ဆက်ခံသူကျန်းလည်း တခမ်းတနားတွေ ဓလေ့ထုံးစံတွေ လုပ်မနေတော့ပဲ ...တခါထဲနဲ့ မက်မွန်ကိတ်၂ခုကို ယူလိုက်သည်။ ပြီးတာနဲ့ ချက်ချင်းစားကြည့်လိုက်တော့ သူ့မျက်လုံးတွေ အရောင်တောက်ပသွားသည်။

  ထို့နောက်တွင်တော့  အမြဲလိုလို ဆိတ်ဆိတ်နေပြီး ပါးစပ်ပိတ်ထားတတ်တဲ့ 'မင်းသားကျင်း' က မြို့စားအိုဆီကနေ သူ့ကိုလည်း မက်မွန်ကိတ်တွေ ကျွေးနိုင်မလားလို့ တကယ်ကြီး ထမေးလာသည်။ ထိုမင်းသားက ဆက်ခံသူကျန်းထက်တောင် အရှက်မဲ့နေသေးပြီး
တခါထဲနဲ့ ကိတ်သုံးခုကို ယူသွားသည်။
{😆ရှင်နော်}

ဆက်ခံသူကျန်းကဲ့သို့ အစားကောင်းအနောက်သာ အမြဲလိုက်တတ်တဲ့သူနဲ့ အမြဲလိုလို သူ့ဘာသာအေးအေးဆေးဆေးနေတတ်သည့် မင်းသားကျင်းတို့က ထိုကဲ့သို့ အစပြုလိုက်သည့်အတွက် အရင်ထဲက မြည်းစမ်းကြည့်ချင်နေကြတဲ့ ဆံဖြူ  လူတစ်စုကလည်း သူ့ထက်ငါ အရင်ယူစားလိုက်ကြ၍ ထိုမက်မွန်ကိတ်ပန်းကန်က မိနစ်အနည်းငယ်အတွင်းမှာပဲ ကုန်စင်သွားတော့သည်..။  

  ဩဇာအညောင်းဆုံး အိမ်တော်က လူနှစ်ယောက်သာလျှင် သူတို့ရှေ့က မြင်ကွင်းကို ပြောစရာ စကားမဲ့စွာ ကြည့်နေကြသည်။

  သူတို့မိတ်ဆွေတွေက ဘယ်အချိန်ထဲက အစားသောင်းကျန်းတဲ့လူတွေ ဖြစ်သွားကြတာလဲ? သူတို့ရဲ့ အသက်ရွှယ်တွေ သိက္ခာတွေက်ု ဘယ်လိုတောင် မေ့သွားကြတာလဲ?!

ဟေး ! မင်းတို့ရဲ့ မျက်နာတွေ ဘယ်နားသွားထား ထားကြလဲ?! ဘယ်လောက်တောင် အရုပ်ဆိုး လိုက်ကြလဲ! မင်းတို့တွေ အဲ့ဒီသက်ရှည်မက်မွန်ကိတ်တွေ စားနေရင်းနဲ့ပဲ နင်သွားကြဖို့ မျှော်လင့်တယ်!

  သို့ပေမယ့် ထိုစားသောက်ပွဲပြီးချိန်မှာတော့ သူတို့ရဲ့ ဂုဏ်သိက္ခာနဲ့ မက်မွန်ကိတ်ကို မလဲနိုင်ကြတဲ့ အထက်တန်းစား ဆံဖြူ အိုနှစ်ယောက်ကတော့ မျက်နာမှာ မုန်တိုင်းထန်နေတဲ့ အမူယာတွေ ဖြစ်သွားကြသည်´

   ဟေးချန်ကျီ ရဲ့ တက်တက်ကြွကြွနဲ့ ပြောပြနေပုံက ကျင်းအန်ကတော်ကို ရယ်မောအောင် ပြုလုပ်နိုင်သွားသည်။

ကျင်းအန်ကတော်လည်း  သူ့သားကြီးကို ကြည့်ရင်း ရယ်နေတာကို မထိန်းနိုင်ဖြစ်နေသည်။
  " အိမ်တော်ထဲမှာပဲ ဒီလိုမျိူ းပြောနော်!အပြင်မှာလျှောက်မပြောနဲ့ .. ကိုယ်ဒုက္ခကိုယ်ရှာနေသလို ဖြစ်သွားမှာစိုးတယ် ။အဲ့လို ရာထူးအဆင့်မြင့်တဲ့လူတွေကို ငါတို့တွေ စိတ်အနှောက်ယှက်ဖြစ်အောင် သွားလုပ်လို့မရဘူးလေ"

{ကံၾကမၼာ ေစရာ :𝐌𝐌 𝙏𝙧𝙖𝙣𝙨𝙡𝙖𝙩𝙞𝙤𝙣}Where stories live. Discover now