Chapter 50 ရိတ်ဖို့ဒုက္ခခံမနေနဲ့

2.5K 354 25
                                    

ZAWGYI

Chapter 50: Don't Bother Shaving

ဟေးချန် ဖတ်နေရင်းနဲ့ ထိုစာမှတဆင့် အစေခံကျိုးရဲ့ ပျော်ရွှင်မှုနဲ့ ကျေးဇူးတင်မှုတွေကို ခံစားနေရသည်။

အစေခံကျိုး ရေးထားတာက

[ဒီအစေခံအိုက တတိယသခင်မလေးရဲ့ ချက်ပြုတ်နိုင်စွမ်းကို အစက မသိခဲ့ပါဘူး ။ Songtaoအဆောင်မှာလည်း တနေ့ တမျိုးကို မရိုးနိုင်အောင်ကို စားကြရပါတယ်။ သခင်မလေးက ကျွန်မတို့လို နိမ့်ကျတဲ့အစေခံတွေ အပေါ်လည်း ဂရုဏာထားဆက်ဆံပေးပါတယ် ။ ဒီအစေခံအိုကလည်း သခင်မလေးရဲ့ အရသာရှိလှတဲ့ မုန့်မျိုးစုံ ဟင်းမျိုးပုံကို မြည်းစမ်းကြည့်ဖို့ အခွင့်ရေးရခဲ့ပါတယ် ။ဒီအစေခံအိုရဲ့အသက်နဲ့ သိပ်မကောင်းတော့တဲ့ သွားတွေနဲ့ဆို သခင်မလေး လုပ်ကျွေးတဲ့ ကြက်သားခေါက်ဆွဲက အရမ်းအဆင်ပြေပြီး စားလို့လည်း အရမ်းကောင်းပါတယ် ။မဟုတ်သေးဘူး×2 , ငွေပန်းလိပ်ပုံမုန့်တွေ....poria မှိုအစာသွတ်ပေါင်မုန့်တွေကလည်း စားလို့အဆင်ပြေပါတယ် ။နှစ်တွေအကြာကြီးနေလာခဲ့ပြီးမှ ဒီအစေခံအိုအတွက် အဲ့လိုစားကောင်းတဲ့အစားအစာတွေက ပထမဆုံးစားဖူးခြင်းပါပဲ ! ဒီအစေခံအိုက ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် ; ဒီအစေခံအို
အမျှော်လင့်ဆုံးအချိန်က အစားစာချိန်ပါပဲ...]
{ဝမ်ကျင်းနဲ့ တဖွဲ့ထဲ ဆိုတော့လည်း အဲ့လောက်တော့ ရှိမှာပေါ့ 😂 ချူးလျန်အကြောင်းမပါဘူး သူ့အကြောင်းချည်းပဲ }

  အဆုံးနားမှာလည်း စာပိုဒ်ကြီး တစ်ပိုဒ်ရေးထားသေးသည်။ ပထမစာပိုဒ်မှာက အစေခံကျိုးက  ချူးလျန်ရဲ့ လက်စွမ်းအကြောင်းချည်းပဲ ရေးတာများသွားလို့ ထင်ပါရဲ့ ။  သူမ ပြန်စဉ့်းပြီးမှ ခေါင်းစဉ်ပြောင်းပြီး ပြန်ရေးတာ ဖြစ်နိုင်သည်။

   " တတိယသခင်မလေးက အစားအသောက်ကို အရမ်းနှစ်ချိုက်သူ တစ်ဦးပါ ။ တတိယသခင်လေး မြောက်ဘက်နယ်စပ်မှာ ရှိနေတဲ့အချိန် သခင်မလေးရဲ့ ကျန်းမာရေးကို စိုးရိမ်မနေပါနဲ့ရှင် ။ သခင်လေး .. ကျေးဇူးပြု ပြီး ကိုယ့်ကိုယ်ကို ဂရုစိုက်ပြီး အစားလည်း များများစားပါနော် "

  ဟေးချန်လည်း သွေးအန်မိတော့မလိုတောင် ခံစားလိုက်ရသည် ; သူ့အစီစဉ်တွေက အလဟာသတွေ ဖြစ်နေတာလား ။
ဒီအစေခံကျိုးကတော့လား !
အဲ့လိုစားကောင်းလောက်မယ့် အရာတွေကို အရင်ရေးထားပြီးမှ သူမက ငါ့ကိုလည်း များများစားပါနော် လို့ တကယ်ကြီး ပြောနိုင်သေးတယ်! ငါက ဒီ$မြောက်ဘက်နယ်စပ်ကို ရောက်နေတာကို သူမက သတိမရဖြစ်နေတာလား? ဒီမှာ ဘာမှစားစရာ မရှိဘူးလေ!

{ကံကြမ္မာ စေရာ :𝐌𝐌 𝙏𝙧𝙖𝙣𝙨𝙡𝙖𝙩𝙞𝙤𝙣}Where stories live. Discover now