Chapter 45

2.2K 378 8
                                    

<Unicode>
Chapter 45:Fighting for peaches

  ' ထိုနေ့က စားသောက်ပွဲတစ်ခုလုံးမှာ
ဆံဖြူ သခင်ကြီး သခင်မကြီးတွေသာ ရှိနေပြီး တွေ့ဆုံကြတုန်း စကားစမြည်ပဲ ပြောဖြစ်ကြပြီး ဧည့်ခံထားသည့် အချိူ ပွဲတွေကို ထိတောင် မထိဖြစ်ကြပေ။ ထိုအချိန်မှာပဲ အစေခံတစ်ယောက်က မက်မွန်ကိတ်တွေထည့်ထားတဲ့ ပန်းကန်တစ်ခုကို ကိုင်၍ ဝင်လာပြီး Dingyuanဆက်ခံသူ ရဲ့ဇနီး , သခင်မဟွမ်က ပို့ခိုင်းလ်ုက်တာ ဖြစ်ကြောင်း ပြောလာသည်။

   ထိုအစေခံ ပြောလို့ပြီးတာနဲ့ လူတိုင်းရဲ့ မျက်လုံးတွေက ထိုပန်းကန်မှာပဲ ကော်နဲ့အကပ်ခံထားရသလို စွဲမြဲနေကြသည်။မြို့စားအိုက ထိုမက်မွန်ကိတ်တွေနဲ့ အနီးဆုံးခုံမှာ ထိုင်နေတာဖြစ်သည်။ သူ့ရဲ့ အမြင်အာရုံက ဝေဝါးနေပေမယ့်လည်း ထိုကိတ်ရဲ့ ချိူ မြနေတဲ့ အနံ့ကိုတော့ ခံစားလို့ရနေသေးသည်။

မြို့စားအိုလည်း သေချာ နှာခေါင်းရှုံ့ပြီး အနံ့ခံကြည့်လိုက်တော့ ထိုကိတ်တွေဆီက ရတဲ့အနံ့က တကယ့် မက်မွန်သီးအနံ့နဲ့ တူနေတာကို သတိပြုမိသွားသည်။ စိတ်ဝင်စားမှုကြောင့် သူလည်း ချက်ချင်းပဲ တခုယူစားကြည့်လိုက်ပြီးတော့မှ ပထမတကိုက်ထဲနဲ့တင် သူ့ရဲ့
မဟာထောက်ခံချက်ကြီးက်ု ရသွားတာဖြစ်သည်!

   နှစ်ပေါင်းများစွာနေထိုင်လာတဲ့ မြို့စားအိုကတောင် ချီးကျူ းထောက်ခံနေပြီ ဖြစ်သဖြင့် ထိုကိတ်တွေကလည်း ချက်ချင်းက်ု နတ်သုဒ္ဓါတွေ ဖြစ်ကုန်ကြသည်။

  စားသောက်ပွဲမှာ ရှိနေတဲ့သူတွေကလည်း ထိုကိတ်တွေကို မြင်ကထဲက မြည်းစမ်းကြည့်ချင်လိုစိတ်တွေ ပြင်းပြနေကြတာ ဖြစ်သည်။
ထိုအချိန်မှာပဲ အကောင်းဆုံးဆိုတဲ့ အရာတွေနောက်ကို အမြဲလိုက်နေတယ်လို့ နမည်ကြီးနေတဲ့ ဆက်ခံသူကျန်းက မြို့စားအိုကို အရိုသေလာပေးပြီး အရှက်မဲ့စွာနဲ့ မက်မွန်ကိတ်ကို တောင်းခံလာလိမ့်မယ်လို့ ဘယ်သူမှ ကြိုတင် မခန့်မှန်းမိခဲ့ကြပေ။

   မြို့စားအိုကလည်း သဘောကျ၍ သုံးကြိမ်လောက် ရယ်မောလိုက်သည်။ထိုကဲ့သို့ လူငယ်လေးတစ်ယောက်က လာတောင်းမှတော့ လူကြီးတစ်ယောက်ဖြစ်တဲ့ မြို့စားအိုကလည်း သဘောတူလိုက်သည် ။

{ကံၾကမၼာ ေစရာ :𝐌𝐌 𝙏𝙧𝙖𝙣𝙨𝙡𝙖𝙩𝙞𝙤𝙣}Where stories live. Discover now