Chapter 44

2.2K 383 2
                                    

<Unicode>
Chapter 44: A Gift in Return

   ချူ းလျန် မက်မွန်ကိတ်တွေလည်း လုပ်လိုက်ပြီး ထို ရှစ်မျိူ းအချိူ ပွဲ တစ်ခြင်းနဲ့အတူ ကျင်းအန်အိမ်တော်က အဆောင်တိုင်းကို ပို့ပေးလိုက်သည်။
    ချူ းလျန်ကတော့ အရင်ကထဲက ရိုးအီနေအောင် စားဖူးပြီးသား ဖြစ်တဲ့အတွက် ဇတိသာ စားလိုက်သည်။တဖက်က Songtaoအဆောင်က အစေခံတွေက ထိုမုန့်တွေကို ကြည့်ပြီး
မစားရက်ဖြစ်နေပေမယ့် ပျော်ပျော်ကြီး စားလိုက်ကြသည်။

  ချူ းလျန်ရဲ့ လက်ရာကို မြည်းကြည့်ပြီးသွားတော့ အရင်ကကျော်ကြား လှပါဘိဆိုတဲ့ စားဖိုမှူ းကျောင်းလုပ်ခဲ့တဲ့ မုန့်တွေကို စားဖို့ မသင့်တော် တော့သလိုတောင် တွေးမိကြကုန်သည်။ {ဟိုက အခေါင်းထဲက ပြန်ထလာပြီး သွေးအန်နေအုံးမယ်ဟယ်😂}

   ထိုပန်းကန်လေးထဲက မုန့်တွေက ပုံစံအမျိူ းမျိူ းနဲ့ အရသာအမျိူ းမျိူ းရှိသည်။ချူ းလျန်သာ ဒီမုန့်ကို မလုပ်ခဲ့ရင် ဒီလိုမုန့်မျိူ း ကမ္ဘာပေါ်မှာ ရှိနေမယ်လို့ သူတို့ယုံကြည်ကြမှာ မဟုတ်ပေ။

ထိုရှစ်မျိူ းမုန့်က မက်မွန်ကိတ်ထက်တောင် သူတို့ကို ပိုရှော့စ် ရသွားစေသည်။ဖုယန်အကြိုက်ဆုံးကတော့ စပျစ်သီးခြောက်{အကြီး} အစာသွတ်မုန့်ဖြစ်သည်။ အပြင်ပိုင်းက နူးညံ့ပြီးဝါးလို့ကောင်းပြီး အတွင်းပိုင်းကတော့ ချိူ မြနေတဲ့အနှစ်လေး ထည့်ထားတာဖြစ်သည်။
သူမထိုမုန့်ကိုစားနေပုံက ရှဥ့်လေးတွေအစာစားနေသလို ဖောင်းဖောင်းလေး ဖြစ်နေသည်။

    ရှီးယန်လည်း မုန့်လိုက်ဝေနေရင်း ဖုယန်ပန်းကန်ထဲကို ထိုစပျစ်သီးအစာသွပ်မုန့်ကို များများထည့်ပေးလိုက်ရင်း
   " ဒီမှာ လောဘကြီးတဲ့ကြောင်ပေါက်လေး ။
တတိယသခင်မလေးက အများကြီးလုပ်ခဲ့တာ ဖြစ်ပေမယ့် ငါတို့အားလုံးအတွက်ဆို အကန့်အသတ်နဲ့ ဖြစ်သွားတယ်။ ဒါက နည်းနည်းပိုနေတဲ့ဟာ ။ နင်ကြိုက်လို့ရှိရင် သခင်မလေးကို လုပ်တဲ့နည်း ဘာလို့ သင်ပြမခိုင်းရတာလဲ? နောက်ကျ ကိုယ့်ဘာသာ လုပ်စားလို့ရတာပေါ့ "

  ဖုယန်လည်း စားနေရင်းတန်းလန်း တောင့်တင်းသွားသည်။ သူမ ရှီးယန်ကို မျက်လုံးအပြူ းသားနဲ့ ငေးကြည့်လိုက်သည်။ ရှီးယန်ကတော့ မုန့်ဝေနေတာဖြစ်တဲ့အတွက် သတိမပြုမိပေ။

{ကံၾကမၼာ ေစရာ :𝐌𝐌 𝙏𝙧𝙖𝙣𝙨𝙡𝙖𝙩𝙞𝙤𝙣}Where stories live. Discover now