Chapter 85

1.8K 334 3
                                    

<Unicode>

Chapter 85: မြို့စားကတော်ဟောင်းကျန်း ရဲ့အကူညီတောင်းခံချက်...

    ကျင်းအန်အိမ်တော်က တရားဝင် အနိုင်ရသွားတာကြောင့် သခင်မကြီးဟေးလည်း အခြားသခင်မတွေရဲ့ ဝန်းရံခြင်းကို ခံခဲ့ရပြီး မိဖုရားခေါင်းကြီးကလည်း အထူးဆုအနေဖြင့် ပတ္တမြားခေါင်းညှပ်ကို ချီးမြှင့်ပေးသည်။ချူ းလျန်ကလည်း သခင်မကြီးဟေးရဲ့ ဘေးမှာပဲ နေနေတာကြောင့် လာရောက်ဂုဏ်ပြု ကြတဲ့ သခင်မအများအပြားနဲ့ သိကျွမ်းခွင့်ရလိုက်သည်။

    ချူ းလျန်တို့ ပြန်ခါနီးကျတော့လည်း မင်းသမီးဝေက အစေခံတစ်ယောက်ကို လွှတ်၍ ' နောက်ရက်တွေကျရင် မင်းသားဝေအိမ်တော်ကို အလည်လာဖို့အတွက်' ဖိတ်ကြားခိုင်းလိုက်၍ ချူ းလျန်မှာ လူအတော်များများရဲ့ အားကျခြင်း မနာလိုခြင်းများကို ခံလိုက်ရတော့သည်။

    ချူ းလျန်က သခင်မကြီးဟေးကို ရထားလုံးပေါ် တက်ဖို့အတွက် ကူညီပေးနေချိန် တစ်ယောက်ယောက်ရဲ့ ခေါ်သံကို ကြားလိုက်ရသည်။

  " အမရေ.. ခဏလောက် နေပါအုံး! "

  သခင်မကြီးဟေး လှည့်ကြည့်လိုက်တော့ သူမရဲ့သူငယ်ချင်းဟောင်းဖြစ်တဲ့, သခင်မကြီးကျန်းနှင့် သူ့ရဲ့ချွေးမဖြစ်သူကို တွေ့လိုက်ရသည်။ သူမက ပြုံးလျက် ကြိုဆိုနှုတ်ဆက်လိုက်သည်။
   " ငါတို့က ညီအမတွေပဲကို ဘာတွေ အလျင်လိုနေတာလဲ? ဖြေးဖြေးလျှောက်စမ်းပါ မဟုတ်ရင် ခါးကြောညှပ်နေရော့မယ်! "

    မြို့စားကတော် ကျန်းကလည်း အပြုံးလေးဖြင့် သခင်မကြီးဟေးအနားကို ရောက်လာပြီး သခင်မကြီးဟေးကို ပြန်မပြောခင် ချူ းလျန်ကို အရင်ပြုံးပြလိုက်သေးသည်။
   " အမကို လာရှာရတဲ့အကြောင်းက...."

   သခင်မကြီးဟေးကလည်း သဘောထားကြီးကြီးဖြင့် ပြောပေးလိုက်သည်။
   " ငါတို့ကြားမှာ ဆင်ခြင်ပြီး ပြောနေစရာမလိုပါဘူး၊ တိုက်ရိုက်သာပြောစမ်းပါ "

      သခင်မကြီးကျန်းက သူမကိစ္စကို ပြောမယ့်အချိန်မှာပဲ ချူ းလျန် သူတို့ရှေ့ကနေ နန်းတော်ထဲက ထွက်သွားပြီဖြစ်တဲ့ လူအချိူ့ကို တွေ့လိုက်ရသည်။ ထိုလူက မျက်နာဝိုင်းဝိုင်း မျက်ခံူးသွယ်သွယ်နဲ့ _ သခင်မပန်မလား၊?

{ကံၾကမၼာ ေစရာ :𝐌𝐌 𝙏𝙧𝙖𝙣𝙨𝙡𝙖𝙩𝙞𝙤𝙣}Where stories live. Discover now