အဆိပ်/လီဝေယန်း

By Sharr7

137K 25.2K 1.1K

Collaborative translation with @Taera_Pandora @No_Coz ဘဝက ခန့်မှန်း၍ မရနိုင်။ သူမ၏ ခင်ပွန်းက သူမ အစ်မအား ချစ... More

၁။ နန်းကျ ဧကရီ
၂။ မလိုသော သမီး
၃။ ရိုးရိုးရှင်းရှင်း တစ်​နပ်​စာ
၎။ လျူရှီအား အပြစ်​ပေးခြင်း
၅။ ဝက်တွေ လွတ်ကုန်ပြီ
၆။ မိတ်ဆွေ ဟောင်းများပြန်ဆုံကြခြင်း
၇။ လီအိမ်တော်သို့ ပြန်လာခြင်း
၈။ သဘောထားပြည့်ဝသော မိခင်၊ ရိုသေလေးစားတတ်သော သမီး
၉။ ပန်းများဝေလျက်
၁၀။ အစ်မကြီး လီချန်းလဲ့
၁၁။ ပေါ့လျော့သော အပြစ်ဒဏ်ဖြင့် သတိပေးခြင်း
၁၂။ အခါးရည် နှပ်သော စွမ်းရည်
၁၃။ တစ်ပါးသူ၏ သြဇာအာဏာအားဖြင့် တုံ့ပြန်ခြင်း
၁၄။ မိထွေး သွေးထွက်* - နစ်နာဆုံးရှုံးသည်
၁၅။ လျှို့ဝှက်ကြံစည်ကြခြင်း
၁၆။ အညှာအတာမရှိ၊ နှလုံးသား မရှိ
၁၇။ အပြစ်အနာအဆာမရှိ/ ဟာကွက်မရှိသော အမှုအခင်း
၁၈။ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ဖုံးကွယ်ပေးကြခြင်း
၁၉။ ကျိန်စာသင့် ကံကြမ္မာ
၂၀။ ပြယ်ပျက်သွားသော အလှ
၂၁။ အားလုံးက ဟ​န်​ဆောင်​မှု​တွေချည်းပဲ
၂၂။ မီးထဲ ဆီထည့်
၂၃။ ကံကောင်းစေသော ကြောင်
၂၄။ ဖျက်​ဆီးခံရ​သော ပိုးထည်
၂၅။ ဘယ်သူက ရုပ်သေးရုပ်လဲ
၂၆။ မရှုနိုင်​မကယ်​နိုင်​ဖြစ်​အောင်​လုပ်​သည်
၂၇။ အမုန်းတရားတို့ နက်ရှိုင်းလွန်းသည်
၂၈။ လူရှုပ်​လူ​ပွေ
၂၉။ မိုး​ရေထဲက ဖိတ်​စာ
၃၀။ လူယုတ်မာကို နာနာရိုက်
၃၁။ မာနကြီးပြီး အထက်​စီးဆန်​ခြင်း
၃၂။ ကိုယ့်ဒုက္ခ ကိုယ်ရှာ
၃၃။ သမီးကို ဆိုဆုံးမခြင်း
