အဆိပ်/လီဝေယန်း

By Sharr7

137K 25.2K 1.1K

Collaborative translation with @Taera_Pandora @No_Coz ဘဝက ခန့်မှန်း၍ မရနိုင်။ သူမ၏ ခင်ပွန်းက သူမ အစ်မအား ချစ... More

၁။ နန်းကျ ဧကရီ
၂။ မလိုသော သမီး
၃။ ရိုးရိုးရှင်းရှင်း တစ်​နပ်​စာ
၎။ လျူရှီအား အပြစ်​ပေးခြင်း
၅။ ဝက်တွေ လွတ်ကုန်ပြီ
၆။ မိတ်ဆွေ ဟောင်းများပြန်ဆုံကြခြင်း
၇။ လီအိမ်တော်သို့ ပြန်လာခြင်း
၈။ သဘောထားပြည့်ဝသော မိခင်၊ ရိုသေလေးစားတတ်သော သမီး
၉။ ပန်းများဝေလျက်
၁၀။ အစ်မကြီး လီချန်းလဲ့
၁၁။ ပေါ့လျော့သော အပြစ်ဒဏ်ဖြင့် သတိပေးခြင်း
၁၂။ အခါးရည် နှပ်သော စွမ်းရည်
၁၃။ တစ်ပါးသူ၏ သြဇာအာဏာအားဖြင့် တုံ့ပြန်ခြင်း
၁၄။ မိထွေး သွေးထွက်* - နစ်နာဆုံးရှုံးသည်
၁၅။ လျှို့ဝှက်ကြံစည်ကြခြင်း
၁၆။ အညှာအတာမရှိ၊ နှလုံးသား မရှိ
၁၇။ အပြစ်အနာအဆာမရှိ/ ဟာကွက်မရှိသော အမှုအခင်း
၁၈။ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ဖုံးကွယ်ပေးကြခြင်း
၁၉။ ကျိန်စာသင့် ကံကြမ္မာ
၂၀။ ပြယ်ပျက်သွားသော အလှ
၂၁။ အားလုံးက ဟ​န်​ဆောင်​မှု​တွေချည်းပဲ
၂၂။ မီးထဲ ဆီထည့်
၂၃။ ကံကောင်းစေသော ကြောင်
၂၄။ ဖျက်​ဆီးခံရ​သော ပိုးထည်
၂၅။ ဘယ်သူက ရုပ်သေးရုပ်လဲ
၂၆။ မရှုနိုင်​မကယ်​နိုင်​ဖြစ်​အောင်​လုပ်​သည်
၂၇။ အမုန်းတရားတို့ နက်ရှိုင်းလွန်းသည်
၂၈။ လူရှုပ်​လူ​ပွေ
၂၉။ မိုး​ရေထဲက ဖိတ်​စာ
၃၀။ လူယုတ်မာကို နာနာရိုက်
၃၁။ မာနကြီးပြီး အထက်​စီးဆန်​ခြင်း
၃၂။ ကိုယ့်ဒုက္ခ ကိုယ်ရှာ
၃၃။ သမီးကို ဆိုဆုံးမခြင်း
၃၄။ လက်ထဲက ပုလဲရတနာ
၃၅။ အသိအကျွမ်းဟောင်းများနှင့် ပြန်ဆုံတွေ့ခြင်း
၃၆။ ရန်သူရန်ဘက်တို့ လာဆုံကြ
၃၇။ မောင်နှမနှစ်ယောက် ပူးပေါင်းကြံစည်ကြခြင်း
၃၈။​ ကောက်​ကျစ်​သော အကြံအစည်​
၃၉။ လျို့ဝှက်ပူးပေါင်းခြင်း
၄၀။ လက်ဆောင်ပြန်ပေးခြင်း နောက်ကွယ်က မုန်တိုင်း
၄၁။ အဖိုးတန်​ရတနာကို ဆန္ဒမရှိဘဲ​ပေးလိုက်​ခြင်း
၄၂။ မျက်နှာသာရရန်အတွက်နှင့် သူတစ်ပါးကို ရောင်းစားသည်
၄၃။ ငြင်းဆန်၍ မရသော သက်သေ
၄၄။ ဖြစ်ကြောင်းကို ပြန်လှန်ပြောင်း
၄၅။ ကစားပွဲကို ဦးဆောင်ချုပ်ကိုင်
၄၆။ ဒူးထောက်၍ အပြစ်ကို ချေ
၄၇။ အကြံသမား လက်ဆောင်ပို့လာ
၄၈။ တိုင်းပြည့် မိခင်
၄၉။ ကိုယ်စီကိုယ်ငှ ကြံစည်များနှင့်
၅၀။ နှင်းထဲ ငါးမျှား
၅၁။ သူတစ်ပါးပိုင်ဆိုင်မှုကို လုယူ၍ မိမိအပိုင် ပြုခြင်း
၅၂။ အိမ်တော်အတွင်း လေပြင်းတိုက်ခတ်
၅၄။ ကြွယ်ဝမှုကို ဖွေရှာသည်
၅၅။ ထိုးထွင်းသိမြင်လွယ်ခြင်း
၅၆။ အန်းဖိန် မင်းသမီး
၅၇။ အရေးနိမ့်သွားသော အကောက်ကြံမှု
၅၈။ ဂုဏ်ပြု စားသောက်ပွဲ
၅၉။ လေပွေ အဝေ့
၆၀။ စမ်းရေကြည်မှ ဂယက်လှိုင်း
၆၁။ ရုတ်ရုတ်သဲသဲ ဆူညံ
၆၂။ လေညှင်းကို ထိခိုက်
၆၃။ ပိတ်လှောင်ထားခံရခြင်းမှသည် ဆုတ်ယုတ်ပျက်စီးခြင်းသို့
၆၄/၁။ စက်စုပ်ဖွယ်သော အောက်လမ်းနည်း
၆၄/၂။ စက်စုပ်ဖွယ်သော အောက်လမ်းနည်း
၆၅/၁။ ဗျူဟာထဲက ဗျူဟာ
၆၅/၂။ ဗျူဟာထဲက ဗျူဟာ
၆၅/၃။ ဗျူဟာထဲက ဗျူဟာ
၆၅/၄။ ဗျူဟာထဲက ဗျူဟာ
၆၆/၁။ ကိုယ့်သေတွင်း ကိုယ်တူး
၆၆/၂။ ကိုယ့်သေတွင်း ကိုယ်တူး
၆၇/၁။ ဘဝနိဂုံးချုပ်အံ့ဆဲဆဲ

