အဆိပ်/လီဝေယန်း

By Sharr7

138K 25.3K 1.1K

Collaborative translation with @Taera_Pandora @No_Coz ဘဝက ခန့်မှန်း၍ မရနိုင်။ သူမ၏ ခင်ပွန်းက သူမ အစ်မအား ချစ... More

၁။ နန်းကျ ဧကရီ
၂။ မလိုသော သမီး
၃။ ရိုးရိုးရှင်းရှင်း တစ်​နပ်​စာ
၎။ လျူရှီအား အပြစ်​ပေးခြင်း
၅။ ဝက်တွေ လွတ်ကုန်ပြီ
၆။ မိတ်ဆွေ ဟောင်းများပြန်ဆုံကြခြင်း
၇။ လီအိမ်တော်သို့ ပြန်လာခြင်း
၈။ သဘောထားပြည့်ဝသော မိခင်၊ ရိုသေလေးစားတတ်သော သမီး
၉။ ပန်းများဝေလျက်
၁၀။ အစ်မကြီး လီချန်းလဲ့
၁၁။ ပေါ့လျော့သော အပြစ်ဒဏ်ဖြင့် သတိပေးခြင်း
၁၂။ အခါးရည် နှပ်သော စွမ်းရည်
၁၃။ တစ်ပါးသူ၏ သြဇာအာဏာအားဖြင့် တုံ့ပြန်ခြင်း
၁၄။ မိထွေး သွေးထွက်* - နစ်နာဆုံးရှုံးသည်
၁၆။ အညှာအတာမရှိ၊ နှလုံးသား မရှိ
၁၇။ အပြစ်အနာအဆာမရှိ/ ဟာကွက်မရှိသော အမှုအခင်း
၁၈။ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ဖုံးကွယ်ပေးကြခြင်း
၁၉။ ကျိန်စာသင့် ကံကြမ္မာ
၂၀။ ပြယ်ပျက်သွားသော အလှ
၂၁။ အားလုံးက ဟ​န်​ဆောင်​မှု​တွေချည်းပဲ
၂၂။ မီးထဲ ဆီထည့်
၂၃။ ကံကောင်းစေသော ကြောင်
၂၄။ ဖျက်​ဆီးခံရ​သော ပိုးထည်
၂၅။ ဘယ်သူက ရုပ်သေးရုပ်လဲ
၂၆။ မရှုနိုင်​မကယ်​နိုင်​ဖြစ်​အောင်​လုပ်​သည်
၂၇။ အမုန်းတရားတို့ နက်ရှိုင်းလွန်းသည်
၂၈။ လူရှုပ်​လူ​ပွေ
၂၉။ မိုး​ရေထဲက ဖိတ်​စာ
၃၀။ လူယုတ်မာကို နာနာရိုက်
၃၁။ မာနကြီးပြီး အထက်​စီးဆန်​ခြင်း
၃၂။ ကိုယ့်ဒုက္ခ ကိုယ်ရှာ
၃၃။ သမီးကို ဆိုဆုံးမခြင်း
၃၄။ လက်ထဲက ပုလဲရတနာ
၃၅။ အသိအကျွမ်းဟောင်းများနှင့် ပြန်ဆုံတွေ့ခြင်း
၃၆။ ရန်သူရန်ဘက်တို့ လာဆုံကြ
၃၇။ မောင်နှမနှစ်ယောက် ပူးပေါင်းကြံစည်ကြခြင်း
၃၈။​ ကောက်​ကျစ်​သော အကြံအစည်​
၃၉။ လျို့ဝှက်ပူးပေါင်းခြင်း
၄၀။ လက်ဆောင်ပြန်ပေးခြင်း နောက်ကွယ်က မုန်တိုင်း
၄၁။ အဖိုးတန်​ရတနာကို ဆန္ဒမရှိဘဲ​ပေးလိုက်​ခြင်း
၄၂။ မျက်နှာသာရရန်အတွက်နှင့် သူတစ်ပါးကို ရောင်းစားသည်
၄၃။ ငြင်းဆန်၍ မရသော သက်သေ
၄၄။ ဖြစ်ကြောင်းကို ပြန်လှန်ပြောင်း
၄၅။ ကစားပွဲကို ဦးဆောင်ချုပ်ကိုင်
၄၆။ ဒူးထောက်၍ အပြစ်ကို ချေ
၄၇။ အကြံသမား လက်ဆောင်ပို့လာ
၄၈။ တိုင်းပြည့် မိခင်
၄၉။ ကိုယ်စီကိုယ်ငှ ကြံစည်များနှင့်
၅၀။ နှင်းထဲ ငါးမျှား
၅၁။ သူတစ်ပါးပိုင်ဆိုင်မှုကို လုယူ၍ မိမိအပိုင် ပြုခြင်း
၅၂။ အိမ်တော်အတွင်း လေပြင်းတိုက်ခတ်
၅၃။ လှည့်ဖျား ဉာဏ်ဆင်ခဲ့ရုံမျှသာ
၅၄။ ကြွယ်ဝမှုကို ဖွေရှာသည်
၅၅။ ထိုးထွင်းသိမြင်လွယ်ခြင်း
၅၆။ အန်းဖိန် မင်းသမီး
၅၇။ အရေးနိမ့်သွားသော အကောက်ကြံမှု
၅၈။ ဂုဏ်ပြု စားသောက်ပွဲ
၅၉။ လေပွေ အဝေ့
၆၀။ စမ်းရေကြည်မှ ဂယက်လှိုင်း
၆၁။ ရုတ်ရုတ်သဲသဲ ဆူညံ
၆၂။ လေညှင်းကို ထိခိုက်
၆၃။ ပိတ်လှောင်ထားခံရခြင်းမှသည် ဆုတ်ယုတ်ပျက်စီးခြင်းသို့
၆၄/၁။ စက်စုပ်ဖွယ်သော အောက်လမ်းနည်း
၆၄/၂။ စက်စုပ်ဖွယ်သော အောက်လမ်းနည်း
၆၅/၁။ ဗျူဟာထဲက ဗျူဟာ
၆၅/၂။ ဗျူဟာထဲက ဗျူဟာ
၆၅/၃။ ဗျူဟာထဲက ဗျူဟာ
၆၅/၄။ ဗျူဟာထဲက ဗျူဟာ
၆၆/၁။ ကိုယ့်သေတွင်း ကိုယ်တူး
၆၆/၂။ ကိုယ့်သေတွင်း ကိုယ်တူး
၆၇/၁။ ဘဝနိဂုံးချုပ်အံ့ဆဲဆဲ

