Chapter 29 - သူငယ်ချင်းဟောင်း

Start from the beginning
                                    

  အစေခံလဲ့က သစ်သားဗူးလေးများကို အဖုံးဖွင့်လိုက်ချိန်မှာတော့ သူမ အံ့သြမှုကြောင့် ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။

ဟေးသခင်မကြီးကလည်း သူမကို ကြည့်ပြီး အနည်းငယ် စိတ်ပျက်သွားရသည်။

  " သခင်မ , ကျွန်မရဲ့ ရိုင်းပြမှုကြောင့် ခွင့်လွှတ်ပေးပါ ။ ဒီအချို ပွဲတွေက ရိုးရိုးလေးနဲ့ လှလွန်းနေလို့ ကျွန်မလည်း မထိန်းချူ ပ်နိုင်ဖြစ်သွားပါတယ် "

  "အို ? ဘယ်လို အချို ပွဲမျိုးကများ ရှန်းယန် ကို တည်ငြိမ်မှုကင်းမဲ့ သွားစေရတာလဲ? မြန်မြန် , ယူလာပြီး ပြပါအုံး "
သခင်မကြီး ကျန်းက တိုက်တွန်း၍ ပြောလိုက်သည်။
ရှန်းယန်ကတော့ အစေခံလဲ့ ရဲ့ ငယ်ငယ်ကနမည်ပါ။ 

အစေခံလဲ့ သူတို့စားပွဲပေါ် နေရာချပြီးချိန်မှာတော့ သခင်မကြီး နှစ်ယောက်လုံးလည်း  မျက်လုံးအပြူးသားတွေ ဖြစ်ကုန်ကြသ ည်။
သူတို့ သက်တမ်းတစ်လျှောက် မျိုးစုံသော မုန့်ပွဲများကို မြင်ဖူးတာတောင် ထိုအရာတွေကြောင့် မအံ့သြပဲ မနေနိုင်ပေ။

   သီးစုံရေခဲသုတ် ဆိုလည်း အနံ့မွှေးကြိုင်ရုံတင်မဟုတ်ပဲ အမြင်လည်း တင့်တယ်လှသည်။ ကြွေထည်ပန်းကန်လုံးထဲ ထုထောင်းထားတဲ့ ရေခဲအပေါ်ကိုမှ အသီးမျိုးစုံကို ပနံသင့်စွာခင်းကျင်းထားပြီး အပေါ်က နို့စမ်းထားသေးသည်။ သစ်ခွနီများက်ုလည်း ပန်းကန်လုံးရဲ့ဘေးမှာ အလှဆင်ထားသေးပြီး နေ့လည်အချို ပွဲထက် အလှအပအနုပညာကို ပြသထားသကဲ့သို့ပင်။ သူတို့လည်း စားတောင် မစားရက်ကြပေ။

  တဖက်မှာလည်း {ငါစိတ်တွေညစ်တယ်နော်
ပြောတော့ glutinous flourနဲ့လုပ်တယ်ဆိုပြီး အခုကျတော့ agarမှုန့်နဲ့လုပ်ထားတဲ့ Raindrop mochiကို ရေးထားတယ် ; ဒီအတိုင်းလေးပဲ ဖတ်ပေးကြတော့နော် ×_+ }
ကြည်လင်လုံးဝန်းတဲ့ ရေစက်ကိုချထားသကဲ့သို့ပင် အရမ်းစိတ်ဝင်စားဖို့ကောင်းသည်။
ထိုရေစက်ကို အစိမ်းရင့်ရောင်ပန်းကန်အရှည်
ထဲ ထည့်ထားသည်။ ရေစက်ရဲ့အောက်မှာ
ကြာရွှက်တစ်ရွှက် ထားထားပြီး တစ်ဖက်တစ်ချက်စီမှာ soybeanအမှုန့်နဲ့ သကြားညှိအရည် ကို နေရာတကျ ကပ်၍ထည့်ထားသည်။
အဲ့တာက မနက်ခင်းနှင်းစက်တွေ ကြာရွှက်ပေါ်တင်နေသကဲ့သို့ပင်။ သူတို့လည်း အရင် ဘယ်တုန်းကမှ မမြင်ဖူးကြပေ။

{ကံကြမ္မာ စေရာ :𝐌𝐌 𝙏𝙧𝙖𝙣𝙨𝙡𝙖𝙩𝙞𝙤𝙣}Where stories live. Discover now