Chapter 29 - သူငယ်ချင်းဟောင်း

2.5K 416 1
                                    

ZAWGYI

သခင်မကြီးဟေးက အသက်ကြီးနေပြီ ဖြစ်သော်လည်း အိမ်တော်တစ်ခုလုံးကို ထိန်းချူ ပ်နိုင်သည့် သူများ မရှိသဖြင့် သခင်မကြီးကပဲ
အဆောင်တစ်ခုချင်းစီ၏ ကိစ္စရေးရာ အဖြာဖြာ
ကို  ကိုင်တွယ်ရသည်။နေ့တိုင်းကို တစ်ယောက်ယောက်က ဘယ်အဆောင်က သခင်က ဘာလုပ်သလဲဆိုတာက်ု လာပြောပေးရသည်။
 
  လွန်ခဲ့တဲ့ရက်က သခင်မကြီးလည်း ချူးလျန်ရဲ့ လိမ္မော်ယိုကို သဘောတွေ့ခဲ့ ပြီး ဖြစ်သည်။ သခင်မကြီးက ကျေနပ်လွန်း၍ ဆုပင် ချီးမြှင့်လိုက်သေးသည်။

  အရင်ကဆို အိမ်တော်ကို ဘယ်သူပဲ အလည်လာလာ စားဖိုမှူးကျောင်း၏ အချို ပွဲလက်ရာကို မြည်းစမ်းခွင့် ရှိမည်ဖြစ်သည်။သို့ပေမယ့် အခုကတော့ ထိုမုန့်များက စားဖိုမှူးကျောင်းနှင့်အတူ မီးထဲ ပါသွားခဲ့ပြီးပြီ ။
ထိုနောက်ပိုင်း လာသည့်ဧည့်သည် များကတော့ သာမန်မုန့်များကို တည်ခင်းဧည့်ခံနိုင်တော့သည်။

  ယခု ဧည့်သည်ကတော့ ကျန်း အိမ်တော်၏သခင်မဟောင်းပဲဖြစ်သည်။သူမနှင့် သခင်မကြီးဟေးက လက်မထပ်ခင် အပျို အရွှယ်ထဲက သူငယ်ချင်းတွေဖြစ်သည်။
သူတို့ရဲ့ သူငယ်ချင်းသက်တမ်းက ဆယ်စုနှစ်များစွာ ရှိနေပေပြီ ; သူတို့က ငယ်စဉ်ကတည်းကနေ ကြီးလာသည်အထိ အဆင့်ချင်းလည်း တူကြသည်။ ထိုအရာတွေကြောင့်ပဲ
သူတို့ရဲ့ ရင်းနှီးကျွမ်းဝင်မှုကို အခြားသူတွေ မယှဉ်နိုင်လောက်ပေ။

  သခင်မကြီး ကျန်းလည်း သိချင်စိတ် ပြင်းပျသွားသည်။ သူမက ချူးလျန်ကို အရင်က မမြင်ဖူးပေ။
ထို့ကြောင့် ထိုအချက်ကို သုံးပြီး သူ့သူငယ်ချင်းကို စနောက်လိုက်သည်။
     "ဟေး , ညီမလေးရေ ... နင့်ရဲ့ မြေးချွေးမလေးက အချို ပွဲတွေ လုပ်တတ်တာကို ငါ့ကို ဘာလို့ မပြောပြခဲ့တာပါလဲနော်? အခုက နင့်ရဲ့ အတော်ဆုံးစားဖိုမှူးကလည်းမရှိတော့ ဒီမှာ ရှိတဲ့မုန့်တွေကလည်း စားဖူးနေကြ ကြီးတွေပဲ ဖြစ်နေတာပေါ့! "

   သူတို့နှစ်ယောက်က အရမ်းရင်းနှီးကြ၍ စကားပြောရင် လွတ်လွတ်လပ်လပ်သာ ပြောကြသည်။ သခင်မကြီးဟေးလည်း ချူးလျန်ပို့လာသည့် အချို ပွဲတွေကို ယူလာခိုင်းလိုက်ရတော့သည်။

{ကံကြမ္မာ စေရာ :𝐌𝐌 𝙏𝙧𝙖𝙣𝙨𝙡𝙖𝙩𝙞𝙤𝙣}Where stories live. Discover now