Chapter 22 မင်းသား ကျင်း

3.1K 406 2
                                    

<Unicode>

ဟေးချန် စာကြည့်ခန်းထဲ ဝင်သွားပြီးနောက်
စာစောင်အချို့ကုရေး၍ အစေခံအချို့ျို့ ကို ခေါ်၍ ပို့ခိုင်းလိုက်သည်။ ထို့နောက်တော့
၁၁နာရီလောက်မှာ အိမ်တော်က ထွက်သွားသည်။

  မြို့တော်ထဲရှိ ယွဲ့ဟုန်စားသောက်ဆိုင်ရှိ
တတိယထပ် သီးသန့်ခ့်ခန်းထဲတွင် အမွှေးရနံ့တို့ သင်းပျံ့နေသည်။ အထဲတွင် မိုးပြာရင့်ရောင် ဘရိုကိတ်ကို ဝတ်ထားသည့် လူတစ်ယောက်က ဆိုဖာပေါ် ထိုင်နေသည်။
ထိုလူက လက်ထဲတွင် စပျစ်သီးအရွှယ်ရှိသော ကျောက်စိမ်း၂တုံးကို ဆော့နေသည်။ ထိုကျောက်စိမ်းလုံးလေးတွေ ပွတ်တိုက်မိတိုင်း လှပတဲ့ သံစဉ်တခုက ထွက်ပေါ်လာသည် ။

  သူ့ရဲ့ ရှည်လျားနက်မှောင်တဲ့ ဆံနွယ်တွေကို ပခုံးနားတွင် လျော့ရဲစွာ ချည်နှောင်ထားသည်။
ထို ပျော့ပြောင်း ပြီး ချောမွတ်နေသည့်
ဆံနွှယ်တွေက မြင်သူကို သူတို့လက်တွေကြားထည့်ပြီး နူးညံ့မှုကို ခံစားစေချင်စိတ်တို့ ဖြစ်ပေါ်စေသည်။

  ထိုလူရဲ့ ပုံစံက လုံးဝကို ပြည့်စုံလွန်းသည်။
သူ့ရဲ့ ဖြူစွတ်စွတ် အသားအရေနှင့် တွဲဖက်လိုက်ရင်တော့ ထိုလူ့ပုံက ဟေးချန်ထက်တော့
မနိမ့်လောက်ပေ။

   ထိုလူက လက်တဖက်ကို ဆိုဖာလက်
တန်းပေါ်တင်ပြီး တဖက်က ကျောက်စိမ်းလုံးတွေကို ကစားနေသည်။ထိုလူက ပြတင်းပေါက်
ကနေ အောက်ဘက်ရှိ လူတွေ ပျားပန်းခတ်သွားလာနေတာကို ပျင်းရိစွာကြည့်နေသည်။

  တံခါးမကြီးကို ဖွင့်လာသည့်အသံကြောင့်
လှည့်ကြည့်လိုက်တော့ သူ့ရဲ့မိုးပြာရောင် မျက်လုံးတွေက အရောင်လဲ့သွားသည်။ ထိုမျက်လုံးများက ဖန်စသဖွယ် ကြည်လင်နေသော်လည်း ခံစားချက်မဲ့နေသည်။ ထိုလူရဲ့ နှုတ်ခမ်းစွန်းများက ပြုံးနေသယောင် ကော့တက်နေသည်။

  " သတို့သားအသစ်ကြီး .. ဟေးစန်းလန်.. မင်းရဲ့ ချစ်ဇနီးလေးကို ဘယ်လိုတောင် ထားခဲ့ရက်နိုင်ရတာလဲ? "

    ဟေးချန်လည်း သူ့ရှေ့ကလူကို စိုက်ကြည့်လိုက်၍ သူ့စိတ်ထဲ ခံစားနေရတာတဲ့ တခုတည်းသော အရာက အဆုံးမရှိတဲ့ စိတ်ပျက်စရာကောင်း မှုတွေဖြစ်သည်။

{ကံၾကမၼာ ေစရာ :𝐌𝐌 𝙏𝙧𝙖𝙣𝙨𝙡𝙖𝙩𝙞𝙤𝙣}Where stories live. Discover now