၃၄။ လက်ထဲက ပုလဲရတနာ
၃၅။ အသိအကျွမ်းဟောင်းများနှင့် ပြန်ဆုံတွေ့ခြင်း
၃၆။ ရန်သူရန်ဘက်တို့ လာဆုံကြ
၃၇။ မောင်နှမနှစ်ယောက် ပူးပေါင်းကြံစည်ကြခြင်း
၃၈။​ ကောက်​ကျစ်​သော အကြံအစည်​
၃၉။ လျို့ဝှက်ပူးပေါင်းခြင်း
၄၀။ လက်ဆောင်ပြန်ပေးခြင်း နောက်ကွယ်က မုန်တိုင်း
၄၁။ အဖိုးတန်​ရတနာကို ဆန္ဒမရှိဘဲ​ပေးလိုက်​ခြင်း
၄၂။ မျက်နှာသာရရန်အတွက်နှင့် သူတစ်ပါးကို ရောင်းစားသည်
၄၃။ ငြင်းဆန်၍ မရသော သက်သေ
၄၅။ ကစားပွဲကို ဦးဆောင်ချုပ်ကိုင်
၄၆။ ဒူးထောက်၍ အပြစ်ကို ချေ
၄၇။ အကြံသမား လက်ဆောင်ပို့လာ
၄၈။ တိုင်းပြည့် မိခင်
၄၉။ ကိုယ်စီကိုယ်ငှ ကြံစည်များနှင့်
၅၀။ နှင်းထဲ ငါးမျှား
၅၁။ သူတစ်ပါးပိုင်ဆိုင်မှုကို လုယူ၍ မိမိအပိုင် ပြုခြင်း
၅၂။ အိမ်တော်အတွင်း လေပြင်းတိုက်ခတ်
၅၃။ လှည့်ဖျား ဉာဏ်ဆင်ခဲ့ရုံမျှသာ
၅၄။ ကြွယ်ဝမှုကို ဖွေရှာသည်
၅၅။ ထိုးထွင်းသိမြင်လွယ်ခြင်း
၅၆။ အန်းဖိန် မင်းသမီး
၅၇။ အရေးနိမ့်သွားသော အကောက်ကြံမှု
၅၈။ ဂုဏ်ပြု စားသောက်ပွဲ
၅၉။ လေပွေ အဝေ့
၆၀။ စမ်းရေကြည်မှ ဂယက်လှိုင်း
၆၁။ ရုတ်ရုတ်သဲသဲ ဆူညံ
၆၂။ လေညှင်းကို ထိခိုက်
၆၃။ ပိတ်လှောင်ထားခံရခြင်းမှသည် ဆုတ်ယုတ်ပျက်စီးခြင်းသို့
၆၄/၁။ စက်စုပ်ဖွယ်သော အောက်လမ်းနည်း
၆၄/၂။ စက်စုပ်ဖွယ်သော အောက်လမ်းနည်း
၆၅/၁။ ဗျူဟာထဲက ဗျူဟာ
၆၅/၂။ ဗျူဟာထဲက ဗျူဟာ
၆၅/၃။ ဗျူဟာထဲက ဗျူဟာ
၆၅/၄။ ဗျူဟာထဲက ဗျူဟာ
၆၆/၁။ ကိုယ့်သေတွင်း ကိုယ်တူး
၆၆/၂။ ကိုယ့်သေတွင်း ကိုယ်တူး
၆၇/၁။ ဘဝနိဂုံးချုပ်အံ့ဆဲဆဲ