၅၃။ လှည့်ဖျား ဉာဏ်ဆင်ခဲ့ရုံမျှသာ

1.5K 332 18
By Sharr7

1欺君之罪: lese-majesty: ဘုရင်အား လိမ်လည်လှည့်စားသည့် ပြစ်မှု

2孟氏: Meng Shi: မုန်းရှီ၊ မုန်းသည် သူမ၏ မိဘမျိုးရိုးနာမည် ဖြစ်ပြီး၊ ရှီသည် အိမ်ထောင်ပြုပြီးသူကို ကိုယ်စားပြုသည်
(လီအိမ်တော်၏ မုန်းရှီ ဟူသည်မှာ လီအိမ်တော်၌ လက်ထပ်ဝင်ထားသည့် မုန်းမျိုးနွယ် ချွေးမ ဟု ဆိုလိုသည်)

3时辰: Shi chen: ရှီချန်၊ ၂ နာရီမျှ ကြာချိန်၊ တစ်ရက်တွင် ၁၂ ရှီချန် ပါဝင်သည်။

4开门便是见山: တကယ့်စာသား စကားစုမှာ 开门见山 (kai men jian san) ဖြစ်သည်။ အဓိပ္ပာယ်က 'လိုရင်းကို ရောက်အောင်/ လိုရင်းရောက်စေသည်'

_____

၅၃။ လှည့်ဖျား ဉာဏ်ဆင်ခဲ့ရုံမျှသာ (Nc)

ထို့နောက်ပိုင်း လီရှောင်းရန်၌ ဖိအားများစွာ သက်ရောက်လာခဲ့လေသည်။ သူ့မှာ တစ်နေကုန် တစ်နေခမ်း မအားလပ်နိုင်ရရှာ။ ငါးရက်တိုင်တိုင် ထိုသို့ အလုပ်ပိသည့်ဒဏ်ကို ခံစားနေရလေသည်။

မော့ကျူ အပြင်မှနေ၍ လက်ဘက်ရည်တစ်ခွက် ယူဆောင်လာပြီး လီဝေယန်း မျက်နှာ အရိပ်အကဲကို ကြည့်နေလိုက်လေသည်။ "ရှောင်ကျဲ... ဒီနေ့ တာ့ဖူးရန်က လောင်ယဲ့ဆီကို 'ဆု'အကြောင်း မေးဖို့ သွားခဲ့ပါတယ်၊ နောက်တော့---"

လီဝေယန်း မျက်ခုံးတို့ကို ပင့်လိုက်ပြီး သူမကို ကြည့်လာလေသည်။

မော့ကျူ၏ နှုတ်ခမ်းများ မသိမသာ တွန့်ကွေးသွားလေသည်။ "လောင်ယဲက တော်တော် စိတ်အနှောင့်အယှက်ဖြစ်သွားတာ၊ သူ ချက်ချင်းကို ခုန်ထလိုက်ပြီး တာ့ဖူးရန်ကို ပြင်းပြင်းထန်ထန်ဆူတော့တာပဲတဲ့... နူပိ ကြားမိတာက တာ့ဖူးရန် လောင်ယဲ စာကြည့်ခန်းကနေ ထွက်လာတဲ့ အခါမှာ မျက်လုံးတွေနီနေတယ်တဲ့...!" 

