Chapter -40 ဆုႀကီး

2.5K 397 8
                                    

<Unicode>
Chapter 40: Jackpot

   ချူ းလျန်လည်း ရှီးယန်နဲ့ ဝမ်ကျင်းကို မက်မွန်ကိတ်နှစ်ပန်းကန်ကို သခင်မတွေနဲ့ သခင်မလေးတွေ မြည်းစမ်းကြည့်ရအောင် ပေးခိုင်းလိုက်သည်။

  ကိတ်တွေက ကလေးလက်သီးဆုတ်လောက်သာရှိပြီး ချစ်စရာကောင်းသည်။ လူကြီးတစ်ယောက်အတွက်ဆို သုံးလေးကိုက်စာလောက်ပဲရှိ၍ ကိတ်တခုထဲနဲ့ မတင်းတိမ်နိုင်ပေ။

  ရှီးယန်လည်း ကိတ်ပန်းကန်ကို မင်းသမီးလီယောင်ဆီ အရင်သယ်သွားပေးလိုက်ပြီးမှ သခင်မဟွမ်နဲ့ အခြားသခင်မတွေရှေ့ သွားပေးလိုက်သည်။ ဝမ်ကျင်းကတော့ တော်ဝင်မင်းသမီး Duanjia ဆီအရင်သယ်ပေးပြီးမှ အမျိူ းသမီးယန်နဲ့ အခြားသူတွေဆီ ပေးလိုက်သည်။

    တစ်ယောက်စီရဲ့လက်ထဲမှာ မက်မွန်ကိတ်တခုစီ ရှိနေပြီး အခုမှပဲ မက်မွန်သီးမဟုတ်မှန်း သေချာအတည်ပြု နိုင်သွားတဲ့ ရုပ်လေးတွေ ဖြစ်နေကြသည်။

  တော်ဝင်မင်းသမီး Duanjia လည်း လက်ထဲက မက်မွန်ကိတ်ကို အထူးအဆန်းပစ္စည်းတစ်ခုလို သေချာစစ်ဆေးကြည့်နေသည်။ အနံ့ရှူ
ကြည့်လိုက်တော့လည်း ထိုကိတ်က တကယ့်မက်မွန်သီးနဲ့တူရုံတင်မက သူ့ရဲ့အနံ့ဟာလည်း သန့်ရှင်းလတ်ဆတ်တဲ့ တကယ့်မက်မွန်သီးရဲ့ အနံ့လို ဖြစ်နေသည်။

  သခင်မလေးတွေကလည်း မစားရက်သလိုတစိမ့်စိမ့် ကြည့်နေပြီး အမှတ်တရပစ္စည်းအဖြစ်တောင် သိမ်းထားချင်နေကြသည်။

   တော်ဝင်မင်းသမီးလည်း တစ်ကိုက်ကိုက်
ကြည့်လိုက်တော့ ကိတ်ရဲ့ နူးညံ့မှုနဲ့အတူ
ချိူ မြမြအရသာနဲ့ အနံ့လေးကို တခါထဲ ခံစားမိလိုက်သည်။အရသာကတော့ မျှော်လင့်မထားသည့်အတိုင်း .... အရမ်းကောင်းလွန်းနေသည်။

  တော်ဝင်မင်းသမီး Duanjiaတောင် ဘာမှမပြောရသေး သခင်မလေးတစ်ယောက်ရဲ့ အားရပါးရပြောသည့်အသံက ထွက်လာသည်။
   " အား! ကိတ်ထဲမှာ အနှစ်လေးတောင်ပါသေးတယ် ! ကိတ်သားက နူးညံ့ပြီး အထဲကအနှစ်လေးကလည်း နူးညံ့ချိူ မြနေတာပဲ .. အဲ့ဒါက အရမ်းအချိူ ကဲနေတာလည်း မဟုတ်တော့ စားလို့အရမ်းကောင်းတာပဲ !"

  တော်ဝင်မင်းသမီးDuanjia လည်း သေချာအနီးကပ်ကြည့်လိုက်တော့မှ အထဲက အနှစ်လေးတွေကို တွေ့သွားသည်။ ထိုအနှစ်တွေက
ပဲနီတွေနဲ့ အရောင်တူပြီး ..; မဟုတ်မှ အဲ့တာကိုပဲ အစာသွပ်ထားတာလား ?
{ ချူ းလျန် cream တွေ ဘယ်ကရလဲ မသိဘူးနော် handmade လိုက်တာလား??🤔}

{ကံၾကမၼာ ေစရာ :𝐌𝐌 𝙏𝙧𝙖𝙣𝙨𝙡𝙖𝙩𝙞𝙤𝙣}Where stories live. Discover now