Chapter 23 ေယာကၡမႀကီး

2.6K 404 1
                                    

<Unicode>
#TRANSLATED BY Irisbellar

မင်းသားကျင်းသည် ဟေးချန်ရဲ့ မျက်ဝန်းထဲက အနည်းငယ် သောကဖြစ်နေမှုနှင့်အတူ သူနားမလည်နိုင်တဲ့ နက်နဲမှုတစ်ချို့ကို တွေ့လိုက်ရသည်။

"မင်းသား, အခုချိန် ကျွန်တော်မပြောပြနိုင်သေးတဲ့ အကြောင်းတစ်ချို့ ရှိပါတယ်။ဒါပေမယ့် ကျွန်တော် ကတိပေးပါတယ်။ ဒီထဲမှာ ကျွန်တော် မြောက်ပိုင်း နယ်စပ်ကို မဖြစ်မနေသွားရမယ့် အကြောင်းပြချက် ရှိနေပါတယ်။ "🙇

ဟေးချန် ရွဲ့ဟုမ်စားသောက်ဆိုင်က ပြန်ထွက်လာခဲ့ချိန်မှာတော့ နေ့လည် တစ်နာရီ ကျော်နေပါပြီ။

မင်းသားကျင်းလဲ ပြတင်းပေါက်နားကနေ သူ့အချစ်ဆုံးသူငယ်ချင်း ပြန်သွားတာကို လမ်းအကွေ့တစ်လျှောက် ပျောက်ကွယ်သွားသည် အထိ ရပ်ကြည့်နေခဲ့သည်။ အဲ့ဒီနောက်
အတွေးနက်ထဲ ရောက်နေပုံနှင့် လှည့်ထွက်သွားခဲ့သည်။

ချူးလန်က မနက်စာ စားပြီးနောက် သူရဲ့
နေ့စဉ်တာဝန်ရ အရိုအသေပေးဖို့
ဟေးသခင်မကြီးဆီ သွားရန် မြန်မြန်လေး
ခြေလှမ်းပြင် လိုက်သည်။

ကျင်းအန် အိမ်တော်ရှိ အမျိုးသမီး များအားလုံး ကျင်းချီခန်းမတွင် စုဝေးခဲ့ကြသည်။ အိပ်ယာထဲလဲနေတဲ့ ကျင်းအန် မြို့စားကတော်က လွဲလို့ပေါ့။

ချူးလန်ခန်းမထဲ အဝင် အစမှာပဲ ဟေးသခင်မကြီး အကြည့်က သူမဆီချက်ချင်းရောက် လာခဲ့သည်။ ချူးလန် အပြာနုရောင်လေး ဝတ်ထားတာကို တွေ့တော့ သူမချက်ချင်းပဲ သတိရသွားခဲ့သည်။ ဒီနေ့ မနက် ဟေးချန် အပြင်မသွားခင် ကျင်းချီ ခန်းမကို ခဏဝင်ခဲ့တုန်းက သူလဲ အပြာနုရောင်လေး ဝတ်ထားခဲ့တာကို..ထို့နောက် သူမ ပြုံးလိုက်၏။

သူမ တူမလေးနှစ်ယောက်က လွဲရင် မိသားစု ထဲမှာ ချူးလန်က အငယ်ဆုံးပဲ ဖြစ်သည်။
သူမနှုတ်ဆက်ပြီးနောက် ဟေးသခင်မကြီးက သူ့ဘက်ကို လှမ်းဆွဲလိုက်သည်။

" လျန်အာ....မင်းဒီအိမ်တော်မှာ ရက်နည်းနည်းကြာလာတော့ နေသားကျသွားပြီလား "

ဟေးသခင်မကြီးက နွေးထွေးဖော်ရွေစွာနှင့် မေးလာခဲ့သည်။

အသက်အရွယ်ကြီး အဘိုးအဘွားတွေမှာ
အမြဲတမ်းတွေ့ရတဲ့   ကြင်နာသနားတဲ့
မေတ္တာတွေ အပြည့် နှင့် မေးခဲ့လေသည်။

{ကံၾကမၼာ ေစရာ :𝐌𝐌 𝙏𝙧𝙖𝙣𝙨𝙡𝙖𝙩𝙞𝙤𝙣}Où les histoires vivent. Découvrez maintenant