ဤအရာများအားလုံးမှာ လီဝေယန်း ခန့်မှန်းထားပြီးနှင့်သည့် အခြေအနေအတွင်းမှာပင် ဖြစ်လေသည်။ သူမ လက်ဘက်ရည်ကြမ်းကို ဖြည်းဖြည်းချင်း အရသာခံသောက်ရင်း ပြောလိုက်သည်။ "ပြီးတော့ရော..."

မော့ကျူက ဆက်ပြောလေသည်။ "တာ့ရှောင့်ယဲကို ဖြေရှင်းနည်း တချို့စဉ်းစားလာဖို့ လောင်ယဲက အမိန့်ပေးလိုက်ပေမဲ့ နောက်ဆုံးမှာ သူ ပေးသမျှ အကြံဉာဏ်တွေကို လောင်ယဲက ငြင်းတယ်တဲ့လေ... နူပိ စုံစမ်းကြည့်သလောက်တော့ တာ့ရှောင်ယဲ ပူလောင်ဗျာများပြီး ညှာတာရကောင်းမှန်းကိာ မသိတော့ဘူးတဲ့၊ ရှောင်ကျဲကို ချုပ်နှောင်ပြီး စစ်ဆေးမေးမြန်းသင့်တယ်လို့တောင် ပြောလာတယ်တဲ့... လောင်ယဲက သူ့ကို ပါးချပေးလိုက်ရော၊ ပြီးတော့ စာကြည့်ခန်းကနေ မောင်းထုတ်လိုက်တယ်တဲ့လေ"

လီရှောင်းရန်မှာ ဘက်လိုက်တတ်သည့် ဖခင်တစ်ဦးဖြစ်သည့်တိုင် မိုက်မဲဉာဏ်နည်းသည်တော့ မဟုတ်ချေ။ ယခုအခြေအနေမှာမှ လီဝေယန်းကို ဖမ်းဆီးကာ ဖြေရှင်းနည်း အတင်းအကြပ်မေးမြန်းလိုက်ပါက သူမထံမှ မည်သည့် အကြံဉာဏ်မှ ထွက်မလာနိုင်ပေ။ ထိုမျှမက၊ လောကမှာ အသံလုံသည့် နံရံဟူ၍ မရှိသောကြောင့် ထိုသို့ ပြုလုပ်မိသည်နှင့် ဤအကြံဉာဏ်များအားလုံးမှာ မူလကတည်းက လီချန်းလဲ့၏ ကိုယ်ပိုင်မဟုတ်သည်ကို တစ်လောကလုံးအား ကြေညာသကဲ့သို့ ဖြစ်သွားပေးလိမ့်မည်။ သို့ဆိုလျှင် ဘုရင်မင်းမြတ်အား လိမ်လည်လှည့်ဖျားမှုပင် ဖြစ်သွားတော့ပေမည်။

"တာ့ရှောင်ကျဲကတော့ လောင်ယဲ ဒေါသူပုန်ထနေတာကို မြင်ပြီး သူ့မျက်နှာကိုတောင် ထွက် မပြရဲတော့ဘူး၊ တစ်ချိန်လုံး အခန်းထဲအောင်းနေတော့တယ်... အစားအသောက်တွေတောင်မှ ခန်းဆောင်ထဲကို တိတ်တိတ်လေး ကုတ်ပြီး ပို့ပေးခိုင်တယ်တဲ့၊ အဟင်းဟင်း... အခုတော့ ပြည်သူ အရပ်သားတွေကို ထိခိုက်နစ်နာစေမဲ့ အကြံဆိုးတွေ ထုတ်ပေးတယ်ဆိုပြီး လူတိုင်းက သူ့ကို ဆဲရေးတိုင်းထွာ ကျိန်းမောင်းကျိန်ဆဲနေကြပြီလေ" ပိုင်ကျစ်က အဆုံးသတ်ဇာတ်လမ်းကို ဆက်ပြောနေရင်း ဤအကြံဆိုးများကို မူလက ထုတ်ဖော်ပြောပြခဲ့သူမှာ လီဝေယန်းဖြစ်သည်ကို ပြန်မှတ်မိသွားပြီး အသံတိမ်ဝင် နှုတ်ဆိတ်သွားတော့လေသည်။

လီဝေယန်းကတော့ ပြုံးလေသည်။ "ဒါ အမှန်ပဲ၊ အဲ့ဒါ တကယ်အကြံဆိုးတွေ" 

