Chapter 54

2.1K 322 12
                                    

<Unicode>
Ch. 54 Meeting. တွေ့ဆုံပွဲ
# TRANSLATED by Irisbellar

ချူးလန်က ပျားရည်အရက် ခွက်ကို ကိုင်မြှောက်ပြီး အနည်းငယ်မျှ တစ်ငုံစာ လောက် စုပ်သောက် လိုက်သည်။ အဖြူရောင် စွပ်စွပ် ကြွေခွက်လေး ထဲက ရွှေဝါရောင်  ပျားရည် အရက်တို့ လည်ချောင်း အောက် မျောခနဲ စီးဝင် သွားခဲ့ချိန်မှာတော့ ငြိမ်သက်နေတဲ့ ချူးလန်ရဲ့ နှလုံးသားစတင် ဟန်ချက်ပျက်လာပါတော့သည်။

   ချက်ချင်း ဆိုသလို ဖြစ်ပျက် သွားခဲ့တဲ့ အဖြစ် အပျက် က နည်းနည်းလေးတော့ ထူးဆန်းနေတယ်လို့ သူစိတ်ထဲ ရိပ်ခနဲ အတွေးတစ်ခု ရောက်ရှိလာခဲ့သည်။

ဘာဖြစ်လို့ တော်ဝင်မင်းသမီးက ရုတ်တရက် အစာအိမ် အောင့်သွားခဲ့ရတာလဲ?သူတို့ ၂ ယောက်လုံး အတူတူ စားခဲ့တယ်ဆိုတာလည်း အရှင်းကြီး။ဒါပေမယ့်  တော်ဝင် မင်းသမီးရဲ့ အမူအယာ အရတော့ သူမဟန်ဆောင် နေခဲ့တာလည်း လုံးဝမဟုတ်။

အခုချိန်မှာတော့ တစ်ယောက်ယောက်ရဲ့ ထောင်ချောက်ထဲ သတိမထားမိဘဲ သူမရောက်သွားပြီ လို့ ချူးလန် ခံစားမိလိုက်သည်။

သူမ ထပ်စဉ်းစား လေလေ သူမနှလုံး ခုန်သံက ပို မြန်မြန်လာလေပဲ။မျက်နှာလည်း ချက်ချင်း ဆိုသလို ဖျော့တော့ သွားခဲ့​ပြီ။ သူမဘေးနား ရပ်နေခဲ့တဲ့ ရှီးယန်ဘက်ကို လှည့်ကာ နည်းနည်း စောစောလေး ပြန်တော့မယ်လို့ ပြောမလို့ ဟန်ပြင်လိုက်ရုံ ရှိသေး။ သူမလှည့်လိုက်ချိန်မှာဘဲ စိုက်ကြည့်နေတဲ့ ရှောင်ဘိုကျင်းနှင့် မျက်လုံးချင်း ဆုံမိသွားခဲ့၏။

ကိုယ့် မျက်လုံးကိုယ် မယုံနိုင် ဖြစ်၍ မျက်မှောင် နက်နက်ကြုံ့ကြည့် ပြီး ချူးလန် တစ်ယောက် ခနလောက် တုံ့ဆိုင်း ရပ်တန့် သွားခဲ့ရသည်။
'ရှောင်ဘိုကျင်းက ဘာလို့ ဒီနေရာမှာ ပေါ်လာနိုင်မှာတုန်း?'

   ရှောင်ဘိုကျင်းလဲ အခန်းဝကနေ ဝင်လာလာချင်းပဲ ချူးလန်နဲ့ အကြည့်ချင်း ဆုံသွားလိမ့်မယ်လို့ လုံးဝ မတွေးထားခဲ့ဘူး။အခုတော့ ဒီတိုက်ဆိုင်မှုကြီးက သူတို့၂ယောက်ကို စိတ်ချင်း ဆက် ပေးလိုက်သလိုပဲပေါ့။ အဲ့လိုမျိုး တွေးနေရင်း ရှောင်ဘိုကျင်း နှလုံးသားလေး အရည်ပျော် သွားပြန်သည်။

{ကံၾကမၼာ ေစရာ :𝐌𝐌 𝙏𝙧𝙖𝙣𝙨𝙡𝙖𝙩𝙞𝙤𝙣}Tempat cerita menjadi hidup. Temukan sekarang