယ္သြားမွာပဲ" နင္နင္ေျပာလိုက္တယ္။
သူမအဲ့ဒါကိုဘာမွမစဥ္းစားဘဲေျပာလိုက္တာဆိုေပမဲ့ ေသခ်ာစဥ္းစားၾကည့္ရင္ အဲ့ဒါကလည္းအဓိပၸာယ္ရွိလို႔ေနတယ္။ လီဖင္းဖင္းစိတ္ရႈပ္ေထြးလာတာကိုေတြ႕ရၿပီး သူမအဲ့ဒါကိုေလးေလးနက္နက္ေတြးႏိုင္မယ့္အခ်ိန္ နင္နင္မေပးႏိုင္ပါေခ်။
"ငါတို႔ဒီမွာဘာျဖစ္လို႔သတ္ပုတ္ေနၾကတာလဲ? ဒါကေတာင္ေဖ႐ႊမ္နဲ႔ယန႔္ခ်င္ အကြက္ခ်ထားတဲ့အစီအစဥ္ျဖစ္ႏိုင္တယ္!" နင္နင္ေအာ္ေျပာလိုက္တယ္။ "ေသခ်ာစဥ္းစားၾကည့္၊ ယန႔္ခ်င္သာမေသဘူးဆိုရင္ သူတို႔ႏွစ္ေယာက္က အိမ္ေထာင္သည္ေတြျဖစ္ေနတုန္းပဲေလ၊ အဲ့ဒါဆိုငါတို႔ႏွစ္ေယာက္ကဘာျဖစ္သြားမလဲ? တတိယလူနဲ႔စတုတၳလူ? ငါတို႔တတိယလူနဲ႔စတုတၳလူေတာင္ျဖစ္မွာမဟုတ္ဘူး၊ သူတို႔ကငါတို႔ႏွစ္ေယာက္ကို အခ်င္းခ်င္းသတ္ေစခ်င္ေနၾကတာပဲ!"
သူမ႐ုတ္တရက္ေခါင္းလွည့္ကာ နံရံကိုေအာ္ေျပာလိုက္တယ္။ "...သူ႔ကိုေပးေတြ႕လိုက္စမ္းပါ!"
မည္းနက္တဲ့ႏွလုံးသားနဲ႔လူက ကိစၥေတြကိုမည္းနက္တဲ့ဘက္ျခမ္းကေနေတြးေလ့ရွိတယ္။ နင္နင္ေျပာေနတာကအမွန္ေတြမဟုတ္ရင္ေတာင္ လီဖင္းဖင္းအတြက္ေတာ့အဓိပၸာယ္ရွိလို႔ေနတယ္။
လီဖင္းဖင္းကေဝခြဲရခက္ေနပုံပင္။ သူမကိုပိုၿပီးေသြးထိုးႏိုင္ဖို႔အတြက္ နင္နင္နံရံကိုထုခ်လိုက္တယ္။ "ယန႔္ခ်င္! နင္အထဲမွာရွိေနတယ္မဟုတ္လား? ယန႔္ခ်င္! နင့္မ်က္လုံးထဲမွာ ငါတို႔ကဟာသျဖစ္ေနလား?"
ဘယ္သူျပန္ေျဖေျဖ မေျဖေျဖ နင္နင္ဂ႐ုမစိုက္ပါေခ်။ သူမကနံရံကိုသာ တစ္ေခါက္ၿပီးတစ္ေခါက္ ျပင္းျပင္းထန္ထန္ထု႐ိုက္လို႔ေနတယ္။
လီဖင္းဖင္းကထု႐ိုက္တဲ့အသံေၾကာင့္ပိုစိတ္ရႈပ္လာပုံေပၚၿပီး ေအာ္ေျပာလာတယ္။ "ေတာ္ေလာက္ၿပီ! သူအသက္ရွင္ေနေသးတယ္လို႔နင္ေျပာတယ္မလား? အဲ့ဒါဆိုသူ႔ကိုငါ့ေရွ႕ေခၚလာခဲ့ေလ!"
