Chapter 81

1.7K 328 15
                                    

<Unicode>

Chapter 81: A Purse of Snacks

     ကုန်းကုန်းဝေက မလှုပ်သေးတာကြောင့် ဧကရာဇ်ရဲ့ အေးစက်စက်အကြည့်က သူ့အပေါ် ကျရောက်လာသည်။ ကုန်းကုန်းဝေလည်း အမိန့်မနာခံပဲ မနေရဲ၍ သူ့ရဲ့အခက်တွေ့နေတဲ့ မျက်နာထားကို ထိန်းချူပ်၍ နာနာခံခံ ထွက်သွားလိုက်တော့သည်။

    ချူ းလျန်က သူမရဲ့ ၂ခုမြောက်ဖြစ်သော လမုန့်လေးကို ထုတ်လိုက်တဲ့အချိန် ကုန်းကုန်းစန်းက တစုံတယောက်ကို နှုတ်ဆက်လိုက်သံ ကြားလိုက်ရသည်။

       ချူ းလျန်လည်း သိလိုစ်တ်နဲ့ လှည့်ကြည့်လိုက်တော့ သူမနောက်မှာ ရောက်နေတဲ့ နောက်ထပ် သက်လတ်ပိုင်းကုန်းကုန်းတစ်ယောက်ကို တွေ့လိုက်ရသည်။ ထိုကုန်းကုန်းက မြင်းမြှီးအဖြူ တပ်ထားတဲ့ တုတ်တံတစ်ခုကို ကိုင်ထားသည်။

     ကုန်းကုန်းစန်းက ပြုံးလျက် အသစ်ရောက်လာတဲ့ကုန်းကုန်းကို ချူ းလျန်ကို မိတ်ဆက်ပေးသည်။
   " ဂုဏ်ထူးရအမျိူ းသမီး .. ဒါကတော့ တော်ဝင်နန်းတော်ရဲ့ အထိန်းတော်ခေါင်းဆောင် ကုန်းကုန်းဝေပါ ၊ သူက ဧကရာဇ်ဘေးမှာ အမှုထမ်းခစားပါတယ် "

    ချူ းလျန်ကလည်း အပြုံးလေးနဲ့ ခေါင်းငြိမ့်ပြပြီး နှုတ်ဆက်လိုက်သည်။

    ကုန်းကုန်းဝေကလည်း ချူ းလျန်ကို ရိုရိုသေသေ နှုတ်ဆက်ပြီး သူ့မျက်လံူးတွေက ချူ းလျန်အိတ်ကိုင်ထားတဲ့လက်ဆီ ရောက်သွားသည်။ အိတ်က အတော်လေး လျော့ရဲနေတာကို တွေ့တော့  သူလည်း စိတ်ထဲကနေ မတတ်နိုင်စွာနဲ့ တောင်းဆိုမိသွားသည်; ကျွန်တော့်ရဲ့ချစ်လှစွာသော အဘွားရေ ကျေးဇူးပြု ပြီး ဖြေးဖြေး စားရောပေါ့ _ ဧကရာဇ်က အဲ့ဒီမုန့်တွေကို စောင့်နေတုန်းပဲလေ!

   " ဂုဏ်ထူးရအမျိူ းသမီးက ဘယ်လိုပျော်ပျော်နေရမလဲဆိုတာကို တကယ်သိတာပဲ ၊ ဒီမီရှန်းဥယာဉ်က နန်းတော်ထဲမှာဆို ပန်းပွင့်တွေရဲ့အလှအပကို ခံစားနိုင်တဲ့ အကောင်းဆုံးနေရာပဲ ၊ လွန်ခဲ့တဲ့ရက်က မိဖုရားခေါင်ကြီးတောင်မှပဲ ပြောသေးတယ် ဒီဆောင်းလယ်အတွင်းမှာဆို မုန့်ဝိုင်းကိတ်လေးကို စားပြီး ဇော်မွှားပန်းတွေကို ကြည့်ရတာက အကောင်းဆုံးပဲတဲ့"

{ကံၾကမၼာ ေစရာ :𝐌𝐌 𝙏𝙧𝙖𝙣𝙨𝙡𝙖𝙩𝙞𝙤𝙣}Where stories live. Discover now