ထို နည်းလမ်းငါးသွယ်၏ တစ်ဆင့်ချင်းစီတိုင်းတွင် ကွယ်ဝှက်ထားသော ဘေးအန္တရာယ်များ ရှိနေသည်။ ထိုဟာကွက် အန္တရာယ်များကို စီစစ်၍ မစီမံနိုင်ခဲ့လျှင် ရလဒ်မှာ မတွေးဝံ့စရာပင်။ လီချန်းလဲ့သည် ဤဖြေရှင်းနည်းများကို ကောင်းမွန်သည်ဟုသာ ယူဆပြီး အမှတ်ဝင်ယူခဲ့သော်လည်း ဤအားနည်းချက်များကို မည်သို့ ဖြည့်စွက် ညြပင်ဆင်ရမည်ကို သူမ မသိချေ။ မည်သူမဆို၊ အမြင့်သို့ ရောက်လေလေ၊ အကျနာလေလေဖြစ်တတ်၏။ သူမကို ချီးကျူးအမွှန်းတင်ကာ စာဖွဲ့ခဲ့သူများလည်း မိမိတို့ ဖော်ညွှန်းဖွဲ့ဆို ခဲ့သည့် နတ်မိမယ်လေးမှာ ရှေ့နောက်မကြည့်၊ အရှည်ကို မတွေးသော မိုက်မဲ ဉာဏ်နည်းသူဖြစ်သည်ကို သိလာရသောအခါ၊ အပြစ်တင်ဝေဖန်မှုက ပိုများကာ ပြင်းထန်လာတော့သည်။ ရလဒ်ကတော့ နာကျင်ခံပြင်းစရာ ပိုကောင်းသွား၏။

"ကျွန်မ ကြားခဲ့ရတာက... ပညာသင်သားတစ်ယောက်ဆိုရင် အမတ်ချုပ်ကြီးအိမ်တော် နောက်ဖေး တံခါးရွက်မှာ စာချိုးဖွဲ့ကာ ရေးကပ်ခဲ့သတဲ့၊ အကုန်လုံးက တာ့ရှောင်ကျဲကို သရော်ဝေဖန်ထားတာချည်းပဲ... စာချိုးထဲမှာ တာ့ရှောင်ကျဲဟာ တိုင်းပြည်နဲ့ ပြည်သူပြည်းသားတွေအပေါ် ဘေးဖြစ်စေတဲ့ အပြစ်သားလို့ ဖွဲ့ညွှန်းထားသတဲ့၊ အိမ်တော်ထိန်းက လူလွှတ်ပြီး ကပ်ထားတဲ့ ကဗျာစာရွက်ကို ဆွဲခွာခိုင်းလိုက်တယ်၊ အဲ့ဒီတော့ ဟိုကနေ နံရံအဖြူကြီးမှာ ဆေးအနီတွေနဲ့ ပြန်လာရေးသွားရော... လူတွေလဲ ဒီတော့မှ ပိုသတိထားမိသွားကြပြီး လာဖတ်ကြတာ၊ တာ့ရှောင်ကျဲ အားကြီး စိတ်တိုနေတော့တယ်တဲ့"

လီဝေယန်း စိတ်ပါဝင်စားစွာ နားထောင်နေသည်။ သူမ မျက်နှာပေါ်တွင်တောဘ အစမှ အဆုံးထိတိုင် ချစ်ခင်နှစ်လိုဖွယ်သော အပြုံးကလေးနှင့် ဖြစ်လေသည်။ 

တစ်ပါးသူတို့ တွေ့လျှင်မူ၊ သူမသည် သဘောအူနု ဖြူရှင်းသည်ဟုသာ ထင်မြင်မိကာ ဤပြဿနာအရှုပ်အထွေးအားလုံးကို ကြိုးကိုင်လေသူဟု ထင်ရက်ကြမည်ပင် မဟုတ်ချေ။ ပိုင်ကျစ် စိတ်ထဲမှာတော့ တွေးလိုက်မိသည်။ 'မိမိ၏ သခင်မလေးမှာ၊ စိတ်နှလုံးသား လွန်စွာ ကောက်ကျစ်စဉ်းလဲလှသည်၊ တစ်ချက်ကလေး လှုပ်ရှားရုံမျှတွင်ပင် ရက်စက်ကာ အညှာအတာကင်းမဲ့သည်'ဟု။ တာ့ရှောင်ကျဲမှာတော့ ဤဒုက္ခပြဿနာကြီးကို ခေါင်းခံလိုက်ရရှာသည်။ ယခုအချိန်၌မူ တာ့ရှောင်ကျဲ မည်သည့် ထင်ပေါ်ကျောစောမှုကိုမှ စိတ်ကူးယဉ်၍ မရတော့ချေ။ လမ်းဘေးမှ ကလေးသူငယ်များက အစ၊ လီချန်းလဲ့ကို ပြစ်တင်ဆဲဆိုသော ကဗျာ၊ စာချိုးများ သီဆို အော်ဟစ်နေကြလေပြီ။

ထိုအချိန်၌ လီဝေယန်း ရုတ်တရက် ထရပ်ကာ ပြောလိုက်သည်။ "ကဲ လာ၊ ဟယ်ရှန်းကျိုင်ကို သွားရအောင်..."

