Bi De • Pan Yu Xin De Rui la...

Por callme__kitty

184K 27.1K 4.4K

It's just a translation work. It doesn't belong to me. Peter Pan and Cinderella [彼得·潘与辛德瑞拉] Author: 徐徐图之 Tota... Más

Synopsis
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
爱情是个什么鬼东西
56
57
58
59
60
61
62
63
64
65
66

31

2.1K 456 94
Por callme__kitty

[Unicode]

'ဘယ်သူကအရူးကောင်လဲ။'

လျန်ရှီး တကယ်ကို စိတ်အခြေအနေ မကောင်းနေ။ ပိုင်ထူ သူနှင့်အတူ ဒိတ်ဖို့ သဘောတူပြီးကာမှ အခု ဟောင်ကောင်ဘက်တွင် ဇာတ်ကားရိုက်ဖို့ ထွက်သွားရသည်။ ထို့အပြင် ဖုန်းဖြေဆိုမှုများကလည်း ဝတ်ကျေတန်းကျေဖြစ်လာပြီး စာပို့ထားတာများကိုလည်း ပြန်ပြောလာခြင်း မရှိ။

သူ ဝမ်ချောင်ထံ အချိန်အတော်ကြာ ပြောဆိုညီးတွားရင်း ပြောလေလေ ပိုစိတ်ညစ်လာရလေဖြစ်သွားပြီး ပိုင်ထူပုံကပ်လျက်ရှိတဲ့ခေါင်းအုံးကို ဆွဲယူ၍ အနည်းငယ်မျှထုရိုက်လိုက်လေသည်။ ထို့နောက်တွင်မှ သူ စိတ်မကောင်းဖြစ်သွားပြန်ပြီး ခေါင်းအုံးကို ဆွဲယူကာ နှစ်ကြိမ်မျှ နမ်းရှိုက်လိုက်တော့သည်။

ဝမ်ချောင်မှာ လုံးဝကို ပြောစရာစကားမဲ့သွားရသည်။

ဝမ်ချောင်လည်း သူ့လျန်-ကော ရူးတော့မလိုဖြစ်နေမှန်း ခံစားမိတာမို့ နှစ်သိမ့်ပေးလိုက်သည်။ "ကြည့်ရတာ ကျွန်တော့်မရီးက အရမ်းအလုပ်များနေလို့နေမှာပေါ့။ ကောလည်း အလုပ်များနေရင် ကျွန်တော့်ဖုန်းကို မကိုင်ဘူးလေ။"

လျန်ရှီး : "အဲ့ဒါက ငါ မင်းကို အာရုံမစိုက်ချင်လို့။ ငါ လုံးဝ အလုပ်မရှုပ်ဘူး။"

ဝမ်ချောင် : "...."

လျန်ရှီး တစ်ဖန်ထပ်ညီးတွားလာပြန်သည်။ "သူက ပေါ်ပြူလာဖြစ်တယ်ဆိုတော့ အလုပ်ရှုပ်မှာက အသေအချာပဲ။ ဒါပေမယ့် သူ တကယ်ကြီး ငါ့ကို စာပြန်ဖို့အချိန်မရှိတဲ့အထိ အလုပ်ရှုပ်နေတာလား။"

ဝမ်ချောင် စပျစ်သီးစားရင်း ပြန်ပြောလိုက်သည်။ "သူများက ကောကို စကားပြန်မပြောချင်လို့နေမှာပေါ့။"

လျန်ရှီး : "..."

ဝမ်ချောင် ပြောပြီးတာနှင့် စိတ်ကျေနပ်သွားပေမယ့် လျန်ရှီးရဲ့အသည်းကွဲနေတဲ့မျက်နှာကို မြင်ပြီးနောက် သွားမစတာ အကောင်းဆုံးဖြစ်လိမ့်ဟုတွေးကာ ပြန်နှစ်သိမ့်ပေးလိုက်တော့သည်။ "ကော၊ ကျွန်တော့်မှာ ရည်းစားအတွေ့အကြုံမရှိတာ သိတယ်မလား။ ကျွန်တော်ပြောတာကို နားထောင်မနေနဲ့။"

လျန်ရှီး ဆိုဖာပေါ်မှ ထပြီး အခန်းထဲဝင်သွားသည်။

ဝမ်ချောင် : "... ကျွန်တော့်ကို တကယ်ကြီးစိတ်ဆိုးသွားတာလား။"

လျန်ရှီး သူ့ကို လှမ်းအော်ခေါ်လာသည်။ "ဝင်ခဲ့!"

သူ အထဲဝင်ကြည့်လိုက်ရာ လျန်ရှီးက သူ့ဒဏ်ရာမရထားသည့်လက်တစ်ဖက်ဖြင့် ခရီးဆောင်အိတ်ကို ဆွဲထုတ်နေတာကို မြင်လိုက်ရသည်။ "ငါ့ပစ္စည်းတွေ ကူသိမ်းပေးဦး။"

ဝမ်ချောင် အံ့အားသင့်သွားတော့သည်။ "ကော ဘာလုပ်နေတာလဲ။ အခုထိ အထားခံခဲ့ရတာလည်း မဟုတ်တာကို အိမ်ပြောင်းပြေးတော့မလို့လား။"

လျန်ရှီး သူ့ကို ဆဲအော်လာသည်။ "မင်းရဲ့သောက်ကျိုးနည်းပါးစပ်ကို ပိတ်ထားစမ်း! ဘယ်သူက အိမ်ပြောင်းချင်နေလဲ။ ငါလည်း ဟောင်ကောင် လိုက်သွားပြီး သူ့သွားရှာမလို့။"

ဝမ်ချောင်မှာ သူ့ပစ္စည်းများကို ထုတ်ပိုးပေးနေရပြီး လျန်ရှီးကတော့ အိပ်ရာဘေးတွင်ထိုင်လျက် သူ့ကို ညွှန်ကြားပေးနေသည်။ "ဒီတစ်ခု မထည့်နဲ့။ ကြည့်မကောင်းဘူး။ ဒါကိုထည့်။"

ဝမ်ချောင်က အဝတ်ဘယ်လိုခေါက်ရမလဲဆိုတာ မသိ။ ထို့ကြောင့် သူ ခရီးဆောင်အိတ်ထဲ ရှုပ်ရှုပ်ပွပွထည့်လိုက်ရပြီး လျန်ရှီးရဲ့ဗီရိုကလည်း သူ့ကြောင့် အရှုပ်အပွကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

လျန်ရှီးစိတ်များက သူ့ကောင်လေးကို သွားတွေ့မည့်အကြောင်းများဖြင့်သာ ပြည့်နေတာမို့ အာရုံထဲ ထည့်မနေ။ ထို့နောက် သူ ရုတ်တရက်မေးလာသည်။ "မင်း ယောက်ျားလေးတွေနဲ့ လုပ်ဖူးလား။"

ဝမ်ချောင် တောင့်တင်းလို့သွားသည်။ "... အာ?"

လျန်ရှီးက ဝမ်ချောင့်အမူအရာကို တစ်ချက်ကြည့်ရုံနှင့် နားလည်သွားပြီးပြောလေသည်။ "ဟန်ဆောင်မနေနဲ့။ ငါ မင်းအစ်ကိုကို ပြန်မပြောဘူး။ ဆိုတော့ .. မလုပ်ခင် ငါဘာတွေပြင်ဆင်ထားရမလဲ။"

ဝမ်ချောင်က လျန်ရှီး ဘာကိုပြောချင်တာလဲ တကယ်နားမလည်နိုင်။ "ဘာကိုပြင်ဆင်မှာလဲ။"

လျန်ရှီး ရှက်ရှက်နှင့်ပြောပြလာသည်။ "ငါ့ကို မရယ်နဲ့နော်။ ငါ တစ်ခါမှ ပိုင်ထူနဲ့ မလုပ်ဖူးသေးဘူး။ ဒီတစ်ခေါက် အချိန်အခါ အဆင်ပြေနေရင် ငါ စမ်းလုပ်ကြည့်ချင်တယ်။ ကြားတာတော့ မင်း ဒီတိုင်း ထည့်ချလိုက်လို့ မရဘူးဆို။ ငါမှားလုပ်မိလို့ သူနာသွားမှာလည်း စိုးရိမ်တယ်ကွ။ ငါ ဟိုကားအချို့ သွားကြည့်သေးတယ်။ ဒါပေမယ့် သူတို့အကုန်လုံးက အယောင်ဆောင်နေကြတာချည်း။ ပြင်ဆင်ပေးတာတွေလည်း မပါဘူး၊ ခံရတဲ့လူကလည်း ဟန်ဆောင်အော်နေတာ။ အသံကလည်း ဆိုးချက် — ယောက်ျားအော်သံနဲ့တောင် မတူဘူး။ ပိုင်ထူက သူတို့လိုမှ မဟုတ်ပဲ .. မင်း ငါပြောတာ နားထောင်နေလား။"

ဝမ်ချောင် စိတ်ပျံ့သွားတာ အစောပိုင်းကတည်းကမို့ သူ သာမန်ကာလျှံကာမျှပြန်ပြောလိုက်သည်။ "နားထောင်တယ်လေ။ ပိုင်ထူက ယောက်ျားနဲ့တောင် မတူဘူးတဲ့။"

လျန်ရှီး : "..."

ဝမ်ချောင် နောက်ထပ် နှစ်ချက်မျှ အကန်ခံလိုက်ရပြီးနောက် ကြမ်းပြင်ပေါ် ဒူးထောက်လျက် လျန်ရှီးရဲ့ပစ္စည်းများကို အသံတိတ်သိမ်းဆည်းပေးနေရတော့သည်။

လျန်ရှီးက ခပ်တည်တည်မျက်နှာအနေအထားနှင့် ဘေးတွင်ထိုင်ပြီး သူ့ရဲ့ဟောင်ကောင်ခရီးစဉ်အကြောင်း စိတ်ကူးယဉ်နေ၏။ 

ဝမ်ချောင်လည်း စိတ်ကူးယဉ်နေသည်။

ဝမ်ချောင် ထိုညက ပိုင်ထူ့မန်နေဂျာနှင့်ဖြစ်ခဲ့သမျှကို အသေးစိတ်မေ့သွားခဲ့ပြီ။ အစကနေအဆုံးအထိ ထိုလူ ဘာဖြစ်နေသလဲ သူ ဂရုမစိုက်ခဲ့။ သူ ရီဝေဝေနှင့် စတင်ခဲ့တာဖြစ်ပြီး ပြီးသွားချိန်၌လည်း ရီဝေဝေသာ။ သူ အရင်ကချိတ်ခဲ့ဖူးတဲ့ကောင်မလေးများနှင့်လည်း ထိုနည်းတူပင်။ သူ့အရှေ့မှာ အပေါက်ရှိနေသ၍ သူက မိနစ်အနည်းငယ်အတွင်း ပြီးလွှတ်နိုင်နေသည်။

သို့ပေမယ့် ရှောင်ရှဲ့နှင့်သာဆို သူ အရမ်းအလျင်လိုနေစရာ မလို။

အနည်းဆုံးတော့ သူ ရှောင်ရှဲ့ကို နမ်းပေးရမည်။ ပြီးလျှင် ဝင်ခါနီးကျ နှစ်သိမ့်ပေးဖို့လည်း လိုလိမ့်မည်။ 'မနာဘူး၊ မနာဘူး။ တကယ်မနာဘူး။"

... ဒါပေမယ့် နာနေရင်ရော?

သူ လျန်ရှီးကို မေးလိုက်သည်။ "ကော၊ အဲ့လိုကားတွေ ဘယ်ကနေကြည့်တာလဲ။"

ရှဲ့ကျူရှင်းနှင့် ကျိုးကျန်းယိတို့ ခွေးနှင့်အတူလမ်းလျှောက်ပေးပြီးပြန်လာချိန် လျန်ရှီး ဟောင်ကောင်သွားတော့မည့်အကြောင်း ကြားလိုက်ရလေသည်။

"ဒီညလေယာဉ်နဲ့သွားမှာ။ သန်ဘက်ခါညကျ ပြန်လာခဲ့မယ်။" လျန်ရှီးပြောလာသည်။ "ရှောင်ကျိုး၊ ဒီကြားနှစ်ရက်ထဲ ခွေးတွေကို အစာကျွေး၊ လမ်းလျှောက် လာလုပ်ပေးဦး။"

ကျိုးကျန်းယိ ငြီးတွားပြောလာသည်။ "အစာကျွေးတာက ပြဿနာ မဟုတ်ဘူး။ ဒါပေမယ့် ခွေးတွေက အရမ်းကြီးလွန်းတယ်။ ငါ တစ်ယောက်တည်းတော့ မထိန်းနိုင်ဘူး။ သူတို့ကို လမ်းလျှောက်ပေးနေတုန်း ထွက်ပြေးသွားရင် ဘယ်လိုလုပ်မလဲ။ မင်း ခရီးက ပြန်လာရင် ငါ့သတ်မှာလေ။"

လျန်ရှီး ဝမ်ချောင့်ကို လှမ်းကြည့်လိုက်သည်။

ဝမ်ချောင် : "ကျွန်တော့်ကို ကြည့်ပြီး ဘာလုပ်မှာလဲ။ ကျွန်တော်က ကျွန်တော့်ဘာသာကျွန်တော်တောင် မထိန်းနိုင်တာ။"

သူတို့သုံးယောက်လုံး ရှဲ့ကျူရှင်းကို ဝိုင်းကြည့်လာ၏။

ရှဲ့ကျူရှင်း : "... ဒါဆိုလည်း ကျွန်တော် ရှောင်ကျိုးကို ကူပေးလိုက်ပါ့မယ်။"