၁၅။ လျှို့ဝှက်ကြံစည်ကြခြင်း

1.9K 362 20
By Sharr7

၁၅။ လျှို့ဝှက်ကြံစည်ကြခြင်း (SHARR)

တာ့ဖူးရန်သည် ဖူအန်းယွမ်သို့ပြန်ရောက်သောအခါ တိတ်တဆိတ်ထိုင်ချလိုက်ပြီး အခါးရည်ကြမ်းကို မပျော်မရွှင်ဖြင့် သောက်လိုက်သည်။

"လီဝေယန်း ဒီအရိုင်းအစိုင်းမကတော့၊ တအား ရဲတင်းလာတယ်၊ ဘယ်လိုလုပ် အမေ့ကို ဆန့်ကျင်ရဲတာလဲ" လီချန်ရှီးသည် မကျေမချမ်းဖြစ်လျက် သည်းမခံနိုင်စွာ ပြောဆိုလာတော့သည်။

တာ့ဖူးရန်သည် လီချန်ရှီးကို မျက်ခုံးပင့်ကာ ကြည့်လိုက်ရင်း နှုတ်ခမ်းထောင့်စွန်းတို့ တွန့်ကွေးသွားသော်လည်း စကားတစ်ခွန်းမျှမဆိုချေ။

"ဝူမေးမေး စန်းမေးကို ဘယ်လိုပြောလိုက်တာလဲ၊ အရိုသေတန်လိုက်တာ"

