Chapter 1 လက်ထပ်ခြင်း

9.5K 723 8
                                    

<Unicode>

အနီရောင် သတို့သမီး ခေါင်းခြုံလွှာက သူမကိုလွှမ်းထားသည်။ ဇာထိုးခေါင်းခြူံလွှာကြားထဲက အပ်ကြောင်း ရာလေးတွေထဲကနေ သူမ
ကြည့်လိုက်တော့  ချစ်ခြင်းနဲ့မေတ္တာကိုရည်းညွှန်းတဲ့ ချစ်စရာဘဲငန်းရုပ်လေး၂ကောင်ကိုတွေ့ရတယ်။ ခေါင်းဆောင်းရဲ့အနားစွန်းမှာ တွဲခိုနေတဲ့ ပုလဲလုံးလေးတွေက သူမ လှုပ်ရှားမှုကြောင်း ဘယ်ညာ ယိမ်းနေတယ်. .

အေးချမ်းမှုက် ပေးတဲ့ အမွှေးရနံ့ကြောင့် အခန်းဟာလည်း တိတ်ဆိတ်ငြိမ်သက်နေခဲ့တယ်. .

ချူးလျန် သူမရဲ့ ခေါင်းက ခြုံလွှာကို အနည်းငယ် မလိုက်ပြီး မင်္ဂလာခန်းတွင်းပြင်ဆင်မှုကို
စပ်စုကြည့်လိုက်တယ်။

ကလေးလက်မောင်းလောက်ရှိတဲ့ မင်္ဂလာ ဖယောင်းတိုင်းတွေက စားပွဲပေါ်မှာ ထွန်းထားပြီး အရှေ့မှာတော့ အနီရောင် ဥလေးတွေထည့်ထားတဲ့ ခြင်းကို ထားထားတယ်။သစ်မွှေးနဲ့လုပ်ထားတဲ့ ရာသီ၎င်းခုကို အသေချာထွင်းထားတဲ့ ပိတ်ကားကိုလည်း စားပွဲဘေးမှာထောင်ထားတယ်။ပိတ်ကားမှာ အရွှယ်စားတူတဲ့ လန်ရှန်ကျောက်စိမ်းတောင်ပါသေး. .

ဒါက ဝတ္ထု ထဲကနဲ့ ချွတ်စွပ်ပဲ!!

အံ့ဩ ပျော်ရွှင်မှု လှိုင်းလုံးကြီးက ချူးလျန်ရဲ့နှလုံးသားလေးကို ရိုက်ခတ်သွားတယ်။သူမ ဖတ်နေတဲ့ ဝတ္ထုထဲကို သူမ ရောက်သွားခဲ့တာပဲ ပြီးတော့ ဇာတ်လိုက်မ နေရာကို . .

သူမအခုရောက်နေတဲ့အချိန်က ဝတ္ထုရဲ့ အစပိုင်းပဲ. .

ချူးလျန် မယုံကြည်နိုင် ဖြစ်နေတယ်. .သူမက အခုဆို ဇာတ်လိုက်မနေရာ ရယုံမက ဝတ္ထုထဲက ချောမောပြည့်စုံတဲ့ ယောက်ကျေားလးကိုလည်း ရအုံးမယ် !

သူမကတော့ သူမရဲ့ မင်္ဂလာပွဲကို ဇာတ်လိုက်မ (ချူးလျန်) လုပ်သလို မဖောက်ပြန်ပါဘူး။
သူမ ကိုယ့်ကျင့်တရားကောင်းတဲ့ ဇနီးသည်လိုနေမယ်. .အပူပင်ကင်းကင်းနဲ့ ကိုယ်လူချောလေးနဲ့အတူ နေ့ရက်တွေဖြတ်သန်းမယ်. .အိမ်မှုကိစ္စတေလုပ်မယ် သူမ ၂၁ရာစုက
မလုပ်ခဲ့ရတာတွေ လုပ်ရမယ်. . .

သူမ အခုလို ဝတ္ထုကမ္ဘာထဲ{အချိန်ခရီးသွား} မလာနိုင်ခင် ဝတ္ထုကို ပြီးအောင်မဖတ်ရသေးတဲ့ အတွက် သူမ စိတ်မကောင်းတောင် ဖြစ်မိသွားတယ်။

{ကံၾကမၼာ ေစရာ :𝐌𝐌 𝙏𝙧𝙖𝙣𝙨𝙡𝙖𝙩𝙞𝙤𝙣}Where stories live. Discover now