၄၄။ ဖြစ်ကြောင်းကို ပြန်လှန်ပြောင်း

1.4K 309 4
By Sharr7

၄၄။ ဖြစ်ကြောင်းကို ပြန်လှန်ပြောင်း (Nc)

လီမင်ဖုန်း မိမိ အတွေးကို တည်ငြိမ်အောင် ပြန်စုစည်းစောင့်ထိန်းလိုက်သည်။ သူ ပြင်ဆင်ပေးထားသော ရွှေတုံးများနှင့် ဂျင်းဆင်းနီ တချို့ကို ဇီယန်က လီဝေယန်း၏ ယွမ်ဇီတွင်း ဝှက်ထားပေးမည်ကို သူ သိထားသည်။ သူတို့ ဒါကိုသာ ရှာတွေ့လိုက်သည်နှင့်၊ လီဝေယန်းပြောသမျှ အရာထင်မည်မဟုတ်တော့။

သူမကို ဤသို့ ဆက်ဆံခြင်းက ရက်စက်လွန်းရာကျသည်။ သို့သော် မည်သူက သူမကို လောင်ဖူးရန်၏ အချစ်တော်ဖြစ်ဖို့ ပြောခဲ့လို့လဲ၊ မည်သူက လိမ္မာသိတတ်ရမည်လို့ ပြောခဲ့လို့လဲ။ လီမင်ဖုန်း၏ စိတ်တွင်းမှာတော့ သူ့မွေးမိခင်နှင့် လီချန်းလဲ့ကိုသာ လူဟူ၍ မှတ်ယူထားသည်။ အခြားသော မွေးမိခင်မတူသော မောင်နှမများမှာ ပုရွက်ဆိတ် အင်းဆက် ပိုးမွှားများသာ။ ဤပုရွက်ဆိတ်တစ်ကောင်က သူတို့၏ အချုပ်အချာအာဏာကို ခြိမ်းခြောက်လာမှတော့၊ ဒါပေါ့၊ ပြန်ပေးဆပ်ရမည်။ 'လီဝေယန်း မင်း မသေရရင်တောင် လီအိမ်တော်ကနေ ထုတ်ပယ်ခံရစေ့မယ်...!'

လီရှောင်းရန် မျက်မှောင်ကျုတ်လိုက်မိသည်။ လီဝေယန်းမှာ ကိုယ်လုပ်တော်ဖွား သမီးတစ်ဦးသာ၊ ထိုမျှမက သူမက ကံဆိုးလွန်းသည်။ သူမသာ လောင်ဖူးရန်၏ ပစ္စည်းများကို တကယ်ခိုးယူခဲ့လျှင် သေချာအပြစ်ပေးလိုက်ရုံနှင့် ဖြေရှင်းနိုင်သည်။ ထိုသို့တွေးနေရင်း သူ လက်ဖက်ရည် ခေါင်းငုံ့ကာ သောက်နေလိုက်ပြီး လီမင်ဖုန်းပြောနေသည်ကိုသာ နားထောင်နေလိုက်သည်။

ထိုအချိန်၌ စန်းဖူးရန်ကသာ နွေးနွေးထွေးထွေး ဆိုလာလေသည်။ "ဝေယန်းမှာ အပြစ်မရှိဘူးလို့ တို့ ယုံတယ်၊ သူက ဒီလိုလုပ်မဲ့ ကလေးမဟုတ်ဘူး"

လီဝေယန်း အေးဆေးတည်ကြည်လှသော စန်းဖူးရန်ဘက် လှည့်ကြည့်ကာ ပြုံးပြလိုက်သည်။ "ကျေးဇူးတင်ပါတယ်၊ စန်းရှန်း(တတိယအရီး) . . . အရီးတစ်ယောက်ပဲ ကျွန်မကို ယုံကြည်တယ်၊ ဖခင်ရော မိခင်ပါ ကျွန်မ အပြစ်ရှိတယ် ထင်နေကြတယ်" ထို့နောက် သူမ လီမင်ဖုန်းကို ပြန်လှည့်ကြည့်တော့ မျက်ဝန်းထဲ အေးတိအေးစက် အရိပ်ငွေ့သာ ကျန်တော့လေသည်။ "တာ့ကော ညီမလဲ အစ်ကို့ ညီမပါပဲလေ၊ ညီမကို တာ့ဖူးရန်က မွေးတာ မဟုတ်ပေမဲ့ အစ်ကိုနဲ့ ညီမမှာ တူညီတဲ့ သွေးတွေ စီးဆင်းနေတာ... အစ်ကို ဘာလို့ ညီမကို မညှာမတာ ဆက်ဆံရက်ရတာလဲ"

လီမင်ဖုန်း တည်ငြိမ်စွာပင် ပြန်ပြောလိုက်သည်။ "စန်းမေး... အဓိပ္ပါယ်မရှိတာတွေ ဆက်ပြောမနေစမ်းနဲ့၊ အစ်ကိုက မင်းကို သနားလာမိမှာမဟုတ်ဘူး၊ အမှားကို မှန်ပါလို့လဲ ပြောင်းလွဲပြောပေးမှာ မဟုတ်ဘူး...!"