သူမေျခတစ္လွမ္းေနာက္ဆုတ္ကာ နင္နင့္ကိုအေရွ႕ေလွ်ာက္သြားဖို႔ ဓားနဲ႔ၫႊန္ျပလိုက္တယ္။ လီဖင္းဖင္းရဲ႕ၿခိမ္းေျခာက္မႈေအာက္မွာ နင္နင္တစ္အိမ္လုံးကိုေျမလွန္ရွာေတာ့တယ္။
အိမ္ထဲေလွ်ာက္သြားေနရင္း ေခြၽသီးေတြကသူမရဲ႕နဖူးေပၚကို ဆက္တိုက္လိမ့္က်လာတယ္။ သူမရွာေတြ႕သမွ်ကေခ်ာင္းၾကည့္ေပါက္ေတြသာျဖစ္ၿပီး နံရံေတြထဲဆက္ထားတဲ့တံခါးကို ရွာလို႔မေတြ႕ဘူးျဖစ္ေနတယ္။
"နံရံကိုၿဖိဳမယ္" နင္နင္ေျပာလိုက္တယ္။ "စတိုခန္းထဲမွာတူရွိတယ္"
"ငါနင့္လက္ထဲအဲ့လိုလက္နက္မ်ိဳး ထည့္ေပးမယ္ထင္ေနတာလား?" လီဖင္းဖင္းေလွာင္ေျပာလာတယ္။
"ဒါေပမဲ့သူကအထဲမွာေလ!" နင္နင္ေျပာလိုက္တယ္။ "အဲ့လိုမွမဟုတ္ရင္ နံရံေပၚမွာဘာျဖစ္လို႔အေပါက္ေတြ ဒီေလာက္ေတာင္မ်ားေနမွာလဲ? အလွျပထားတာလား? ဒါမွမဟုတ္ အထဲကေနတစ္ေယာက္ေယာက္ ေခ်ာင္းၾကည့္ႏိုင္ေအာင္လုပ္ထားတာလား?"
"..." လီဖင္းဖင္းတိတ္က်သြားတယ္။
သူမလီဖင္းဖင္းကိုစည္း႐ုံးလိုက္ႏိုင္ၿပီလို႔ထင္လိုက္တဲ့အခ်ိန္မွာပဲ ဓားသြားကသူမရဲ႕လည္ပင္းေပၚကိုထပ္က်လာတယ္။ လီဖင္းဖင္းရဲ႕ေအးစက္စက္အသံထြက္ေပၚလာတယ္။ "ထားလိုက္ေတာ့၊ နင့္ကိုသတ္ၿပီးေတာ့မွ ငါ့ဘာသာငါနံရံၿဖိဳေတာ့မယ္"
ေသေရးရွင္ေရးအလယ္မွာ နင္နင္ဟိန္းေဟာက္လိုက္တယ္။ "ငါ့မွာအႀကံတစ္ခုရွိတယ္!"
သူမလည္ပင္းေပၚမွာရွိေနတဲ့ဓားက အနည္းငယ္စိုက္ဝင္သြားၿပီးမွရပ္လိုက္တယ္။
"နင္အဲ့လိုအလုပ္ရႈပ္ခံစရာမလိုဘူး..." နင္နင္ေခြၽးေတြဆက္တိုက္က်လို႔ေနတယ္။ "ငါ့မွာပို႐ိုးရွင္းတဲ့နည္းလမ္းရွိတယ္"
"...ဘာနည္းလမ္းလဲ?" လီဖင္းဖင္းေျပာလာတယ္။
"ေဖ႐ႊမ္" နင္နင္တံေတြးၿမိဳခ်ၿပီးေျပာလိုက္တယ္။ "ေဖ႐ႊမ္က နင္ငါ့ကိုသတ္လိုက္ၿပီလားဆိုတာကိုအတည္ျပဳဖို႔ ေသခ်ာေပါက္ျပန္လာမွာပဲ"
"...ဆက္ေျပာ" လီဖင္းဖင္းေျပာလာတယ္။
လီဖင္းဖင္းလက္ထဲကေသာ့တြဲကို ေဖ႐ႊမ္ဆီကေနရတာမဟုတ္ဘူးထားပါေတာ့။ ေဖ႐ႊမ္ရဲ႕ေသြးထိုးမႈေၾကာင့္သာမဟုတ္ရင္ အဲ့ဒီေသာ့တြဲကိုသူမဘယ္ကေနရလာမွာလဲ? ေဖ႐ႊမ္ကဘာျဖစ္လို႔ သူမေအာင္ျမင္မျမင္ကို အတည္ျပဳဖို႔ျပန္လာမွာလဲ?
