Chapter 46 {အချို ပွဲရဲ့ စွမ်းအား}

2.5K 387 12
                                    

ZAWGYI

#Translated by Irisbellar

   မြို့စားယန်ကို ပိုပြီး နောင်တရ ဒေါသထွက်သွားစေတာက ; သူ့ဆီကနေ အကူညီတောင်းခံထားကြတဲ့ ထိုအရှက်မရှိတဲ့လူတွေတောင် မက်မွန်ကိတ်တစ်ခုစီ စားကြရတာကို တွေးမိလိုက်ချိန်မှာ ပဲ ဖြစ်သည်။ တဖက်ကလည်း  ထိုကိတ်တွေရဲ့ အရသာက ဘယ်လိုလေးများ ကောင်းမွန်နေမလဲလို့ စိတ်ကူးမိပြန်သည်။

ဒီနေ့  သူမျော်လင့်တဲ့အတိုင်း ဘာမှ ဖြစ်မလာပေ ;အဲ့ဒါက သူ အဲ့ဒီကံကောင်းစေတဲ့ ကိတ်လေးတွေများ မစားခဲ့ရတာကြောင့်များလား?

မြို့စားယန် အနည်းငယ် ချောင်းဟန့်ပြိး ပြောလိုက်သည်။
"အဲ့မုန့်တွေကို ဧည့်ဆောင်မှာ ထားလိုက်။. ငါ့ဇနီးနဲ့တွေ့ဖို့ အတွင်းဆောင်ကို သွားတော့မှ ငါကိုယ်တိုင် သူမအတွက် ယူသွားပေးလိုက်မယ်."

ယန်မြို့စားလည်း စန်ချာ မကြိုက်သူတစ်ယောက်ပဲဖြစ်သည်။, ဒါ့ကြောင့် သူဧည့်ဆောင်မှာ နားနေဖို့ ခုံတစ်လုံး ဆွဲယူလိုက်တော့ သူ့အစေခံကောင်လေးက ရေနွေးချမ်း တစ်ခွက် ငှဲ့ပေးလိုက်သည်။. သူ့ဘေးနားမှာ ရှိနေတဲ့ အပွင့်ထိုး ပိုးထည် သေတ္တာဘူးလေးဆီ သူအကြည့် ရောက်သွားပြီး ဖွင့်ကြည့်လိုက်သည်။

အတွင်းထဲက မြင်ကွင်းကြောင့် မှေးထားခဲ့တဲ့ သူမျက်လုံးများ ပြူးကျယ်သွားတော့သည်။

ထူးခြားလှပတဲ့ ဝါးခြင်းတောင်းအသေးလေး တစ်ခုထဲတွင် မုန့်အစာသွပ် ရှစ်ခုကို အစီအရီ ထည့်ထားခဲ့သည်။. သူတို့တစ်ခုချင်းစီက ပုံစံ တစ်မျိုးစီနဲ့, ပြီးတော့ အနီရောင်peonyပန်းပွင့်လေးတွေကို ဘေးတစ်ဖက်မှာ ခွေထားတာကလည်း တော်တော်လေးလှပြီး အမြင်အာရုံကို ဆွဲဆောင်နေသည်။

မြို့စားယန် အသက်ရှူလိုက်တဲ့ အခါမှာတော့,
မုန့်တွေဆီက ထောပတ်အနံ့နဲ့ ရောနေတဲ့ Penoyပန်းနံ့သင်းသင်းလေးကို ခံစားမိလိုက်သည်။

မြို့စားယန်လည်း လုံးဝ တောင့်မခံနိုင်တော့ပေ။ သူတံထွေးတခါမျို ချလိုက်ပြီး ကြက်တောင်ရိုက်တံ ပုံ မုန့်တစ်ခုကို ယူပြီး အရင်ကြည့်နေလိုက်ပြီးမှ ပါးစပ်အပြည့် တစ်ကိုက် ကိုက်ချလိုက်သည်။.အင်းမ်....အထဲမှာလည်း ထည့်ထားတာ ရှိနေတာပဲ။. စပျစ်သီးခြောက်​ တွေများလား?မုန့်လေးက အဆီမရွှဲဘဲ လက်လက်ဆက်ဆက် ကြွပ်ကြွပ်ရွရွလေး ဖြစ်ပြီး ချိုနေတာပဲ။.. အရသာရှိလိုက်တာ!

{ကံကြမ္မာ စေရာ :𝐌𝐌 𝙏𝙧𝙖𝙣𝙨𝙡𝙖𝙩𝙞𝙤𝙣}Where stories live. Discover now