လီချန်းလဲ့ မျက်မှောင်ကြုတ်လိုက်၏။ လီဝေယန်းကို သင်ခန်းစာတစ်ခု၊နှစ်ခု ပေးသင့်သည်ဟု သူမ တွေးခဲ့လျှင်တောင် တစ်ခြားသူများရှေ့တွင် ကြင်နာစိတ်ရှိပြီး သနားဂရုဏာကြီးမားတတ်သောသူမပုံရိပ်ကို ထိန်းချင်သေးသည်။

လီချန်ရှီးသည် ရိုင်းရိုင်းစိုင်းစိုင်း ရယ်သွမ်းသွေးရင်း ပြောလာသည်။ "တာ့ကျဲ အမေက သူ့နောက်ကြောင်းကို အရင်စုံစမ်းကြည့်ဖို့ မပြောခဲ့ဘူးလား၊ သူ့ကို ကြောက်တတ်ပြီး အရည်အချင်းမရှိဘူးလို့ ပြောကြပေမယ့် အခု သူ့ကို ကြည့်စမ်းပါဦး၊ လိမ္မာပါးနပ်ရုံတင်မကဘူး၊ လုံးဝ ကြောက်တတ်ပုံလည်း မပေါ်ဘူး၊ စုံစမ်းထားတာနဲ့လည်း မတူဘူး"

တာ့ဖူးရန်သည် ချန်ရှီးကို ဒေါသတကြီး စိုက်ကြည့်လိုက်ပြီး မေးလိုက်၏။ "ချန်ရှီး မင်း ဘာတွေတွေးနေတာလဲ"

ချန်ရှီးသည် တာ့ဖူးရန်ကိုကြည့်ကာ ယဥ်ကျေးသိမ်မွေ့စွာ ပြန်ဖြေလိုက်သည်။

"အမေ သမီးကြည့်ရသလောက်တော့ အမေပို့လိုက်တဲ့ အစေခံက သူ့အရည်အချင်းကို ပြရမယ့် အချိန်ရောက်ပြီ" 

တာ့ဖူးရန် ခေတ္တခဏမျှ တွေးပြီးနောက် ကျယ်ကျယ်လောင်လောင် ရယ်မောလာတော့သည်။
"ညည်းပြောတာ မှန်တယ်"

လီချန်ရှီးမျက်ဝန်းထဲရှိ အမူအရာက အေးစက်စက်အကြည့်အဖြစ်သို့ ပြောင်းလဲသွားသည်။

"အခု သူ့မှာ လောင်ဖူးရန်ရဲ့ အကာအကွယ်ရှိနေပေမယ့် သူက အဖေ့ကို စိတ်ဆိုးစေခဲ့မယ်ဆိုရင်ရော၊ သူက နှစ်လပိုင်းမှာ မွေးခဲ့တဲ့ ကံဆိုးမဆိုတာ လူတိုင်းက မှတ်မိသွားလိမ့်မယ်၊ ပြီးတော့..."  

သူမ သေချာရှင်းရှင်းလင်းလင်း မပြောဘဲ အားရပါးရ ပြုံးလျက် တာ့ဖူးရန်ကိုသာ စိုက်ကြည့်နေလိုက်သည်။

"ညည်းက တကယ့်ကို ဉာဏ်ကောင်းတာပဲ" တာ့ဖူးရန်၏အပြုံးတို့က နက်နဲလှသည်။ "ဒီအကြံက သိပ်မဆိုးဘူး"

လီချန်ရှီး အပျော်တို့က ဖုံးဖိမရနိုင်အောင် သိသာလွန်းလာကာ တာ့ဖူးရန်ဆီမှ မျက်နှာသာရရန် ကြိုးစားတော့သည်။ "အမေ ဒီနေ့ သူ့ကို လက်ကောက်တစ်ကွင်း ပေးလိုက်သေးတယ်"