ဘယ်လိုပဲဖြစ်ဖြစ် သူတို့လည်း သန်ဘက်ခါမှ ချန်းရှကို သွားရမှာပင်။

လျန်ရှီး စိတ်ကျေနပ်သွားသလိုအပြုံးနှင့် သူ့ပခုံးကို ပုတ်ပေးလာသည်။ "ဒီလိုမှပေါ့။ ငါ့ရဲ့ CP ကောင်းလေး။"

ဝမ်ချောင် ရှဲ့ကျူရှင်းပခုံးပေါ် တင်ထားတဲ့လက်ကို ဆွဲဖယ်ပြီး သဘောမတွေ့သလိုပြောလိုက်သည်။ "ကျွန်တော့်ရှောင်ရှဲ့ကို အခွင့်ကောင်းမယူနဲ့။"

လျန်ရှီးက ဟောင်ကောင်သွားရမည့်ကိစ္စအတွက်ဖြင့် စိတ်ပျော်နေတာမို့ ဝမ်ချောင်နှင့် စကားနိုင်မလုနေတော့။ "လာ၊ လာ။ ငါ မင်းတို့ကို Variety show တွေမှာ ဘယ်လိုပြုမူရမလဲ ပြောပြမယ်။"

သေချာပေါက် လျန်ရှီးက တရုတ်နိုင်ငံရဲ့ variety show ပွဲများတွင် ဘုရင်တစ်ဆူဖြစ်လာခြင်းက ဟာသများအပေါ် မှီခိုရင်းနှင့် မဟုတ်လှ။ သူက အခြားလူတစ်ယောက်ကို ထိခိုက်နစ်နာမှု မရှိစေဘဲ ဘယ်လိုဟာသပြောရမလဲ၊ ဘယ်စကားတွေကို ပြောပြီး ဘယ်စကားတွေကို မပြောရမလဲ၊ သေချာတဲ့fan တွေကို ဘယ်လိုဆွဲဆောင်မလဲ၊ Anti-fan တွေ ပေါ်မလာအောင် ဘယ်လိုလုပ်မလဲ၊ စကားဝိုင်းတစ်ခုကို အခြားလူတစ်ယောက်ဆီ ဘယ်လိုမျိုးပို့ပေးမလဲ၊ စကားဝိုင်းတစ်ခုကို ဘယ်လိုဆက်မလဲ၊ ဘယ်အချိန်မှာ ဟာသပြောမလဲ၊ အခြေအနေ အရမ်းတင်းကြပ်လာရင် ဘယ်လိုဖြေလျော့မလဲ၊ လူတွေ အရမ်းစိတ်လှုပ်ရှားလွန်နေရင် ဘယ်လိုဖြေလျော့ပေးရမလဲ ဆိုတာမျိုးတွေအထိ လေ့လာသင်ယူထားရသည်။

ဒါတွေက အနုပညာလောကအတွက် အထူးပြုထားတာများမို့ အကုန်လုံးက ဗဟုသုတကြွယ်ဖွယ်ဖြစ်နေတော့သည်။

ရှဲ့ကျူရှင်းက သေချာနားထောင်ရင်း လျန်ရှီးပြောသမျှ စိတ်ထဲ မှတ်သားနေပေမယ့် ဝမ်ချောင်ကတော့ နားထောင်လေလေ အိပ်ချင်လေလေဖြစ်လာပြီး သူ့ခေါင်းက ကြက်ကလေး အစာ ကောက်စားနေသလိုဖြစ်နေသည်။

လျန်ရှီး စကားပြောပြီးနောက် ဝမ်ချောင်လည်း နိုးလာသည်။

လျန်ရှီးလည်း လေယာဉ်အမှီသွားရမှာမို့ သူတို့တွေ နှုတ်ဆက်ထွက်လာခဲ့တော့သည်။

"မင်း သူပြောတာတွေ နားလည်လိုက်လား။" ဝမ်ချောင်မေးလာသည်။

"မဆိုးပါဘူး။ ငါ တော်တော်လေးသိလိုက်ရတယ်။" ရှဲ့ကျူရှင်း ပြန်ဖြေသည်။

"အဲ့ဒါဆို ရပြီ။ လာတာ အကျိုးမယုတ်သွားဘူး။" ဝမ်ချောင် သမ်းဝေရင်းမေးလာသည်။ "မင်း မနက်ဖြန်ကျရင် ဘယ်အချိန် ခွေးတွေကို လမ်းသွားလျှောက်ပေးမှာလဲ။"

"ငါ မနက်ဖြန် ရှောင်ကျိုးနဲ့ ၇ နာရီ တွေ့ဖို့ ချိန်းထားတယ်။ မင်း ညစာ ဘာစားချင်လဲ။"

ဝမ်ချောင် အခုမှနိုးလာတာမို့ သူ့မျက်လုံးကိုသူ လေမှုတ်ရင်း ပြောလာသည်။ "ငါ မစားချင်သေးဘူး။ မင်းကို အိမ်အရင်ပြန်ပို့ပေးမယ်။ ငါ လုပ်စရာကိစ္စလေးရှိလို့။"

'သူ့မှာ ဘာလုပ်စရာကိစ္စများရှိနိုင်မှာလဲ။' ရှဲ့ကျူရှင်း စိတ်မပျော်မရွှင်နှင့်သတိပေးလိုက်သည်။ "ကလပ်သွားပြီး ပျော်ပါးမနေနဲ့ဦး။ ဓာတ်ပုံအရိုက်ခံလိုက်ရရင် မကောင်းဘူး။"

ဝမ်ချောင် ငြင်းဆိုလာသည်။ "ငါ ကလပ်မသွားပါဘူး။ အိမ်မှာလုပ်စရာလေးရှိနေလို့။"

ရှဲ့ကျူရှင်း သူ့ကို နည်းနည်းလေးတောင် မယုံနေ။ "ဘာကိစ္စတဲ့လဲ။"

ဝမ်ချောင် သူ့စိတ်ထဲ အပြစ်ရှိသလိုခံစားချက်ဖြင့် ပြောလိုက်သည်။ "မင်း ဘာလုပ်နေတာလဲ။ မင်း အရင်က ငါ့ကို အဲ့လောက် ဂရုစိုက်မနေပါဘူး။"

ရှဲ့ကျူရှင်း : "..."

'မင်း ကြိုက်တာသာ သွားလုပ်စမ်းပါ။ ဘယ်သူက လိုက်ဂရုစိုက်နေလဲ။'

သူတို့ ရှဲ့ကျူရှင်းရဲ့တိုက်ခန်းအောက် ရောက်လို့ သူ ကားပေါ်က ဆင်းပြီးတာနှင့် ဝမ်ချောင် ကားမောင်းထွက်သွားတော့သည်။

သူ တိုက်ခန်းထဲဝင်သွားပြီး သူ့အတွက်သူ ခေါက်ဆွဲတစ်ပွဲပြုတ်လိုက်သည်။ စားပြီးနောက် ပန်းကန်ဆေး၍ အခန်းထဲ လမ်းပတ်လျှောက်ကြည့်ပေမယ့် တစ်ခုခုကမှားနေသလို သူ့စိတ်ထဲခံစားနေရသည်။

ဝမ်ချောင့်မှာ ဘာလုပ်စရာကိစ္စများရှိလောက်သလဲ။ ပြီးတော့ ဘာလို့များ သူက အဲ့အကြောင်းကို အရမ်းလျှို့ဝှက်ဆန်နေရတာလဲ။ အပြင်ထွက်ပျော်ပါးတာကလွဲ၍ သူ ဘာများလုပ်နိုင်နေသေးလို့လဲ။ သူ့ခေါင်းထဲ အဲ့ဒါတွေနဲ့ပဲ ပြည့်နေတာမလား။ သူ ကလပ်သွားမပျော်ပါးဘူးဆို တစ်ယောက်ယောက်ကို အိမ်ခေါ်မှာလား။ ရှဲ့ကျူရှင်း နောက်ဆုံးတစ်ခေါက်တုန်းက ဝမ်ချောင့်ဖိနပ်ပေါ်တွေ့ခဲ့သည့်ကွန်ဒုံးကို အမှတ်ရနေဆဲ။

'အဲ့သုံးစားမရတဲ့ကောင်'

ဝမ်ချောင် အိမ်ပြန်ရောက်တာနှင့် သူ့ tablet ကို အလျင်အမြန်ဆွဲထုတ်ပြီး လျန်ရှီးပို့ပေးလာတဲ့ 1.3G ရှိတဲ့ file တစ်ခုကို လက်ခံယူလိုက်တော့သည်။

ဒါက နိုင်ငံခြားသားနှစ်ယောက်အကြောင်းဖြစ်သည်။ သူတို့က စလာတာနှင့် ချက်ချင်းဆိုသလို ဘောင်းဘီချွတ်ပြီး နမ်းလာကာ အနမ်းသံများက တော်တော်လေးကို ကျယ်လွန်းလှသည်။

ဝမ်ချောင်ကြည့်နေရင်း လက်သည်းကိုက်နေမိသည်။ သူ အရင်က ဒီလိုမျိုး တစ်ခါမှနမ်းဖူးခြင်း မရှိ။ သူ့စိတ်ထဲ သူများသွားရည်ကို စုပ်ယူနေရတာက အတော်လေးရွံဖို့ကောင်းလှတယ်ဟု ခံစားရတာမို့ မနမ်းချင်ပေ။

သူ့ဖုန်းက ရုတ်တရက်မြည်လာပြီး သူ ခေါ်ဆိုသူကိုတောင် မကြည့်ဘဲ လှမ်းယူပြီးကိုင်လိုက်မိသည်။

"ဘယ်မှာလဲ။" ရှဲ့ကျူရှင်း သူ့ကိုမေးလာသည်။

"အိမ်မှာ။ မင်း ဘာလုပ်ချင်လို့လဲ။" သူ tablet ကို သေချာကြည့်နေရင်းဖြေလိုက်သည်။

ရှဲ့ကျူရှင်း : "မင်း မနက်ကျ စောစောထရမယ်။ ငါတို့ ကြော်ငြာရိုက်ဖို့ အဲ့ကို ၉ နာရီရောက်မှ ရမှာ။"

ဝမ်ချောင်က သူ့အပေါ် အာရုံမရှိနေ။ "ဟုတ်ပြီ။ မင်း ငါ့ကို ဖုန်းခေါ်လိုက်လေ။"

ရှဲ့ကျူရှင်း သူ့ရဲ့နှေးနှေးကွေးကွေးပြန်ဖြေသံအပြင် အနောက်မှလည်း ဝိုးတိုးဝါးတားအသံအချို့ကို ကြားနေရသေးသည်။ "မင်း ဇာတ်ကားကြည့်နေတာလား။ သရဲကား မကြည့်နဲ့ဦး။ ကြည့်ပြီးရင် မင်း အိမ်သာ မသွားရဲဖြစ်ဦးမယ်။"

ဝမ်ချောင်ပြောလာသည်။ "ဒါကြောက်ဖို့မကောင်းပါဘူး ..."

ရုတ်တရက် သူ့ရင်ထဲ လှုပ်ရှားသွားတော့သည်။ "မင်း ကြည့်ချင်လား။ ငါ မင်းဆီ ပို့ပေးလိုက်မယ်။"

ရှဲ့ကျူရှင်း ပြောလိုက်သည်။ "ဘယ်လိုဇာတ်လမ်းမျိုးလဲ။"

ဝမ်ချောင် : "ဥရောပသားနဲ့ အမေရိကန်သားရဲ့ Action ခန်းတွေ။"

ရှဲ့ကျူရှင်းက ဝမ်ချောင် ဘာပြောချင်နေတာလဲ မသိတာမို့ ပြောလိုက်သည်။ "နာမည်ကဘာလဲ။ ငါကြည့်ပြီးပြီလား တစ်ချက်ကြည့်ဦးမယ်။"

ဝမ်ချောင် : "မင်း လုံးဝကြည့်ဖူးဦးမှာ မဟုတ်ဘူး။"

သူ လျန်ရှီးနှင့် ပြောထားတဲ့ chat ထဲ ဝင်ပြီး file ကို နှိပ်လျက် forward လုပ်ပေးမည့်အချိန်မှာပဲ ဆိုင်းငံ့သွားတော့သည်။

ဒီလိုမျိုးကိစ္စများကို သူ ဘယ်လိုလုပ် ရှောင်ရှဲ့ကို ပြလို့ဖြစ်မလဲ။ ဒါ သူ့မှာ အခြားအတွေးတွေ ရှိနေတဲ့အကြောင်း သွယ်ဝှက်ပြောသလို မဖြစ်နေဘူးလား။

"ထားတော့။ အဲ့လောက်လည်း ကြည့်မကောင်းပါဘူး။" သူ တစ်ဖက်မှဖုန်းကိုင်ထားတဲ့ရှဲ့ကျူရှင်းကို လှမ်းမေးလိုက်သည်။ "မင်း စားပြီးပြီလား။ ငါ မာလာပုစွန်ချက် ထပ်စားချင်နေပြန်ပြီ။"

"ဆီများတဲ့အစာတွေက ကျန်းမာရေးအတွက် မကောင်းတာကို မင်း နေ့တိုင်းစားနေတုန်းပဲ။ ထွက်ခဲ့လေ။ ငါ မင်းကို ဘယ်မှာတွေ့ရမလဲ။"

ဝမ်ချောင် ပြုံးရင်းပြောလာသည်။ "စောင့်နေ။ ငါ မင်းကို လာခေါ်မယ်။"

ရှဲ့ကျူရှင်း : "မင်း ကားမမောင်းလာနဲ့။ မင်း အရက်သောက်ပြီးရင် ကားသမား ထပ်ငှါးနေရဦးမှာ။ ဒီတိုင်းလာခဲ့။"

ဝမ်ချောင် video ကို ပိတ်လို့ tablet ကို ဘေးပစ်ချကာ ပျော်ပျော်ကြီး အပြင်ထွက်သွားလိုက်သည်။

