Chapter 15 ထင်မြင်ချက်ကောင်း

2.9K 452 2
                                    

<Unicode>

  ချူ းလျန်လည်း သူ့ကို ခေါ်မလို့ ကြံရွှယ်လိုက်သော်လည်း သူမ မလုပ်နိုင်ခင်မှာပင် ဟေးချန်က လှည့်ပြန်သွားပြန်သည်။ သူ့မျက်နာက ဒေါသထွက်မှုကြောင့် ရှုံ့တွနေသေးသည်။
ခြေလှမ်းမြန်မြန်ဖြင့် လှညိ့သွားပြီး ထောင့်တနေရာရောက်သော် မြင်ကွင်းက ပျောက်သွားသည်။

  အစေခံကူလည်း ထိုမြင်ကွင်းကြောင့် သက်ပြင်းချလိုက်သည်။

   " သခင်မလေး .. အဆောင်ကို အရင်ပြန်ရအောင်ပါ..အကြီးဆုံးချွေးမက ဒီမှာ ရှိနေပြီပဲ အရာအားလုံးက အဆင်ပြေပြေပြီးသွားမှာပါ..ပြီးတော့ သခင်လေးကလည်း အခြေနေကို သိပြီးလို့ လူတွေ ထပ်လွှတ်ပေးထားတာပဲ..ကျွန်မတို့ ပြန်သင့်ပါပြီ "

  ချူ းလျန်လည်း သူမပါးစောင်းကို လေမှုတ်တင်လိုက်ပြီး ဟေးချန်ပျောက်ကွယ်သွားသည့် ဘက်သို့ မျက်မှောင်ကြုတ်၍ ကြည့်ျနသည်။
သူမမြင်တာတော့ ဟေးချန်က အရမ်းကို အလျင်လိုပြီး ထွက်သွားသည်ဟု။ဒါ့အပြင် သူပုံက အကူညီထပ်ရဖို့ လူသွားခေါ်တာနဲ့လည်း မတူဘူး.. သူသွားတဲ့ဘက်က ကျင်းချီခန်းမဘက် မဟုတ်ဘူးလား ?

စိတ်ထဲ ထားမနေပါနဲ့တော့.. ငါ့ရဲ့ အခန်းက ဒီမှာပြီးပြီ..အခုလေးတင်လည်း ရှော့ရပြီးသွားပြီ အခုအခြေနေက ပြန်ပြီးအနားယူတာ အကောင်းဆုံးပဲ ။

တဖက်က ဟေးချန်လည်း သူအမြန်နှုန်းကြောင့် ကျင်းချီခန်းမကို ရောက်သွားပြီဖြစ်သည်။

မီးလောင်တဲ့သတင်းက ကျင်းချီခန်းမကို မရောကိသေးပေ။ အခုလောလောဆယိတော့ အစေခံလဲ့က အခြား၂ယောက်နဲ့အတူ ပန်းအလှဆင်နေကြသည်။ဟေးချန်က သူ့ခြေထောကိမှာ စက်တပ်ထားသလို ဝင်လာတာမြင်သော်အခါ သူမလည်း သူ့ကိုကြိုဆိုရန် အမြန်သွားလိုကိရသည်။

  " တတိယသခင်လေး.. ဘာတွေဖြစ်နေတာလဲ? "

" အဖွားဘယ်မှာလဲ !? "

  ဟေးချန်အသံက အရမ်းကို စိတ်စောနေသည်။

" သခင်မကြီးက သူမအိပ်ခန်းထဲမှာ အနားယူနေပါတယ် ! တတိယသခင်လေး.. အကယ်လို့ သခင်လေးကိစ္စသာ အလျင်လိုမနေရင် ဘာကြောင့် အပြင်ဘက်ဧည့်ဆောင်မှာ ခဏလောက် စောင့်မနေရတာလဲ ? "

{ကံၾကမၼာ ေစရာ :𝐌𝐌 𝙏𝙧𝙖𝙣𝙨𝙡𝙖𝙩𝙞𝙤𝙣}Where stories live. Discover now