
3.1K 515 12
                                    

<Unicode>
Chapter 13 : နားလည်မှုလွဲခြင်း

ဟေးချန်လည်း ချူ းလျန်ရဲ့ အပြောအဆိုတွေကြောင့် စဉ်းစားစရာ ဖြစ်သွားသည်။ သူ့မျက်နာကလည်း မည်းမှောင်စွာပဲ ချူ းလျန်ကို စိုက်ကြည့်နေသည်။

  ဒီ ချောမောလှပတဲ့သူ့ရဲ့ဇနီးလေးဟာ သူ့အရင်ဘဝက ချူ းလျန်နဲ့ အတူတူပဲဆိုတာ သူလုံးဝကို သေချာသည် ဘာလို့ဆို သူတို့က တပုံထဲပဲလေ။ ဒါပေမယ့် ပြောဆိုဆက်ဆံပုံတွေကျ  ဘာလို့ ကွဲပြားနေရတာလဲ ?

  သူ့အရင်ဘဝက ကောက်ကျစ်တဲ့ ချူ းလျန်က သူအနားကို ဘယ်တော့မှ နီးနီးကပ်ကပ် မလာချင်ပေ။ အကယ်လို့ သူမသာ သူနဲ့ ရှောင်ပိုကျငိးကြားကို ရွှေးရမယ်ဆိုရင် သူမက ရှောင်ပိုကျင်းကိုပဲ နှစ်ခါစဉ်းစားမနေပဲ ရွှေးလိုက်မှာ ဖြစ်သည်။

သို့ပေမယ့် သူမသာ သူ့အရင်ဘဝက ချူ းလျန်မဟုတ်လျှင် ... ဘာကြောင့် ရှောင်ပိုကျင်းနဲ့
တိတ်တဆိတ် ခိုးတွေ့နေမှာလဲ ?

ဟေးစန်းလန် တွေးတောလိုက်လေ သူ့မျက်ဝန်းတွေက အေးစက်မည်းမှောင်လာလေပင်။
နောက်ဆုံးတော့ သူ့စိတ်ထဲတွင်သာ ခေါင်းကိုတွင်တွင်ခါ၍ သူ့ကိုသူသာ လှောင်ရယ်လိုက်သည်။ ဒါပေါ့ သူမက တယောက်တည်းသော ကောက်ကျစ်တဲ့မိန်းမလေ ; သူမက ဒီအချိန်မှာ သူမရဲ့ အမှန်ဘက်ခြမ်းကို ရိုးရိုးလေးပဲ ဖုံးကွယ်ထားမှာပဲ !

ချူ းလျန် ဟေးချန်မျက်နာပေါ်က ရုတ်တရက် ပြောင်းလဲမှုကို သတိပြုမိ၍ စနောက်နေတာကို ရပ်လိုက်ပြီး သူ့ဘေးတွင်သာ သင့်တော်သလို ထိုင်လိုက်သည်။

ဟေးချန် သူ့ကိုယ်ပေါ်က မရှိတဲ့ဖုန်တွေကို ခါလိုက်သည်။ ထို့နောက် ချူ းလျန်ကို လှောင်သလိုလိုနှင့် ဆိုလိုက်သည်။

   " ငါတို့ လက်ထပ်ထားတာ ၃ရက်ရှိပြီပဲ။
ဘယ်သူသိနိုင်မလဲ ငါ့ရဲ့ ချစ်ဇနီးလေးရဲ့ အတွေးထဲမှာ အခြားတယောက်က တချိန်လုံး
စိုးမိုးထားနိုင်မယ်လို့ ? "

ချူ းလျန် မျက်မှောင်ကြုတ်သွားလျက် ဟေးစန်းလန်ကို လှည့်ကြည့်လိုက်သည်။
   " ချစ်ယောက်ျားလေးရေ .. ရှင်ဘာတွေပြောနေတာလဲ ? ကျွန်မ ရှင်ဆိုလိုတာကို နားမလည်ဘူး "

{ကံၾကမၼာ ေစရာ :𝐌𝐌 𝙏𝙧𝙖𝙣𝙨𝙡𝙖𝙩𝙞𝙤𝙣}Where stories live. Discover now