'အမှားကို အမှန်တဲ့လား...' လီဝေယန်း စိတ်တွင်းမှာတော့ ဟားတိုက် ရယ်မောနေမိသည်။

လီချန်းလဲ့က ပျော့ပျောင်းညင်သာစွာ ပြောလာသည်။ "စန်းမေးရယ်... တာ့ကောက မင်းကောင်းကျိုးအတွက် လုပ်ပေးရတာပါ"

လီဝေယန်း သူမဘက်ကို လှည့်လာပြီး အေးစက်စက်ပြန်ပြောလိုက်သည်။ "ကျွန်မအတွက်တဲ့လား၊ ဒါ့ဖြင့် သူ တာ့ကျဲကို မတရားဆက်ဆံတာကြတော့ ညီမ ဘာလို့ မတွေ့ရတာလဲ၊ လောကမှာ ဒီလိုအစ်ကိုမျိုးတွေ ရှိနေသတဲ့လား... ကိုယ့်ညီမကို သူခိုးလို့ စွပ်စွဲဖို့ အပတ်တကုတ်အားထုတ်တတ်တဲ့ အစ်ကိုမျိုးလေ...!"

လီချန်းလဲ့ ထိတ်လန့်သွားပြီး ပြန်ချေပလိုက်သည်။ "စန်းမေးက တကယ်ပဲ ရိုးသားတယ်ဆိုရင် ဘာလို့ တို့တွေကို မင်း အိမ်ဆောင်မှာ ရှာဖွေခွင့်မပြုတာလဲ၊ တာ့ကောသာ မင်းကို မတရားမှားယွင်းစွပ်စွဲမိခဲ့ရင် မင်းခွင့်လွှတ်မှုကို ရဖို့ ပြန်တောင်းပန်မှာပေါ့"

လီမင်ဖုန်း အေးစက်စွာ ပြုံးလိုက်သည်။ "ချန်းလဲ့... မင်း မြင်တဲ့အတိုင်းပဲ စန်းမေးက မလုံမလဲဖြစ်နေတာ"

လီဝေယန်း သူ့ကို စိုက်ကြည့်လိုက်ပြီးနောက် ရုတ်တရက် ထရယ်လိုက်သည်။ ထို့နောက် လုံးဝနှုတ်ဆိတ်နေခဲ့သော လီရှောင်းရန်ဘက် လှည့်လိုက်သည်။ "ဖခင်... ဖခင်ကလဲ ကျွန်မ လုပ်တယ်လို့ ထင်တာပဲလား"

"မင်းတာ့ကော ရှင်းပြတာအရတော့... မင်း အပြစ်ကျူးလွန်ထားပုံပဲ" လီရှောင်းရန်က အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။

လီမင်ဖုန်းကလည်း ခေါင်းညိတ်လိုက်သည်။ "ဖခင် ခဏနေလို့ ဒီကိစ္စကို အတည်ပြုပြီးရင် စန်းမေးကို ကျွန်တော်တို့ အမျိုးနာမည်စာရင်းထဲက ထုတ်ပယ်ပြီး လီအိမ်တော်ကနေ နှင်ထုတ်လိုက်ပါ၊ ဒါမှ သူ့ကြောင့် ကျွန်တော်တို့ အိမ်တော် နာမည်ပျက်တာမျိုး မဖြစ်မှာ... အိမ်တွင်းရေးမှာလဲ သူ့ကြောင့် အပျက်ပျက်နဲ့ အနှောင့်အယှက်မဖြစ်တော့ဘူးပေါ့"

"တာ့ရှောင်ယဲ... မင်း လွန်လွန်းသွားပြီ...!" စန်းဖူးရန် မျက်မှောင်ကျုတ်နေမိသည်။

"စန်းရှန်း ဒါ ကျွန်တော်တို့ မိသားစု အတွင်းရေးပါ... ကျေးဇူးပြုပြီး ဝင်မစွက်ပါနဲ့" လီမင်ဖုန်း မခန့်လေးစား ပြန်ပြောလိုက်သည်။

