ယင်အိမ်တော်မှာတုန်းကဆို ရှီးယန်နဲ့သူမနဲ့က သခင်မလေးကို ခစားရမယ့်တာဝန်ကိုတနေ့ထဲမှာ အတူတူရတာဖြစ်သည်။ အကြောင်းတချိူ့ကြောင့် သခင်မလေးက ရှီးယန်ကိုသာ ပိုနှစ်သက်ပြီး ရှီးယန်ကိုသာ ဦးစားပေးသည်။ ဒါပေါ့ သူမလည်း ရှီးယန်နဲ့ယှဉ်ရင် ရှုံးနေတာကို သူမဘယ်ကြိုက်ပါ့မလဲ ..သု့ပေမယ့် ရှီးယန်ကတော့ အမြဲတမ်းကောင်းတာတခုခုရှိလာရင် သူမကိုအမြဲကြည့်ပြီး မျှဝေပေးသည်။ ထိုစပျစ်သီးအစာသွပ်ကိုလည်း ရှီးယန်မကြိုက်တာ မဟုတ်ပေ။ သို့ပေမယ့် ပိုနေတာတွေကို သိမ်းထားလိုက်ရမယ့်အစား သူမကို ပေးလာသည်လေ။

  ဖုယန်လည်း သက်ပြင်းတချက်ချပြီး ခေါင်းငုံ့လျက် သူမရဲ့နှလုံးသားထဲက ခါးသီးတဲ့မနာလိုမှုတွေကို ဖိနိမ်လိုက်သည်။ ဟိုစာကိုလည်း အချိန်တခုထိ ဝှက်ထားပြီး ဘယ်သူ့ကိုမှ မပေးဖို့ ဆုံးဖြတ်လိုက်သည်။ ဘာပဲဖြစ်ဖြစ်
တတိယသခင်မလေးရဲ့ အကောင်းဆုံးလက်ရာတွေကို နေ့တိုင်းစားနေရတာက အတော်လေး ကောင်းသည်လေ။

  ထိုအချိန်မှာပဲ ကျင်းအန်ကတော်ရဲ့အဆောင်မှာ မြောင်ချင်းက သခင်မလဲ့ကို  မုန့်အချိူအဝိုူင်းပုံစံကို ဆက်သနေသည်။ကျင်းအန်ကတော်လည်း ကျန်းမာရေးအခြေအနေကြောင့်
တူတူတန်တန်မစားနိုင်တာ ရက်အတော်ကြာပြီ ဖြစ်ပြီး ချူ းလျန်ရဲ့မုန့်တွေကိုလညး သုံးခုလောက်သာ စားနိုင်သည်။ မြောင်ချင်းကတော့ အပျော်လုံးစို့နေပြီ ဖြစ်သည်။

  " သခင်မ , တတိယသခင်မလေးမှာ ဒီလိုအတွေးမျိူ းတွေ ဘယ်လိုရလာလဲ ဆိုတာ မြောင်ချင်းသိချင်လိုက်တာရှင် "

   အစာအနည်းငယ်ဝင်သွားလို့ ထင်ပါရဲ့ အရင်က ဖြူဖျော့နေတဲ့ သခင်မလဲ့ရဲ့မျက်နာက ပန်းရောင်အနည်းငယ် သမ်းလာသည်။
   " ငါအကုန်မစားနိုင်တော့ဘူး ။ ကျန်တာကို စားလိုက်တော့နော် ဒီအတိုင်းထားလိုက်ရင် မနက်ဖြန်ကျ ပစ်ရလိမ့်မယ် ။အာ.... အဲ့ဒီကလေးမကို ဆုပေးဖို့အတွက် ငါ့မှာ များများစားစားမကျန်တော့ဘူး..."

   မြောင်ချင်းလည်း ကျင်းအန်ကတော်ရဲ့ နှုတ်ခမ်းထောင့်စွန်းတွေကို လက်ကိုင်ပဝါနဲ့ သုတ်ပေးလိုက်ပြီး
    " သခင်မ ဘာတွေပြောနေတာ ပါလဲနော်?
တတိယသခင်မလေးက လက်ဆောင်လိုချင်လို့မဟုတ်ပဲ သားသမီးဝတ္တရားနဲ့ ပို့ပေးတာပါ။ သခင်မကြီးဆီကနေ ကူလင်းစားသောက်ဆ်ုင်ကို တတိယသခင်မလေး လက်ခံရရှိထားတယ်ဆိုတာ သခင်မ မကြားမိသေးဘူးလားရှင့် ။ သခင်မ ငယ်ငယ်တုန်းကလည်း စီးပွားရေးကိစ္စတွေမှာ အရမ်းတော်ခဲ့တာပဲလေ။ မနက်ကျ တတိယသခင်မလေး ဂါရဝပြုဖို့ရောက်လာရင် သခင်မကသာ အနည်းငယ်သင်ပြပေးလိုက်ရင် သခင်မလေးလည်း ဝမ်းသာသွားမှာပါ "

{ကံၾကမၼာ ေစရာ :𝐌𝐌 𝙏𝙧𝙖𝙣𝙨𝙡𝙖𝙩𝙞𝙤𝙣}Where stories live. Discover now