Chapter 57 အမႊာညီမ

2.4K 355 5
                                    

<Unicode>
Chapter 57: Twins

   မင်းသားကျင်းက ဘေးကနေ တချိန်လုံး ကြည့်နေတာဖြစ်သည်။ သူ့ရဲ့နှုတ်ခမ်းစွန်းတို့ တွန့်ကျိူ းသွားပြီးမှ သူလည်း အရှုံးပေးပြီး စကားစပြောလိုက်သည်။
   " ဒီမင်းသားက မင်းသမီးတို့ မင်းသားဝေ အိမ်တော်ကို ပြန်တဲ့လမ်းမှာ လူအချိူ့ ထည့်ပေးလိုက်ပါ့မယ် "

  တော်ဝင်မင်းသမီးလည်း အဲ့တော့မှာ မင်းသားကျင်းက ထိုနေရာမှာပဲ ရှိနေသေးတာကို သတိပြုမိသွားသည်။ မျက်ဝန်းထဲက မျက်ရည်တွေက်ု သုတ်လိုက်ပြီးမှ
    " အကိုတော် ၄, အဆင်ပြေရဲ့လား?"

  " ဒဏ်ရာက အသေးအဖွဲ့လေးတွေပါပဲ မကြာခင်ပျောက်သွားမှာ ။ ဒီမင်းသားက မြို့လုံခြုံရေးကိစ္စကို ဖြေရှင်းရအုံးမှာမလို့ လောင်ချန်း ကပဲ လူအချိူ့နဲ့ မင်းသမီးတို့ကို လိုက်ပို့ပါလိမ့်မယ် "

  " အွန်း , အကိုတော် ၄ , ကိုယ့်ကိုကို ဂရုစိုက်နော် "

   စကားဆုံးတော့ တဖက်က အစေခံတွေကလည်း မင်းသမီးအနားသို့ ဝန်းရံလာပြီး အပေါ်ထပ်ခြုံလွှာကို ဝတ်ပေးလိုက်ကြသည်။ချူ းလျန်နဲ့အတူ မင်းသားကျင်းရဲ့ကိုယ်ရံတော်မောင်းတဲ့ ရထားလုံးပေါ် တက်လိုက်ပြီး အိမ်တော်ကို ပြန်လိုက်ကြသည်။ ရထားလုံးကို မင်းသားဝေ အိမ်တော်ထဲထိ မောင်းဝင်လိုက်ပြီးမှ ရပ်လိုက်သည်။

   ချူ းလျန်က ရထားလုံးပေါ်က အရင်ဆင်းတဲ့သူဖြစ်၍ အစေခံအုပ်စုကို ဦးဆောင်လျက် စိတ်ပူပန်စွာနဲ့စောင့်နေတဲ့ သက်လတ်ပိုင်းအမျိူ းသမီး တယောက်ကို တွေ့လိုက်ရသည်။ တော်ဝင်မင်းသမီး ရထားလုံးပေါ်ကဆင်းလာတော့ ထိုအမျိူ းသမီးဆီ ပြေးဝင်ပြီး ဖက်လိုပ်သည် ။
 
   " အမေ ! "

   " ငါ့ကလေးလေး ! ဒီအမေ စိတ်ပူလို့သေတော့မယ် !"

   အစေခံတစ်သိုက်ကတော့ အဝတ်ပြေးယူတဲ့သူကယူ အပူပေးမီးဖိုးသွားယူတဲ့သူက ယူနဲ့ ပြာယာခတ်သွားသည်။ တဖက်က ချူ းလျန်ကတော့ မမေ့မလျော့နဲ့ မင်းသမီးဝေ ကို အရိုသေပြု လိုက်သည်။

   မင်းသမီးဝေက သူမရဲ့သမီးကိုပဲ ပြောဆိုနေပေမယ့် ချူ းလျန်ကိုလည်း မျက်လုံးထောင့်ကနေ အကဲခတ်နေတာဖြစ်သည်။ ချူ းလျန်က အခြားသခင်မလေးတွေလို မျိူ းရိုးမြင့်သူတွေကိုမြင်ရင် ကြောက်သလို ရွံ့သလိုဖြစ်သွားတာတွေ မရှိပဲ တည်ငြိမ်စွာနဲ့ပဲ နေနေ၍ မင်းသမီးလည်း စိတ်ထဲမှာပဲ သဘောတကျခေါင်းငြိမ့်လိုက်သည်။

{ကံၾကမၼာ ေစရာ :𝐌𝐌 𝙏𝙧𝙖𝙣𝙨𝙡𝙖𝙩𝙞𝙤𝙣}Where stories live. Discover now