"ရှင်..." ပိုင်ကျစ်နှင့် မော့ကျူတို့ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်မိကြသည်။ ၎င်းတို့၏ မျက်ဝန်းတွင်းမှာတော့ နားမလည်နိုင်မှုများစွာ ထင်ဟပ်နေလေသည်။

"တို့သာ ဒီအရေး ဖြေရှင်းချက်ကို ထုတ်ပေးဖို့ ဆက်တုံ့ဆိုင်းနေရင် အနှေးနဲ့ အမြန်ဆိုသလို တို့ဖခင်ကို တံတိုင်းပေါ်မှာ ချောင်ပိတ်ထားသလိုဖြစ်ပြီး ခုန်ချသွားအောင် တွန်းအားပေးသလိုဖြစ်နေပါဦးမယ်" လီဝေယန်း မျက်တောင်တဖျတ်ဖျတ်ခတ်လိုက်ကာ တည်ငြိမ်၍ အေးဆေးနေသည့် အသွင်အတိုင်း ဆက်နေလေသည်။

နောက်တစ်နေ့မှာတော့ အမတ်ချုပ်လီ၏ မိခင်ဖြစ်ပြီး ပထမအဆင့် ဘွဲ့ဂုဏ်ရ အမျိုးသမီး မုန်းရှီကိုယ်တိုင် မယ်တော်ဧကရီကြီးထံသို့ စာအုပ်အသေးလေးတစ်အုပ် သွားရောက် ဆက်သခဲ့သည်။ ထိုစာအုပ်ငယ်ပါ အကြောင်းအရာမှာ ဘေးအန္တရာယ်ဖြေရှင်းရန် နည်းလမ်းတစ်ခု ပါဝင်လေသည်။ စင်စစ်၊ စာအုပ်ထဲတွင် နည်းလမ်းတစ်ဝက်သာ ပါသည်၊ ကျန်တစ်ဝက်မှာမူ လီဝေယန်း၏ ခေါင်းထဲမှာသာ ကျန်ရှိနေ၏။

စာအုပ်ငယ်ကို ပို့ဆောင်ပြီး ၆ နာရီခန့်အကြာတွင် နန်းတော်အတွင်းမှ အမိန့်တော်တစ်ခု ရောက်လာခဲ့သည်။ တော်ဝင်မယ်တော်ကြီး၏ ဆင့်ခေါ်သော အမိန့်ဖြစ်လေသည်။

စင်စစ်တကယ်တမ်း၊ ဆင့်ခေါ်ခံရသူမှာ တာ့ရှောင်ကျဲ လီချန်းလဲ့ မဟုတ်ဘဲ၊ စန်းရှောင့်ကျဲ လီဝေယန်းဖြစ်နေသည်။ ထိုအချိန် တစ်ခဏအတွင်းမှာတော့ လီအိမ်တော်တစ်ခုလုံး အုံးအုံးကျက်ကျက် ဖြစ်သွားလေတော့၏။

လီရှောင်းရန်သည် ထိုကိစ္စအတွက် အမြန်ဆုံး စီစဉ်ပြင်ဆင်ပေးတော့သည်။ တာ့ဖူးရန်ကတော့ ခေါင်းကိုက်နေကြောင်းပြောကာ အရိပ်ပင်မမြင်ရအောင် ပုန်းအောင်းနေလေသည်။ အာ့ဖူးရန်မှာမူ တာ့ဖူးရန် ရှုံ့တွနေသည်ကို ပျော်ပျော်ကြီး ကြည့်နေပြီးမှ သူမ၏ သမီးရင်းချာ၌လည်း ဂုဏ်ယူစရာ ဘာအရည်အချင်းမှ ရှိမနေသည်ကို တွေးမိပြီး ချုပ်ထိန်းလိုက်ကာ စိတ်ပါဟန်မပြတော့ပေ။ စန်းဖူးရန်သာလျှင် နန်းတွင်းအစေခံများကို ဆုချနိုင်ရန်အတွက် လီဝေယန်းအဖို့ ငွေကြေးအသပြာများ ထုတ်ပေးခဲ့လေသည်။ လောင်ဖူးရန်၏ ဆုံးဖြတ်ချက်ကမူ နန်းတော်၏ စည်းမျဉ်းစည်းကမ်းများကို တတ်ကျွမ်း နားလည်သော သူမ၏ မားမားများကို လီဝေယန်းအား အမြန်သင်ကြားလေ့ကျင့်ပေးရန် အမိန့်ပေးခြင်းပင်။ လီဝေယန်းသာ နန်းတွင်းဓလေ့ထုံးများ နားမလည်ဘဲ မယ်တော်ကြီးရှေ့မှောက်၌ အရှက်ရစရာ ပြုမူမိမည်ကို စိုးရိမ်သောကြောင့် ဖြစ်လေသည်။ 

အခန်းထဲမှာတော့ လီချန်းလဲ့ဟာ အဖျားဒဏ်နှင့် အိပ်ရာထဲ ပျော့ခွေစွာ လှဲလျောင်းနေလေသည်။ လီဝေယန်း သိပ်မကြာခင်အတွင်း နန်းတော်ထဲဝင်ရတော့မည်ကို သိလိုက်ရကတည်းက သူမမှာ သည်းမခံနိုင်လောက်အောင် ဒေါသထွက်နေရသည်။ လီဝေယန်းက မည်သို့သော ဖြေရှင်းနည်း အကြံဉာဏ်များ ထုတ်ပေးလိုက်သည်မို့ မယ်တော်ကြီးကပင် ချက်ချင်းဆင့်ခေါ်ရသလဲ ဆိုသည်ကိုတော့ သူမ မသိချေ။