တာ့ဖူးရန် အံကြိတ်ကာ ကျောက်စိမ်းဖြင့် ပြုလုပ်ထားသော ဇာမဏီဆံထိုးတစ်စုံကို လင်မားမားအား သွားယူရန် အမိန့်ပေးလိုက်သည်။ ထို့နောက် သူမ လီချန်ရှီးကို ပေးလိုက်သည်။ "တစ်ခုက မင်းအတွက်၊ နောက်တစ်ခုက မင့်စစ်ကျဲ(မမ ၄)အတွက်"

စစ်ကျဲက ဘာများလုပ်ခဲ့လို့လဲ။ ဘာမှလည်း မလုပ်ခဲ့ဘူးလေ။ အနှီသွေးသားတော်စပ်နေသော အစ်မကြောင့် လီချန်ရှီး အမြဲ စိတ်အနှောင့်အယှက်ဖြစ်ရသည်။ ဆံထိုးနှစ်ခုလုံးကို သူမအတွက်သာ သိမ်းထားရန် ဆုံးဖြတ်လိုက်သော်လည်း မည်သို့ပင်ဆိုစေ တာ့ဖူးရန်ကိုတော့ ကျေးဇူးတင်စကား ဆိုလိုက်သည်။

လီချန်ရှီးသည် အရမ်းမတုံးအသော်လည်း အရမ်းလည်း မထက်မြက်လှချေ။ သို့ဖြစ်စေ တာ့ဖူးရန်ကတော့ ထိုအခြင်းအရာကို နှစ်သက်သည်။ သူမအမိန့်များကို နာခံသည့် လီချန်ရှီးကိုသာ လိုသည်။ သွေးဆူလွယ်သော လီချန်ရှီးက ရှေ့ခုန်ထွက်ကာ ဆိုးယုတ်ညစ်ပေသောလှည့်ကွက်များအားလုံးကို လုပ်ပေးလိမ့်မည်။ ဤနည်းအားဖြင့် သူတို့လက်များကို ဖြူဖြူစင်စင်ထားလျက် သူမနှင့် ချန်းလဲတို့က ဘေးမှရပ်ကြည့်နေနိုင်လိမ့်မည်။

ခေတ္တမျှ အတင်းအဖျင်းစကားတို့ ဆိုပြီးနောက် လီချန်ရှီး ထွက်သွားတော့သည်။

"အမေက သူ့ကို အရမ်းသည်းခံနေသလိုပဲ" လီချန်ရှီး၏ပုံရိပ်ကိုစိုက်ကြည့်ရင်း လီချန်းလဲ့က ဝေဖန်လိုက်သည်။ "အမေသာ ဒီလိုဆက်လုပ်နေရင် သူ ထိန်းမနိုင်သိမ်းမရဖြစ်ပြီး သွေးနထင်ရောက်နေတော့မှာပဲ"

"တုံးလိုက်တဲ့ကလေး အဲ့တာ သေချာပေါက်ကို အမေဖြစ်စေချင်နေတဲ့ဟာပဲလေ" တာ့ဖူးရန် အေးစက်စွာ ရယ်မောလိုက်သည်။ "တစ်ဖက်ကကြည့်ရင် အမြင်ကျဥ်းတဲ့ အာ့ဖန်း(ဒုတိယအိမ်တော်ခွဲ)ရှိတယ်၊အကြံသမား လောင်ဝူလည်း ရှိတယ်၊ နောက်ဆုံး ထုံထုံထိုင်းထိုင်း လောင်စစ်လည်းရှိတယ်၊ ဒီနည်းကပဲ သူတို့က သမီးကို ကူညီဖို့ ဖြစ်လာလိမ့်မယ်"

လီချန်းလဲ့ အမေစကားနောက်ကွယ်မှ ဆိုလိုရင်းကို နားလည်သွားပြီး နူးညံ့သိမ်မွေ့စွာပြုံးရင်း တာ့ဖူးရန်ဘေးနား ထိုင်ချလိုက်သည်။ "အမေ အခုဆို စန်းမေး(ညီမ ၃) ဉာဏ်ကောင်းတာကိုပါ ထည့်တွက်ရမှာမလား"