"ငါက တတိယအိမ်တော်ခွဲကပဲ၊ ပြီးတော့ ငါက မင်းထက် အကြီးပဲ... ငါ့အထင်အမြင်ကိုတောင် ဝင်ပြောလို့ မရဘူးလား" စန်းဖူးရန်က ဝင်ပြောလိုက်သည်။

လီမင်ဖုန်း အေးတိအေးစက် နှာခေါင်းရှုံ့ကာ ဘာမှ ပြန်မပြောတော့ချေ။

လီဝေယန်း စန်းဖူးရန်အား အဓိပ္ပါယ်ပါပါ တစ်ချက်ကြည့်လိုက်သည်။ သူမ မျက်ဝန်းတွင်းမှာ ကျေးဇူးတင်မှုတွေ ပေါင်းကူးနေသည်။ ထို့နောက်တော့ သူမ လီရှောင်းရန်ကို လှမ်းကြည့်လိုက်သည်။ "ဖခင်... တကယ်ပဲ ကျွန်မကို အိမ်တော်က နှင်ထုတ်လိုက်မှာလား"

လီရှောင်းရန် သူမကို တစ်ချက်စောင်းငဲ့ကြည့်လိုက်ကာ ခေါင်းညိတ်လိုက်သည်။ "ဝေယန်း မင်းသာ တကယ် အပြစ် ကျူးလွန်ထားရင် အဖေလည်း မင်းကို နှင်ထုတ်ရမှာပဲ၊ အခုချိန်ကစပြီး မင်းဟာ လီမျိုးနွယ်ဝင် မဖြစ်နိုင်တော့ဘူး...!" 

လီဝေယန်း ကြောက်ရွံ့တုန်လှုပ်သွားမည်ဟု လူတိုင်း ထင်သွားမိသည်။ သို့သော် သူမက တည်ငြိမ်စွာပင် ပြုံးလိုက်လေသည်။ "တကယ့်သူခိုးက သူများတကာကို စွပ်စွဲနေတဲ့ သူပါ၊ ကျွန်မက ဘာကို ကြောက်နေရမှာလဲ... တာ့ကော ရှာချင်တယ်ဆိုလဲ... ဟုတ်ကဲ့ သွားရှာလို့ ရပါတယ်"

လောင်ဖူးရန် လီမင်ဖုန်းကို အကြည့်တစ်ချက်ဖြင့် ဟန့်တားလိုက်ကာ သူ့လူများဖြင့် ရှာခွင့်မပြု။ ထိုအစား လော့မားမားကိုသာ သူမ၏ လူများအား ဦးဆောင်ပြီး သွားရှာစေလိုက်သည်။

လီမင်ဖုန်း အေးစက်စွာသာ ပြုံးနေလိုက်သည်။ မည်သို့ပင်ဖြစ်စေ၊ သူ့ဘက်က ကြိုသိပြီးသား ရလဒ်ကို စောင့်ရုံ။

တစ်ဖက်တွင်တော့ လင်သမားတော်က အလွန်စေ့စပ်သေချာလှသည်။ သူ ဆေးမြစ်တစ်ဖက်ကို ကောက်ယူလိုက်ပြီး အနံ့ခံကြည့်သည်။ အရသာ မြည်းကြည့်သည်။ သူ စစ်ဆေးလို့ ပြီးစီးတော့မှ ပြန်ထရပ်ကာ လီမင်ဖုန်းတို့ဘက် လှည့်လိုက်သည်။

လီမင်ဖုန်းကတော့ ဝမ်းသာအားရဖြစ်ရကား၊ ခြေလှမ်းကျယ်ကြီးများဖြင့် ချဉ်းကပ်လာသည်။ "ဘယ်လိုလဲ လင်သမားတော်ကြီး၊ ဒါက ဆုဇီ မဟုတ်လား"

လင်သမားတော်မျက်နှာပေါ်၌ ထူးဆန်းမှုတစ်ရပ် ပေါ်လွင်လာသည်။ "ဆုဇီ..."