နေရောင်က ပန်းပွင့်ပုံဖော်ထားသည့် ပြတင်းပေါက်မှ တိုးလျိုးဝင်ရောက်လာသည်။ လီချန်းလဲ့သည် သူမ လက်ထဲရှိ ဖဲသားလက်ကိုင်ပဝါလေးကို ရက်ရက်စက်စက် ​ချေမွလိန်ဆိတ်နေသည်။ သူမ ပဝါကို ပေါက်ပြဲစေလိုနေသည့်အလား ထင်မှတ်ရသည်။ 

တန်းရှန်း ဝင်လာချိန် ရှောင်ကျဲ၏ စိတ်အခြေအနေ မကောင်းသည်ကို မြင်သောအခါ မကြောက်ဘဲ မနေနိုင်တော့။ သူမ ပြန်ထွက်သွားရန် ဟန်ပြင်လိုက်သော်လည်း လီချန်းလဲ့က အေးစက်စက် ပြောလာသည်ကို ကြားလိုက်ရလေ၏။ "ဘာကို ရှောင်ပြေးဖို့ လုပ်နေတာလဲ"

တန်းရှန်း စိတ်နှလုံးထဲက တုန်လှုပ်သွားရသည်။ သူမ၏ မျက်နှာတွင်မူ အပြုံးတုတစ်ခု တပ်ဆင်လိုက်လေသည်။ "ရှောင်ကျဲ၊ ဒီနေ့ နေသာနေပါတယ်၊ ရှောင်ကျဲ ဝန်းဥယျာဉ်ထဲ လမ်းလျှောက်ဖို့ နူပိ ကူညီပြင်ဆင်ပေးရမလား"

ခွမ်းခနဲ မြည်သံနှင့်အတူ လက်ဘက်ရည်စားပွဲပေါ်မှ နှင်းဆီပန်းအိုးမှာ ရုတ်တရက် ကြမ်းပြင်ပေါ် ကျကာ အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားလေသည်။ တန်းရှန်း ထိတ်လန့်သွားပြီး ချက်ချင်း ဒူးထောက်ချလိုက်သည်။

ထိုစဉ် သူတို့၏ အပြန်အလှန် စကားသံများကို အပြင်ဘက်မှ ကြားနေရလေသည်။ ယားထိုလုကျူသည် အဝင်ဝမှ ခန်းစီးကို ဖယ်ပြီး ဝင်လာလိုက်သည်။ အထဲကမြင်ကွင်းကို မြင်လိုက်ရသောအခါ သူမ အခြေအနေကို နားမလည်နိုင်စရာ အကြောင်း မဟုတ်ပေ။ သူမ ခေါင်းကိုသာ ငုံ့လိုက်ပြီး ဆိုသည်။ "ရှောင်ကျဲ လော့မားမား စန်းရှောင်ကျဲနဲ့အတူ ရောက်နေပါတယ်"

လီချန်းလဲ့ ချက်ချင်း ထရပ်လိုက်မိတော့သည်။ လီဝေယန်း ဤနေရာထိ လာရဲသေးသည်ပေါ့၊ သူမကြောင့်သာ မဟုတ်လျှင် မိမိ နေရင်းထိုင်ရင်းနှင့် ပြည်သူ့မေတ္တာ စူးရောက်ခံယူရသည့် လူပုဂ္ဂိုလ်ဖြစ်လာစရာ အကြောင်း မရှိပေ။

လီချန်းလဲ့မှာ ဤအခြေအနေရောက်သည့်တိုင်၊ မိမိက သူတစ်ပါး၏ အားထုတ်မှုအပေါ် ခေါင်းပုံဖြတ် နာမည်ကောင်းဝင်ယူလိုက်သောကြောင့်သာ မဟုတ်လျှင် ယခုကဲ့သို့ လူတွေ့မခံနိုင်လောက်အောင် နိမ့်ကျသွားရမည်မဟုတ် ဟူသော အတွေးမျိုး စိုးစင်းမျှ ရှိမနေချေ။

"သူ့ကို ထွက်သွားလို့ပြောလိုက်...!" လီချန်းလဲ့ ဒေါသတကြီး အော်မိလိုက်ပြီးခါမှ တစ်ခုခုမှားနေသည်ကို သတိရသွားတော့သည်။ "ဟင်၊ လော့မားမားနဲ့ အတူတူလာတာတဲ့လား"

လုကျူ ခပ်တိုးတိုး ပြန်ဖြေသည်။ "ဟုတ်ကဲ့၊ လော့မားမားလဲ သူနဲ့ လိုက်လာပါတယ်"

လီချန်းလဲ့ မျက်မှောင်ကြုတ်လိုက်မိတော့သည်။ "ပန်းအိုးကို ရှင်းလိုက်"