ဒီအသုံးမကျတဲ့ပွန်းကား၊ ရှောင်ရှဲ့ကတောင် ပိုပြီးကြည့်ကောင်းသေးတယ်။

သူတို့ မာလာပုစွန် အတူစားကြရာတွင် ရှဲ့ကျူရှင်းက နှစ်ကောင်မျှစားပြီးတာနှင့် လက်အိတ်ပြန်ချွတ်ထားလိုက်တော့သည်။ သူက ခေါက်ဆွဲစားထားတာမို့ သိပ်မဆာပေမယ့် ဝမ်ချောင်က သူ ဒါစားရတာ မကြိုက်ဟုသိထားတဲ့အတွက် သူ့ကို ခေါက်ဆွဲတစ်ပွဲ မှာပေးလာသည်။ သို့နှင့် ရှဲ့ကျူရှင်းလည်း ညစာ မစားရသေးသလို ခေါက်ဆွဲတစ်ပွဲ ထပ်စားလိုက်ရလေသည်။

သူတို့ ဘီယာ ၆ လုံးလည်း မှာထားပြီး ဝမ်ချောင်ကသာ အများဆုံးသောက်သွား၏။

စားသောက်ပြီးသည်နှင့် သူတို့ ဘေရှင်း၍ထွက်လာလိုက်သည်။ ဝမ်ချောင်က အရက်မူးနေသလို ရှဲ့ကျူရှင်းပေါ် သူ့ကိုယ်တစ်ဝက်မျှမှီချလျက် သူ့လက်များကလည်း ရိုးရိုးသားသား မနေ။ ရှဲ့ကျူရှင်းရဲ့ပခုံးနှင့် နောက်ကျောများကို ပွတ်သပ်နေသည်။

သူ ဟန်ဆောင်နေမှန်း ရှဲ့ကျူရှင်း သိပေမယ့် တမင်ပြောမနေဘဲ သူနှင့်အတူသာ သရုပ်ဆောင်ပေးလိုက်သည်။ "အဲ့လောက်လည်း မသောက်ဘဲ မင်း ဘာလို့မူးသွားရတာလဲ။ ကားငှါးခေါ်ထားနှင့်။ မင်းကို အိမ်ပြန်ပို့ပေးပြီးမှပဲ ငါ အိမ်ပြန်တော့မယ်။"

ဝမ်ချောင် သူ့အိမ်ကို တစ်ယောက်တည်းပြန်မသွားချင်။ "ငါ မင်းအိမ်မှာ အိပ်မယ်။"

ရှဲ့ကျူရှင်း ငြင်းဆိုလိုက်သည်။ "မရဘူး။ မင်းအိမ် ပြန်သွား။"

ဝမ်ချောင် ရှဲ့ကျူရှင်းကို သိုင်းဖက်ထားရင်း ငြီးငြူလာသည်။ "ဘာလို့ မရတာလဲ။ ငါ အရင်က မင်းနဲ့ မအိပ်ဖူးတာလည်း မဟုတ်ဘူး။"

"ငါ မနက်ဖြန်မနက်ကျ ခွေးကို လမ်းလျှောက်ပေးဖို့ လျန်-ကောအိမ်ကို သွားရမှာ။ ပြီးရင် အိမ်ပြန်လာမှာ မဟုတ်ဘူး။ အပြင်မှာ မနက်စာ စားပြီးတာနဲ့ ကြော်ငြာရိုက်ဖို့ တစ်ခါတည်းတန်းသွားမှာ။"

ဝမ်ချောင် : "ဒါဆို ငါလည်း မင်းနဲ့အတူ ခွေးတွေနဲ့ လမ်းလိုက်လျှောက်မယ်လေ။"

ရှဲ့ကျူရှင်း : "ငါနဲ့ရှောင်ကျိုး ၇ နာရီတွေ့ဖို့ ချိန်းထားတာမို့ ငါ ၆ နာရီလောက် ထမှာ။ မင်း မထနိုင်ဘူး။"

"မင်းနိုးလေ။ မင်းနိုးရင် ငါထနိုင်တာပဲ။"

နောက်ဆုံးမှာတော့ သူတို့ ရှဲ့ကျူရှင်းအိမ်ကိုသာ ပြန်ဖြစ်သွားကြသည်။

သူတို့ အရင်က အကြိမ်များစွာ အတူအိပ်ဖူးပေမယ့် ဒီနေ့ကတော့ အတော်လေး မတူထူးခြားလို့နေသည်။

မီးတွေအကုန်ပိတ်ပြီးလို့ ဆယ်မိနစ်ကျော်သွားတာတောင် သူတို့နှစ်ယောက်လုံး မအိပ်ပျော်သေးသလို နှစ်ယောက်လုံး စကားတစ်ခွန်းမှ မပြောမိ။

ဝမ်ချောင် ပျင်းရိလာတာမို့ မဝံ့မရဲမေးလိုက်သည်။ "ရှောင်ရှဲ့?"

ရှောင်ရှဲ့ ပြန်မဖြေ။

ဝမ်ချောင်လည်း သူ အိပ်ပျော်သွားပြီဟု တွေးမိပုံပေါ်သည်။ ထို့ကြောင့် သူက အနားကို တဖြည်းဖြည်းတိုးကပ်လာပြီး သူ့လက်ကို ပခုံးပေါ် သတိတကြီးနှင့် တင်လာသည်။ သူ စိတ်မကျေနပ်သေး၊ သူ ဒီ့ထက် ပိုလို့လုပ်ချင်ပေမယ့် ရှဲ့ကျူရှင်း နိုးသွားမှာကိုလည်း ကြောက်ရသေးသည်။

ရှဲ့ကျူရှင်း တစ်ဖက်ပြန်လှည့်လာပြီး သူတို့က မျက်နှာချင်းဆိုင်အနေအထားနှင့် အသက်ရှုမှုကို ခံစားမိနေတဲ့အထိ နီးကပ်သွားတော့သည်။

ဝမ်ချောင့်ရင်ထဲ ပန်းများပွင့်အာသွားသည်။ 'ဟိဟိ .. ရှောင်ရှဲ့၊ ဒါမင်းဘာသာ ငါ့အရှေ့ရောက်လာတာနော်။'

သူ့လက်များက ရှဲ့ကျူရှင်းပခုံးထက်မှတစ်ဆင့် ရင်ဘတ်ကြွက်သားများအထိ နယ်ဆန့်လာပြီး အရှေ့ဆက်တိုးချင်ပေမယ့်လည်း သူ့လက်များကို ရှဲ့ကျူရှင်းက လှမ်းဖမ်းဆုပ်ထားတော့သည်။

ဝမ်ချောင် ချက်ချင်းဆိုသလို အိပ်ချင်ယောင်ဆောင်နေလိုက်သည်။ 

ရှဲ့ကျူရှင်းကလည်း အစကနေအဆုံးထိ အိပ်ရာနိုးလာပုံ မပေါ်ရ။

သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် မျက်နှာချင်းဆိုင်ရင်း လက်ချင်းယှက်သွယ်လျက် တဖြည်းဖြည်းချင်း အိပ်ပျော်သွားတော့သည်။

နောက်တစ်နေ့ မနက် ၆ နာရီမှာတော့ ရှဲ့ကျူရှင်း အိပ်တစ်ဝက်နိုးတစ်ဝက်ဖြစ်နေသည့်ဝမ်ချောင့်ကို ဆွဲခေါ်လျက် လျန်ရှီးအိမ်သို့ သွားရလေသည်။

လျန်ရှီးရဲ့မန်နေဂျာ ကျိုးကျန်းယိက ခွေးတစ်ကောင် ထိန်းလျက် သူက နောက်တစ်ကောင်ကို ထိန်းပြီး ဝမ်ချောင်ကတော့ သူ့အပေါ်မှီလို့လိုက်လာသည်။

သူတို့ ဒီနေ့ရိုက်ရမည့်ကြော်ငြာက အားကစား brand တစ်ခုဖြစ်သည်။ အရင်က ကြော်ငြာလက်ခံခဲ့ဖူးတဲ့အဖွဲ့က NEX ဖြစ်ပြီး ဒီအဖွဲ့ကလည်း သွမ့်ယိခွန်းရဲ့လက်အောက်တွင် အောင်မြင်ကျော်ကြားလာသည့်အဖွဲ့ဖြစ်၏။ သူတို့အဖွဲ့ရှိ ပေါ်ပြူလာများလွန်းတဲ့အဖွဲ့သားများက solo အဖြစ်ခွဲထွက်သွားပြီး အဖွဲ့ကလည်း ပျက်လုနီးပါးဖြစ်နေတာမို့ နှစ်ပေါင်းများစွာ လက်တွဲခဲ့ဖူးသည့် ထို brand က IceDream နှင့် ပြောင်း၍ စာချုပ် ချုပ်ဆိုသွားတော့သည်။

စတူဒီယိုက အလွန်ကြီးမားပြီး သူတို့မိတ်ကပ်ပြင်နေချိန် သူတို့အရှေ့မှာလည်း ကြော်ငြာရိုက်နေခြင်းများရှိလေသည်။

ချန်းယောင့်က နေရာအနှံ့ တစ်ပတ် ပတ်ကြည့်နေပြီး ခဏအကြာတွင် အထဲသို့ပြန်ဝင်လာလေသည်။ ရှဲ့ကျူရှင်းပေါင်ပေါ် ဝမ်ချောင်လှဲနေတာကို မြင်ချိန် သူ ထိုနေရာတွင် အကြိမ်ရေများစွာ ဟိုလှည့်ဒီလှည့်လုပ်နေပြီး အနားကပ် မလာရဲ။

ရှဲ့ကျူရှင်းလည်း သူ တစ်ခုခုဖြစ်နေမှန်း ခံစားလို့ရနေတာမို့ ဝမ်ချောင့်ကို နိုးပြီးပြောလိုက်သည်။ "မင်း ဆံပင်ကို ပြန်သွားပြင်ဦး။ အိပ်လိုက်တာ ပွကုန်ပြီ။"

ဝမ်ချောင် မှန်ထဲ တစ်ချက်ကြည့်လိုက်ပြီးမှ ဆံပင်အပြင်ဆရာကို သွားရှာတော့သည်။

ချန်းယောင့် အနားသို့ အမြန်ရောက်လာပြီး တိုးတိုးပြောလေသည်။ "ရှဲ့ကော၊ ကျားကျား-ကျဲ အပြင်မှာရောက်နေတယ်။"

ရှဲ့ကျူရှင်း ခဏမျှကြောင်အသွားရသည်။

ယန်ကျားကျားက မော်ဒယ်တစ်ယောက်ဖြစ်တာမို့ ဒီလိုစတူဒီယိုမှာ ရှိနေခြင်းက အံ့ဩစရာ မဟုတ်လှ။

ချန်းယောင့် : "သူလည်း ဒီကို ကြော်ငြာတစ်ခုရိုက်ဖို့ရောက်နေတာပဲတဲ့။ ကျွန်တော့်ကို ဒီမှာ ဘာလုပ်နေတာလဲဆိုတော့ ကျွန်တော်လည်း ကြော်ငြာရိုက်ဖို့လို့ ပြောလိုက်တာ သူက ကော အလုပ်ပြီးသွားရင် လာရှာပေးပါလားတဲ့။ သူ့မှာ ပြောစရာတစ်ခုရှိလို့တဲ့။"

ရှဲ့ကျူရှင်း : "..."

လမ်းခွဲပြီးတာ ဒီလောက်ကြာမှ သူတို့ကြား ဘာကိစ္စများ ရှိနေနိုင်မှာလဲ။

ရှဲ့ကျူရှင်း စတူဒီယိုထဲသို့ ဝင်လာခဲ့လိုက်သည်။ ကြော်ငြာတစ်လျှောက်လုံး၌ ပြောရမည့်စာကြောင်းတစ်ကြောင်းသာ ရှိသည်။

ဒီကြော်ငြာကို ထုတ်လွှင့်ပြီးတာနှင့် ထိုစာကြောင်း ပြောခွင့်ရတဲ့လူက နာမည်ကြီးလိမ့်မယ်မှန်း ဘယ်သူမဆို သိထားပြီးသားပင်။

ဒါရိုက်တာကလည်း သိထားတာမို့ ပြောလိုက်သည်။ "ခေါင်းဆောင်ကို ဒီစာကြောင်း ဖတ်ခိုင်းလိုက်ရအောင်။"

သို့ပေမယ့် ခေါင်းဆောင်ဖြစ်သူက ပြန်ပြောသည်။ "မဖတ်ချင်ဘူး။ ခက်လွန်းတယ်။"

ဒါရိုက်တာ : "..."