တာ့ဖူးရန် နှုတ်ခမ်းထောင့်စွန့်တို့က ကော့တက်သွားသည်။ "ဝေယန်းက သေချာပေါက်ကို မတုံးဘူး၊ ဒါပေမယ့် မကြာခင်မှာပဲ သူ အမှားတစ်ခု လုပ်မိလိမ့်မယ်"

လောင်ဖူးရန်ရှေ့တွင် ဝေယန်း၏အဖြစ်အပျက် ဖြစ်ပြီးကတည်းက အဝတ်အစားများကို ချက်ချင်း ပို့​ေပးတော့သည်။ အဝတ်အစများ ပို့လာသည်မှာ တစ်ရက်တောင် မကြာလိုက်ချေ။ တစ်ရာသီအတွက် ဝတ်စုံတစ်စုံစီတောင် ပါလိုက်သေးသည်။

ဝေယန်းသည် ပေါ့ပါးနူးညံ့သော အပေါ်ဝတ်ရုံကို ရွေးချယ်လိုက်သည်။ ဝတ်ရုံပေါ်တွင် အနီရောင်နှင့် ငွေရောင်ပန်းတို့ ထိုးထားလေသည်။ အတွင်းထဲတွင် ဝါဂွမ်းခပ်ထူထူတစ်ထပ်ပါပြီး နွေးလှသည်။ ဆောင်းရာသီအလယ်လောက်တွင် ဝတ်ဆင်နိုင်လေသည်။ ဤအရာများအားလုံးက သူမအကြံအောင်မြင်သည်ကို ပြသနေချေသည်။

လီဝေယန်းသည် သူမ အိပ်ဆောင်ထဲတွင် ထိုင်နေသည်။ သူမ အခါးရည်သောက်ရင်း လောင်ဖူးရန် လက်ဆောင်ပေးလိုက်သော ငွေတုံးများနှင့် ဘာလုပ်ရမလဲ စဥ်းစားနေလိုက်သည်။

ဟွားမေသည် ဖိနပ်လှလှလေးတစ်ရံကို ကိုင်ရင်း အပြင်ကနေ ကမူးရှူးထိုး ဝင်လာသည်။ "စန်းရှောင့်ကျဲရဲ့ဖိနပ်တွေက နွမ်းနေတာ ကျွန်မ သတိထားမိပြီး တာ့ရှောင့်ကျဲဆီမှာ ဇာမဏီငှက်ပုံစံ အနုစိတ်ထိုးထားတဲ့ ဖိနပ်တစ်စုံရှိတာ မြင်မိတော့ ကျွန်မလည်း စန်းရှောင့်ကျဲအတွက် တစ်ခု ယူလာတယ်၊ ရှောင့်ကျဲ ကြည့်ကြည့်ပါဦး သဘောကျရဲ့လားဟင်"  

လီဝေယန်း ဖိနပ်များကို ခဏမျှ ကြည့်လိုက်၏။ ဖိနပ်များမှာ ကြက်သွေးရောင်ကျင်ခပ်ပိတ်စကို ရွှေဇာမဏီသဏ္ဍာန် ပန်းထိုးထားသည်။ ရွှေချည်တစ်ကြောင်းစီချင်းကို အနုစိတ်ချုပ်လုပ်ထားသည်။ ဖိနပ်အပေါ်တွင် အချိန်နှင့် အားစိုက်ထုတ်ကာ သေချာ ချုပ်လုပ်ထားမှန်း သိသာလှသည်။

ဟွားမေက ဂရုတစိုက်ဖြင့် လီဝေယန်းကို စူးစမ်းရင်း ထပ်မေးလိုက်သည်။ "ရှောင့်ကျဲ သဘောကျရဲ့လား"