လီချန်းလဲ့ သက်ပြင်းချကာ ဆိုလိုက်သည်။ "ဝေယန်း မင်းဘာလို့ ဒီလို လုပ်ရက်ရတာလဲ၊ အခုကြည့် ကိစ္စက ဘယ်လိုတွေတောင် ဖြစ်သွားရပြီလဲ... တို့တတွေမှာ သမားတော်တောင် ခေါ်မေးရတယ်... မင်းသာ စောစောစီးစီး အပြစ်ဝန်ခံလိုက်ရင်ဖြင့် လောင်ဖူးရန်က ခွင့်လွှတ်ဦးမယ်"

လီဝေယန်း အေးစက်စက် ရယ်မောကာ ဆိုသည်။ "တာ့ကျဲ... သမားတော်ကတောင် နောက်ဆုံး အဆုံးအဖြတ်ကို အတည်မပြုရသေးဘူး၊ ဘာလို့ ကလောက် စိတ်မရှည်နိုင်တွေ ဖြစ်နေရတာလဲ..."

လီချန်းလဲ့ မျက်ခုံးများ တွန့်ကျုံ့သွားမိပြီး သူမ မျက်ဝန်းလှလှတွင်လည်း မျက်ရည်ဥတို့ တွဲခိုလာသည်။ သူမက စိတ်ပျက် မယုံကြည်နိုင်သည့် မျက်နှာထားနှင့် ဆိုလိုက်သည်။ "သက်သေကတောင် ထင်ရှားရှိနေပြီ၊ ဝေယန်း မင်းရဲ့ ကျဲကျဲတစ်ယောက်အနေနဲ့ ဘယ်လောက်တောင် နာကျင်စိတ်ပျက်မိရသလဲ မင်း သိရဲ့လား---"

လီဝေယန်း သွားပေါ်အောင် မပြုံးဘဲ မအောင့်နေနိုင်တော့။ သူမ ရွှင်ရွှင်ပြပြ ဆိုလိုက်သည်။ "တာ့ကျဲ သမားတော်ကြီး ပြောမယ့်စကားကိုပဲ ဆုံးအောင် အရင်နားထောင်ပါဦးလား...!" 

လောင်ဖူးရန် နှုတ်ဟကာ ဝင်ပြောလိုက်တော့သည်။ "လင်သမားတော်၊ ဒါ ဆုဇီဟုတ်လား၊ မဟုတ်ဘူးလား..."

သမားတော်လင်လည်း အပြုံးတစ်ခု ဖော်လှစ်ကာ သူ့လက်ဖဝါးပေါ်က ဆေးမြစ်အစကို လက်ညိုးထိုးပြလိုက်သည်။ "တာ့ရှောင့်ကျဲ... ဒီဟာကို ဆုဇီပါလို့ ဘယ်လို သိလိုက်တာပါလဲ"

လီချန်းလဲ့က သွက်လက်ပေါ့ပါးစွာ ပြန်ဖြေလိုက်သည်။ "ကျွန်မက ကွန်ဖြူးရှပ်ရဲ့ စာပေကျမ်းဂန်အများစုကို ဖတ်မှတ်လေ့လာဖူးပါတယ်၊ ဆေးပညာကျမ်းတစ်ခုမှာ မှတ်သားဖတ်ရှုဖူးတာကြောင့် မြင်တာနဲ့ သိလိုက်တာပါ"