ခေါင်းဆောင်က ရှဲ့ကျူရှင်းကို အရှေ့ဆွဲထုတ်လာသည်။ "သူ့ကို ဖတ်ခိုင်းလိုက်။"

ဒါရိုက်တာနှင့် အဖွဲ့သားအားလုံး သူတို့ကို ဝိုင်းကြည့်လာတော့သည်။

ရှဲ့ကျူရှင်း : "... မင်းပဲ လုပ်သင့်တယ်။"

ဝမ်ချောင် : "ငါက မင်းလုပ်သင့်တယ်လို့ပြောရင် မင်းလုပ်လိုက်ပေါ့။ ဘာလို့ စကားအများကြီးပြောနေသေးတာလဲ။"

အဆုံးမှာတော့ ဒါရိုက်တာ အပြင်ထွက် ဖုန်းသွားခေါ်၍ ပြန်ဝင်လာပြီး ပြောလေသည်။ "နောက်ထပ် လိုင်းတစ်ကြောင်း ထည့်တာပေါ့။ မင်းတို့နှစ်ယောက် တစ်ယောက်တစ်ကြောင်းဆီ ပြောလိုက်ကြလေ။"

ကြော်ငြာရိုက်အပြီးမှာတော့ လူတိုင်း အဝတ်လဲခန်းသို့သွားကာ အင်္ကျီလဲ၊ မိတ်ကပ်ဖျက်များ ပြုလုပ်ကြတော့သည်။ ယန်ကျားကျားက ရှဲ့ကျူရှင်းထံ သူမ အပြင်မှာရောက်နေကြောင်း စာပို့ထားလေသည်။

သူ တစ်ချက်လှမ်းကြည့်လိုက်ရာ ဝမ်ချောင်က မှန်အရှေ့တွင် မိတ်ကပ်ဖျက်နေသေးတာမို့ သူ တိတ်တဆိတ် ထထွက်သွားလိုက်သည်။

"ငါလည်း နင့်ကို မနှောင့်ယှက်ချင်ပါဘူး။ ဒါပေမယ့် ငါ တကယ် ဘာလုပ်ရမယ်မှန်း မသိတော့လို့။" ယန်ကျားကျား နီရဲနေတဲ့မျက်နှာဖြင့် နေရခက်သလိုပြောလာသည်။ "အိမ်မှာကိစ္စတစ်ခုဖြစ်သွားပြီး သူတို့ ပိုက်ဆံလိုနေကြလို့။ နင်လည်း သိတာပဲ။ ငါ့မှာလည်း မရှိဘူးလေ။"

ရှဲ့ကျူရှင်း မျက်မှောင်ကြုတ်၍ကြည့်လိုက်သည်။

သူမက ဖိနပ်ထိပ်ကို ငုံ့ကြည့်နေရင်းပြောလာသည်။ "နင့်အတွက် အဆင်မပြေရင်လည်း ထားလိုက်တော့။ ငါ အခြားတစ်ယောက်ဆီ သွားမေးလိုက်မယ်။"

ရှဲ့ကျူရှင်းအနေနှင့် သူမမှာ သွားချေးငှါးဖို့ အခြားလူဆိုတာ မရှိမှန်း သိထားပြီးသားပင်။ မဟုတ်လျှင် သူ့ကိုတောင် လာရှာမှာ မဟုတ်။ "မင်း ဘယ်လောက် လိုတာလဲ။"

သူ ဖုန်းထဲက ပိုက်ဆံကို ချက်ချင်းလွှဲပေးလိုက်သည်။

ယန်ကျားကျား : "ငါ ပိုက်ဆံရလာရင် နင့်ကို သေချာပြန်ဆပ်ပါ့မယ်။"

ရှဲ့ကျူရှင်း ပြောလိုက်သည်။ : "ဟုတ်ပြီ။ ဒါဆို ငါ အထဲပြန်ဝင်တော့မယ်။ ငါတို့မှာ အခြားလုပ်စရာလေးတွေလည်း ရှိနေသေးလို့။"

သူ အနောက်ပြန်လှည့်လိုက်တာနှင့် အဝတ်လဲခန်းရဲ့တံခါးပေါက်က အနည်းငယ်မျှ ဟနေပြီး အထဲမှလူတစ်ယောက် ချောင်းနေတာကို မြင်လိုက်ရလေသည်။ ထိုသူက သူတို့ အတွေ့ခံလိုက်ရတာနှင့် အခန်းထဲမှ ရက်ရက်ရောရော လူလုံးထွက်လာပြပြီး သူ့အနောက်မှ တံခါးကလည်း အလိုအလျောက် ပိတ်သွားလေသည်။

ထိုလူက ဝမ်ချောင်ဖြစ်၏။

ယန်ကျားကျားလည်း ဝမ်ချောင့်အရှေ့မှာ အရှက်ကွဲသွားသလို ခံစားရ၍ဖြစ်နိုင်သည်၊ စကားတစ်ခွန်းတောင် မပြောလာတော့ဘဲ တစ်ဖက်လှည့်ပြီး ထွက်ပြေးသွားတော့သည်။

ရှဲ့ကျူရှင်း ဝမ်ချောင့်ကို ပြောလိုက်သည်။ "မင်း ဘာလုပ်နေတာလဲ။"

ဝမ်ချောင် : "ငါက မင်းကို မေးသင့်တာပါ။ မင်း ဘာလုပ်နေတာလဲ။"

ရှဲ့ကျူရှင်း : "မြန်မြန် မင်းအင်္ကျီ သွားလဲတော့။ ငါတို့ ပြန်ရတော့မယ်။"

ဝမ်ချောင် : "မင်း ခက်ခက်ခဲခဲရှာစုထားသမျှ ပိုက်ဆံတွေကို သူ့ပေးလိုက်တော့မလို့လား။"

"ငါ သူ့ကို ချေးလိုက်တာ။"

ဝမ်ချောင် လှောင်ရယ်သည်။ "သူ မင်းကို လိမ်ထားတာတွေက မလုံလောက်သေးဘူးလို့ မင်း ထင်နေတာလား။"

ရှဲ့ကျူရှင်း အပြင်မှာ ပြဿနာမဖြစ်ချင်။ "အထဲ အရင်ဝင်။"

သူ တံခါးကို အထဲတွန်းဖွင့်ရန်အတွက် ဝမ်ချောင့်ကိုပါ တွန်းလိုက်ပေမယ့် တံခါးက တင်းတင်းကျပ်ကျပ် ပိတ်နေပြီး သူတွန်းတာခံလိုက်ရတဲ့ဝမ်ချောင်ကတော့ တံခါးနှင့် ဘန်းကနဲ ဝင်ဆောင့်သွားတော့သည်။ သို့သော် တံခါးကတော့ ပွင့်မလာခဲ့။

ဝမ်ချောင် သူ့ပခုံးသူ ပွတ်ရင်း ရှဲ့ကျူရှင်းကို အံ့အားသင့်သွားသည့်မျက်နှာအမူအရာဖြင့် ကြည့်လိုက်မိသည်။ "ရှဲ့ကျူရှင်း၊ မင်းရူးသွားပြီလား! အဲ့ကောင်မလေးအတွက်နဲ့ ငါ့ကို ဒီလိုလုပ်တယ်!?"

ရှဲ့ကျူရှင်း : "... နာသွားလား။"

သေချာပေါက် ဝမ်ချောင် နာလို့သွားသည်ပင်။ သူ ဒေါသတကြီးပြောလာတော့သည်။ "အစကတော့ မင်းက ဆင်းရဲပြီး ပိုက်ဆံမရှိလို့ သူ မင်းကို ထားခဲ့တယ်။ အခု မင်းမှာ ဝင်ငွေလေးနည်းနည်းရှိနေတာနဲ့ သူ မင်းဆီ တွားသွားပြန်ရောက်လာတာပဲ။ သူက မင်းကို တကယ်လိုချင်တယ်လို့များ တွေးနေတာလား။ အကယ်၍များ မင်းသာ ကောင်မလေးကောင်းတစ်ယောက်ကို ရှာထားရင် ငါ ဘာမှမပြောပါဘူး။ ဒါပေမယ့် မင်းက သူ့လိုလူကိုမှ ရှာနေရလား! ရွံ့နဲ့ နံရံကောင်းကောင်းတစ်ခုဆောက်လို့ မရဘူးကွ၊ မင်းနားလည်ရဲ့လား!"

ရှဲ့ကျူရှင်းမျက်နှာအမူအရာက မည်းမှောင်သွားတော့သည်။

အဖွဲ့သားများလည်း အသံပလံများကြားလိုက်ရတာမို့ ရန်ပွဲဖျန်ဖြေရန် အပြင်သို့ အပြေးထွက်လာကြတော့သည်။

ကျိကျဲ ဝင်ပြောသည်။ "ငါတို့ ဒီကိုကြော်ငြာရိုက်ဖို့ရောက်လာတာ။ ဒီလိုမြင်ကွင်းမျိုး အခြားသူတွေ မမြင်စေနဲ့။"

သို့ပေမယ့် ဝမ်ချောင်ကတော့ ဘာသိဘာသာပြောလာသည်။ "ဘယ်ကြော်ငြာကို ရိုက်မှာလဲ။ ငါတော့ ဒီငတုံးကောင်မျိုးနဲ့ ကြော်ငြာ အတူမရိုက်ချင်ဘူး!"

ရှဲ့ကျူရှင်းကလည်း အေးစက်စက်ပြန်ပြောသည်။ "ဟုတ်ပြီလေ။ ဒါဆိုလည်း အဖွဲ့ဖျက်သိမ်းလိုက်တာပေါ့။ ငါလည်း ဒီလိုအရူးကောင်နဲ့ တစ်ဖွဲ့တည်း အတူမနေနိုင်ဘူး။"

ဝမ်ချောင် : "..."

ရှဲ့ကျူရှင်း တစ်ဖက်လှည့်ပြီးထွက်သွားတော့သည်။

ဝမ်ချောင် သူ့အနောက်မှလိုက်သွားပြီး ကိုယ်ပေါ် ခုန်အုပ်ကာ အလျင်စလိုပြောလာသည်။ "မင်း ဘယ်သွားမလို့လဲ!"

ရှဲ့ကျူရှင်း သူ့လက်ကို ခါထုတ်လိုက်သည်။ "လွှတ်!"

ဝမ်ချောင် မလွှတ်ပေး။ အစက သူ့လက်နှစ်ဖက်သာ ရှဲ့ကျူရှင်းလည်ပင်း၌ တွယ်ချိတ်ထားပေမယ့် အခုတော့ သူ့ခြေထောက်များလည်း ရှဲ့ကျူရှင်းခါးတွင် ဖက်တွယ်ထားလျက် ကိုအာလာဝက်ဝံလေးလို ရှဲ့ကျူရှင်းကိုယ်ပေါ် မှီတွယ်နေရင်း သနားစဖွယ်အသံဖြင့် ပြောလာတော့သည်။ "ငါ မင်းကို ဆိုးဝါးတဲ့စကားနည်းနည်းလေးပဲ ပြောလိုက်တာလေ။ မင်း ဘာလို့ အရမ်းစိတ်ဆိုးသွားရတာလဲ။ အဖွဲ့ကွဲမယ်လို့ ငါ ပြောမိလို့လား။ ငါကပဲ အရူးလေနော်၊ ဟုတ်ပြီလား။"

ရှဲ့ကျူရှင်း : "..."

အဖွဲ့သားတိုင်း အဝတ်လဲခန်းအတွင်းသို့ ရှက်ရွံ့နေသလိုမျက်နှာအမူအရာများဖြင့် ပြန်ဝင်သွားကြပြီး တံခါးကိုပါ ပြန်ပိတ်ပေးခဲ့လိုက်တော့သည်။

KittyKitling

T/N : Good Night!

_____///_____

[Zawgyi]

'ဘယ္သူကအ႐ူးေကာင္လဲ။'

လ်န္ရွီး တကယ္ကို စိတ္အေျခအေန မေကာင္းေန။ ပိုင္ထူ သူႏွင့္အတူ ဒိတ္ဖို႔ သေဘာတူၿပီးကာမွ အခု ေဟာင္ေကာင္ဘက္တြင္ ဇာတ္ကားရိုက္ဖို႔ ထြက္သြားရသည္။ ထို႔အျပင္ ဖုန္းေျဖဆိုမွုမ်ားကလည္း ဝတ္ေက်တန္းေက်ျဖစ္လာၿပီး စာပို႔ထားတာမ်ားကိုလည္း ျပန္ေျပာလာျခင္း မရွိ။

သူ ဝမ္ေခ်ာင္ထံ အခ်ိန္အေတာ္ၾကာ ေျပာဆိုညီးတြားရင္း ေျပာေလေလ ပိုစိတ္ညစ္လာရေလျဖစ္သြားၿပီး ပိုင္ထူပုံကပ္လ်က္ရွိတဲ့ေခါင္းအုံးကို ဆြဲယူ၍ အနည္းငယ္မၽွထုရိုက္လိုက္ေလသည္။ ထို႔ေနာက္တြင္မွ သူ စိတ္မေကာင္းျဖစ္သြားျပန္ၿပီး ေခါင္းအုံးကို ဆြဲယူကာ ႏွစ္ႀကိမ္မၽွ နမ္းရွိုက္လိုက္ေတာ့သည္။

ဝမ္ေခ်ာင္မွာ လုံးဝကို ေျပာစရာစကားမဲ့သြားရသည္။

ဝမ္ေခ်ာင္လည္း သူ႔လ်န္-ေကာ ႐ူးေတာ့မလိုျဖစ္ေနမွန္း ခံစားမိတာမို႔ ႏွစ္သိမ့္ေပးလိုက္သည္။ "ၾကည့္ရတာ ကၽြန္ေတာ့္မရီးက အရမ္းအလုပ္မ်ားေနလို႔ေနမွာေပါ့။ ေကာလည္း အလုပ္မ်ားေနရင္ ကၽြန္ေတာ့္ဖုန္းကို မကိုင္ဘူးေလ။"

လ်န္ရွီး : "အဲ့ဒါက ငါ မင္းကို အာ႐ုံမစိုက္ခ်င္လို႔။ ငါ လုံးဝ အလုပ္မရွုပ္ဘူး။"

ဝမ္ေခ်ာင္ : "...."

လ်န္ရွီး တစ္ဖန္ထပ္ညီးတြားလာျပန္သည္။ "သူက ေပၚျပဴလာျဖစ္တယ္ဆိုေတာ့ အလုပ္ရွုပ္မွာက အေသအခ်ာပဲ။ ဒါေပမယ့္ သူ တကယ္ႀကီး ငါ့ကို စာျပန္ဖို႔အခ်ိန္မရွိတဲ့အထိ အလုပ္ရွုပ္ေနတာလား။"

ဝမ္ေခ်ာင္ စပ်စ္သီးစားရင္း ျပန္ေျပာလိုက္သည္။ "သူမ်ားက ေကာကို စကားျပန္မေျပာခ်င္လို႔ေနမွာေပါ့။"

လ်န္ရွီး : "..."