ဆိုလိုသည်မှာ သူမ ဧည့်သည်တွေ့မည်ဖြစ်သောကြောင့် လုကျူ သက်ပြင်းခိုးချလိုက်မိလေသည်။ ထို့နောက် တန်းရှန်းနှင့်အတူ ပန်းအိုးအကွဲစများကို ကပျာကယာ သိမ်းဆည်းရှင်းလင်းလိုက်ကြသည်။ ထို့နောက်မှာမှ လီဝေယန်းအား ခန်းဆောင်အတွင်း ဖိတ်ခေါ်နိုင်ပေမည်။

"တာ့ကျဲ၊ ဒါ ဘယ်လိုဖြစ်ရတာလဲ၊ နေမကောင်းဘူးလား" လီဝေယန်းသည် ပျော်ရွှင်မြူးတူးနေပုံရသည်။ နူးညံ့သိမ်မွေ့သော သူမ၏ မျက်နှာလေးကား ငယ်ရွယ်တက်ကြွမှုတို့ ပြည့်နှက်နေသည်။ သူမက ယဉ်ကျေးပြမနေတော့ဘဲ၊ စားပွဲဘေးတွင် ဝင်ထိုင်လိုက်သည်။ တန်းရှန်းက သွက်သွက်လက်လက် ရေနွေးငှဲ့ပေးလိုက်ပြီး လုကျူကတော့ လော့မားမားထိုင်ရန်အတွက် စားပွဲခုံငယ်တစ်ခု သွားယူလေသည်။

လီချန်းလဲ့က လုပ်ယူထားတဲ့အပြုံးနှင့် လီဝေယန်းကို ကြည့်လိုက်သည်။ "ဘယ်လိုမျက်စိလည်ပြီး စန်းမေးက တို့ဆီရောက်လာတာလဲ"

လီဝေယန်းသည် ပြန်မဖြေဘဲ လက်ဘက်ရည်ခွက်ကိုသာကိုင်၍ ပြုံးနေလေသည်။ လော့မားမားက အရင် တံခါးဖွင့်ကာ တောင်တန်းကို ကြည့်လိုက်သည်။ (စကားလမ်းကြောင်းပေးရသည်) "တာ့ရှောင်ကျဲ၊ စန်းရှောင်ကျဲက မကြာခင်နန်းတော်ထဲ ဝင်ရတော့မှာမို့ ဒီအချိန်တိုအတွင်း ကျွန်မတို့တွေမှာ သင့်တော်မဲ့ အဝတ်အစားကို မစီမံနိုင်တော့ဘူး၊ ဒါကြောင့် လောင်ဖူးရန်က စန်းရှောင်ကျဲကို တာ့ရှောင်ကျဲဆီကနေ အဝတ်တစ်စုံလောက်ငှားဖို့ လွှတ်လိုက်တာပါ"

လီချန်းလဲ့၏ မျက်နှာ အမူအရာမှာ တဒင်္ဂလောက် တော့ မဲ့ရွဲ့သွားလေသည်။ "တို့အဝတ်အစားတွေ... အဲ့ဒါတွေက စန်းမေးနဲ့ တော်မယ်မထင်ဘူး၊ တာ့ကော အရင်တစ်ခေါက် ပြန်လာတုန်းက ယူလာတဲ့ ပစ္စည်းတွေရော... အဲ့ဒါတွေနဲ့ အင်္ကျီအသစ် ချုပ်ထားတယ် မဟုတ်ဘူးလား"

လီဝေယန်းသည် ဘာမှ မကြားလိုက်သည့်အလား မျက်တောင်လေး ပုတ်ခတ် ပုတ်ခတ်လုပ်လိုက်ပြီး လက်ဘက်ရည်ခွက်ပေါ်မှ ကျောက်စိမ်းဖုထစ်လေးများကိုသာ စိုက်ကြည့်နေလေသည်။

လော့မားမားက ပြုံးလိုက်လေသည်။ "လောင်ဖူးရန်က ပြောတယ်၊ အဲ့အဝတ်အဆင်တွေက အရမ်းလှပြီး တောက်ပြောင်လွန်းနေတယ်တဲ့၊ မယ်တော်ကြီးက အရောင်ဖျော့ဖျော့နဲ့ ရိုးရှင်းပြီး သိမ်မွေ့တဲ့ ပုံစံကို ပိုသဘောကျတာမို့ တာ့ရှောင်ကျဲ ဒီဟာလေးတစ်ခုတော့ ပံ့ပိုးဖြည့်စွက်ပေးပါ"