လင်သမားတော် ခေါင်းတညိတ်ညိတ်ပြုရင်း လူတိုင်းကို လက်ဖဝါးပေါ်က ဆေးမြစ်စကို ပြသလိုက်သည်။ "တရုတ်ရိုးရာ တိုင်းရင်းဆေးကျမ်းတွေမှာ ဂျင်ဆင်းနီကို တောင်ကြား မြေဆီကောင်းတဲ့ ဒေသတွေမှာ တွေ့ရနိုင်တယ်လို့ဖော်ပြပြီး နီညိုရောင် ခပ်ကြည်ကြည်အသားအလယ်မှာ ညိုဝါဝါ ခပ်နောက်နောက်အသားရှိနေတယ်၊ အမြစ်ကြောင်းတစ်လျှောက် မြောင်းငယ်တစ်ခုပါပြီး အမြစ်မွှားကလေးများ ဖြာထွက်ရာ ဖုထစ်ကလေးတွေပါတယ်၊ အရင်းပိုင်းကတော့ ချောမွတ်နေပြီး လက်စွပ်ကွင်းလို အရာတွေပါတယ်လို့ ဖော်ပြတတ်တယ်၊ ပြီးတော့ ခါးသော အရသာ ရှိသည်လို့ပေါ့..." 

"ဆုဇီကတော့ သူ့ပုံပန်းသွင်ပြင်တွေက ဂျင်ဆင်းနီနဲ့ ဆင်တူပေမယ့် ဆုဇီရဲ့ ပုံစံက အသားပိုကြမ်းတယ်... အရသာက ချိုမြမြရှိတယ်" သူ လီချန်းလဲ့ကို ပြန်ကြည့်ရင်း ပြုံးလိုက်သည်။ "ဒါကြောင့်မို့ တာ့ရှောင့်ကျဲ အထင်မှားသွားတာပါ၊ ဒါက သေချာပေါက် ဂျင်ဆင်းနီပါပဲ... ဆုဇီလိုမျိုး ချိုမြတာတွေ အသားကြမ်းတဲ့ လက္ခဏာတွေ လုံးဝ မပါရှိပါဘူး"

ဒီစကားလုံးများက လီချန်းလဲ့မျက်နှာထားအား ရုတ်ချည်း သိသိသာသာ ပြောင်းလဲသွားစေလေသည်။ သူမ ရှက်ရမ်းရမ်းလာသည်။ "သမားတော် ရှင် မှားနေတာ ဖြစ်မယ်"  

"တာ့ကျဲ" လီဝေ့ယန် မျက်နှာပေါ်မှာ သနားစဖွယ် အမူအရာတစ်ခု ကြေကြေကွဲကွဲပေါ်လာလေသည်။ "လင်သမားတော်က ဒါကို ဂျင်ဆင်းနီလို့ ပြောလာတော့ တာ့ကျဲ ဘာလို့ စိတ်ပျက်သွားပုံ ဖြစ်သွားရတာလဲ"

လီချန်းလဲ့ ထိတ်လန့်သွားပြီး သူမ စကားကြောင့် ကြောင်အန်းသွားမိသည်။ သူမ လီမင်ဖုန်းဘက် လှည့်ကြည့်လိုက်သည်။ လီမင်ဖုန်းမှာမူ လောလောဆယ် အလွန်အမင်း အံ့အားသင့်နေရကာ "သမားတော်လင် ခင်ဗျား မှားနေတာ ဖြစ်မယ်" ဟုသာ ဆိုနိုင်လေသည်။

သမားတော်လင် မျက်နှာထားလည်း ညိုမှောင်လာတော့သည်။ "ကျုပ်က ဆေးပညာကို လေ့လာတတ်ကျွမ်းပြီး ဆေးပညာနဲ့ အသက်မွေးနေတာ ဆယ်နှစ်မကတော့ဘူး၊ ကျုပ်ပညာက တစ်ဖက်ကမ်းခတ်ပါတယ်လို့ ကျုပ်မပြောဝံ့ပါဘူး... ဒါပေမဲ့ ဂျင်ဆင်းနီနဲ့ ဆုဇီတောင် မခွဲခြားတတ်ဘူးဆိုရင် ကျုပ်ကိုယ်ကျုပ် သမားတော်လို့ မခေါ်နိုင်တော့ဘူး...! လီကုန်းဇီ... ကျေးဇူးပြုပြီး စကားပြောဆင်ခြင်ပါ...!"

