Chapter 5 {2} စန်ချာဖျော်ခြင်း

3.4K 475 5
                                    

UNICODE

5.2

ချူ းလျန်လည်း ကြည့်ကြည့်လိုက်ပြီး မနေနိုင်ပဲ နှုတ်ခမ်း စူမိသွားသည် ။ ၂၁ ရာစုက
အစားသရဲ ဖြစ်တဲ့ ယန်ဇီ မြစ်ကမ်းနှစ်ဖက်မှာတောင် စားသောက်ခဲ့တဲ့ သူမကတော့..
{ယန်ဇီ မြစ်က တရုတ်ပြည်ရဲ့အလယ်တည့်တည့်ကို ဖြတ်သန်းစီးဆင်းနေတာ ဖြစ်သည်။
သူမဆိုလိုချင်တာကတော့ တရုတ်ပြည်မှာ သူမ မစားဖူးတဲ့ အစားအစာမရှိ  😎}

ယခုလို စတုရန်းပုံ ဖရုံကိတ်မုန့်လေးလောက်ကတော့ သူမရင်မခုန်ပေ။ ကိတ်မုန့်ပေါ်မှာ မက်မွန်းပွင့်လွှာ လေးတွေ ကျဲထားရုံပါ...သူတို့
က ဒါကို တကယ်ပဲလှတယ် လို့ ထင်နေတာလား ? ရှီးယန် မှာ အလှအပက်ု ခံစားတတ်တဲ့ အမြင်လေး မရှိဘူးလား ?
{ရှီးယန်အတွက် မျက်ရည်နှစ်ခွက် }

ကိတ်မုန့်ပေါ်က အရွှက်ဆီရဲ့ အနံ့ကလည်း
သူမနှားခေါင်းထံသို့ အမြောက်ပစ်သလို ရောက်လာပြီး တိရစ္ဆာန်သေများမှထွက်သောအဆီကဲ့သို့ အသက်ရှူ ရပ်မတတ် ဖြစ်သွားရသည်။
သူမ မတတ်နိုင်စွာပဲ ထိုတာဝန်ကျအစေခံကို တယောက်ယောက်ကများ သူမကိုခက်ခဲအောင်လုပ်ဖို့ ပြောထားသလားဟု တွေးမိလိုက်သည်။

သူမ၏ မှတ်ညဏ်တွေကို ပြန်စဉ်းစားလိုက်သော်လည်း ယခုကဲ့သို့ အဖြစ်မျို း ဝတ္ထု ထဲတွင်
မရှိပေ။

ရှီးယန်၏ တဖျတ်ဖျတ်လက်နေသော မျက်ဝန်းများကို ချူ းလျန် လျစ်လျူ ရှု ရန် မစွမ်းနိုင်၍ ကိတ်မုန့်တခုကို ယူလိုက်ပြီး မြည်းစမ်းကြည့်လိုက်သည်။

သူမ တကိုက်သာကိုက်လိုက်ပြီး ဆက်စားရန်
အဆင်မပြေတော့ချေ ။ ထိုအရသာက
သကြားတဇွန်းလုံးကို ခပ်စားလိုက်ရသလို ,
သူမရဲ့လျှာ၌ စွဲထင်နေပြီး လက်ဖက်ရည်မျှော
လိုက်မှသာ နေသာထိုင်သာရှိသွားသည်။

ဒီ......

ချူ းလျန် ထိုတခုကိုတော့ ကုန်အောင် အားယူ၍ စားပေးလိုက်သည်။ နောက်တခုထပ်ယူဖို့ကိုတော့ အတွေးလုံးဝ ပျောက်ဆုံးနေပြီ ဖြစ်သည်။

ကျင်းအန်အိမ်တော်က အနည်းဆုံးတော့ မင်းမျို းနွှယ်ပဲလေ ;သူတို့ အိမ်မှာ ဒီလိုမုန့်တွေကို
တကယ်ပဲ စားနိုင်တယ်လား ?

{ကံၾကမၼာ ေစရာ :𝐌𝐌 𝙏𝙧𝙖𝙣𝙨𝙡𝙖𝙩𝙞𝙤𝙣}Where stories live. Discover now