Chapter 38 -လောင်းကြေး

Start from the beginning
                                    

သခင်မရုန်းရဲ့ကိုယ်လည်း တောင့်တင်းသွားရသည်။

ဒီလိုအခြေနေမှာ ဘယ်လိုလုပ် ထွက်သွားလို့ ရတော့မှာလဲ?ဘယ်သူကမှ ပြောမနေပေမယ့်လည်း များပြားလှတဲ့ မျက်လုံးတွေက စောင့်ကြည့်နေကြတယ်လေ!

သူမအခုသာ ထွက်သွားလိုက်ရင် .. သခင်မရုန်းက သူ့ညီမတွေရဲ့အရေးကို ဂရုမစိုက်ဘူး ဆိုတဲ့သတင်းက ဟိုးလေးတကြော်ကြော် ဖြစ်သွားမှာပေါ့ ။

သခင်မရုန်းလည်း ချက်ချင်းကို နောင်တရသွားသည်။ သူမအတွက် ,  ချူ းလျန်က အရာအားလုံးအတွက်ကို တစ်ယောက်ထဲပဲ အပြစ်တင်ခံရမယ်!!

" ကျင်းအန်အိမ်တော်က တတိယသခင်မလေးက ရည်ရွှယ်ချက်ရှိရှိ လုပ်တာ မဟုတ်ဘူးဆိုတာ ငါယုံတယ် ။ မိန်းမငယ်လေးတစ်ယောက်အတွက် ငွေတုံးတစ်ထောင်က ကြီးမားလွန်းတဲ့ ပမာဏပဲ ။ တကယ့်လို့ တတိယသခင်မလေးသာ ဦးလေးဝမ် လုပ်တဲ့ မက်မွန်ကိတ်ထက် ပိုကောင်းတာကို လုပ်နိုင်ရင် ... ဒီသန္တာကျောက်လက်ကောက်ကို သူမရဲ့စိတ်ရှုပ်စရာဖြစ်ရပ်တွေ အတွက် လက်ဆောင်ပေးမယ်"

  သခင်မဟွမ်က ချူ းလျန်ကို မီးဖိုဆောင်ဆီ ခေါ်လာဖို့ တစ်ယောက်ယောက်ကို အမိန့်ပေးလိုက်ချိန်မှာပဲ မိန်းမတစ်ယောက်ရဲ့ အသံက ထွက်ပေါ်လာသည်။

  လူအုပ်ကလည်း တစ်ဖြည်းဖြည်း ချဲပေးလိုက်၍ သတ်လတ်ပိုင်းအရွှယ် ပြင်ပြင်ဆင်ဆင် ဝတ်စားထားသည့် မိန်းမတစ်ယောက်က လူအုပ်ကြားက ထွက်လာသည်။

ရုတ်တရက် ဟိုတပေါက်ဒီတပေါက်အသံ တွေက ထွက်လာပြန်သည်။
  " အမျိူ းသမီးယန် ရောက်နေတာပဲ! အခုတော့ သခင်မဟွမ်လည်း သူမ ကြိုက်သလို ဆက်လုပ်နေလို့ မရတော့ဘူး !"

အမျိူ းသမီးယန် ? ချူ းလျန်လည်း လှမ်းကြည့်လိုက်သည်။
ထိုအမျိူ းသမီးရဲ့ နှုတ်ခမ်းစွန်းတွေက မြင့်တက်နေပြီး သူမရဲ့ မျက်လုံးတွေက ချူ းလျန်ရဲ့ ဝိုင်းစက်ြပြီး တောက်ပနေတဲ့ မျက်လုံးတွေနဲ့လည်း အနည်းငယ်ဆင်တူနေသည်။

  ထိုအမျိူ းသမီးက သူမရဲ့လက်ထဲက လက်ကောက်ကို ချွှတ်ပြီး ဘေးက အစေခံကို ကမ်းပေးလိုက်သည်။ ထိုအစေခံက လည်း ကော်ရစ်တာအရှေ့နားက ငွေဗန်းပေါ် သွားတင်ထားလိုက်သည်။

{ကံၾကမၼာ ေစရာ :𝐌𝐌 𝙏𝙧𝙖𝙣𝙨𝙡𝙖𝙩𝙞𝙤𝙣}Where stories live. Discover now