Chapter 25 - နွလံုးသားၾကားက စကား

2.6K 394 6
                                    


# ပြန်မစစ်နိုင်တော့လို့ typing errorsကို သည်းခံပြီး ဖတ်ပေးကြပါ😇

<Unicode>

Chapter 56: A Heart-to-heart Talk

  ချူ းလျန် ထိုစာရင်းစာအုပ်ကို ခေါက်လိုက်ပြီး
စာအုပ်ကို ဟိုဘက်ဒီဘက် လက်နှစ်ဖက်ကြား
ပုတ်၍ ဆော့နေလိုက်သည်။

    သူမက ရုတ်တရက် မေးလိုက်သည်။

  " မိုမို .. ကျွန်မအသေချာ မမှတ်မိတော့လို့..
ကျွန်မရဲ့ ခန်းဝင်ပစ္စည်းတွေထဲမှာ ပိုက်ဆံကော ရှိလားဟင်? "

   အစေခံကူက သတိကြီးစွာဖြင့် ကြည့်လာသည်။ ချူ းလျန်ရဲ့ စိတ်မကောင်းဖြစ်နေမှာစိုး၍
သူမက စည်းဝါးညီညီ ပြောလာသည်။

   " ဒါပေါ့ ရှိတာပေါ့ ! မရှိပဲ ဘယ်နေမလဲ? "

   နောက်ဆုံးတော့ ငါက ကံအဆိုးကြီးပဲ မဟုတ်ပါဘူးလေ။ ချူ းလျန် ရဲ့ မျက်လုံးတွေက တောက်ပလာပြီး သိချင်စောဖြင့် မြန်မြန်မေးလိုက်သည်။

     " ဘယ်လောက်လဲဟင် ? "

  အစေခံကူ လည်း ကိုးရို့ကားယားကြီး ရယ်
လာပြီး လက်ငါးချောင်းထောင်ပြလိုက်သည်။

   ချူ းလျန်လည်း ပြုံ းပြုံး ၂ ဖြင့် မေးလာသည်။

    "ငွေတုံး ၅၀၀ ရာ ? "

  အစေခံကူ ရဲ့ မျက်လံူးတွေက ထိန့်လန့်မှုကြောင့် ကျယ်လာသည်။ ချူ းလျန်က ဒီလိုပြောလာမယ်လို့ သူမ မထင်ထားပေ။ အခြား သခင်မတွေသာဆိုရင် ငွေတုံး ၅၀၀ လောက်လေးကို  ပြောလာမှာမဟုတ်ဘူးမလား ?

   ချူ းလျန် ပျော်ရွှင်ကျေနပ်နေတာကို မြင်၍ ရှီးယန်ရဲ့နှလုံးသားလေးက ကွဲကြေသွားရသည်။

  မြို့စားယင်က အရင်လို မကျော်ကြားတော့သော်လည်း သူ့ဟာသူတော့ လူကြားတိုးနိုင်ပါသေးသည်။ ပိန်လီနေတဲ့ ကုလားအုတ်က မြင်းအရွှယ်လောက်တော့ ရှိပါသေးသည်။
စတုတ္ထမြောက် သခင်မလေး မင်္ဂလာဆောင်တုန်းကဆို ခန်းဝင်ပစ္စည့်အဖြစ် ငွေတုံးပေါင်း
ထောင်ကျော်လောက်ကို! ထည့်ပေးသေးသည်။

   သူတို့ရဲ့သခင်မလေးကလည်း တရားဝင်
သမီး ဖြစ်နေသေးတဲ့အတွက် အဲ့ဒီလောက်တော့ ပေးသင့်သည်လေ ။

{ကံၾကမၼာ ေစရာ :𝐌𝐌 𝙏𝙧𝙖𝙣𝙨𝙡𝙖𝙩𝙞𝙤𝙣}Where stories live. Discover now