Chapter 39-လတ်ဆတ်တဲ့မက်မွန်းသီး

2.4K 384 30
                                    

ZAWGYI

Chapter 39: Fresh Peaches

နောက်ဆုံးမှာတော့ သခင်မရုန်းမှာ အရှေ့ကိုဆက်သွားဖို့အတွက် သတ္တိမရှိတော့၍ လက်ဖွဲ့ကိုပြန်သိမ်းပြီး နေရာ၌သာ တိတ်တိတ်လေး ရပ်နေလိုက်တော့သည်။
သူမကိုစောင့်ကြည့်နေတဲ့လူတွေကတော့ မျက်လုံးတွေသာ လှည့်လိုက်ကြသည်။

  ချူးလျန်က သခင်မရုန်းကို လှမ်းကြည့်လိုက်တော့ သူမက ခေါင်းကိုငုံ့ထားပြီး အကြည့်ကိုရှောင်လိုက်သည်။ ချူးလျန်လည်း စိတ်ထဲမှာ ပြုံးမိပြီး သူမရဲ့အပြုမူတွေကို စိတ်ထဲထားမနေတော့ပေ ။

  " ကျင်းအန်အိမ်တော်ရဲ့ တတိယသခင်မလေး ... ဒီလမ်းပါ "
သခင်မဟွမ်က ပြုံးလျက် အသံမြင့်မြင့်ဖြင့် ပြောလိုက်သည်။ သူမအသံက မပြောင်းလဲသော်လည်း သူမရဲ့ မျက်လုံးတွေကတော့ ချူးလျန်ကို အထင်သေးသလိုသာ ကြည့်နေသည်။

  ချူးလျန်က လူအုပ်ဘက်ကို အရိုသေပြုလိုက်ပြီး ပြောလိုက်သည်။
    " သခင်မတို့ရှင့် , အစေခံအချို့ကို သက်သေခံအဖြစ်နဲ့ မီးဖိုဆောင်ဆီ ထည့်ပေးလိုက်ချင်ရင် ရပါတယ်ရှင်"

သခင်မဟွမ်လည် ချူးလျန်က ဒီလိုပြောလာမယ် မထင်ထားမိပေ။ ဘာအမှားမှ ရှိမနေတဲ့အတွက်ကြောင့် သူမက လက်ကိုဝေ့ယမ်းပြလိုက်တော့ သူမရဲ့အစေခံနှစ်ယောက်က ထွက်လာပြီး ချူးလျန်ရဲ့အနောက်နားမှာ သွားနေကြသည် ; အမျိုးသမီးယန်လည်း ၂ယောက်ထည့်ပေးလိုက်သည်။

ချူးလျန် မေ့အဆောင်မီးဖိုဆောင်က်ု ဦးတည်သွားလိုက်တာနဲ့ လူအုပ်ကြီးက အတင်းပြောတဲ့သူကပြော ချီးကျူးတဲ့သူက ချီးကျူးနှင့် အတော်လေး ဆူညံသွားသည်။
သခင်မဟွမ်က ခုံတစ်ခုံ မှာ ဝင်ထိုင်နေလိုက်သည်။ ထိုနှစ်သက်ခြင်းမခံရသည့် သခင်မလေးက ဒီလိုအခြေနေထိ လုပ်လိုက်နိုင်လိမ့်မယ်လို့ သူမ မမျှော်လင့်ထားပေ။

အမျိုးသမီးယန်ကလည်း သခင်မဟွမ် ဘေးတစ်ဖက်မှာ ထိုင်လိုက်သည်။ အစေခံကမ်းပေးလာသည့် စန်ချာကို တစ်ငုံသောက်လိုက်ပြီးမှ ပြုံးလျက်
       "ဘာဖြစ်လို့လဲ ? အခုထဲက ရှင့်ရဲ့ တန်ဖိုးကြီးပုလဲလက်ကောက်ကို ဆုံးရှုံးသွားမှာကြောက်နေပြီလား ..သခင်မဟွမ်? "

{ကံကြမ္မာ စေရာ :𝐌𝐌 𝙏𝙧𝙖𝙣𝙨𝙡𝙖𝙩𝙞𝙤𝙣}Where stories live. Discover now