ဟွားမေရှေ့မှာတင် လီဝေယန်း ဖိနပ်ကို စမ်းစီးကြည့်လိုက်သည်။ အပြုံးတစ်ခုက ဝေယန်း၏မျက်နှာပေါ်တွင် ဖြည်းဖြည်းချင်း ပေါ်လာပြီး သူမ နှစ်သက်သဘောကျရသော လက်ဆောင်ကြောင့် စိတ်လှုပ်ရှားနေသော ရိုးရိုးအအမိန်းကလေးတစ်ယောက်လို ခေါင်းကလေး ညိတ်လာသည်။  

ဟွားမေ စိတ်သက်သာရာရမှုကြောင့် တိတ်တဆိတ် သက်ပြင်းချမိလိုက်ပြီး အောက်ငုံ့ကာ ဝေယန်း၏ဖိနပ်ကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြင်ပေးလိုက်သည်။ ထို့နောက် မရွယ်ရည်ဘဲ မတော်တဆ ပြောလာခဲ့သည်။

"အခု အားလုံးက စန်းရှောင့်ကျဲက ဘယ်လိုရည်မွန်ပြီး လှပတယ်ဆိုပြီး ပြောနေကြတာ၊ စစ်ရှောင့်ကျဲနှင့် ဝူရှောင့်ကျဲထက်တောင် ရှောင့်ကျဲက ပိုလှသေးတယ်"

နတ်သမီးလို အလှလေး တာ့ရှောင့်ကျဲကို ထည့်မပြောသည်ကို ကြည့်ခြင်းအားဖြင့် ဤမိန်းကလေးမှာ တုံးတုံးအအတော့ မဟုတ်ချေ။ ဟွားမေပြောနေသည်ကို လီဝေယန်း မကြားချင်ယောင်ဆောင်ပြီး ဖိနပ်ကိုသာ ဂရုတစိုက် စူးစမ်းနေလိုက်သည်။

"နူပိက အိမ်တော်မှာ အသစ်လေးဆိုပေမယ့် မားမားတွေအားလုံး ပြောနေကြတာကို ကြားခဲ့ရတယ်၊ စန်းရှောင့်ကျဲက ချီယီညန်မွေးတာတဲ့၊ ပြီးတော့ ချီယီညန် ငယ်တုန်းက သိပ်လှတာပဲတဲ့" ဟွားမေသည် ထပ်မျိုသိပ်မထားနိုင်တော့သလိုမျိုး ပြောလာလေသည်။
[ချီ - ခုနှစ်/သတ္တမ
ယီညန် - ကိုယ်လုပ်တော်/အမေဘက်မှ တော်သော အဒေါ်/အမေ့အစ်မ(သို့)ညီမ]

ရုတ်တရက် ဝေယန်း ဟွားမေကို ကြည့်လိုက်သည်။ ဝေယန်း၏အကြည့်အောက်တွင် ဟွားမေ ကြောက်ရွံ့ထိတ်လန့်သွား၍ ချက်ချင်း ခေါင်းငုံ့လိုက်သည်။ သူမ ကိုယ့်ပါးကိုယ်ရိုက်ကာ ပြောလိုက်၏။

"နူပိ မှားသွားပါတယ်၊ နူပိ စကား တအားများမိပါတယ်"

မမျှော်လင့်ဘဲ လီဝေယန်းက သဘောတကျဖြင့် တခစ်ခစ်ရယ်မောရင်း ပြောလာသည်။

"ဟွားမေ ဒီဖိနပ်တစ်စုံက တကယ်ကို လှတယ်"

ဝေယန်း ဒေါသမထွက်သည်ကို မြင်မှ စိတ်သက်သာရာရကာ ဆက်ပြောလိုက်သည်။ "စန်းရှောင့်ကျဲ နှစ်သက်လို့ တော်ပါသေးတယ်၊ အိုက်ယား စစ်ရှောင့်ကျဲနဲ့ ဝူရှောင့်ကျဲတို့လိုမျိုး ရှောင့်ကျဲမွေးအမေက ရှောင့်ကျဲနားမှာ မရှိတော့ အရမ်းအထီးကျန်နေမှာပဲ၊ သူတို့ကို ဂရုစိုက်ဖို့ကျ စစ်ယီညန်ရှိတယ်၊ အနည်းဆုံးတော့ သူတို့ နေ့တိုင်း ပျော်ပျော်ရွှင်ရွှင် နေနိုင်တာပေါ့"
[စစ်ယီညန် - ကိုယ်လုပ်တော် ၄]

