Chapter 28 -အချို ပွဲ လုပ်စားမယ်

2.5K 422 3
                                    

ZAWGYI

ဟေးချန်က ချူးလျန်ကိုထားခဲ့ပြီး နယ်စပ်ဘက်ထွက်သွားတာကြောင့် ကျင်းအန်အိမ်တော်က လူတိုင်းက ချူးလျန်ကို စာနာသနားကြပြီး ဂရုစိုက်ကြသည်။

နေ့လယ်ပိုင်းလောက်ကျတော့ သခင်မကြီးဟေးက သူ့အစေခံကို ချူးလျန်ဆီ ရေခဲတစ်ပုံး ပို့ခိုင်းလိုက်သည်။ဒီဝူမှာက ရေခဲရောင်းသည့်သူသိပ်မရှိပေ။ ရှိပြန်လျှင်လည်း နန်းတော်ထဲ ရောက်တာက များသည်။ အဲ့ကပိုမှသာ အရာရှိအိမ်တွေဆီ ရောက်တာဖြစ်သည်။ထို့ကြောင့်
ထိုရေခဲတုံး ပို့လိုက်တဲ့ကိစ္စက သာမန်ြေ်ကာင့်တော့ မဟုတ်နိုင်တော့ပေ။

  အစေခံကူလည်း ပုံမှန်ဆို ပျော်နေမှာ ဖြစ်ပေမယ့် အခုတော့မပျော်နိုင်ပေ။ ဒါက သခင်မလေးအတွက် လျော်ကြေးသဘောဆောင်သည်လေ။ သခင်လေးကလည်း ထွက်သွားပြီးပြီ။ ဘယ်လျော်ကြေးကများ ကိုယ့်ယောက်ျားက ကိုယ့်ဘေးမှာရှိနေတာထက်ကို တန်နေလို့လဲ?

   ချူးလျန်ကတော့ အစေခံကူ သူမအိပ်ယာဘေး လာချပေးထားတဲ့ ရေခဲတုံးတွေကြောင့် လေထုက နေလို့အဆင်ပြေလာသည့်အတွက် နေ့လည်စာ စားဖို့တောင် မထနိုင်ဖြစ်သွားသည်။

      သူမနိုးလာတော့ နေ့လည်တောင် ကျော်ပြီ ဖြစ်သည်။ ချူးလျန်လည်း နိုးလာမှ အအေးဓာတ်ကို ခံစားမိပြီး မျက်လုံးကို ဝေ့ကြ ည့်လိုက်တော့မှ အိပ်ယာဘေးမှာ ချထားတဲ့ ရေခဲပုံးက်ု မြင်သွားသည်။

   ချူးလျန်လည်း အံ့သြလွန်းသွားပြီး ဖိနပ်တောင် မစီးနိုင် ရေခဲပုံးရှေ့ ထိုင်ချပြီး သေချာကြည့်လိုက်တော့ အထဲမှာ ရေခဲအတုံးကြီးကြီး တစ်တုံး ကျန်သေးတာ တွေ့လိုက်ရသည်။

အပြင်ဘက်မှာ ဇာထိုင်ထိုးနေတဲ့ ရှီးယန်လည်း အထဲက ချူးလျန်ရဲ့ အသံကြား၍ အထဲက်ု အမြန်ပြေးလာသည်။

    " သခင်မလေး... တစ်ခုခု ဖြစ်လို့လား?"

  ချူးလျန်လည်း ပုံးက်ုလက်ညှိးထိုးပြပြီး မျက်လုံးအဝိုင်းသားဖြင့်
     "ဒီရေခဲတွေက ဘယ်ကနေရလာတာလဲ?"

      " သခင်မလေး အပူဒဏ်သက်သာစေဖို့အတွက် သခင်မကြီးက ပို့ပေးလိုက်တာပါ"

{ကံကြမ္မာ စေရာ :𝐌𝐌 𝙏𝙧𝙖𝙣𝙨𝙡𝙖𝙩𝙞𝙤𝙣}Where stories live. Discover now