"နင့္မွာသံသယေတြအမ်ားႀကီးရွိတာကိုသိေပမဲ့ ငါ့မွာလည္းရွိတာပဲ" နင္နင္ေျပာလိုက္တယ္။ "နင္၊ ငါ၊ ယန႔္ခ်င္၊ သုံးေယာက္ထဲကဘယ္သူ႔ကို သူသေဘာက်တာလဲ? ယန႔္ခ်င္ကိုသေဘာက်တာဆိုရင္ ဘာျဖစ္လို႔သူ႔ကိုပိတ္ေလွာင္ထားတာလဲ? ငါ့ကိုသေဘာက်တာဆိုရင္ ဘာျဖစ္လို႔ငါ့ကိုသတ္ဖို႔ႀကံေနတာလဲ? နင့္ကိုသေဘာက်တာဆိုရင္လည္း ဘာျဖစ္လို႔နင့္ကိုလူသတ္သမားျဖစ္ေအာင္ အကြက္ခ်ေနရတာလဲ?
လီဖင္းဖင္းကသူမရဲ႕အေနာက္မွာရပ္ေနတာျဖစ္တာေၾကာင့္ သူမမ်က္ႏွာေပၚကအမူအရာကိုနင္နင္မျမင္ရေခ်။ သူမပူပန္စြာနဲ႔ေစာင့္ေနတဲ့အခ်ိန္မွာ လီဖင္းဖင္းကအသံနိမ့္နိမ့္နဲ႔ေျပာလာတယ္။ "နင္ဘာလုပ္ခ်င္တာလဲ?"
လီဖင္းဖင္းသူမရဲ႕မ်က္ႏွာကိုမေတြ႕ရဘူးဆိုတာကို သိတာေၾကာင့္ နင္နင္ၿပဳံးလိုက္တယ္။
ေလာကထဲမွာအနီးကပ္ဆုံးဆက္ဆံေရးက ႀကံရာပါေတြၾကားကဆက္ဆံေရးပဲျဖစ္တယ္။ ေလာကႀကီးထဲမွာမယုံၾကည္ရဆုံးဆက္ဆံေရးကေတာ့ သုံးပြင့္ဆိုင္အခ်စ္ပဲျဖစ္တယ္။
ေဖ႐ႊမ္ကလီဖင္းဖင္းကို သူ႔ရဲ႕ႀကံပါရာအျဖစ္သြပ္သြင္းဖို႔ႀကံစည္ခဲ့ေပမဲ့ အခုေတာ့သူမကနင္နင့္ရဲ႕ဘက္ကိုပါလာၿပီျဖစ္တယ္။
"ေဖ႐ႊမ္ျပန္လာဖို႔အမ်ားဆုံးၾကာသုံးေလးရက္ပဲ" နင္နင္အသက္ျပင္းျပင္းရႉလိုက္တယ္။ "အဲ့ဒီအခ်ိန္က်ရင္ ငါတို႔ေတြ..."
သုံးရက္ၾကာၿပီးေနာက္။
ရထားတစ္စင္းကဘူတာ႐ုံမွာဆိုက္ေရာက္လာတယ္။ ေဖ႐ႊမ္လက္ထဲကသတင္းစာကိုခ်ကာ သူ႔ရဲ႕လက္ဆြဲအိတ္နဲ႔အတူ ရထားေပၚကေနဆင္းလိုက္တယ္။
ဒီအပန္းေျဖခရီးက သူ႔ကိုအသက္သြင္းေပးလိုက္သလိုမ်ိဳး သူလူအုပ္ၾကားထဲမွာေတာက္ပလို႔ေနတယ္။
သူလက္ေဝ့ယမ္းကာ တကၠစီတစ္စီးတားလိုက္တယ္။
"ဘယ္ကိုလဲဆရာ?" တကၠစီသမားကေမးလာတယ္။
"တကၠသိုလ္လက္ေအာက္ အထက္တန္းေက်ာင္းကိုပါ"
တကၠစီကေက်ာင္းအေရွ႕မွာရပ္သြားတယ္။ တကၠစီေပၚကဆင္းၿပီးတာနဲ႔ေဖ႐ႊမ္လုပ္တာက နင္နင္ရဲ႕႐ုံးခန္းကိုသြားတာပဲျဖစ္တယ္။ ႐ုံးခန္းထဲမွာဆရာမအခ်ိဳ႕ရွိေနၿပီး တစ္ေယာက္ကအမွတ္ျခစ္ေနကာ အျခားႏွစ္ေယာက္ကစကားစျမည္ေျပာေနၾကတယ္။
"တစ္ဆိတ္ေလာက္ခင္ဗ်" ေဖ႐ႊမ္ေလွ်ာက္သြားၿပီးေမးလိုက္တယ္။ "ယြင္လင္ရွိလား?"
