Chapter 56

2.1K 351 10
                                    

<Unicode>
Ch. 56.Saved ( ကယ်ပေးခဲ့သော..)
#Translated by Irisbellar
မင်းသမီး Duanjiaလည်း တစ်ယောက် စိတ်ထဲမှာ တကျီကျီ ပြောနေရင်းနဲ့ မျက်လုံးတောင့်စွန်းကို ပွတ်သပ် နေတော့သည်။

"ချူးလျှို့! ငတုံးမလေး!
ဒါပြီးရင် နင်ကောင်းကောင်း အသက်ရှင် ပေးရမယ်။
နင် ဒီမင်းသမီးလေးကို ဘဲကင် တစ်ကောင်လုံး အကြွေးတင် နေသေးတာနော်။ နောက်တစ်ခါ ငါတို့၂ ယောက်လုံး အတူတူ ဘဲကင်ကြအုံးမယ်လို့လဲ နင်ကတိပေးထားသေးတယ်။! နင့်ကတိကို နင်ပြန် ရုတ်သိမ်းလို့မရဘူး။ အဲ့လိုသာဆို ဒီမင်းသမိးက ကျင်းအန် အိမ်တော်တစ်ခုလုံးကို ဒုက္ခရောက်အောင် လုပ်မှာ ။အထူးသဖြင့် နင့်ရဲ့ စိတ်ပျက်စရာ ဟို ငတုံး ယောက်ျားကို ပေါ့"

မင်းသမီး Daunjia စိတ်ထဲ ဟေးချန်အကြောင်း မမျှော်လင့်ဘဲ ပြောမိလိုက်သည်။ နှစ်ယောက်သား တော်တော်များများ အတူတူ စကားပြောလာခဲ့ကြတော့ ချူးလန်က သူမ အချစ်ဆုံး သူငယ်ချင်း ဖြစ်လာခဲ့ပြိးပြီ။ဒါတွေမက, ချူးလန်က လူကောင်း တစ်ယောက်။ ဒါကိုတောင် ဟိုဟေးချန်ဆိုတဲ့အကောင်က သူမကို ပစ်ထားရက်ခဲ့သေးတယ်။  တကယ့်ကို ရက်စက် တဲ့ လူ့တိရစ္ဆာန်ပဲ!!!
(ငါ့ဟေးချန်လေးကုန်ပါပြီဟယ်😢😢)

ချူးလန်ကတော့ အဆောင်ငယ်လေးထဲမှာ မတ်တပ်ရပ်နေခဲ့ပြီး ဘာမှ စဉ်းစားမရ ဖြစ်နေခဲ့သည်။ရင်ဘတ်ထဲက နှလုံးသားက ပေါက်ကွဲထွက်မတက် ​အမြန်ခုန်နေပြီ။ အခုချိန်မှာ မကြောက်ဘူးဘို့ ပြောရင် လိမ်တာပါ။ ဒါပေမယ့်လည်း ရွေးချယ်စရာ တစ်ခုတောင် မရှိဘူးလေ။ မင်းသမီး Daunjia ရဲ့ အပေါ်ထပ်အကျီကို အမြန်စွဲဝတ်ပြီး ပိတ်ထားတဲ့အဆောင်ရဲ့ ဝင်ပေါက်က မီးခိုးခေါင်းတိုင်နားကို ပြေးထွက်သွားခဲ့သည်။ သူမအကြီးအကျယ် ထိန့်လန့်မူကြီးကို ခံစားနေရ၏။မြက်ခြောက်တစ်ချို့ ဖုံးအုပ်ထားတဲ့ အောက်မှာ
ဝပ်နေရင်း သူမတုတ်တုတ် မလှုပ်ဘဲ​ရှိနေသည်။အတွင်းစိတ်ကတော့ ဒီအဆောင်က နေ ပြေးလွှတ်နိုင်မယ့် လမ်းကြောင်းကို မြေပုံဆွဲကြည့် နေ၏။

သူမညာလက်လက်နဲ့ ရင်ဘက်ပေါ်ဖိပြီး နှလုံးခုန်သံ ခံစားကြည့်လိုက်သည်။ ဝမ်လန်ကိုသာ စစ်ကူခေါ်ပြီး မြန်မြန် ပြန် ရောက်လာပါစေလို့ အတွင်းထဲက ဆုတောင်းနေမိတော့သည်။

{ကံၾကမၼာ ေစရာ :𝐌𝐌 𝙏𝙧𝙖𝙣𝙨𝙡𝙖𝙩𝙞𝙤𝙣}Where stories live. Discover now