လီဝေယန်း မျက်တောင်ကလေးကို ပေကလတ် ပေကလတ် ခတ်ကာ ရည်ရွယ်ချက်ရှိရှိ ပြန်မေးလိုက်သည်။

"ဟွားမေ နင် ဘာပြောဖို့ကြိုးစားနေတာလဲ"

ဟွားမေသည် လူတို့၏ အမူအရာနှင့် စကားတို့ကို ဘယ်လိုဖတ်ရမလဲ ကောင်းကောင်းသိသည်။

"နူပိ တစ်ခြားသူတွေဆီက ကြားခဲ့တာတော့ လွန်ခဲ့တဲ့နှစ်ရက်​ေလာက်ကတည်းက ချီယီညန် နာမကျန်းဖြစ်တာ ပိုပိုဆိုးလာတယ်တဲ့"

ဟွားမေက ချီယီညန်အကြောင်းပြောတော့ လီဝေ
ယန်း ကျောက်စိမ်းဆွဲပြားလေးကို မသိလိုက်မသိဘာသာ ထိလိုက်မိသည်။ သူမ ဖိန်ချန်းမြို့မှ ထွက်ခွာစဥ်က ဖိန်ချန်းရှိ လီမိသားစုက အနှီကျောက်စိမ်းဆွဲပြားကို ပြန်ရအောင် ကူညီပေးခဲ့သည်။ ကျောက်စိမ်းဆွဲပြားသည် သူမအမေရင်းထံမှ ရထားခဲ့သော တစ်ခုတည်းသော လက်ဆောင်ဖြစ်သည်။

ချီယီညန် ထန်ရှီသည် မူလကတော့ တာ့ဖူးရန်ကို ခစားရသော ခြေဆေးအစေခံဖြစ်သည်။ တစ်ခါက လီရှောင်ရန် အမူးလွန်ပြီး ထန်ရှီကို မတော်တဆ ကိုယ်ဝန်ရှိစေခဲ့သည်။ ထိုမှ ဝေယန်းကို နှစ်လပိုင်းတွင် မွေးဖွားခဲ့၍ အိမ်တော်မှ ထွက်သွားရန် ဖိအားပေးခံခဲ့ရသည်။ တာ့ဖူးရန်သည် သူမ၏ မေတ္တာဂရုဏာကို ပြသရန် ထန်ရှီကို ယီညန်(ကိုယ်လုပ်တော်)တစ်ယောက် ဖြစ်စေခဲ့သည်။ လီအိမ်တော်ရှိ ယီညန်အားလုံးတွင် နောက်ခံအသင့်အတင့်ရှိကြသည်။ အလှအပရှိလျှင်ရှိ၊ မရှိလျှင် ဂုဏ်ယူအားကိုးရသော အဖိုးတန်ကလေးတစ်ယောက်တော့ရှိသည်။ ချီယီညန်မှလွဲ၍ သူတို့အားလုံးသည် အိမ်တော်တွင်းရှိ သူတို့နေရာ အားကောင်းလာစေရန် ထိုအရာများကို အသုံးချကြသည်။ ချီယီညန်တွင် နောက်ခံကောင်းကောင်းမရှိသည့်အပြင် ကံဆိုးစေသည့် နှစ်လပိုင်းတွင် ကလေးမွေးထားသေးသည်။ ဤသို့ဖြင့် သူမသည် လီရှောင်ရန်၏ မျက်နှာသာပေးမှုကို ဆုံးရှုံးခဲ့ရသည်။ အတိတ်ဘဝတွင် ချီယီညန်သည် ဝေယန်း အိမ်တော်သို့ ပြန်မရောက်မီ နှစ်ဝက်အလိုတွင် နာမကျန်းဖြစ်ကာ ကွယ်လွန်ခဲ့သည်။ သို့သော်ငြား ဤဘဝတွင်မူ ဝေယန်း အိမ်တော်သို့ နှစ်ဝက်လောက် စောကာ ပြန်ရောက်သည့်အတွက် ချီယီညန်ကား အသက်ရှင်နေဆဲ ဖြစ်သည်။