ဝမ္ေခ်ာင္ ေျပာၿပီးတာႏွင့္ စိတ္ေက်နပ္သြားေပမယ့္ လ်န္ရွီးရဲ့အသည္းကြဲေနတဲ့မ်က္ႏွာကို ျမင္ၿပီးေနာက္ သြားမစတာ အေကာင္းဆုံးျဖစ္လိမ့္ဟုေတြးကာ ျပန္ႏွစ္သိမ့္ေပးလိုက္ေတာ့သည္။ "ေကာ၊ ကၽြန္ေတာ့္မွာ ရည္းစားအေတြ႕အၾကဳံမရွိတာ သိတယ္မလား။ ကၽြန္ေတာ္ေျပာတာကို နားေထာင္မေနနဲ႔။"

လ်န္ရွီး ဆိုဖာေပၚမွ ထၿပီး အခန္းထဲဝင္သြားသည္။

ဝမ္ေခ်ာင္ : "... ကၽြန္ေတာ့္ကို တကယ္ႀကီးစိတ္ဆိုးသြားတာလား။"

လ်န္ရွီး သူ႔ကို လွမ္းေအာ္ေခၚလာသည္။ "ဝင္ခဲ့!"

သူ အထဲဝင္ၾကည့္လိုက္ရာ လ်န္ရွီးက သူ႔ဒဏ္ရာမရထားသည့္လက္တစ္ဖက္ျဖင့္ ခရီးေဆာင္အိတ္ကို ဆြဲထုတ္ေနတာကို ျမင္လိုက္ရသည္။ "ငါ့ပစၥည္းေတြ ကူသိမ္းေပးဦး။"

ဝမ္ေခ်ာင္ အံ့အားသင့္သြားေတာ့သည္။ "ေကာ ဘာလုပ္ေနတာလဲ။ အခုထိ အထားခံခဲ့ရတာလည္း မဟုတ္တာကို အိမ္ေျပာင္းေျပးေတာ့မလို႔လား။"

လ်န္ရွီး သူ႔ကို ဆဲေအာ္လာသည္။ "မင္းရဲ့ေသာက္က်ိဳးနည္းပါးစပ္ကို ပိတ္ထားစမ္း! ဘယ္သူက အိမ္ေျပာင္းခ်င္ေနလဲ။ ငါလည္း ေဟာင္ေကာင္ လိုက္သြားၿပီး သူ႔သြားရွာမလို႔။"

ဝမ္ေခ်ာင္မွာ သူ႔ပစၥည္းမ်ားကို ထုတ္ပိုးေပးေနရၿပီး လ်န္ရွီးကေတာ့ အိပ္ရာေဘးတြင္ထိုင္လ်က္ သူ႔ကို ညႊန္ၾကားေပးေနသည္။ "ဒီတစ္ခု မထည့္နဲ႔။ ၾကည့္မေကာင္းဘူး။ ဒါကိုထည့္။"

ဝမ္ေခ်ာင္က အဝတ္ဘယ္လိုေခါက္ရမလဲဆိုတာ မသိ။ ထို႔ေၾကာင့္ သူ ခရီးေဆာင္အိတ္ထဲ ရွုပ္ရွုပ္ပြပြထည့္လိုက္ရၿပီး လ်န္ရွီးရဲ့ဗီရိုကလည္း သူ႔ေၾကာင့္ အရွုပ္အပြႀကီးတစ္ခုအျဖစ္သို႔ ေျပာင္းလဲသြားေတာ့သည္။

လ်န္ရွီးစိတ္မ်ားက သူ႔ေကာင္ေလးကို သြားေတြ႕မည့္အေၾကာင္းမ်ားျဖင့္သာ ျပည့္ေနတာမို႔ အာ႐ုံထဲ ထည့္မေန။ ထို႔ေနာက္ သူ ႐ုတ္တရက္ေမးလာသည္။ "မင္း ေယာက္်ားေလးေတြနဲ႔ လုပ္ဖူးလား။"

ဝမ္ေခ်ာင္ ေတာင့္တင္းလို႔သြားသည္။ "... အာ?"

လ်န္ရွီးက ဝမ္ေခ်ာင့္အမူအရာကို တစ္ခ်က္ၾကည့္႐ုံႏွင့္ နားလည္သြားၿပီးေျပာေလသည္။ "ဟန္ေဆာင္မေနနဲ႔။ ငါ မင္းအစ္ကိုကို ျပန္မေျပာဘူး။ ဆိုေတာ့ .. မလုပ္ခင္ ငါဘာေတြျပင္ဆင္ထားရမလဲ။"

ဝမ္ေခ်ာင္က လ်န္ရွီး ဘာကိုေျပာခ်င္တာလဲ တကယ္နားမလည္နိုင္။ "ဘာကိုျပင္ဆင္မွာလဲ။"

လ်န္ရွီး ရွက္ရွက္ႏွင့္ေျပာျပလာသည္။ "ငါ့ကို မရယ္နဲ႔ေနာ္။ ငါ တစ္ခါမွ ပိုင္ထူနဲ႔ မလုပ္ဖူးေသးဘူး။ ဒီတစ္ေခါက္ အခ်ိန္အခါ အဆင္ေျပေနရင္ ငါ စမ္းလုပ္ၾကည့္ခ်င္တယ္။ ၾကားတာေတာ့ မင္း ဒီတိုင္း ထည့္ခ်လိုက္လို႔ မရဘူးဆို။ ငါမွားလုပ္မိလို႔ သူနာသြားမွာလည္း စိုးရိမ္တယ္ကြ။ ငါ ဟိုကားအခ်ိဳ႕ သြားၾကည့္ေသးတယ္။ ဒါေပမယ့္ သူတို႔အကုန္လုံးက အေယာင္ေဆာင္ေနၾကတာခ်ည္း။ ျပင္ဆင္ေပးတာေတြလည္း မပါဘူး၊ ခံရတဲ့လူကလည္း ဟန္ေဆာင္ေအာ္ေနတာ။ အသံကလည္း ဆိုးခ်က္ — ေယာက္်ားေအာ္သံနဲ႔ေတာင္ မတူဘူး။ ပိုင္ထူက သူတို႔လိုမွ မဟုတ္ပဲ .. မင္း ငါေျပာတာ နားေထာင္ေနလား။"

ဝမ္ေခ်ာင္ စိတ္ပ်ံ႕သြားတာ အေစာပိုင္းကတည္းကမို႔ သူ သာမန္ကာလၽွံကာမၽွျပန္ေျပာလိုက္သည္။ "နားေထာင္တယ္ေလ။ ပိုင္ထူက ေယာက္်ားနဲ႔ေတာင္ မတူဘူးတဲ့။"

လ်န္ရွီး : "..."

ဝမ္ေခ်ာင္ ေနာက္ထပ္ ႏွစ္ခ်က္မၽွ အကန္ခံလိုက္ရၿပီးေနာက္ ၾကမ္းျပင္ေပၚ ဒူးေထာက္လ်က္ လ်န္ရွီးရဲ့ပစၥည္းမ်ားကို အသံတိတ္သိမ္းဆည္းေပးေနရေတာ့သည္။

လ်န္ရွီးက ခပ္တည္တည္မ်က္ႏွာအေနအထားႏွင့္ ေဘးတြင္ထိုင္ၿပီး သူ႔ရဲ့ေဟာင္ေကာင္ခရီးစဥ္အေၾကာင္း စိတ္ကူးယဥ္ေန၏။ 

ဝမ္ေခ်ာင္လည္း စိတ္ကူးယဥ္ေနသည္။

ဝမ္ေခ်ာင္ ထိုညက ပိုင္ထူ႔မန္ေနဂ်ာႏွင့္ျဖစ္ခဲ့သမၽွကို အေသးစိတ္ေမ့သြားခဲ့ၿပီ။ အစကေနအဆုံးအထိ ထိုလူ ဘာျဖစ္ေနသလဲ သူ ဂ႐ုမစိုက္ခဲ့။ သူ ရီေဝေဝႏွင့္ စတင္ခဲ့တာျဖစ္ၿပီး ၿပီးသြားခ်ိန္၌လည္း ရီေဝေဝသာ။ သူ အရင္ကခ်ိတ္ခဲ့ဖူးတဲ့ေကာင္မေလးမ်ားႏွင့္လည္း ထိုနည္းတူပင္။ သူ႔အေရွ႕မွာ အေပါက္ရွိေနသ၍ သူက မိနစ္အနည္းငယ္အတြင္း ၿပီးလႊတ္နိုင္ေနသည္။

သို႔ေပမယ့္ ေရွာင္ရွဲ႕ႏွင့္သာဆို သူ အရမ္းအလ်င္လိုေနစရာ မလို။

အနည္းဆုံးေတာ့ သူ ေရွာင္ရွဲ႕ကို နမ္းေပးရမည္။ ၿပီးလၽွင္ ဝင္ခါနီးက် ႏွစ္သိမ့္ေပးဖို႔လည္း လိုလိမ့္မည္။ 'မနာဘူး၊ မနာဘူး။ တကယ္မနာဘူး။"

... ဒါေပမယ့္ နာေနရင္ေရာ?

သူ လ်န္ရွီးကို ေမးလိုက္သည္။ "ေကာ၊ အဲ့လိုကားေတြ ဘယ္ကေနၾကည့္တာလဲ။"

ရွဲ႕က်ဴရွင္းႏွင့္ က်ိဳးက်န္းယိတို႔ ေခြးႏွင့္အတူလမ္းေလၽွာက္ေပးၿပီးျပန္လာခ်ိန္ လ်န္ရွီး ေဟာင္ေကာင္သြားေတာ့မည့္အေၾကာင္း ၾကားလိုက္ရေလသည္။

"ဒီညေလယာဥ္နဲ႔သြားမွာ။ သန္ဘက္ခါညက် ျပန္လာခဲ့မယ္။" လ်န္ရွီးေျပာလာသည္။ "ေရွာင္က်ိဳး၊ ဒီၾကားႏွစ္ရက္ထဲ ေခြးေတြကို အစာေကၽြး၊ လမ္းေလၽွာက္ လာလုပ္ေပးဦး။"

က်ိဳးက်န္းယိ ၿငီးတြားေျပာလာသည္။ "အစာေကၽြးတာက ျပႆနာ မဟုတ္ဘူး။ ဒါေပမယ့္ ေခြးေတြက အရမ္းႀကီးလြန္းတယ္။ ငါ တစ္ေယာက္တည္းေတာ့ မထိန္းနိုင္ဘူး။ သူတို႔ကို လမ္းေလၽွာက္ေပးေနတုန္း ထြက္ေျပးသြားရင္ ဘယ္လိုလုပ္မလဲ။ မင္း ခရီးက ျပန္လာရင္ ငါ့သတ္မွာေလ။"

လ်န္ရွီး ဝမ္ေခ်ာင့္ကို လွမ္းၾကည့္လိုက္သည္။

ဝမ္ေခ်ာင္ : "ကၽြန္ေတာ့္ကို ၾကည့္ၿပီး ဘာလုပ္မွာလဲ။ ကၽြန္ေတာ္က ကၽြန္ေတာ့္ဘာသာကၽြန္ေတာ္ေတာင္ မထိန္းနိုင္တာ။"

သူတို႔သုံးေယာက္လုံး ရွဲ႕က်ဴရွင္းကို ဝိုင္းၾကည့္လာ၏။

ရွဲ႕က်ဴရွင္း : "... ဒါဆိုလည္း ကၽြန္ေတာ္ ေရွာင္က်ိဳးကို ကူေပးလိုက္ပါ့မယ္။"

ဘယ္လိုပဲျဖစ္ျဖစ္ သူတို႔လည္း သန္ဘက္ခါမွ ခ်န္းရွကို သြားရမွာပင္။

လ်န္ရွီး စိတ္ေက်နပ္သြားသလိုအျပဳံးႏွင့္ သူ႔ပခုံးကို ပုတ္ေပးလာသည္။ "ဒီလိုမွေပါ့။ ငါ့ရဲ့ CP ေကာင္းေလး။"

ဝမ္ေခ်ာင္ ရွဲ႕က်ဴရွင္းပခုံးေပၚ တင္ထားတဲ့လက္ကို ဆြဲဖယ္ၿပီး သေဘာမေတြ႕သလိုေျပာလိုက္သည္။ "ကၽြန္ေတာ့္ေရွာင္ရွဲ႕ကို အခြင့္ေကာင္းမယူနဲ႔။"

လ်န္ရွီးက ေဟာင္ေကာင္သြားရမည့္ကိစၥအတြက္ျဖင့္ စိတ္ေပ်ာ္ေနတာမို႔ ဝမ္ေခ်ာင္ႏွင့္ စကားနိုင္မလုေနေတာ့။ "လာ၊ လာ။ ငါ မင္းတို႔ကို Variety show ေတြမွာ ဘယ္လိုျပဳမူရမလဲ ေျပာျပမယ္။"

ေသခ်ာေပါက္ လ်န္ရွီးက တ႐ုတ္နိုင္ငံရဲ့ variety show ပြဲမ်ားတြင္ ဘုရင္တစ္ဆူျဖစ္လာျခင္းက ဟာသမ်ားအေပၚ မွီခိုရင္းႏွင့္ မဟုတ္လွ။ သူက အျခားလူတစ္ေယာက္ကို ထိခိုက္နစ္နာမွု မရွိေစဘဲ ဘယ္လိုဟာသေျပာရမလဲ၊ ဘယ္စကားေတြကို ေျပာၿပီး ဘယ္စကားေတြကို မေျပာရမလဲ၊ ေသခ်ာတဲ့fan ေတြကို ဘယ္လိုဆြဲေဆာင္မလဲ၊ Anti-fan ေတြ ေပၚမလာေအာင္ ဘယ္လိုလုပ္မလဲ၊ စကားဝိုင္းတစ္ခုကို အျခားလူတစ္ေယာက္ဆီ ဘယ္လိုမ်ိဳးပို႔ေပးမလဲ၊ စကားဝိုင္းတစ္ခုကို ဘယ္လိုဆက္မလဲ၊ ဘယ္အခ်ိန္မွာ ဟာသေျပာမလဲ၊ အေျခအေန အရမ္းတင္းၾကပ္လာရင္ ဘယ္လိုေျဖေလ်ာ့မလဲ၊ လူေတြ အရမ္းစိတ္လွုပ္ရွားလြန္ေနရင္ ဘယ္လိုေျဖေလ်ာ့ေပးရမလဲ ဆိုတာမ်ိဳးေတြအထိ ေလ့လာသင္ယူထားရသည္။