"ယြင္လင္?" ဆရာမႏွစ္ေယာက္ကစကားေျပာတာကိုရပ္ၿပီး သူ႔ကိုေမာ့ၾကည့္လာတယ္။ "သူေက်ာင္းမလာတာ ရက္နည္းနည္းေတာင္ၾကာေနၿပီ"
"ကြၽန္ေတာ္သူ႔ရဲ႕သတို႔သားေလာင္းပါ၊ ကြၽန္ေတာ္အခုမွအလုပ္ခရီးကေနျပန္ေရာက္လို႔ သူ႔ကိုပါတစ္ခါတည္းဝင္ႀကိဳဖို႔လုပ္ထားတာ" ေဖ႐ႊမ္ရဲ႕မ်က္ႏွာကမေရရာမႈေတြျပည့္ေနတယ္။ "သူေက်ာင္းမလာတာရက္နည္းနည္းၾကာၿပီေပါ့ေလ?"
"ဟုတ္တယ္၊ သုံးရက္ရွိၿပီ" ဆရာမတစ္ေယာက္ကေျပာလာတယ္။ "သူ႔ကိုေတြ႕ရင္ ျမန္ျမန္ျပန္လာဖို႔ေျပာေပးေနာ္၊ ေက်ာင္းအုပ္ႀကီးကသူ႔ကိုေတြ႕ခ်င္ေနတယ္"
"ဟုတ္ကဲ့ပါ" ေဖ႐ႊမ္ကေခါင္းျမန္ျမန္ညိတ္ၿပီး ဆက္ေမးလာတယ္။ "သူဘယ္သြားလဲဆိုတာကို သူ႔ရဲ႕အခန္းေဖာ္ျဖစ္ျဖစ္သိထားလား?
"သူ႔အခန္းေဖာ္? အား လီဖင္းဖင္း" ဆရာမကေခါင္းထပ္ခါျပလာတယ္။ "လီဖင္းဖင္းလည္းေက်ာင္းမလာတာ သုံးရက္ေလာက္ရွိၿပီ"
"အဲ့လိုလား..." ေဖ႐ႊမ္ကစိတ္ပ်က္သြားသလိုေခါင္းငုံ႔လိုက္တယ္။ ၿပီးေတာ့ထိုဆရာမႏွစ္ေယာက္ကို ရည္ရည္မြန္မြန္ေျပာလိုက္တယ္။ "ဟုတ္ကဲ့ပါ၊ ဒါဆိုကြၽန္ေတာ္အိမ္ျပန္ၿပီး သူရွိေနလားၾကည့္လိုက္ဦးမယ္"
ေဖ႐ႊမ္အေတြးေတြအျပည့္နဲ႔ ေက်ာင္းထဲကေနထြက္လာခဲ့တယ္။ လူအခ်ိဳ႕ကသူ႔ကိုမွတ္မိတာေၾကာင့္ သူ႔အနားလာၿပီးေတာင္ႏႈတ္ဆက္ၾကေသးတယ္။
သူတကၠစီထဲေရာက္တာနဲ႔ သူ႔မ်က္ႏွာေပၚကစိုးရိမ္ပူပန္ေနတဲ့အမူအရာေပ်ာက္ကြယ္သြားတယ္။ သူေျခတစ္ဖက္ခ်ိတ္ကာ ေပါ့ေပါ့ပါးပါးေျပာလိုက္တယ္။ "အရိပ္,ရိပ္သာလမ္းကိုပို႔ေပးပါ"
တကၠစီကသူ႔အိမ္အေရွ႕မွာရပ္သြားတယ္။
သူကားေပၚကဆင္းၿပီးေတာ့ အိမ္အေရွ႕မွာရပ္လိုက္ေပမဲ့ အိမ္တံခါးကိုေတာ့မဖြင့္ပါေခ်— သူ႔ေသာ့ကိုသူမ်ားဆီေပးလိုက္ၿပီပဲ။
သူလက္ပတ္နာရီကိုငုံ႔ၾကည့္လိုက္တယ္။ အခ်ိန္က်ေတာ့မယ္၊ သူစိတ္ထဲကေန ေျခာက္ဆယ္အထိေရတြက္လိုက္တယ္။ သူ႔အိမ္နီးနားခ်င္းအသက္ႀကီးစုံတြဲႏွစ္ေယာက္က ပန္းၿခံထဲမွာလမ္းေလွ်ာက္ဖို႔ အိမ္ထဲကေနထြက္လာၾကတယ္။
"ဦးေလးလီ၊ ေဒၚေလးလီ" ေဖ႐ႊမ္သူတို႔ကိုအရင္ႏႈတ္ဆက္လိုက္တယ္။
"အိုက္ယား ေရွာင္ေဖ၊ ဘာျဖစ္လို႔အျပင္မွာရပ္ေနတာလဲ?" ေဒၚေလးလီက သူ႔လက္ထဲကိုင္ထားတဲ့လက္ဆြဲအိတ္ကိုၾကည့္လာတယ္။ "ခရီးကေနျပန္လာတာလား?"