အရင်လတွေတုန်းက လီဝေယန်းသည် ချီယီညန်နှင့် ပတ်သတ်သမျှ သတင်းတို့ကို ရှာဖွေရန် နည်းလမ်းမျိုးစုံ သုံးခဲ့သော်လည်း ချီယီညန်နှင့် ပတ်သတ်ပြီး သူမ ရှာတွေ့သမျှသည် လီရှောင်ရန် မျက်နှာသာမပေးခြင်း၊ နာမည်ဂုဏ်သတင်းနှင့် အဆင့်အတန်းမရှိခြင်း၊ ခန္ဓာကိုယ်က အားနည်းနေ၍ တာ့ဖူးရန်က သီးခြားနေထိုင်ရန် နန်ယွမ်သို့ ပို့လိုက်ခြင်း အစရှိသဖြင့်သာ။ နန်ယွမ်သည် ဝေးလွန်းလှသည်။ ထိုနေရာသည် အဓိကခြံဝင်းနှင့် သီးခြားကွဲထွက်နေပြီး အစေခံတို့ အိပ်ဆောင်ဘေး လက်ယာဘက်တွင် တည်ရှိသည်။
[နန်ယွမ် - တောင်ဘက်ခြံဝင်း]

ချီယီညန်သည် အားလုံးထဲတွင် အဆင်းရဲဆုံးဖြစ်သည်သာမက သူမကို လူတိုင်းက ဆိုးဝါးစွာ ဆက်ဆံကြသေးသည်။ ထိုအတွေးက နှလုံးသားကို အပ်နှင့် ထိုးဆွသကဲ့သို့ ဝေယန်းကို နာကျင်စေသည်။ ဟွာမေးသည် တာ့ဖူးရန်၏လူဖြစ်သော်လည်း ဝေယန်းရှေ့တွင် ချီယီညန်အကြောင်း ပြောနေသည်။ တစ်ခုခု ဖုံးကွယ်ထားတာတော့ ရှိရမည်။

ဝေယန်း အတွင်းထဲတွင် ကြိတ်ရယ်နေသော်ငြား အပြင်ပန်းတွင်မူ ဟွာမေးကိုသာ တည်တည်ငြိမ်ငြိမ်ဖြင့် စိုက်ကြည့်နေလိုက်သည်။ သူတို့က စပြီး ပထမခြေလှမ်းကို လှမ်းနှင့်ပြီဆိုမှတော့ သူမကလည်း ဘာမှမလုပ်ပဲ ဒီအတိုင်း ထိုင်မနေနိုင်ချေ။ မည်သို့ပင်ဖြစ်စေ တကယ့်အရှုံးသမားက ဘယ်သူဖြစ်မလဲဆိုတာ မသေချာသေးပေ။

Continue Reading

You'll Also Like

1.7M 201K 74
Unicode ၁၉၄၀ခုနှစ်လောက်က ဇာတ်လမ်းတစ်ပုဒ်။ မိန်းမအဝတ်အစား၊ မျက်နှာချေမှုန့်၊ နှုတ်ခမ်းနီရဲရဲတို့ကို နှစ်ခြိုက်ခဲ့သော ယောကျ်ားပျိုတစ်ယောက်၏ အမည်ကား မြတ...
124K 12.2K 121
"မှားယွင်းသော လက်ထပ်ခြင်းမှသည်.....ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၁)" ***MM Translation (Just for fun) "မှားယွင်းသော လက်ထပ်ခြင်းမှသည်.....ကောင...
573K 66.8K 187
Divine doctor : Daughter of the first wife [ မြန်မာ ဘာသာပြန် ] Author : 杨十六 (Yang Shi Liu) English Translator : Spring Rain Translations Group Discla...