"ဒါ ဘယ်လိုဖြစ်နိုင်---" ထိုစကားများ ကြားတော့ လီမင်ဖုန်း စိတ်ပြန်ထိန်းလိုက်နိုင်သည်။ သို့သော် လူငယ်ပီပီ သူ ခံစားချက်ကို မဖုံးကွယ်နိုင်ရကား၊ ဇီယန်ထံ လှည့်ကာ စားတော့ ဝါးတော့မလို မုန်းတီးခါးသီးစွာ ကြည့်လိုက်မိသည်။ လီဝေယန်း အလစ်မှာ လောင်ဖူးရန်၏ လက်ဖက်ရည်ခွက်ထဲမှ ဂျင်ဆင်းနီကို ဆုဇီနှင့် လဲလိုက်ရန် သူ သူမကို ညွှန်ကြားထားခဲ့သည်။ 'အခု လက်ဖက်ရည်ခွက်ထဲမှာ ဘာလို့ ဂျင်ဆင်းနီတွေ ဖြစ်နေရတာလဲ...! ဒီမိန်းမဟုတ် ငါ့စကားအတိုင်း မလိုက်နာလို့များလား...!'

ဒီအခြေအနေမှာတော့ ဇီယန်လည်း အံ့ဩနေမိသည်။ သူမ လက်ဖက်ရည်လဲလိုက်သည်မှာ သေချာသည်။ ယခုလို ဘယ်လိုလုပ် ဖြစ်သွားရတာလဲ။

လီဝေယန်းကတော့ အေးတိအေးစက် ပြုံးလိုက်သည်။ သူမက ဇီယန် လှုပ်ရှားသမျှအား ပိုင်ကျစ်တို့ကို စောင့်ကြည့်စေထားသည်ကို သည်လူတစ်စု တွေးမိမည်ပင် မဟုတ်၊ ဇီယန် လှုပ်ရှားလိုက်ပြီးသည်နှင့် သူမတို့က လက်ဖက်ရည်ခွက်ကို ပြန်လဲထားလိုက်ခြင်း ဖြစ်သည်။

"တာ့ကျဲက ဒါကို ဆုဇီပါလို့ မဆီမဆိုင် အတင်းကာရော မှတ်ချက်ပြုတယ်၊ တာ့ကောကတော့ ကျွန်မကို သူခိုးလို့ စွပ်စွဲတယ်နော်...!" လီဝေ့ယန် မျက်နှာထားမှာ ကြွေကွဲဝမ်းနည်းနေဟန်ဖြစ်သော်လည်း သူမ မျက်ဝန်းများမှာမူ အံ့အားသင့်စရာကောင်းလောက်အောင် တောက်ပရွှင်မြူးနေလေသည်။ "ဘာ့ကြောင့် ဒီလိုလုပ်ရတာလဲ...!"

Continue Reading

You'll Also Like

2.5K 233 62
Myanmar OC fiction *not translation*
380K 46.6K 46
မန္တလေးမြို့စတင်တည်ထောင်ရာ ကုန်းဘောင်မင်းဆက်ကတည်းကရှိနေသော မြို့ရိုးစောင့် တပ်မူးလေး ရဲ့အပိုင်စားနယ်မြေတစ်ခုဆီကို မထင်မှတ်ဘဲ ၂၁ရာစုက ကောင်လေးတစ်ယောက်...
341K 62.4K 107
Original Title : 当年万里觅封侯 English Title : Those Years in Quest of Honor Mine Original Author : Man Man He Qi Duo (漫漫何其多) Original publisher : jjwxc C...
14K 2.2K 31
💙 තම රාජධානිය වෙනුවෙන් පණ වුවද පිදිය හැකි සීතල හදවතක් හිමි කුමරෙක්..... ❤ තම ආදරණීයන් වෙනුවෙන් සියල්ල කැප කළ හැකි උණුසුම් හදවතක් හිමි තරුණයෙක්..... ...