Chapter 18 ကိုယ့္ဘာသာခ်က္မယ္👩‍🍳

2.9K 429 5
                                    

<Unicode>

ရှီးယန်လည်း ချူ းလျန်ဆီ မြန်မြန်ပြန်သွားလိုက်ပြီး ဖြစ်သမျှအကြောင်း ပြောပြလိုက်သည်။
ချူ းလျန် ပြောစရာစကားပျောက်ရှ၍ ရှီးယန်ပြောသမျှကို သေချာသွားအောင် နောက်တခါထပ်မေးလိုက်သည်။

" ဘာ? အပြင်ဆောင်ကနေ ဟင်းချက်စရာပစ္စည်းတွေတောင် ပို့လိုက်သေးတယ်?? "
ထိုစကားကြောင့် ချူ းလျန် မျက်လုံးတောင်လှန်မိသွားသည်။

ရှီးယန်လည်း သူ့သခင်မလေးအတွက် စိတ်မကောင်းပေ။ ခေါင်းငြိမ့်လျက်
" အမှန်ပါပဲ! သခင်မကျိူ း မနက်ဖြန်မနက်စာ နောက်ကျလောက်လို့ ကုန်ကြမ်းပစ္စည်းတွေပါ ညစာပို့တဲ့သူတွေကို တခါထဲထည့်ပေးလိုက်တာပါ"

ဟေး!  ဟင်းချက်စရာ ပစ္စည်းတွေ ရှိရင် အဆင်ပြေပါတယ် ။ သူမအတွက် အမှန်တကယ်ခက်ခဲနေတာက ကျင်းအန်အိမ်တော်က ဟာတွေစားရမှာက်ုပဲ အခု ..ဟေးချန်က အကုန်လိုချင်တယ်ဆိုတော့ .. သူ ယူနိုင်ပါတယ်။ သူမကလည်း လိုချင်နေတာ မဟူတ်ဘူးလေ!

ချူ းလျန်လည်း အဆောင်မှာရှိတဲ့ မီးဖိုချောင်ထဲ သွားရန် ပြင်လိုက်သည်။

ရှီးယန် လည်း သူ့သခင်မလေးကို အခုလိုမျို း
မမျှမတ ဆက်ဆံနေတာကို စိတ်မကောင်းသော်လည်း မတတ်နိုင်ပေ။ အပြင်သို့သွားတော့မည့် ချူ းလျန်ထံ အပြေးသွား၍ တားလိုက်ရသည်။
" တတိယသခင်မလေး... အပြင်ကို ဒီလိုဝတ်သွားလို့ မသင့်တော်ပါဘူး !"

ချူ းလျန်လည်း ထိုအခါမှ ညအိပ် ဝတ်ရုံပါးလေး ဝတ်ထားတာ သတိရ၍
"အာ.. အဲ့ဒါဆို ပုံမှန် အဝတ်တထည်လောက်သွားရှာခဲ့ပေးလေ "

မင်ယန်လည်း အသံတွေကြောင့် အထဲဝင်လာပြီး ကူညီပေးလာသည်။ သူတို့၂ယောက်၏ ပြင်ဆင်မှုဖြင့် ချူ းလျန်က အဝါဖျော့ျရာင် ဝတ်ရုံ နှင့် သိပ်မခြောက်သေးသော ဆံနွှယ်တို့ကို ခေါင်းစည်းကြိုး အဖြူရောင်ဖြင့် ခပ်လျော့လျော့စည်းနှောင်လိုက်ပုံက မွန်ဂိုလီးယား လူမျို းနဲ့တောင် ခပ်ဆင်ဆငိဖြစ်သွားသည်။
သို့ပေမယ့် ကြာကြာဆင်ချိန်မရလိုက် ဗိုက်ထဲက ဆန္ဒပြမှုကြောင့် ဟာရီကိန်းတိုက်သလို မီးဖိုချောင်ဆီ အပြေးသွားရသည်။

{ကံၾကမၼာ ေစရာ :𝐌𝐌 𝙏𝙧𝙖𝙣𝙨𝙡𝙖𝙩𝙞𝙤𝙣}Where stories live. Discover now