Chapter 26 အိမ်ပြန်နောက်ကျခြင်း

2.5K 383 1
                                    

<Unicode>
# Translated by Irisbellar
Ch. 26 အိမ်ပြန်နောက်ကြခြင်း

ဟေးဆန်းလန် အိမ်ကို ညရောက်မှသာ ပြန်လာခဲ့တော့သည်။

သူ့အဆောင်ကို မပြန်ခင် ကျင်းချီခန်းမအရှေ့​ရောက်တော့ မတ်တပ်ရပ် နေခဲ့သည်။ တစ်နေ့လုံး အပြေးအလွှား အခြားသူများနှင့် တွေ့ဆုံနေခဲ့ရလို့ ဘာမှ ရေရေရာရာ မစားလိုက်ရပေမယ့် ​​သေရည်တော့အများကြီး သောက်ထားခဲ့ပြီးပြီ။

လဲ့ရွမ်လဲ ဒီနေ့ သူ့သခင် နည်းနည်း စိတ်ဖိစီးနေတာကို ဘေးကနေ သတိထားမိနေခဲ့သည်။ ဟေးချန်ရဲ့ယောက်ကျား ပီသတဲ့မျက်နှာ ပေါ်ဝယ် အေးစက်တဲ့ အမူအရာရှိနေပေမယ့် အတွင်းစိတ်ကတော့ မြေပြင်ပေါ် လူးလိမ့်လိုက်ချင်ခဲ့ပုံ ပေါ်၏။ သူ့နှုတ်ခမ်းတစ်ခုက အနည်းငယ် ကော့ညွှန့်သွားပြီး အကြည့်တွေကတော့
ကြယ်တွေကဲ့သို့ တစ်လက်လက် တောက်ပနေခဲ့သည်။သူ့သခင်က အမှောင်ထဲမှာ ဝပ်နေတဲ့ သိမ်းငှက် တစ်ကောင်လို သားကောင်ကို အမိဖမ်းရန် အခွငိ့အရေးကို စောင့်ဆိုင်း နေသည့်ပုံ ဖြစ်သည်။

ဒီသွေးဆာနေတဲ့ သိန်းငှက်ရဲ့မျက်လုံးတွေက တတိယသခင်မလေးရှိရာ Songtao မဆောင်ကနေ မခွာနိုင်ဖြစ်နေခဲ့သည်။

လဲ့ရွမ်လဲ သတ္တိမွေးပြီး လက်ရှိအခြေအနေကို သတိပေးလိုက်သည်။

" သခင်.....သခင်လေး., အခုချိန်က နောက်ကျနေပါပြီ။ အပြင်မှာလဲ တော်တော်လေး သောက်လာခဲ့တော့ ဒီနေ့ စောစော အိပ်ယာဝင်တာ ပိုကောင်းပါလိမ့်မယ်။ "

လဲ့ရွမ်စကားဆုံးတော့ ဟေးချန်က သူ့ကို တစ်ချက်တောင်မကြည့်တော့ဘဲ Songtoe ခြံဝန်းထဲသို့ လျှောက်သွားခဲ့သည်။

အစေခံအို နှစ်ယောက်လဲ တံခါးမှာ ကင်းစောင့်နေရင်း တတိယသခင်လေး ပြန်လာတာ မြင်တော့ ချက်ချင်းပဲ ကုန်းညွှတ်ပြီး နှုတ်ဆက်ခဲ့ကြသည်။

ဟေးချန်လဲ ဝင်သွားပြီးနောက် ဧည့်ခန်းအပြင်ဘက် လျှောက်လမ်းမှာ မတ်တပ်ရပ်နေခဲ့သည်။ဟေးချန် အမှောင်ချထားပြီး ဖြစ်သည့် သူတို့စုံတွဲ အိပ်ခန်းဆီကို ကြည့်ခဲ့ပြီး ခနဲ့တဲ့တဲ့ ပြုံးလိုက်သည်။

{ကံၾကမၼာ ေစရာ :𝐌𝐌 𝙏𝙧𝙖𝙣𝙨𝙡𝙖𝙩𝙞𝙤𝙣}Where stories live. Discover now