Chapter 30

2.6K 403 2
                                    

<Unicode>
#Translated by Irisbellar
Ch. .30 ...ကိုယ်ပိုင်စုငွေ

   အမွေဆက်ခံသူ ချန်း အပြင်ဘက် ဧည့်ဆောင်ကို ရောက်လာချိန်မှာတော့ ဝတ်ရုံအနက်နဲ့ လူငယ်နှစ်ယောက်က သူ့ကို ထိုင်စောင့်နေခဲ့ကြသည်။

သူလဲ ရှေ့ကိုခပ်သွက်သွက် လျှောက်လာခဲ့ပြီးနောက်မှာ လူငယ်နှစ်ယောက်က မတ်တပ်ရပ်ပြီး နှုတ်ဆက်ခဲ့ကြသည်။

"ဆက်ခံသူ ကျန်း"

" Ah. ..စီနီယာအစ်ကိုတို့ကလဲ...တစ်ခမ်းတစ်နား လုပ်မနေပါနက်။ ကျွန်တော့ကို ထျန်းချန်း လို့ပဲ ခေါကြပါဗျာ။ ထိုင်ကြပါ ထိုင်ကြပါ။"

ကောင်လေးနှစ်ယောက်ထဲက တစ်ယောက်က အပြစ်ပြောရက်စရာ မရှိအောင် ယေက်ျားပီသစွာ ချောမော လွန်းနေပီး, တကယ်တော့, သူက ရှောင်ဘိုကျင်း ပါပဲ!!! နောက်တစ်ယောက်ကတော့ ရှောင်ဘိုကျင်းနက် အတူနေနေတဲ့ ကျီမင်ဟေးပါ။သူ့မျက်နျာက လေးထောင့်ကျပြီး မျက်ခုံးပါးပါးနက် အသက်ကြီးပုံ နည်းနည်းပေါက်ပါတယ်။

ကျီမင်းဟေးက ကျင်းနန်ရဲ့ မြင့်မြတ်တဲ့ ဆွေမျိုး အသိုင်းအဝိုင်းကတစ်ယောက်ဖြစ်ပြီး သူ့အမျိုးတွေအပေါ် အရမ်း သစ္စာရှိတဲ့သူပါ။ ဒီကောင်လေး နှစ်ယောက်က နန်းတွင်း ကောလိပ်ရဲ့ ထိန်းတန်း ကျောင်းသား နှစ်ယောက်ပါ။ နှစ်ယောက်လုံး အသက် နှစ်ဆယ် ဝန်းကျင်ဖြစ်ကြပြီး လူငယ်တွေ စိတ်ထဲ ပြင်းထန်တဲ့ ရည်မှန်းချက်ဆန္ဒတွေနက် ပြည့်နေ ချိန်ပေါ့။

ကျီမင်းဟေးက  ဆက်ခံသူကျန်းက သေတ္တာ တစ်ခုကိုင်လာခဲ့တာတွေလို့ ထူးဆန်းတယ်ထင်ပြီး မေးလိုက်သည်။

"ထျန်းချန်း...မင်းဘာတွေ သယ်လာခဲ့တာလဲ။"

ချန်းလဲ တိတ်တဆိတ်ပြုံးခဲ့ပြီး စားပွဲဘေးမှာ လာထိုင်ဖို့ သူတို့ကို ဖိတ်လိုက်သည်။ ပြီးတော့မှ စန်ချာ အချို့ ငှဲ့ပေးဖို့ အစေခံတွေကို အမိန့်ပေးလိုက်သည်။

သူ သေတ္တာကို စားပွဲပေါ် ကရုတစိုက်ထားလိုက်ပြီး ပြောသည်။

"ဒါ..ကျင်းအန်အိမ်တော်က မုန့်တွေလေ။"

ကျီမင်းဟေးက မြင့်မြတ်တဲ့မိသားစုကဆိုတော့ စားကောင်းသောက်ဖွယ်တွေဆို မသိတာမရှိ။သူ့စားခဲ့ဖူးသမျှကိုလည်း အသေးစိတ်သတိထားလေ့ ရှိသည်။ နန်းတွင်းတက္ကသိုလ်မှာ သုံးနှစ်ကျော်လောက် ပညာသင်ကြားလာခဲ့တာဖြစ်၍ မြို့အတွင်းရှိ အိမ်တော်တစ်ခုချင်းဆီမှ ဆက်သတဲ့ မုန့်တိုင်းကို သူသိခဲ့ရသည်။ သူကလေ့လာဖူးပြီသားဆိုတော့ မုန့်တွေအကြောင်းဆို နော်ကျေနေပြီ။ ကျန်းအန်အိမ်တော်က မုန့်တွေက ကျော်ကြားပေမယ့်လဲ သူအရင်က မြည်းစမ်းကြည့်ဖို့ တစ်ခါမှ အခွင့်မကြုံခဲ့။ အခုတော့ ထျန်းချန်းဆီမှာ နည်းနည်းရှိနေပြိ ဆိုတော့ အံ့ဩပြီး ပျော်ရွှင်နေခဲ့တယ်။

{ကံၾကမၼာ ေစရာ :𝐌𝐌 𝙏𝙧𝙖𝙣𝙨𝙡𝙖𝙩𝙞𝙤𝙣}Where stories live. Discover now