Chapter 68

2K 341 9
                                    

Zawgyi

# Translated by Irisbellar

Ch. 68 သင်ခန်းစာ ပေးခြင်း

   ထိုမြင်ကွင်းကို မျက်ဝါးထင်ထင် ကြုံခဲ့လိုက်ရတော့ အာကိုင် ရဲ့ မျက်လုံးတွေ ဒေါသစိတ်ကြောင့် သွေးကြောတွေပါ ပေါက်ထွက်မတတ် နီရဲသွားတော့သည်။

   သူ အမှန်တကယ်ရှော့ခ် ရသွားခဲ့​​ခြင်းပင်။ ထိုသခင်မလေးက ဝင်လာကတည်းက အေးအေးဆေးဆေးဆိုတော့ သူ့ပုံစံက နူးညံ့သိမ်မွေ့လိမ့်မယ်လို့ ထင်ထားခဲ့တာ။ ရောက်ထဲက အာသွက်လျှာသွက်တဲ့ သူ့အစေခံမကိုပဲ ကိုယ်စား ပြောစေခဲ့တာလေ။ ဒါ့အပြင် ယခုလို မိုက်ရိုင်းစွာ ပြုမှုနိုင်ဖို့ကလည်း အတော်လေး ငယ်သေးတယ်မဟုတ်လား။အာကိုင်က စိတ်ထဲကနေ သူမကအားနည်းသူမို့ အလွယ်တကူ အနိုင်ကျင့်လို့ရတယ်လို့ တွေးထင်ခဲ့ခြင်း ဖြစ်သည်။ သခင်မလေး ဒေါသဖြစ်ရင် ဒိလို ဟင်းကန်တွေ အကုန် တွန်းချပစ်လိမ့်မယ်လို့ အာကိုင် လုံးဝ မထင်မှတ်ထားခဲ့ပေ။

  ဒိသခင်မလေးက သူတို့ ဟင်းတွေကို ဝက်စာတွေ လို့တောင် ပြောလိုက်ခဲ့သေးတယ်။ သူမနဲ့သူ့ အခြွေအရံတွေ မရောက် လာခင် နေ့အထိ အာကိုင်တို့ မိသားစုက ဒီလို ဟင်းပွဲမျိုးကို အမြဲ လုပ်စားခဲ့ကြတာ။ အခြားသူတွေကို​တောင်ဒီလိုဟင်းကောင်းမျိုး ချက်ကျွေးတာမဟုတ်။ သူ့အဒေါ်အကြီးဆုံးကလည်း ပုံမုန်အတိုင်းပဲချက်ပေးပြီး လာချ ခိုင်း လိုက်တာလေ! ဒါဆို သူတို့မိသားစုကို ဝက်တွေလို့ အပြောခံလိုက်ရတာပဲမဟုတ်လား?!

  အာကိုင် အစော်ကား ခံလိုက်ရလို့ မခံမရပ် နိုင် ဖြစ်နေခဲ့သည်။ ထို့နောက် သူမျက်နာပျက် သွားပြီး ထအော် ပြောလိုက်သည်။

"ဟာ! ခင်များကို ခင်များ ဘယ်သူလို့ ထင်နေတာတုန်း? ကူလင်းဆိုင်မှာ ပြသနာလာရှာ နေရအောင်! ခင်များဘာလို့ ပတ်ဝန်းကျင်ကို သွားပြီး ဒီကူလင်းဆိုင်ကို ဘယ်သူပိုင်တာလဲ လို့ မစုံစမ်းကြည့်ရတာလဲ? ကျွန်တော်ကို ပြောမယ်နော်! ကိစ္စမကြီးသွာခင် အလျော်ပေးပြီး မြန်မြန်လေး ထွက်သွားလိုက်တော့!"

   ဆိုင်ခန်းထဲက ပွက်လောရိုက်နေမှု ကြောင့် အမျိုးသမိးဝမ်လဲ ချက်ချင်း ​ပြေးထွက် လာခဲ့သည်။ ကြမ်းပြင်ပေါ်မှာ ပေပွနေတော့ သူမ မျက်လုံးပြူး၍ အကြီးအကျယ် ထိန့်လန့်သွားခဲ့ရသည်။ ထို့​နောက် ထစ်ငေါ့ ထစ်ငေါ့ နှင့် မေးလိုက်တော့သည်။

{ကံကြမ္မာ စေရာ :𝐌𝐌 𝙏𝙧𝙖𝙣𝙨𝙡𝙖𝙩𝙞𝙤𝙣}Where stories live. Discover now