ဒါေတြက အႏုပညာေလာကအတြက္ အထူးျပဳထားတာမ်ားမို႔ အကုန္လုံးက ဗဟုသုတႂကြယ္ဖြယ္ျဖစ္ေနေတာ့သည္။

ရွဲ႕က်ဴရွင္းက ေသခ်ာနားေထာင္ရင္း လ်န္ရွီးေျပာသမၽွ စိတ္ထဲ မွတ္သားေနေပမယ့္ ဝမ္ေခ်ာင္ကေတာ့ နားေထာင္ေလေလ အိပ္ခ်င္ေလေလျဖစ္လာၿပီး သူ႔ေခါင္းက ၾကက္ကေလး အစာ ေကာက္စားေနသလိုျဖစ္ေနသည္။

လ်န္ရွီး စကားေျပာၿပီးေနာက္ ဝမ္ေခ်ာင္လည္း နိုးလာသည္။

လ်န္ရွီးလည္း ေလယာဥ္အမွီသြားရမွာမို႔ သူတို႔ေတြ ႏွုတ္ဆက္ထြက္လာခဲ့ေတာ့သည္။

"မင္း သူေျပာတာေတြ နားလည္လိုက္လား။" ဝမ္ေခ်ာင္ေမးလာသည္။

"မဆိုးပါဘူး။ ငါ ေတာ္ေတာ္ေလးသိလိုက္ရတယ္။" ရွဲ႕က်ဴရွင္း ျပန္ေျဖသည္။

"အဲ့ဒါဆို ရၿပီ။ လာတာ အက်ိဳးမယုတ္သြားဘူး။" ဝမ္ေခ်ာင္ သမ္းေဝရင္းေမးလာသည္။ "မင္း မနက္ျဖန္က်ရင္ ဘယ္အခ်ိန္ ေခြးေတြကို လမ္းသြားေလၽွာက္ေပးမွာလဲ။"

"ငါ မနက္ျဖန္ ေရွာင္က်ိဳးနဲ႔ ၇ နာရီ ေတြ႕ဖို႔ ခ်ိန္းထားတယ္။ မင္း ညစာ ဘာစားခ်င္လဲ။"

ဝမ္ေခ်ာင္ အခုမွနိုးလာတာမို႔ သူ႔မ်က္လုံးကိုသူ ေလမွုတ္ရင္း ေျပာလာသည္။ "ငါ မစားခ်င္ေသးဘူး။ မင္းကို အိမ္အရင္ျပန္ပို႔ေပးမယ္။ ငါ လုပ္စရာကိစၥေလးရွိလို႔။"

'သူ႔မွာ ဘာလုပ္စရာကိစၥမ်ားရွိနိုင္မွာလဲ။' ရွဲ႕က်ဴရွင္း စိတ္မေပ်ာ္မရႊင္ႏွင့္သတိေပးလိုက္သည္။ "ကလပ္သြားၿပီး ေပ်ာ္ပါးမေနနဲ႔ဦး။ ဓာတ္ပုံအရိုက္ခံလိုက္ရရင္ မေကာင္းဘူး။"

ဝမ္ေခ်ာင္ ျငင္းဆိုလာသည္။ "ငါ ကလပ္မသြားပါဘူး။ အိမ္မွာလုပ္စရာေလးရွိေနလို႔။"

ရွဲ႕က်ဴရွင္း သူ႔ကို နည္းနည္းေလးေတာင္ မယုံေန။ "ဘာကိစၥတဲ့လဲ။"

ဝမ္ေခ်ာင္ သူ႔စိတ္ထဲ အျပစ္ရွိသလိုခံစားခ်က္ျဖင့္ ေျပာလိုက္သည္။ "မင္း ဘာလုပ္ေနတာလဲ။ မင္း အရင္က ငါ့ကို အဲ့ေလာက္ ဂ႐ုစိုက္မေနပါဘူး။"

ရွဲ႕က်ဴရွင္း : "..."

'မင္း ႀကိဳက္တာသာ သြားလုပ္စမ္းပါ။ ဘယ္သူက လိုက္ဂ႐ုစိုက္ေနလဲ။'

သူတို႔ ရွဲ႕က်ဴရွင္းရဲ့တိုက္ခန္းေအာက္ ေရာက္လို႔ သူ ကားေပၚက ဆင္းၿပီးတာႏွင့္ ဝမ္ေခ်ာင္ ကားေမာင္းထြက္သြားေတာ့သည္။

သူ တိုက္ခန္းထဲဝင္သြားၿပီး သူ႔အတြက္သူ ေခါက္ဆြဲတစ္ပြဲျပဳတ္လိုက္သည္။ စားၿပီးေနာက္ ပန္းကန္ေဆး၍ အခန္းထဲ လမ္းပတ္ေလၽွာက္ၾကည့္ေပမယ့္ တစ္ခုခုကမွားေနသလို သူ႔စိတ္ထဲခံစားေနရသည္။

ဝမ္ေခ်ာင့္မွာ ဘာလုပ္စရာကိစၥမ်ားရွိေလာက္သလဲ။ ၿပီးေတာ့ ဘာလို႔မ်ား သူက အဲ့အေၾကာင္းကို အရမ္းလၽွို႔ဝွက္ဆန္ေနရတာလဲ။ အျပင္ထြက္ေပ်ာ္ပါးတာကလြဲ၍ သူ ဘာမ်ားလုပ္နိုင္ေနေသးလို႔လဲ။ သူ႔ေခါင္းထဲ အဲ့ဒါေတြနဲ႔ပဲ ျပည့္ေနတာမလား။ သူ ကလပ္သြားမေပ်ာ္ပါးဘူးဆို တစ္ေယာက္ေယာက္ကို အိမ္ေခၚမွာလား။ ရွဲ႕က်ဴရွင္း ေနာက္ဆုံးတစ္ေခါက္တုန္းက ဝမ္ေခ်ာင့္ဖိနပ္ေပၚေတြ႕ခဲ့သည့္ကြန္ဒုံးကို အမွတ္ရေနဆဲ။

'အဲ့သုံးစားမရတဲ့ေကာင္'

ဝမ္ေခ်ာင္ အိမ္ျပန္ေရာက္တာႏွင့္ သူ႔ tablet ကို အလ်င္အျမန္ဆြဲထုတ္ၿပီး လ်န္ရွီးပို႔ေပးလာတဲ့ 1.3G ရွိတဲ့ file တစ္ခုကို လက္ခံယူလိုက္ေတာ့သည္။

ဒါက နိုင္ငံျခားသားႏွစ္ေယာက္အေၾကာင္းျဖစ္သည္။ သူတို႔က စလာတာႏွင့္ ခ်က္ခ်င္းဆိုသလို ေဘာင္းဘီခၽြတ္ၿပီး နမ္းလာကာ အနမ္းသံမ်ားက ေတာ္ေတာ္ေလးကို က်ယ္လြန္းလွသည္။

ဝမ္ေခ်ာင္ၾကည့္ေနရင္း လက္သည္းကိုက္ေနမိသည္။ သူ အရင္က ဒီလိုမ်ိဳး တစ္ခါမွနမ္းဖူးျခင္း မရွိ။ သူ႔စိတ္ထဲ သူမ်ားသြားရည္ကို စုပ္ယူေနရတာက အေတာ္ေလးရြံဖို႔ေကာင္းလွတယ္ဟု ခံစားရတာမို႔ မနမ္းခ်င္ေပ။

သူ႔ဖုန္းက ႐ုတ္တရက္ျမည္လာၿပီး သူ ေခၚဆိုသူကိုေတာင္ မၾကည့္ဘဲ လွမ္းယူၿပီးကိုင္လိုက္မိသည္။

"ဘယ္မွာလဲ။" ရွဲ႕က်ဴရွင္း သူ႔ကိုေမးလာသည္။

"အိမ္မွာ။ မင္း ဘာလုပ္ခ်င္လို႔လဲ။" သူ tablet ကို ေသခ်ာၾကည့္ေနရင္းေျဖလိုက္သည္။

ရွဲ႕က်ဴရွင္း : "မင္း မနက္က် ေစာေစာထရမယ္။ ငါတို႔ ေၾကာ္ျငာရိုက္ဖို႔ အဲ့ကို ၉ နာရီေရာက္မွ ရမွာ။"

ဝမ္ေခ်ာင္က သူ႔အေပၚ အာ႐ုံမရွိေန။ "ဟုတ္ၿပီ။ မင္း ငါ့ကို ဖုန္းေခၚလိုက္ေလ။"

ရွဲ႕က်ဴရွင္း သူ႔ရဲ့ေႏွးေႏွးေကြးေကြးျပန္ေျဖသံအျပင္ အေနာက္မွလည္း ဝိုးတိုးဝါးတားအသံအခ်ိဳ႕ကို ၾကားေနရေသးသည္။ "မင္း ဇာတ္ကားၾကည့္ေနတာလား။ သရဲကား မၾကည့္နဲ႔ဦး။ ၾကည့္ၿပီးရင္ မင္း အိမ္သာ မသြားရဲျဖစ္ဦးမယ္။"

ဝမ္ေခ်ာင္ေျပာလာသည္။ "ဒါေၾကာက္ဖို႔မေကာင္းပါဘူး ..."

႐ုတ္တရက္ သူ႔ရင္ထဲ လွုပ္ရွားသြားေတာ့သည္။ "မင္း ၾကည့္ခ်င္လား။ ငါ မင္းဆီ ပို႔ေပးလိုက္မယ္။"

ရွဲ႕က်ဴရွင္း ေျပာလိုက္သည္။ "ဘယ္လိုဇာတ္လမ္းမ်ိဳးလဲ။"

ဝမ္ေခ်ာင္ : "ဥေရာပသားနဲ႔ အေမရိကန္သားရဲ့ Action ခန္းေတြ။"

ရွဲ႕က်ဴရွင္းက ဝမ္ေခ်ာင္ ဘာေျပာခ်င္ေနတာလဲ မသိတာမို႔ ေျပာလိုက္သည္။ "နာမည္ကဘာလဲ။ ငါၾကည့္ၿပီးၿပီလား တစ္ခ်က္ၾကည့္ဦးမယ္။"

ဝမ္ေခ်ာင္ : "မင္း လုံးဝၾကည့္ဖူးဦးမွာ မဟုတ္ဘူး။"

သူ လ်န္ရွီးႏွင့္ ေျပာထားတဲ့ chat ထဲ ဝင္ၿပီး file ကို ႏွိပ္လ်က္ forward လုပ္ေပးမည့္အခ်ိန္မွာပဲ ဆိုင္းငံ့သြားေတာ့သည္။

ဒီလိုမ်ိဳးကိစၥမ်ားကို သူ ဘယ္လိုလုပ္ ေရွာင္ရွဲ႕ကို ျပလို႔ျဖစ္မလဲ။ ဒါ သူ႔မွာ အျခားအေတြးေတြ ရွိေနတဲ့အေၾကာင္း သြယ္ဝွက္ေျပာသလို မျဖစ္ေနဘူးလား။

"ထားေတာ့။ အဲ့ေလာက္လည္း ၾကည့္မေကာင္းပါဘူး။" သူ တစ္ဖက္မွဖုန္းကိုင္ထားတဲ့ရွဲ႕က်ဴရွင္းကို လွမ္းေမးလိုက္သည္။ "မင္း စားၿပီးၿပီလား။ ငါ မာလာပုစြန္ခ်က္ ထပ္စားခ်င္ေနျပန္ၿပီ။"

"ဆီမ်ားတဲ့အစာေတြက က်န္းမာေရးအတြက္ မေကာင္းတာကို မင္း ေန႔တိုင္းစားေနတုန္းပဲ။ ထြက္ခဲ့ေလ။ ငါ မင္းကို ဘယ္မွာေတြ႕ရမလဲ။"

ဝမ္ေခ်ာင္ ျပဳံးရင္းေျပာလာသည္။ "ေစာင့္ေန။ ငါ မင္းကို လာေခၚမယ္။"

ရွဲ႕က်ဴရွင္း : "မင္း ကားမေမာင္းလာနဲ႔။ မင္း အရက္ေသာက္ၿပီးရင္ ကားသမား ထပ္ငွါးေနရဦးမွာ။ ဒီတိုင္းလာခဲ့။"

ဝမ္ေခ်ာင္ video ကို ပိတ္လို႔ tablet ကို ေဘးပစ္ခ်ကာ ေပ်ာ္ေပ်ာ္ႀကီး အျပင္ထြက္သြားလိုက္သည္။

ဒီအသုံးမက်တဲ့ပြန္းကား၊ ေရွာင္ရွဲ႕ကေတာင္ ပိုၿပီးၾကည့္ေကာင္းေသးတယ္။

သူတို႔ မာလာပုစြန္ အတူစားၾကရာတြင္ ရွဲ႕က်ဴရွင္းက ႏွစ္ေကာင္မၽွစားၿပီးတာႏွင့္ လက္အိတ္ျပန္ခၽြတ္ထားလိုက္ေတာ့သည္။ သူက ေခါက္ဆြဲစားထားတာမို႔ သိပ္မဆာေပမယ့္ ဝမ္ေခ်ာင္က သူ ဒါစားရတာ မႀကိဳက္ဟုသိထားတဲ့အတြက္ သူ႔ကို ေခါက္ဆြဲတစ္ပြဲ မွာေပးလာသည္။ သို႔ႏွင့္ ရွဲ႕က်ဴရွင္းလည္း ညစာ မစားရေသးသလို ေခါက္ဆြဲတစ္ပြဲ ထပ္စားလိုက္ရေလသည္။

