Chapter 38 -လောင်းကြေး

2.3K 357 5
                                    

<Unicode>
Chapter 38 : လောင်းကြေး

သခင်မရုန်းရဲ့ ကိုယ်က အနည်းငယ်ယိုင်ကျသွား၍ ကံကောင်းစွာဖြင့် သခင်မလေးစုကလည်း အချိန်မီ ဖမ်းပေးလိုက်နိုင်သည်။

သခင်မလေးစု လည်း အနည်းငယ် တင်းထဲကြပ်ထဲ အခြေနေကို ရောက်သွားသည်။ယင်အိမ်တော်မှာတုန်းကဆိုလည်း သူမရဲ့ အမခြောက်,ချူ းလျန်က မျက်နာသာပေးခံရသည့်လူမဟုတ်သော်လည်း အမြဲတမ်း သန်မာတဲ့လူတစ်ယောက်လို ကြိုးစားနေထိုင်လေ့ရှိသည်။

  သို့ပေမယ့် ,အခုလိုအချိန်မှာ ဒီလိုလုပ်တာကတော့ အနည်းငယ် ရူးကြောင်ကြောင်နိုင်သ်ည် ; အဲ့လိုမတ်မတ်ရပ်နေရမယ့်အစား ခေါင်းကိုပဲ ငုံ့ထားသင့်တယ်လေ။

  " အမကြီး... အဆင်ပြေရဲ့လားဟင်?"
သခင်မလေးစုက ဂရုတစိုက် မေးမြန်း်ြးကြည့်လိုက်သည်။

သခင်မရုန်းက သူမရဲ့နဖူးကြောကိုလက်တဖက်နဲ့နှိပ်နေရင်းမှ အခြားတဖက်ဖြင့် ဝေ့ယမ်းပြလိုက်သည်။
    " ငါအဆင်ပြေပါတယ်"

ထိုအဖြစ်အပျက်က သခင်မလေးယွမ်(8)ကိုတောင် တုန်လှုပ်သွားစေသည်။ချူ းလျန်က ဆိုးသွမ်းပြီးအရှက်ရစေတဲ့ ကိစ္စကို လုပ်ခဲ့ရင်တောင်မှ သူမက အိမ်တော်ကကနေထွက်ပြီး လက်ထပ်ပြီးသား ဖြစ်၍ အဆင်ပြေနေသေးသည်။ဒါ့အပြင် အခု သူမက ကျင်းအန်အိမ်တော်နဲ့ ပက်သတ်နေပြီ ဖြစ်တဲ့အတွက် သခင်မကြီးဟေးရဲ့ စည်းကမ်းတွေအောက်မှာပဲ နေနေရမှာ သေချာသည်။သို့ပေမယ့် ယခု အခြေအနေတွေက ဒီအဆင့်ကိုရောက်နေပြီဖြစ်ပြီး သခင်မဟွမ်ကလည်း လုံးဝကိုစိတ်ဆိုးနေတာဖြစ်သည့်အတွက် ချူ းလျန်သာ ဆက်ပြီးတော့ ရှုပ်နေအုံးမယ်ဆိုရင် ယင်ကော ကျင်းအန်ကော နှစ်အိမ်တော်လုံးပါ သူမနဲ့အတူတူ အရှက်ရ ဂုဏ်သရေ ပျက်တော့မှာဖြစ်သည်။

အခုတော့ သခင်မလေးယွမ် အနည်းငယ် ကြောက်စိတ်ဝင်နေပြီ ဖြစ်သည်။
သူမက သခင်မရုန်းရဲ့ အကျင်္ီလက်ကို သေချာဆွဲလိုက်ပြီး မြန်မြန်လေး တောင်းဆိုလိုက်သည်။
   " အမကြီး, အခုထွက်သွားကြရအောင်လေ"

သခင်မရုန်းက ဘေးပတ်လည်ကိုကြည့်လိုက်သည်။ သူမလည်း ထွက်သွားချင်နေပြီဖြစ်ပေမယ့် သူမတို့ကို လှမ်းကြည့် လှမ်းကြည့် လုပ်နေကြတဲ့ လူတွေ.....

{ကံၾကမၼာ ေစရာ :𝐌𝐌 𝙏𝙧𝙖𝙣𝙨𝙡𝙖𝙩𝙞𝙤𝙣}Where stories live. Discover now