လီချန်းလဲ့ ဒေါသနှင့် နာကျည်းမှုများ ပြင်းထန်လာကာ မခံမရပ်နိုင်ဖြစ်နေတော့သည်။ ထိုအဝတ်အစားများမှာ သူမ၏ မိခင်က မယ်တော်ကြီးအကြိုက်ကို အားထုတ်စုံစမ်းပြီးမှ သူမအတွက် အထူးချုပ်ပေးထားခဲ့ခြင်းဖြစ်သည်။ ယခုတော့ သူမ အဆင်သင့်ပြင်ထားခဲ့သည့်အရာကို သူတစ်ပါးအား ပေးပစ်လိုက်ရတော့မည်။ သူမ အဘယ်မှာ လိုလားဆန္ဒရှိနိုင်ပါအံ့နည်း။ သူမ ချက်ချင်း ပြောလိုက်တော့သည်။ "စန်းမေး၊ တို့တော့ အဲ့ဒီဝတ်စုံနဲ့ မင်းကိုယ်တိုင်းက တော်မယ် မထင်ဘူး"

အိမ်ဆောင်တစ်ခုလုံး ချက်ချင်းတိတ်ကျသွားဆော့သည်။ မည်သူကမှ အသံမပြုရဲ။ လီဝေယန်း ရေနွေးကြမ်းခွက်ကို အဖုံးဖြင့် အုပ်လိုက်သည့် အသံ ခပ်သာသာကိုသာ ကြားနေနိုင်သည်။ လီဝေယန်းက လီချန်းလဲ့ အရိပ်အမြွက်ပြောသည့် သဘောကို နားမလည်နိုင်သည့်ပမာ မသိကျိုးကျွံပြုကာ ပြုံးရုံ ပြုံးလေသည်။ "တကယ်လို့ မေးနဲ့ မတော်နေရင်လဲ ပြန်ပြင်လို့ရပါတယ်၊ လောင်ဖူးရန်မှာ အပ်ချုပ်သမား ကောင်ကောင်းတွေ ရှိသားဘဲကို..." သူမ ခဏရပ်လိုက်ပြီး ဆက်ပြောလိုက်သည်။ "ဒါမှမဟုတ် တာ့ကျဲက ဝေယန်းကြောင့် ပျက်စီးသွားမှာကို စိုးရိမ်နေတာလား၊ ဒါဆိုရင်တော့ စိတ်မပူပါနဲ့၊ ဝေယန်းက အချိန်ခဏလေးဘဲ ဝတ်ဖို့ ငှားတာပါ၊ ပြန်ပေးရမယ့် အချိန်ပြန်ပေးမှာပေါ့"

လီချန်းလဲ့မှာ ထောက်ပြခံလိုက်ရသည်။ သူမ မျက်နှာသည်လည်း ဖြူတစ်လှည့်၊ ပြာတစ်လှည့်နှင့် တုံ့ပြန်ပြောစရာစကားမဲ့နေတော့လေသည်။

လော့မားမားကလည်း ပြောလေသည်။ "အခုက နောက်ကျနေပြီနော် တာ့ရှောင်ကျဲ"

လီချန်းလဲ့ အသက်ပြင်းပြင်းရူသွင်းလိုက်ပြီး အံကို ကြိတ်ခဲလိုက်တော့သည်။ "ကောင်းပြီလေ၊ ယူသွားကြပေါ့၊ ဒါပေမဲ့ မေးမေး အဲ့ဒါကို အကောင်းတိုင်း ပြန်ပေးဖို့တော့ လိုမယ်"

သူမကတော့ မယုံကြည့်နိုင်၊ လက်သင့် မခံပေ။ ကျေးလက်တောသူမတစ်ယောက်ထံမှ မည်သို့သော အကြံဉာဏ်မျိုး ထွက်လာနိုင်မည်မို့လဲ။ လီဝေယန်း နန်းတော်ထဲ ဝင်ပြီးနောက် မယ်တော်ကြီးကို မရိုမသေပြုမိပြီး ချက်ချင်း အသတ်ခံလိုက်ရလျှင်တော့ အကောင်းဆုံးဖြစ်လိမ့်မည်။

Continue Reading

You'll Also Like

341K 62.4K 107
Original Title : 当年万里觅封侯 English Title : Those Years in Quest of Honor Mine Original Author : Man Man He Qi Duo (漫漫何其多) Original publisher : jjwxc C...
193K 20.8K 101
ဘာသာပြန်သူ - စွဲညို့အသင်း
468K 48.8K 170
ဘာသာပြန်သူ- ညိမ်းမြတ် ဇာတ်လမ်းအကျဉ်း "ယွမ်ယွမ် မင်းက ကမ္ဘာကြီးကို မုန်းရင် ကိုယ် မင်းနဲ့အတူ နယ်မြေတွေကို သိမ်းပိုက်မယ်။" "ကျွန်မက ကမ္ဘာကြီးကို ချစ်တယ...
777K 97.2K 198
တစ်ချိန်တုန်းက ကမ္ဘာကျော် ဆရာဝန်တစ်ဖြစ်လဲ လူသတ်သမား လင်းဂျင်ရွှမ်သည် လက်တစ်ဖက်ဖြင့်အသက်ကယ်ပြီး ကျန်လက်တစ်ဖက်နှင့်လုပ် ကြံသတ်ဖြတ်သူဆိုပြီး အစိုးရနှင့်...