Chapter 86+87

1.8K 322 3
                                    

Zawgyi>

Chapter 86; သခင်မအိုကြီးတစ်ယောက်ရဲ့ ပူပန်မှုများ...

    သခင်မကြီးဟေးလည်း ပြောသာ ပြောလိုက်တာ ချူးလျန်က စိတ်ရိုင်းမရှိဘူးဆိုတာကို သူမသိပြီးသားပင်။ သူမက ထိုနေ့ရက်တွေထဲက ချူးလျန်ကို စောင့်ကြည့်နေတာဖြစ်သည်။ချူးလျန်က ပျင်းသာပျင်းမယ် သူမရဲ့အဆောင်လေးကိုတော့ ကောင်းကောင်း ကိုင်တွယ်နိုင်သည်။

  " ကောင်းပါပြီ ကောင်းပါပြီရှင် ၊ မင်းလို အပျင်းမလေးက ကလေးဆိုးတစ်ယောက်လိုဘယ်လို ရွှဲရမလဲပဲ သိတယ်၊ စန်းလန် ပြန်ရောက်လာတာကို အရင်စောင့်ပြီး သူ့ကိုသာ ရွှဲစမ်းပါ ၊ အဖွားရဲ့နှလုံးသားက ဆိုးနွှဲ့တာတွေကို ခံနိုင်စွမ်းကုန်နေပြီ၊ အို ဟုတ်သားပဲ ၊ အဖွား မင်းကိုပေးထားတဲ့ အဲ့စားသောက်ဆိုင်ကော? အခု ဘယ်အခြေနေကိုရောက်နေပြီလဲ?"

   ချူးလျန်က ခိုးခိုးခစ်ခစ်ရယ်လျက် ဖြောင့်ဖြောင့်မတ်မတ်ထိုင်လိုက်ပြီးမှ
  " အဖွား စိတ်ပူမနေနဲ့တော့ ၊ မြေးမက အစီစဉ် ချပြီးသွားပြီ ၊ နောက်ရက်အနည်းငယ်လောက်ကြရင် ပြန်ဖွင့်နိုင်တော့မှာ ၊ အဲ့ကျမှ အဖွားက ဆိုင်ကိုလာပြီး ကောင်းချီးပေးဖို့ ပြင်ထားလိုက်တော့!"

   သခင်မကြီးဟေးမှာ သောကရောက်စရာတွေက ရှိနေသေးသည်။ ကျင်းအန်အိမ်တော်ရဲ့ အာဏာက မြေးကြီးဆီကိုပဲ အသေချာ ရောက်သွားမှာဖြစ်သည်။စန်းလန်ကလည်း မြောက်ဘက်နယ်စပ်ကို အလျင်စလိုနဲ့ ထွက်သွားပြီ။ ဘယ်သူသိမလဲ သူလည်း အဲ့နေရာမှာ ပဲသူ့နမည်ကိုသူ မြင့်တင်နိုင်လိမ့်မယ်လို့လေ?စန်းလန်ရဲ့မိန်းမက ကောင်းတဲ့ကလေးမ-
ဖြစ်ပေမယ့်လည်း အခုအချိန် သူမလက်ထဲမှာ မယ်မယ်ရရငွေက ရှိသေးတာမဟုတ်ဘုး ။ နောင်အနာဂတ်မှာ သူမက သူမတို့ရဲ့အိမ်ကို စီမံရင်ကော ဘယ်လိုတွေ ဖြစ်လာမလဲ?

    ချူးလျန်က ကူလင်းစားသောက်ဆိုင်ကို ကောင်းကောင်းကိုင်တွယ်နိုင်လိမ့်မယ်လို့ပဲ သခင်မကြီးဟေး မျှော်လင့်ရတော့သည်။ ချူးလျန်က ရွှေတုံးတွေထိတောင် ရှာနိုင်မယ် ဆိုတဲ့အထိတော့ သခင်မကြီး မျှော်မှန်းမနေတော့ပါဘူး။ သူမရဲ့အိမ်အတွက် သင့်တင့်လျှောက်ပတ်တဲ့ ပမာဏအထိ ရှာနိုင်ရင်ပဲ လုံလောက်ပြီ။ အဲ့လိုမှပဲ နောက်နှစ်တွေ စန်းလန်ပြန်လာတဲ့အခါ သူတို့လင်မယား အရိပ်ကောင်းကောင်းအောက်မှာ နေနိုင်မှာလေ။ သခင်မကြီးဟေးသာ ရွှေငွေအချို့  ထပ်ပေါင်းပေးလိုက်ရင် သူတို့ဘဝက အရမ်းကြီး မပင်ပန်း မဆင်းရဲနေတော့ဘူးပေါ့။

{ကံကြမ္မာ စေရာ :𝐌𝐌 𝙏𝙧𝙖𝙣𝙨𝙡𝙖𝙩𝙞𝙤𝙣}Where stories live. Discover now