သူတို႔ ဘီယာ ၆ လုံးလည္း မွာထားၿပီး ဝမ္ေခ်ာင္ကသာ အမ်ားဆုံးေသာက္သြား၏။

စားေသာက္ၿပီးသည္ႏွင့္ သူတို႔ ေဘရွင္း၍ထြက္လာလိုက္သည္။ ဝမ္ေခ်ာင္က အရက္မူးေနသလို ရွဲ႕က်ဴရွင္းေပၚ သူ႔ကိုယ္တစ္ဝက္မၽွမွီခ်လ်က္ သူ႔လက္မ်ားကလည္း ရိုးရိုးသားသား မေန။ ရွဲ႕က်ဴရွင္းရဲ့ပခုံးႏွင့္ ေနာက္ေက်ာမ်ားကို ပြတ္သပ္ေနသည္။

သူ ဟန္ေဆာင္ေနမွန္း ရွဲ႕က်ဴရွင္း သိေပမယ့္ တမင္ေျပာမေနဘဲ သူႏွင့္အတူသာ သ႐ုပ္ေဆာင္ေပးလိုက္သည္။ "အဲ့ေလာက္လည္း မေသာက္ဘဲ မင္း ဘာလို႔မူးသြားရတာလဲ။ ကားငွါးေခၚထားႏွင့္။ မင္းကို အိမ္ျပန္ပို႔ေပးၿပီးမွပဲ ငါ အိမ္ျပန္ေတာ့မယ္။"

ဝမ္ေခ်ာင္ သူ႔အိမ္ကို တစ္ေယာက္တည္းျပန္မသြားခ်င္။ "ငါ မင္းအိမ္မွာ အိပ္မယ္။"

ရွဲ႕က်ဴရွင္း ျငင္းဆိုလိုက္သည္။ "မရဘူး။ မင္းအိမ္ ျပန္သြား။"

ဝမ္ေခ်ာင္ ရွဲ႕က်ဴရွင္းကို သိုင္းဖက္ထားရင္း ၿငီးျငဴလာသည္။ "ဘာလို႔ မရတာလဲ။ ငါ အရင္က မင္းနဲ႔ မအိပ္ဖူးတာလည္း မဟုတ္ဘူး။"

"ငါ မနက္ျဖန္မနက္က် ေခြးကို လမ္းေလၽွာက္ေပးဖို႔ လ်န္-ေကာအိမ္ကို သြားရမွာ။ ၿပီးရင္ အိမ္ျပန္လာမွာ မဟုတ္ဘူး။ အျပင္မွာ မနက္စာ စားၿပီးတာနဲ႔ ေၾကာ္ျငာရိုက္ဖို႔ တစ္ခါတည္းတန္းသြားမွာ။"

ဝမ္ေခ်ာင္ : "ဒါဆို ငါလည္း မင္းနဲ႔အတူ ေခြးေတြနဲ႔ လမ္းလိုက္ေလၽွာက္မယ္ေလ။"

ရွဲ႕က်ဴရွင္း : "ငါနဲ႔ေရွာင္က်ိဳး ၇ နာရီေတြ႕ဖို႔ ခ်ိန္းထားတာမို႔ ငါ ၆ နာရီေလာက္ ထမွာ။ မင္း မထနိုင္ဘူး။"

"မင္းနိုးေလ။ မင္းနိုးရင္ ငါထနိုင္တာပဲ။"

ေနာက္ဆုံးမွာေတာ့ သူတို႔ ရွဲ႕က်ဴရွင္းအိမ္ကိုသာ ျပန္ျဖစ္သြားၾကသည္။

သူတို႔ အရင္က အႀကိမ္မ်ားစြာ အတူအိပ္ဖူးေပမယ့္ ဒီေန႔ကေတာ့ အေတာ္ေလး မတူထူးျခားလို႔ေနသည္။

မီးေတြအကုန္ပိတ္ၿပီးလို႔ ဆယ္မိနစ္ေက်ာ္သြားတာေတာင္ သူတို႔ႏွစ္ေယာက္လုံး မအိပ္ေပ်ာ္ေသးသလို ႏွစ္ေယာက္လုံး စကားတစ္ခြန္းမွ မေျပာမိ။

ဝမ္ေခ်ာင္ ပ်င္းရိလာတာမို႔ မဝံ့မရဲေမးလိုက္သည္။ "ေရွာင္ရွဲ႕?"

ေရွာင္ရွဲ႕ ျပန္မေျဖ။

ဝမ္ေခ်ာင္လည္း သူ အိပ္ေပ်ာ္သြားၿပီဟု ေတြးမိပုံေပၚသည္။ ထို႔ေၾကာင့္ သူက အနားကို တျဖည္းျဖည္းတိုးကပ္လာၿပီး သူ႔လက္ကို ပခုံးေပၚ သတိတႀကီးႏွင့္ တင္လာသည္။ သူ စိတ္မေက်နပ္ေသး၊ သူ ဒီ့ထက္ ပိုလို႔လုပ္ခ်င္ေပမယ့္ ရွဲ႕က်ဴရွင္း နိုးသြားမွာကိုလည္း ေၾကာက္ရေသးသည္။

ရွဲ႕က်ဴရွင္း တစ္ဖက္ျပန္လွည့္လာၿပီး သူတို႔က မ်က္ႏွာခ်င္းဆိုင္အေနအထားႏွင့္ အသက္ရွုမွုကို ခံစားမိေနတဲ့အထိ နီးကပ္သြားေတာ့သည္။

ဝမ္ေခ်ာင့္ရင္ထဲ ပန္းမ်ားပြင့္အာသြားသည္။ 'ဟိဟိ .. ေရွာင္ရွဲ႕၊ ဒါမင္းဘာသာ ငါ့အေရွ႕ေရာက္လာတာေနာ္။'

သူ႔လက္မ်ားက ရွဲ႕က်ဴရွင္းပခုံးထက္မွတစ္ဆင့္ ရင္ဘတ္ႂကြက္သားမ်ားအထိ နယ္ဆန့္လာၿပီး အေရွ႕ဆက္တိုးခ်င္ေပမယ့္လည္း သူ႔လက္မ်ားကို ရွဲ႕က်ဴရွင္းက လွမ္းဖမ္းဆုပ္ထားေတာ့သည္။

ဝမ္ေခ်ာင္ ခ်က္ခ်င္းဆိုသလို အိပ္ခ်င္ေယာင္ေဆာင္ေနလိုက္သည္။ 

ရွဲ႕က်ဴရွင္းကလည္း အစကေနအဆုံးထိ အိပ္ရာနိုးလာပုံ မေပၚရ။

သူတို႔ႏွစ္ေယာက္ တစ္ေယာက္ကိုတစ္ေယာက္ မ်က္ႏွာခ်င္းဆိုင္ရင္း လက္ခ်င္းယွက္သြယ္လ်က္ တျဖည္းျဖည္းခ်င္း အိပ္ေပ်ာ္သြားေတာ့သည္။

ေနာက္တစ္ေန႔ မနက္ ၆ နာရီမွာေတာ့ ရွဲ႕က်ဴရွင္း အိပ္တစ္ဝက္နိုးတစ္ဝက္ျဖစ္ေနသည့္ဝမ္ေခ်ာင့္ကို ဆြဲေခၚလ်က္ လ်န္ရွီးအိမ္သို႔ သြားရေလသည္။

လ်န္ရွီးရဲ့မန္ေနဂ်ာ က်ိဳးက်န္းယိက ေခြးတစ္ေကာင္ ထိန္းလ်က္ သူက ေနာက္တစ္ေကာင္ကို ထိန္းၿပီး ဝမ္ေခ်ာင္ကေတာ့ သူ႔အေပၚမွီလို႔လိုက္လာသည္။

သူတို႔ ဒီေန႔ရိုက္ရမည့္ေၾကာ္ျငာက အားကစား brand တစ္ခုျဖစ္သည္။ အရင္က ေၾကာ္ျငာလက္ခံခဲ့ဖူးတဲ့အဖြဲ႕က NEX ျဖစ္ၿပီး ဒီအဖြဲ႕ကလည္း သြမ့္ယိခြန္းရဲ့လက္ေအာက္တြင္ ေအာင္ျမင္ေက်ာ္ၾကားလာသည့္အဖြဲ႕ျဖစ္၏။ သူတို႔အဖြဲ႕ရွိ ေပၚျပဴလာမ်ားလြန္းတဲ့အဖြဲ႕သားမ်ားက solo အျဖစ္ခြဲထြက္သြားၿပီး အဖြဲ႕ကလည္း ပ်က္လုနီးပါးျဖစ္ေနတာမို႔ ႏွစ္ေပါင္းမ်ားစြာ လက္တြဲခဲ့ဖူးသည့္ ထို brand က IceDream ႏွင့္ ေျပာင္း၍ စာခ်ဳပ္ ခ်ဳပ္ဆိုသြားေတာ့သည္။

စတူဒီယိုက အလြန္ႀကီးမားၿပီး သူတို႔မိတ္ကပ္ျပင္ေနခ်ိန္ သူတို႔အေရွ႕မွာလည္း ေၾကာ္ျငာရိုက္ေနျခင္းမ်ားရွိေလသည္။

ခ်န္းေယာင့္က ေနရာအႏွံ့ တစ္ပတ္ ပတ္ၾကည့္ေနၿပီး ခဏအၾကာတြင္ အထဲသို႔ျပန္ဝင္လာေလသည္။ ရွဲ႕က်ဴရွင္းေပါင္ေပၚ ဝမ္ေခ်ာင္လွဲေနတာကို ျမင္ခ်ိန္ သူ ထိုေနရာတြင္ အႀကိမ္ေရမ်ားစြာ ဟိုလွည့္ဒီလွည့္လုပ္ေနၿပီး အနားကပ္ မလာရဲ။

ရွဲ႕က်ဴရွင္းလည္း သူ တစ္ခုခုျဖစ္ေနမွန္း ခံစားလို႔ရေနတာမို႔ ဝမ္ေခ်ာင့္ကို နိုးၿပီးေျပာလိုက္သည္။ "မင္း ဆံပင္ကို ျပန္သြားျပင္ဦး။ အိပ္လိုက္တာ ပြကုန္ၿပီ။"

ဝမ္ေခ်ာင္ မွန္ထဲ တစ္ခ်က္ၾကည့္လိုက္ၿပီးမွ ဆံပင္အျပင္ဆရာကို သြားရွာေတာ့သည္။

ခ်န္းေယာင့္ အနားသို႔ အျမန္ေရာက္လာၿပီး တိုးတိုးေျပာေလသည္။ "ရွဲ႕ေကာ၊ က်ားက်ား-က်ဲ အျပင္မွာေရာက္ေနတယ္။"

ရွဲ႕က်ဴရွင္း ခဏမၽွေၾကာင္အသြားရသည္။

ယန္က်ားက်ားက ေမာ္ဒယ္တစ္ေယာက္ျဖစ္တာမို႔ ဒီလိုစတူဒီယိုမွာ ရွိေနျခင္းက အံ့ဩစရာ မဟုတ္လွ။

ခ်န္းေယာင့္ : "သူလည္း ဒီကို ေၾကာ္ျငာတစ္ခုရိုက္ဖို႔ေရာက္ေနတာပဲတဲ့။ ကၽြန္ေတာ့္ကို ဒီမွာ ဘာလုပ္ေနတာလဲဆိုေတာ့ ကၽြန္ေတာ္လည္း ေၾကာ္ျငာရိုက္ဖို႔လို႔ ေျပာလိုက္တာ သူက ေကာ အလုပ္ၿပီးသြားရင္ လာရွာေပးပါလားတဲ့။ သူ႔မွာ ေျပာစရာတစ္ခုရွိလို႔တဲ့။"

ရွဲ႕က်ဴရွင္း : "..."

လမ္းခြဲၿပီးတာ ဒီေလာက္ၾကာမွ သူတို႔ၾကား ဘာကိစၥမ်ား ရွိေနနိုင္မွာလဲ။

ရွဲ႕က်ဴရွင္း စတူဒီယိုထဲသို႔ ဝင္လာခဲ့လိုက္သည္။ ေၾကာ္ျငာတစ္ေလၽွာက္လုံး၌ ေျပာရမည့္စာေၾကာင္းတစ္ေၾကာင္းသာ ရွိသည္။

ဒီေၾကာ္ျငာကို ထုတ္လႊင့္ၿပီးတာႏွင့္ ထိုစာေၾကာင္း ေျပာခြင့္ရတဲ့လူက နာမည္ႀကီးလိမ့္မယ္မွန္း ဘယ္သူမဆို သိထားၿပီးသားပင္။

ဒါရိုက္တာကလည္း သိထားတာမို႔ ေျပာလိုက္သည္။ "ေခါင္းေဆာင္ကို ဒီစာေၾကာင္း ဖတ္ခိုင္းလိုက္ရေအာင္။"

သို႔ေပမယ့္ ေခါင္းေဆာင္ျဖစ္သူက ျပန္ေျပာသည္။ "မဖတ္ခ်င္ဘူး။ ခက္လြန္းတယ္။"

ဒါရိုက္တာ : "..."

