Chapter 89+90

2K 325 22
                                    

Zawgyi>

Chapter 89: အခွင့်ရေးယူခြင်း...

   တစ်ရဲ့မျက်ခုံးတို့က တွန့်ကျိုးသွားပြီး သူပြောမလို့လုပ်လိုက်ပေမယ့် ရှောင်ပိုကျင်းရဲ့ အေးစက်စက်အကြည့်ကြောင့် သူ့အတွေးတွေက်ု ပြန်ရုတ်သိမ်းထားလိုက်တော့သည်။

      ထိုအချိန်က နေ့လည်ခင်းဖြစ်၍ ကျင်းအန်အိမ်တော်ရဲ့အတွင်းဆောင်က အစေခံအတော်များများက တရေးအိပ်သူအိပ် ဝိုင်းဖွဲ့ပြီး စကားစမြည်ပြောသူ ပြောနှင့် လုပ်နေကြသည်။အတွင်းဆောင်ကို သွားတဲ့တလျှောက်လုံး သူတို့တွေ တစ်ယောက်နဲ့မှ မတိုးကြပေ။

  တခဏလောက် သွားပြီးတော့ ရှောင်ပိုကျင်း သူ့အကျီလက်ထဲက အကြမ်းဖျင်းမြေပုံတစ်ခုကို ထုတ်ယူလိုက်သည်။သူသေချာကြည့်လို့ပြီးတော့ သူ့ရဲ့ဟန်ပန်အနေအထားကို ပြင်လိုက်ပြီး Songtaoအဆောင်ဘက်ကို သွားလိုက်သည်။

  တစ်ကလည်း ရှောင်ပိုကျင်းနောက်ကနေ ထပ်ကြပ်မကွာ လိုက်သွားပြီး သူ့မျက်လုံးတွေကလည်း ပတ်ဝန်းကျင်ကို သတိထားပြီး သေချာစောင့်ကြည့်နေသည်။

    ချူးလျန်က ဥယာဉ်ဘေးမှာရှိတဲ့ တူရိယာခန်းမမှာ အနားယူနေတာဖြစ်သည်။ဘေးပတ်ဝန်းကျင်မှာက လူလုပ်ရေကန်, ဇော်မွှားပန်းရုံတို့က ရှိနေတာကြောင့် လေပြေတိုက်တိုင်း ထိုပန်းရနံ့နဲ့ အေးမြမြလေဓာတ်တို့က ပါလာသည်။

     သူ့သခင်မလေး အိပ်ပျော်သွားတာတွေ့တော့ ရှီးယန်က စောင်ပါးလေးကို ဂရုတစိုက် ခြုံပေးလိုက်ပြီး သိပ်မဝေးတဲ့ တနေရာမှာရှိတဲ့ စားပွဲဆီသွားပြီး ချူးလျန်ကို စောင့်ပေးရင်း ပန်းထိုးနေလိုက်သည်။

  ရှောင်ပိုကျင်းက လမ်းကြောင်းကျဉ်းလေးတစ်ခုကနေပြီး Songtaoအဆောင် ဥယာဉ်ထဲကို ဖြတ်ဝင်လာသည်။ သူ့ခရီးမနှောင့်နှေးအောင် ဝတ်ရုံစကိုလည်း မထားလိုက်သည်။

    ဆောင်းရာသီကိုရောက်နေပြီဖြစ်တာကြောင့် ဥယာဉ်ထဲက ပန်းအတော်များများက ညှိးနွမ်းပြီး အဝါခြောက်ရောင်ပင် သမ်းနေသည်။ရှောင်ပိုကျင်းက အဆောက်အဦးပုံစံတွေကို မှတ်ညဏ်ထဲသွင်းနေသယောင် သေချာကြည့်လိုက်သည်။သူ့စိတ်ထဲမှာတော့ ချူးလျန်က သူ့ရဲ့ဇနီးဖြစ်လာတဲ့ အချိန်ကျရင် ထိုအဆောက်အဦးတွေထက် ပိုကြီး ပိုလှအောင် ဆောက်ပေးမယ်လို့ တွေးလိုက်သည်။

{ကံကြမ္မာ စေရာ :𝐌𝐌 𝙏𝙧𝙖𝙣𝙨𝙡𝙖𝙩𝙞𝙤𝙣}Tempat cerita menjadi hidup. Temukan sekarang