"ဟုတ္ကဲ့" ေဖ႐ႊမ္ကအခက္ေတြ႕ေနတဲ့အမူအရာနဲ႔ေျပာလိုက္တယ္။ "ကြၽန္ေတာ္အဲ့မွာေသာ့ေပ်ာက္သြားလို႔ အခုအိမ္ထဲဝင္လို႔မရေတာ့ဘူး"
"အဲ့ဒါဆိုတံခါးေခါက္ၾကည့္ေလ၊ အိမ္ထဲမွာလူရွိေနတာပဲ" ေဒၚေလးလီကျမန္ျမန္ေျပာလာတယ္။ "ညဘက္ေတြမီးဖြင့္ထားတာအေဒၚေတြ႕တယ္"
"ဟုတ္လား?" ေဖ႐ႊမ္အိမ္တံခါးအေရွ႕ကိုခ်က္ခ်င္းေလွ်ာက္သြားၿပီး တံခါးေခါက္လိုက္တယ္။ "ယြင္လင္၊ ယြင္လင္! တံခါးဖြင့္ေပးဦးေလ အခ်စ္!"
သူ႔ေအာ္သံကတစ္စတစ္စက်ယ္ေလာင္လာကာ သူ႔ရဲ႕အမူအရာကပိုၿပီးတုန္လႈပ္တဲ့ပုံေပၚလာတယ္။
အသက္ႀကီးစုံတြဲႏွစ္ေယာက္က အၾကည့္ခ်င္းဖလွယ္လိုက္ကာ သူတို႔ပါသူနဲ႔တူတူတုန္လႈပ္လာၾကတယ္။ ေဒၚေလးလီကဂ႐ုတစိုက္ေမးလာတယ္။ "ဘာျဖစ္လို႔လဲ? မင္းတို႔ရန္ျဖစ္ထားၾကလို႔လား?"
"...ယြင္လင္တစ္ခုခုျဖစ္ေနၿပီထင္တယ္" ေဖ႐ႊမ္အသံတိုးတိုးနဲ႔ေျပာလိုက္တယ္။ "ကြၽန္ေတာ္သူ႔ကိုႀကိဳဖို႔ေက်ာင္းသြားခဲ့တာ ေက်ာင္းကလူေတြက သူမလာတာသုံးရက္ရွိၿပီလို႔ေျပာတယ္"
ေဒၚေလးလီအာေမဋိတ္အသံျပဳလိုက္တယ္။ ဦးေလးလီကသူမကိုဖက္ကာ ေဖ႐ႊမ္ကိုေျပာလာတယ္။ "ဦးေလးတို႔သားကိုေခၚလိုက္မယ္"
"ကြၽန္ေတာ္မေစာင့္ႏိုင္ေတာ့ဘူး" ေဖ႐ႊမ္တံခါးကိုပိုၿပီး ၾကမ္းၾကမ္းတမ္းထုေတာ့တယ္။
ဘန္း၊ ဘန္း၊ ဘန္း...
သူေျခႏွစ္လွမ္းအေနာက္ဆုတ္ၿပီး ကိုယ္နဲ႔တိုက္ဖို႔ျပင္ေနတဲ့အခ်ိန္မွာပဲ တံခါးကအထဲကေနပြင့္ဟလာတယ္။
ေသြးစြန္းေနတဲ့ဓားကိုကိုင္ထားတဲ့လီဖင္းဖင္းက တံခါးအေနာက္မွာအမူအရာမဲ့စြာနဲ႔ရပ္လို႔ေနတယ္။
_________________________