ေခါင္းေဆာင္က ရွဲ႕က်ဴရွင္းကို အေရွ႕ဆြဲထုတ္လာသည္။ "သူ႔ကို ဖတ္ခိုင္းလိုက္။"

ဒါရိုက္တာႏွင့္ အဖြဲ႕သားအားလုံး သူတို႔ကို ဝိုင္းၾကည့္လာေတာ့သည္။

ရွဲ႕က်ဴရွင္း : "... မင္းပဲ လုပ္သင့္တယ္။"

ဝမ္ေခ်ာင္ : "ငါက မင္းလုပ္သင့္တယ္လို႔ေျပာရင္ မင္းလုပ္လိုက္ေပါ့။ ဘာလို႔ စကားအမ်ားႀကီးေျပာေနေသးတာလဲ။"

အဆုံးမွာေတာ့ ဒါရိုက္တာ အျပင္ထြက္ ဖုန္းသြားေခၚ၍ ျပန္ဝင္လာၿပီး ေျပာေလသည္။ "ေနာက္ထပ္ လိုင္းတစ္ေၾကာင္း ထည့္တာေပါ့။ မင္းတို႔ႏွစ္ေယာက္ တစ္ေယာက္တစ္ေၾကာင္းဆီ ေျပာလိုက္ၾကေလ။"

ေၾကာ္ျငာရိုက္အၿပီးမွာေတာ့ လူတိုင္း အဝတ္လဲခန္းသို႔သြားကာ အကၤ်ီလဲ၊ မိတ္ကပ္ဖ်က္မ်ား ျပဳလုပ္ၾကေတာ့သည္။ ယန္က်ားက်ားက ရွဲ႕က်ဴရွင္းထံ သူမ အျပင္မွာေရာက္ေနေၾကာင္း စာပို႔ထားေလသည္။

သူ တစ္ခ်က္လွမ္းၾကည့္လိုက္ရာ ဝမ္ေခ်ာင္က မွန္အေရွ႕တြင္ မိတ္ကပ္ဖ်က္ေနေသးတာမို႔ သူ တိတ္တဆိတ္ ထထြက္သြားလိုက္သည္။

"ငါလည္း နင့္ကို မေႏွာင့္ယွက္ခ်င္ပါဘူး။ ဒါေပမယ့္ ငါ တကယ္ ဘာလုပ္ရမယ္မွန္း မသိေတာ့လို႔။" ယန္က်ားက်ား နီရဲေနတဲ့မ်က္ႏွာျဖင့္ ေနရခက္သလိုေျပာလာသည္။ "အိမ္မွာကိစၥတစ္ခုျဖစ္သြားၿပီး သူတို႔ ပိုက္ဆံလိုေနၾကလို႔။ နင္လည္း သိတာပဲ။ ငါ့မွာလည္း မရွိဘူးေလ။"

ရွဲ႕က်ဴရွင္း မ်က္ေမွာင္ၾကဳတ္၍ၾကည့္လိုက္သည္။

သူမက ဖိနပ္ထိပ္ကို ငုံ႔ၾကည့္ေနရင္းေျပာလာသည္။ "နင့္အတြက္ အဆင္မေျပရင္လည္း ထားလိုက္ေတာ့။ ငါ အျခားတစ္ေယာက္ဆီ သြားေမးလိုက္မယ္။"

ရွဲ႕က်ဴရွင္းအေနႏွင့္ သူမမွာ သြားေခ်းငွါးဖို႔ အျခားလူဆိုတာ မရွိမွန္း သိထားၿပီးသားပင္။ မဟုတ္လၽွင္ သူ႔ကိုေတာင္ လာရွာမွာ မဟုတ္။ "မင္း ဘယ္ေလာက္ လိုတာလဲ။"

သူ ဖုန္းထဲက ပိုက္ဆံကို ခ်က္ခ်င္းလႊဲေပးလိုက္သည္။

ယန္က်ားက်ား : "ငါ ပိုက္ဆံရလာရင္ နင့္ကို ေသခ်ာျပန္ဆပ္ပါ့မယ္။"

ရွဲ႕က်ဴရွင္း ေျပာလိုက္သည္။ : "ဟုတ္ၿပီ။ ဒါဆို ငါ အထဲျပန္ဝင္ေတာ့မယ္။ ငါတို႔မွာ အျခားလုပ္စရာေလးေတြလည္း ရွိေနေသးလို႔။"

သူ အေနာက္ျပန္လွည့္လိုက္တာႏွင့္ အဝတ္လဲခန္းရဲ့တံခါးေပါက္က အနည္းငယ္မၽွ ဟေနၿပီး အထဲမွလူတစ္ေယာက္ ေခ်ာင္းေနတာကို ျမင္လိုက္ရေလသည္။ ထိုသူက သူတို႔ အေတြ႕ခံလိုက္ရတာႏွင့္ အခန္းထဲမွ ရက္ရက္ေရာေရာ လူလုံးထြက္လာျပၿပီး သူ႔အေနာက္မွ တံခါးကလည္း အလိုအေလ်ာက္ ပိတ္သြားေလသည္။

ထိုလူက ဝမ္ေခ်ာင္ျဖစ္၏။

ယန္က်ားက်ားလည္း ဝမ္ေခ်ာင့္အေရွ႕မွာ အရွက္ကြဲသြားသလို ခံစားရ၍ျဖစ္နိုင္သည္၊ စကားတစ္ခြန္းေတာင္ မေျပာလာေတာ့ဘဲ တစ္ဖက္လွည့္ၿပီး ထြက္ေျပးသြားေတာ့သည္။

ရွဲ႕က်ဴရွင္း ဝမ္ေခ်ာင့္ကို ေျပာလိုက္သည္။ "မင္း ဘာလုပ္ေနတာလဲ။"

ဝမ္ေခ်ာင္ : "ငါက မင္းကို ေမးသင့္တာပါ။ မင္း ဘာလုပ္ေနတာလဲ။"

ရွဲ႕က်ဴရွင္း : "ျမန္ျမန္ မင္းအကၤ်ီ သြားလဲေတာ့။ ငါတို႔ ျပန္ရေတာ့မယ္။"

ဝမ္ေခ်ာင္ : "မင္း ခက္ခက္ခဲခဲရွာစုထားသမၽွ ပိုက္ဆံေတြကို သူ႔ေပးလိုက္ေတာ့မလို႔လား။"

"ငါ သူ႔ကို ေခ်းလိုက္တာ။"

ဝမ္ေခ်ာင္ ေလွာင္ရယ္သည္။ "သူ မင္းကို လိမ္ထားတာေတြက မလုံေလာက္ေသးဘူးလို႔ မင္း ထင္ေနတာလား။"

ရွဲ႕က်ဴရွင္း အျပင္မွာ ျပႆနာမျဖစ္ခ်င္။ "အထဲ အရင္ဝင္။"

သူ တံခါးကို အထဲတြန္းဖြင့္ရန္အတြက္ ဝမ္ေခ်ာင့္ကိုပါ တြန္းလိုက္ေပမယ့္ တံခါးက တင္းတင္းက်ပ္က်ပ္ ပိတ္ေနၿပီး သူတြန္းတာခံလိုက္ရတဲ့ဝမ္ေခ်ာင္ကေတာ့ တံခါးႏွင့္ ဘန္းကနဲ ဝင္ေဆာင့္သြားေတာ့သည္။ သို႔ေသာ္ တံခါးကေတာ့ ပြင့္မလာခဲ့။

ဝမ္ေခ်ာင္ သူ႔ပခုံးသူ ပြတ္ရင္း ရွဲ႕က်ဴရွင္းကို အံ့အားသင့္သြားသည့္မ်က္ႏွာအမူအရာျဖင့္ ၾကည့္လိုက္မိသည္။ "ရွဲ႕က်ဴရွင္း၊ မင္း႐ူးသြားၿပီလား! အဲ့ေကာင္မေလးအတြက္နဲ႔ ငါ့ကို ဒီလိုလုပ္တယ္!?"

ရွဲ႕က်ဴရွင္း : "... နာသြားလား။"

ေသခ်ာေပါက္ ဝမ္ေခ်ာင္ နာလို႔သြားသည္ပင္။ သူ ေဒါသတႀကီးေျပာလာေတာ့သည္။ "အစကေတာ့ မင္းက ဆင္းရဲၿပီး ပိုက္ဆံမရွိလို႔ သူ မင္းကို ထားခဲ့တယ္။ အခု မင္းမွာ ဝင္ေငြေလးနည္းနည္းရွိေနတာနဲ႔ သူ မင္းဆီ တြားသြားျပန္ေရာက္လာတာပဲ။ သူက မင္းကို တကယ္လိုခ်င္တယ္လို႔မ်ား ေတြးေနတာလား။ အကယ္၍မ်ား မင္းသာ ေကာင္မေလးေကာင္းတစ္ေယာက္ကို ရွာထားရင္ ငါ ဘာမွမေျပာပါဘူး။ ဒါေပမယ့္ မင္းက သူ႔လိုလူကိုမွ ရွာေနရလား! ရြံ႕နဲ႔ နံရံေကာင္းေကာင္းတစ္ခုေဆာက္လို႔ မရဘူးကြ၊ မင္းနားလည္ရဲ့လား!"

ရွဲ႕က်ဴရွင္းမ်က္ႏွာအမူအရာက မည္းေမွာင္သြားေတာ့သည္။

အဖြဲ႕သားမ်ားလည္း အသံပလံမ်ားၾကားလိုက္ရတာမို႔ ရန္ပြဲဖ်န္ေျဖရန္ အျပင္သို႔ အေျပးထြက္လာၾကေတာ့သည္။

က်ိက်ဲ ဝင္ေျပာသည္။ "ငါတို႔ ဒီကိုေၾကာ္ျငာရိုက္ဖို႔ေရာက္လာတာ။ ဒီလိုျမင္ကြင္းမ်ိဳး အျခားသူေတြ မျမင္ေစနဲ႔။"

သို႔ေပမယ့္ ဝမ္ေခ်ာင္ကေတာ့ ဘာသိဘာသာေျပာလာသည္။ "ဘယ္ေၾကာ္ျငာကို ရိုက္မွာလဲ။ ငါေတာ့ ဒီငတုံးေကာင္မ်ိဳးနဲ႔ ေၾကာ္ျငာ အတူမရိုက္ခ်င္ဘူး!"

ရွဲ႕က်ဴရွင္းကလည္း ေအးစက္စက္ျပန္ေျပာသည္။ "ဟုတ္ၿပီေလ။ ဒါဆိုလည္း အဖြဲ႕ဖ်က္သိမ္းလိုက္တာေပါ့။ ငါလည္း ဒီလိုအ႐ူးေကာင္နဲ႔ တစ္ဖြဲ႕တည္း အတူမေနနိုင္ဘူး။"

ဝမ္ေခ်ာင္ : "..."

ရွဲ႕က်ဴရွင္း တစ္ဖက္လွည့္ၿပီးထြက္သြားေတာ့သည္။

ဝမ္ေခ်ာင္ သူ႔အေနာက္မွလိုက္သြားၿပီး ကိုယ္ေပၚ ခုန္အုပ္ကာ အလ်င္စလိုေျပာလာသည္။ "မင္း ဘယ္သြားမလို႔လဲ!"

ရွဲ႕က်ဴရွင္း သူ႔လက္ကို ခါထုတ္လိုက္သည္။ "လႊတ္!"

ဝမ္ေခ်ာင္ မလႊတ္ေပး။ အစက သူ႔လက္ႏွစ္ဖက္သာ ရွဲ႕က်ဴရွင္းလည္ပင္း၌ တြယ္ခ်ိတ္ထားေပမယ့္ အခုေတာ့ သူ႔ေျခေထာက္မ်ားလည္း ရွဲ႕က်ဴရွင္းခါးတြင္ ဖက္တြယ္ထားလ်က္ ကိုအာလာဝက္ဝံေလးလို ရွဲ႕က်ဴရွင္းကိုယ္ေပၚ မွီတြယ္ေနရင္း သနားစဖြယ္အသံျဖင့္ ေျပာလာေတာ့သည္။ "ငါ မင္းကို ဆိုးဝါးတဲ့စကားနည္းနည္းေလးပဲ ေျပာလိုက္တာေလ။ မင္း ဘာလို႔ အရမ္းစိတ္ဆိုးသြားရတာလဲ။ အဖြဲ႕ကြဲမယ္လို႔ ငါ ေျပာမိလို႔လား။ ငါကပဲ အ႐ူးေလေနာ္၊ ဟုတ္ၿပီလား။"

ရွဲ႕က်ဴရွင္း : "..."

အဖြဲ႕သားတိုင္း အဝတ္လဲခန္းအတြင္းသို႔ ရွက္ရြံ႕ေနသလိုမ်က္ႏွာအမူအရာမ်ားျဖင့္ ျပန္ဝင္သြားၾကၿပီး တံခါးကိုပါ ျပန္ပိတ္ေပးခဲ့လိုက္ေတာ့သည္။

KittyKitling

T/N : Good Night!

_____///_____

Seguir leyendo

También te gustarán

204K 5K 37
warning 21+ punishment, BDSM, sm play, roleplay , etc... တွေပါနိုင်ပါတယ် တပိုင်းချင်းဆီ warning ကိုတပိုင်းချင်းဆီပြန်ရေးပါ့မယ် Ukeက transgender ပါ❗
273K 19.6K 27
အန်တီနဲ့သမီးဇာတ်လမ်းလေးပါရှင်။ Start Date^^ 26:2:2022 End Date^^
1.4M 185K 154
အမျိုးသားကိုယ်ဝန်ဆောင် "ကော"များပါဝင်သည်။ အမ်ိဳးသားကိုယ္ဝန္ေဆာင္ "ေကာ"မ်ားပါဝင္သည္။
2.7M 72.9K 20
"ညိုလဲ လူတွေထဲက လူသားတစ်ယောက်ပါ ညို့ရဲ့ ဖြစ်တည်မှုက ဘယ်သူတွေကို ထိခိုက်နေလို့လဲ..မေမေ" "ညို မရှင်သန်ချင်တော့ဘူး... ဒီလောကကြီးမှာ ညိုတို့လိုလူတွေအတွက်...